လုပ်ငန်းရှင်များ အခွန်ဆောင်ရန် အာဏာသိမ်းစစ်ခေါင်းဆောင် ဖိအားပေး

စီးပွားရေး လုပ်ငန်းရှင်တွေ အခွန်ဆောင်ကြဖို့ အာဏာ သိမ်းစစ်ခေါင်ဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖိအားပေးပြောဆိုခဲ့တယ်လို့ လုပ်ငန်းရှင်တွေဆီကနေ သိရပါတယ်။

အာဏာသိမ်းစစ်ခေါင်ဆောင်ဟာ မြန်မာနိုင်ငံ ကုန်သ ည်များနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI နဲ့ ရန်ကုန်တိုင်းထဲက အသေးစား၊ အငယ်စားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းရှင်တွေကို ရန်ကုန် ဇေယျာသီရိဗိမာန်ဧည့်ခန်းမဆောင်မှာ အောက်တိုဘာ ၃ ရက်နေ့က တွေ့ဆုံတုန်း အခုလိုပြောဆိုခဲ့တာလို့ တက်ရောက်ခဲ့တဲ့လုပ်ငန်းရှင်တယောက်က ပြောပါတယ်။

“ပြောရရင် အပျော့ဆွဲနဲ့ ဖိအားပေးတာပေါ့။ အခွန်မှန်မှန်ဆောင်ဖို့၊ မြန်မာနိုင်ငံက အခွန်ဘယ်လောက်သက်သာတဲ့ နိုင်ငံဖြစ်တယ်ဆိုပြီးပေါ့။ စီးပွားရေးနဲ့ ပတ်သက်လို့ စကစ က လုပ်နေတာတွေ ရှင်းပြတယ်။ အဓိကတော့ပြောချင်တာ အခွန်ဆောင်ဖို့ လုပ်ငန်းရှင်တွေကို တင်းကြပ်ချင်တယ်။ ဒါ့ကြောင့် နေပြည်တော်ခေါ်ပြီး ဖိအားပေးတဲ့ သဘောပါပဲ” လို့ ရှင်းပြပါတယ်။

စစ်ကောင်စီလက်ထက်မှာ စစ်တပ်ဒေါက်တိုင်မဖြစ်အောင် အခွန်မဆောင်ကြဖို့ တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းတာတွေ ရှိနေတာပါ။

ဒီတွေ့ဆုံပွဲမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က နိုင်ငံ ရေးမတည်ငြိမ်မှုတွေနဲ့ စီးပွားရေးမတည်ငြိမ်မှုတွေကို ဝန်ခံခဲ့ပြီး နိုင်ငံတည်ငြိမ်ဖို့အတွက် စီးပွားရေးလုပ်ငန်းတွေ ပြန်လည်ပတ်ဖို့ ဖိအားပေးပြောကြားခဲ့တယ်လို့လည်း လုပ်ငန်းရှင်တယောက်က ပြောပါတယ်။“ စစ် တပ်က သူတို့ ဒေါ်လာဈေးငြိမ်အောင် ပြန်ထိန်းပေးထားတယ်။ ရွှေဈေးရောပေါ့။ မင်းတို့ စီးပွားရေးတွေ ပြန်လည်ပတ်ကြ။ အခွန်တွေ ငါ့ဆီတော့ လာဆောင်ကြဖို့ ဖိအားပေးတာ”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်အနေနဲ့ စီးပွားရေးလုပ်ငန်းတွေကို အခွန်ဆောင်ဖို့ အဲဒီလို ပြောဆိုနေတာဟာ စစ်ကောင်စီဟာ ငွေကြေးလိုအပ်နေပြီး စစ်ကောင်စီရဲ့ အရေးပေါ်ကာလအတွင်း လုပ်ငန်းတွေ လည်ပတ်နိုင်အောင် ကြိုးပမ်းနေတာဖြစ်တယ်လို့ နိုင်ငံရေးလေ့လာသူတယောက်က သုံးသပ်ပါတယ်။

“ပြောရရင် မြေပြင်မှာ အခွန်မဆောင်ကြတော့ မီတာခတွေ မရတော့ အတင်းမရမက တောင်းတယ်။ စီးပွား ရေးလုပ်ငန်းတွေလည်း တချို့ အခွန်မဆောင်ချင်ကြဘူး။ စစ်ကောင်စီ ဒေါက်တိုင်မဖြစ်ချင်ကြတော့၊ သူတို့ကလည်း ငွေလိုနေတယ်။ အရေးပေါ်ကာလ ၂ နှစ်ပြည့်တော့မယ့် ကာလအတွင်း စီးပွားရေးတွေ လည်ပတ်လာအောင် လုပ်နိုင်တယ်ဆိုတာ သူက အရမ်းပြချင်နေတယ်” လို့ပြောပါတယ်။

စစ်ခေါင်းဆောင်က ပြည်တွင်းထွက်ကုန်တွေကို အခြေခံတဲ့ ကုန်ထုတ်လုပ်ငန်းကို အားပေး လုပ်ဆောင်ဖို့နဲ့ စားရေး၊ ဝတ်ရေးကို အခြေခံတဲ့ စီးပွားရေးလုပ်ငန်းတွေ မြှင့်တင်ဖို့ ပြောဆိုသွားပါတယ်။ပြည်တွင်းစားသုံးဆီ ဖူလုံရေးနဲ့ ပတ်သက်လို့ စစ်ကောင်စီအနေနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးသွားမှာ ဖြစ်သလို ဆီထွက်သီးနှံစိုက်ပျိုးတဲ့ လုပ်ငန်းရှင်တွေနဲ့ ဆီထုတ် လုပ်သူတွေ အမှန်တကယ် အလုပ်လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စားသုံးဆီကို ပြည်ပက တင်သွင်းနေရာကနေ ပြည်တွင်းမှာ ပိုလျှံတဲ့အထိ ရောက်အောင် လုပ်ဆောင်သွားဖို့ စစ်ခေါင်းဆောင်က ပြောဆိုသွားပါတယ်။ လက် တွေ့ အခြေအနေအရ စားအုန်ဆီ ဈေးနှုန်းဟာ စစ်ကောင်စီက သတ်မှတ်တဲ့ ရည်ညွှန်းဈေးထက် ပြင်ပပေါက်ဈေးမှာ ကျပ် ၄၀၀၀ နီးပါးလောက် ပိုပေးနေရပြီး ဈေးနှုန်းကို မထိန်းချုပ်နိုင်ဘဲ ရှိနေပါတယ်။

လက်တလော စစ်ကောင်စီ လက်ထက်မှာ စီးပွားရေးလုပ်ငန်းတွေ ကျဆင်းနေပြီး ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီအများအပြားဟာလည်း ပြည်တွင်းကနေ စွန့်ခွာတာတွေ ရှိနေပါတယ်။၂၀၂၂ နှစ်အတွက် တိုက်ရိုက်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏဟာ ပြီးခဲ့တဲ့ ၄ နှစ်နဲ့ နှိုင်းယှဉ်ရင် အနည်းဆုံးဖြစ်တယ်လို့ စစ်ကောင်စီရဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကိုးကားပြီး သုတေသနလုပ်နေတဲ့ ISP Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

စီးပြားေရး လုပ္ငန္းရွင္ေတြ အခြန္ေဆာင္ၾကဖို႔ အာဏာ သိမ္းစစ္ေခါင္ေဆာင္ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လွိုင္က ဖိအားေပးေျပာဆိုခဲ့တယ္လို႔ လုပ္ငန္းရွင္ေတြဆီကေန သိရပါတယ္။

အာဏာသိမ္းစစ္ေခါင္ေဆာင္ဟာ ျမန္မာနိုင္ငံ ကုန္သ ည္မ်ားနဲ႕ စက္မႈလက္မႈ လုပ္ငန္းရွင္မ်ားအသင္းခ်ဳပ္ UMFCCI နဲ႕ ရန္ကုန္တိုင္းထဲက အေသးစား၊ အငယ္စားနဲ႕ အလတ္စား စီးပြားေရးလုပ္ငန္းရွင္ေတြကို ရန္ကုန္ ေဇယ်ာသီရိဗိမာန္ဧည့္ခန္းမေဆာင္မွာ ေအာက္တိုဘာ ၃ ရက္ေန႕က ေတြ႕ဆုံတုန္း အခုလိုေျပာဆိုခဲ့တာလို႔ တက္ေရာက္ခဲ့တဲ့လုပ္ငန္းရွင္တေယာက္က ေျပာပါတယ္။

“ေျပာရရင္ အေပ်ာ့ဆြဲနဲ႕ ဖိအားေပးတာေပါ့။ အခြန္မွန္မွန္ေဆာင္ဖို႔၊ ျမန္မာနိုင္ငံက အခြန္ဘယ္ေလာက္သက္သာတဲ့ နိုင္ငံျဖစ္တယ္ဆိုၿပီးေပါ့။ စီးပြားေရးနဲ႕ ပတ္သက္လို႔ စကစ က လုပ္ေနတာေတြ ရွင္းျပတယ္။ အဓိကေတာ့ေျပာခ်င္တာ အခြန္ေဆာင္ဖို႔ လုပ္ငန္းရွင္ေတြကို တင္းၾကပ္ခ်င္တယ္။ ဒါ့ေၾကာင့္ ေနျပည္ေတာ္ေခၚၿပီး ဖိအားေပးတဲ့ သေဘာပါပဲ” လို႔ ရွင္းျပပါတယ္။

စစ္ေကာင္စီလက္ထက္မွာ စစ္တပ္ေဒါက္တိုင္မျဖစ္ေအာင္ အခြန္မေဆာင္ၾကဖို႔ ေတာ္လွန္ေရးအင္အားစုေတြက တိုက္တြန္းတာေတြ ရွိေနတာပါ။

ဒီေတြ႕ဆုံပြဲမွာ အာဏာသိမ္းစစ္ေခါင္းေဆာင္က နိုင္ငံ ေရးမတည္ၿငိမ္မႈေတြနဲ႕ စီးပြားေရးမတည္ၿငိမ္မႈေတြကို ဝန္ခံခဲ့ၿပီး နိုင္ငံတည္ၿငိမ္ဖို႔အတြက္ စီးပြားေရးလုပ္ငန္းေတြ ျပန္လည္ပတ္ဖို႔ ဖိအားေပးေျပာၾကားခဲ့တယ္လို႔လည္း လုပ္ငန္းရွင္တေယာက္က ေျပာပါတယ္။“ စစ္ တပ္က သူတို႔ ေဒၚလာေဈးၿငိမ္ေအာင္ ျပန္ထိန္းေပးထားတယ္။ ေ႐ႊေဈးေရာေပါ့။ မင္းတို႔ စီးပြားေရးေတြ ျပန္လည္ပတ္ၾက။ အခြန္ေတြ ငါ့ဆီေတာ့ လာေဆာင္ၾကဖို႔ ဖိအားေပးတာ”လို႔ ေျပာပါတယ္။

စစ္ေခါင္းေဆာင္အေနနဲ႕ စီးပြားေရးလုပ္ငန္းေတြကို အခြန္ေဆာင္ဖို႔ အဲဒီလို ေျပာဆိုေနတာဟာ စစ္ေကာင္စီဟာ ေငြေၾကးလိုအပ္ေနၿပီး စစ္ေကာင္စီရဲ႕ အေရးေပၚကာလအတြင္း လုပ္ငန္းေတြ လည္ပတ္နိုင္ေအာင္ ႀကိဳးပမ္းေနတာျဖစ္တယ္လို႔ နိုင္ငံေရးေလ့လာသူတေယာက္က သုံးသပ္ပါတယ္။

“ေျပာရရင္ ေျမျပင္မွာ အခြန္မေဆာင္ၾကေတာ့ မီတာခေတြ မရေတာ့ အတင္းမရမက ေတာင္းတယ္။ စီးပြား ေရးလုပ္ငန္းေတြလည္း တခ်ိဳ႕ အခြန္မေဆာင္ခ်င္ၾကဘူး။ စစ္ေကာင္စီ ေဒါက္တိုင္မျဖစ္ခ်င္ၾကေတာ့၊ သူတို႔ကလည္း ေငြလိုေနတယ္။ အေရးေပၚကာလ ၂ ႏွစ္ျပည့္ေတာ့မယ့္ ကာလအတြင္း စီးပြားေရးေတြ လည္ပတ္လာေအာင္ လုပ္နိုင္တယ္ဆိုတာ သူက အရမ္းျပခ်င္ေနတယ္” လို႔ေျပာပါတယ္။

စစ္ေခါင္းေဆာင္က ျပည္တြင္းထြက္ကုန္ေတြကို အေျခခံတဲ့ ကုန္ထုတ္လုပ္ငန္းကို အားေပး လုပ္ေဆာင္ဖို႔နဲ႕ စားေရး၊ ဝတ္ေရးကို အေျခခံတဲ့ စီးပြားေရးလုပ္ငန္းေတြ ျမႇင့္တင္ဖို႔ ေျပာဆိုသြားပါတယ္။ျပည္တြင္းစားသုံးဆီ ဖူလုံေရးနဲ႕ ပတ္သက္လို႔ စစ္ေကာင္စီအေနနဲ႕ လိုအပ္ခ်က္ေတြ ျဖည့္ဆည္းေပးသြားမွာ ျဖစ္သလို ဆီထြက္သီးႏွံစိုက္ပ်ိဳးတဲ့ လုပ္ငန္းရွင္ေတြနဲ႕ ဆီထုတ္ လုပ္သူေတြ အမွန္တကယ္ အလုပ္လုပ္ဖို႔ လိုတယ္လို႔ ဆိုပါတယ္။

ဒါ့အျပင္ စားသုံးဆီကို ျပည္ပက တင္သြင္းေနရာကေန ျပည္တြင္းမွာ ပိုလွ်ံတဲ့အထိ ေရာက္ေအာင္ လုပ္ေဆာင္သြားဖို႔ စစ္ေခါင္းေဆာင္က ေျပာဆိုသြားပါတယ္။ လက္ ေတြ႕ အေျခအေနအရ စားအုန္ဆီ ေဈးႏႈန္းဟာ စစ္ေကာင္စီက သတ္မွတ္တဲ့ ရည္ၫႊန္းေဈးထက္ ျပင္ပေပါက္ေဈးမွာ က်ပ္ ၄၀၀၀ နီးပါးေလာက္ ပိုေပးေနရၿပီး ေဈးႏႈန္းကို မထိန္းခ်ဳပ္နိုင္ဘဲ ရွိေနပါတယ္။

လက္တေလာ စစ္ေကာင္စီ လက္ထက္မွာ စီးပြားေရးလုပ္ငန္းေတြ က်ဆင္းေနၿပီး ျပည္ပရင္းႏွီးျမႇုပ္ႏွံမႈ ကုမၸဏီအမ်ားအျပားဟာလည္း ျပည္တြင္းကေန စြန႔္ခြာတာေတြ ရွိေနပါတယ္။၂၀၂၂ ႏွစ္အတြက္ တိုက္ရိုက္နိုင္ငံျခားရင္းႏွီးျမႇုပ္ႏွံမႈ ပမာဏဟာ ၿပီးခဲ့တဲ့ ၄ ႏွစ္နဲ႕ ႏွိုင္းယွဥ္ရင္ အနည္းဆုံးျဖစ္တယ္လို႔ စစ္ေကာင္စီရဲ႕ ရင္းႏွီးျမႇုပ္ႏွံမႈနဲ႕ ကုမၸဏီမ်ားၫႊန္ၾကားမႈဦးစီးဌာနရဲ႕ ထုတ္ျပန္ခ်က္ကို ကိုးကားၿပီး သုေတသနလုပ္ေနတဲ့ ISP Myanmar အဖြဲ႕က ထုတ္ျပန္ထားပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*