
စစ်ကောင်စီလက်အောက်ခံ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်၊ တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်တို့တွင် အခြေခံ စစ်ပညာသင်တန်းအဓိကသင်တန်းပေးနေကြောင်း ဝန်ထမ်းများနှင့် ကျောင်းသားများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။
စစ်တပ်တိုက်ရိုက် အုပ်ချုပ်ထားသည့် တက္ကသိုလ်များတွင် အကြမ်းဖက်စစ်ကောင်စီက ယခုနောက် ပိုင်းတွင် စစ်ပညာသင်ကြားရေးကို အဓိက ဦးစားပေးလာပြီး ဝန်ထမ်းများနှင့် ကျောင်းသားများ မဖြစ်မနေ စစ်ပညာတတ်ရမည်ဟု ပြောဆိုလာကြောင်း၊ စစ်သင်တန်းများကို မည်သူမဆို ရွေးချယ်ခွင့်မရှိဘဲ တက်ရောက်ရကြောင်း၊ စစ်သင်တန်းများနှင့်အတူ စစ်တပ် အာဏာထိန်းခြင်းဖြစ်ပြီး အာဏာသိမ်းခြင်းမဟုတ်ဆိုသော ဝါဒဖြန့်မှုများကိုလည်း ဆက်တိုက် လုပ်ဆောင်နေကြောင်း သိရှိရသည်။
“နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် အောက်မြန်မာပြည် ဖောင်ကြီးနဲ့ အထက်မြန်မာပြည် ဇီးပင်ကြီးမှာ ဝန် ထမ်းတွေကို သင်တန်းများအလျင်အမြန်ခေါ်ယူပြီး ဝန်ထမ်းတွေကို စစ်ပညာအဓိကထားသင်ပေးနေပါတယ်။ အထူးသ ဖြင့်ထွေအုပ်ထမ်းတွေကို စာရေးကနေ မှ လက်ထောက်ညွှန်မှူးရာထူးစုံဖြင့် ရောပြီး စစ်ပညာသင်ပေးနေပါတယ်။
သင်တန်းတွေမှာ ဆရာဆရာမတွေက စစ်ကောင်စီကောင်းကြောင်းတွေပြောပြီး PRစနစ်အကြောင်းမိတ်ဆက်ပြောတယ်။ ကျောင်းသားတွေကကန့်ကွက်လို့ ဆက်မဆွေးနွေးတော့ဘူး။ နိုင်ငံရေးသိပ္ပံဘာသာရပ်မှာလည်း NLDပြည်သူ့အစိုးရကိုချန်လှပ်ပြီး ဉီးသိန်းစိန်ခေတ်ကဟာတွေကို ချီးခြောက်ရေနူး စမြုပ်ပျံအောင်ပြောနေပါတယ်။
သင်တန်းဖွင့်ပွဲမိန့်ခွန်းတွေမှာလည်း စစ်တပ်ကအာဏာထိန်းတာဖြစ်ကြောင်း မဲမသမာလို့အာဏာသိမ်းရကြောင်း ပြည်ထောင်စုရာထူးဝန်ကတသွင်သွင်ပြောနေပါတယ်။ အထူးသဖြင့်ထွေအုပ်ဝန်ထမ်းတွေကို ငယ်ရေးမှ လက်ထောက်ညွှန်မှူးရာထူးစုံဖြင့် ရောပြီး စစ်ပညာသင်ပေးနေပါတယ်” ဟု နိုင်ငံ့ဝန်ထမ်းတက္က သိုလ်တွင် တက်ရောက်နေသည့် ဝန်ထမ်းတစ်ဦးက ပြောဆိုသည်။
အလားတူ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးတက္ကသိုလ် (စစ်ကိုင်း)တွင်လည်း စက်တင် ဘာလအတွင်း အခြေခံပညာစစ်သင်တန်းဟု အမည်တပ်ကာ ကျောင်းသားကျောင်းသူများကို စစ်ပ ညာ မတက်မနေရ တက်ခိုင်းခဲ့ကြောင်း၊ အခြားသော ပြည်နယ်/တိုင်းဒေသများရှိ တက္ကသိုလ်များတွင်လည်း အခြေခံစစ်ပညာသင်တန်းများ မတက်မနေရ ဖွင့်လှစ်သင်ကြားရန် စစ်ကောင်စီက လုပ်ဆောင်နေကြောင်း သိရှိရသည်။
“တက္ကသိုလ် တွေမှာ စစ်တပ်ဘက်က အခြေခံစစ်ပညာသင်ပေးဖို့လုပ်နေတာအန္တရာယ်များပါတယ်။ ကလေးတွေကိုဇွတ်ရှေ့တန်းပို့တာ ကင်းစောင့်ခိုင်းတာတွေလုပ်လာရင် ခက်မယ်။ မိဘတွေလဲသိသင့်တယ် ပြည်သူတွေလဲသိသင့်တယ်။ ဒီအခြေအနေက စစ်တပ်မှာလူအင်အားအရမ်းနည်းနေပြီး လူသစ်မဝင်လို့ UTC အကြောင်းပြပြီး လုပ်နေတာ။စစ်ခွေးတွေမလုပ်ရဲတာဘာမှမရှိဘူး။ ကျောင်းသားတွေကို အသုံးချမှာစိုးရိမ်တယ်” ဟု ကျောင်းသားမိဘတစ်ဦးက သုံးသပ်ပြောဆိုသည်။
တက္ကသိုလ်၊ ကောလိပ်များတွင် စစ်ပညာသင်ကြားပေးခြင်း သင်တန်းများနှင့်အတူ စစ်ကောင်စီက ဥပဒေအရ အာဏာရယူကြောင်း၊ NLD ပါတီ မဲမသမာမှုကြောင့် ယခုအခြေအနေ ဆိုက်ရောက်ကြောင်း စသည်ဖြင့် ဝါဒဖြန့်မှုများကို တစ်နိုင်ငံလုံး ကျောင်းသားကျောင်း သူများကို တစ်ပြိုင်နက်တည်း ဟောပြောခိုင်းထားကြောင်း သိရှိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
စစ္ေကာင္စီလက္ေအာက္ခံ နိုင္ငံ့ဝန္ထမ္းတကၠသိုလ္၊ တိုင္းရင္းသားလူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရး တကၠသိုလ္တို႔တြင္ အေျခခံ စစ္ပညာသင္တန္းအဓိကသင္တန္းေပး၊ နိုင္ငံတစ္ဝန္းရွိ တကၠသိုလ္အားလုံးတြင္ စစ္ပညာမသင္မေနရ သင္ၾကားမည္ဟုဆို
စစ္ေကာင္စီလက္ေအာက္ခံ နိုင္ငံ့ဝန္ထမ္းတကၠသိုလ္၊ တိုင္းရင္းသားလူမ်ိဳးမ်ားဖြံ႕ၿဖိဳးေရး တကၠသိုလ္တို႔တြင္ အေျခခံ စစ္ပညာသင္တန္းအဓိကသင္တန္းေပးေနေၾကာင္း ဝန္ထမ္းမ်ားႏွင့္ ေက်ာင္းသားမ်ားက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုၾကသည္။
စစ္တပ္တိုက္ရိုက္ အုပ္ခ်ဳပ္ထားသည့္ တကၠသိုလ္မ်ားတြင္ အၾကမ္းဖက္စစ္ေကာင္စီက ယခုေနာက္ ပိုင္းတြင္ စစ္ပညာသင္ၾကားေရးကို အဓိက ဦးစားေပးလာၿပီး ဝန္ထမ္းမ်ားႏွင့္ ေက်ာင္းသားမ်ား မျဖစ္မေန စစ္ပညာတတ္ရမည္ဟု ေျပာဆိုလာေၾကာင္း၊ စစ္သင္တန္းမ်ားကို မည္သူမဆို ေ႐ြးခ်ယ္ခြင့္မရွိဘဲ တက္ေရာက္ရေၾကာင္း၊ စစ္သင္တန္းမ်ားႏွင့္အတူ စစ္တပ္ အာဏာထိန္းျခင္းျဖစ္ၿပီး အာဏာသိမ္းျခင္းမဟုတ္ဆိုေသာ ဝါဒျဖန႔္မႈမ်ားကိုလည္း ဆက္တိုက္ လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။
“နိုင္ငံ့ဝန္ထမ္းတကၠသိုလ္ ေအာက္ျမန္မာျပည္ ေဖာင္ႀကီးနဲ႕ အထက္ျမန္မာျပည္ ဇီးပင္ႀကီးမွာ ဝန္ ထမ္းေတြကို သင္တန္းမ်ားအလ်င္အျမန္ေခၚယူၿပီး ဝန္ထမ္းေတြကို စစ္ပညာအဓိကထားသင္ေပးေနပါတယ္။ အထူးသ ျဖင့္ေထြအုပ္ထမ္းေတြကို စာေရးကေန မွ လက္ေထာက္ၫႊန္မႉးရာထူးစုံျဖင့္ ေရာၿပီး စစ္ပညာသင္ေပးေနပါတယ္။
သင္တန္းေတြမွာ ဆရာဆရာမေတြက စစ္ေကာင္စီေကာင္းေၾကာင္းေတြေျပာၿပီး PRစနစ္အေၾကာင္းမိတ္ဆက္ေျပာတယ္။ ေက်ာင္းသားေတြကကန႔္ကြက္လို႔ ဆက္မေဆြးေႏြးေတာ့ဘူး။ နိုင္ငံေရးသိပၸံဘာသာရပ္မွာလည္း NLDျပည္သူ႕အစိုးရကိုခ်န္လွပ္ၿပီး ဉီးသိန္းစိန္ေခတ္ကဟာေတြကို ခ်ီးေျခာက္ေရႏူး စျမဳပ္ပ်ံေအာင္ေျပာေနပါတယ္။
သင္တန္းဖြင့္ပြဲမိန႔္ခြန္းေတြမွာလည္း စစ္တပ္ကအာဏာထိန္းတာျဖစ္ေၾကာင္း မဲမသမာလို႔အာဏာသိမ္းရေၾကာင္း ျပည္ေထာင္စုရာထူးဝန္ကတသြင္သြင္ေျပာေနပါတယ္။ အထူးသျဖင့္ေထြအုပ္ဝန္ထမ္းေတြကို ငယ္ေရးမွ လက္ေထာက္ၫႊန္မႉးရာထူးစုံျဖင့္ ေရာၿပီး စစ္ပညာသင္ေပးေနပါတယ္” ဟု နိုင္ငံ့ဝန္ထမ္းတကၠ သိုလ္တြင္ တက္ေရာက္ေနသည့္ ဝန္ထမ္းတစ္ဦးက ေျပာဆိုသည္။
အလားတူ ျပည္ေထာင္စုတိုင္းရင္းသားလူမ်ိဳးမ်ား ဖြံ႕ၿဖိဳးတိုးတက္ေရးတကၠသိုလ္ (စစ္ကိုင္း)တြင္လည္း စက္တင္ ဘာလအတြင္း အေျခခံပညာစစ္သင္တန္းဟု အမည္တပ္ကာ ေက်ာင္းသားေက်ာင္းသူမ်ားကို စစ္ပ ညာ မတက္မေနရ တက္ခိုင္းခဲ့ေၾကာင္း၊ အျခားေသာ ျပည္နယ္/တိုင္းေဒသမ်ားရွိ တကၠသိုလ္မ်ားတြင္လည္း အေျခခံစစ္ပညာသင္တန္းမ်ား မတက္မေနရ ဖြင့္လွစ္သင္ၾကားရန္ စစ္ေကာင္စီက လုပ္ေဆာင္ေနေၾကာင္း သိရွိရသည္။
“တကၠသိုလ္ ေတြမွာ စစ္တပ္ဘက္က အေျခခံစစ္ပညာသင္ေပးဖို႔လုပ္ေနတာအႏၲရာယ္မ်ားပါတယ္။ ကေလးေတြကိုဇြတ္ေရွ႕တန္းပို႔တာ ကင္းေစာင့္ခိုင္းတာေတြလုပ္လာရင္ ခက္မယ္။ မိဘေတြလဲသိသင့္တယ္ ျပည္သူေတြလဲသိသင့္တယ္။ ဒီအေျခအေနက စစ္တပ္မွာလူအင္အားအရမ္းနည္းေနၿပီး လူသစ္မဝင္လို႔ UTC အေၾကာင္းျပၿပီး လုပ္ေနတာ။စစ္ေခြးေတြမလုပ္ရဲတာဘာမွမရွိဘူး။ ေက်ာင္းသားေတြကို အသုံးခ်မွာစိုးရိမ္တယ္” ဟု ေက်ာင္းသားမိဘတစ္ဦးက သုံးသပ္ေျပာဆိုသည္။
တကၠသိုလ္၊ ေကာလိပ္မ်ားတြင္ စစ္ပညာသင္ၾကားေပးျခင္း သင္တန္းမ်ားႏွင့္အတူ စစ္ေကာင္စီက ဥပေဒအရ အာဏာရယူေၾကာင္း၊ NLD ပါတီ မဲမသမာမႈေၾကာင့္ ယခုအေျခအေန ဆိုက္ေရာက္ေၾကာင္း စသည္ျဖင့္ ဝါဒျဖန႔္မႈမ်ားကို တစ္နိုင္ငံလုံး ေက်ာင္းသားေက်ာင္း သူမ်ားကို တစ္ၿပိဳင္နက္တည္း ေဟာေျပာခိုင္းထားေၾကာင္း သိရွိရသည္။
Leave a Reply