
ရန်ကုန်မြို့၏ တဖက်ကမ်း ဆိပ်ကြီးခနောင်တိုမြို့နယ် လှိုင်းပုန်းဆိုသည့် ရွာကလေးသည် မြို့ပြနှင့် အလှမ်းမဝေးလှသော်လည်း လက်လုပ်လက်စား အခြေခံပြည်သူအများစု အခြေချရာနေရာလေးတခု ဖြစ်သည်။ အများစုမှာ ရန်ကုန်မြစ်နှင့် ပဲခူးမြစ်ကိုအားထား၍ အသက် မွေးဝမ်းကျောင်းပြုနေကြသည်။
အသက် ၆၀ ကျော်အရွယ် အဘွားဒေါ်ဝင်းစိန်သည် ၇ ပေ x ၈ ပေ ပတ်လည် တဲသာသာ အိမ်ကလေးကို တလကျပ်သုံးသောင်းဖြင့်ငှားရမ်း၍ တဦးတည်းနေထိုင်သူ ဖြစ်သည်။ သင်္ဘောများ သံချေးခွာပြီးကျန်ခဲ့သည့် သံတိုသံစများကို ရေကျချိန်တွင် တူရွင်းတလက်ဖြင့် ကမ်းစပ်တလျှောက် တူးဖော်ရှာဖွေကောက်ယူသည်မှာ သူမ၏ နိစ္စဓူဝအလုပ်ဖြစ်၏။
တွံတေးဇာတိဖြစ်သည့် ဒေါ်ဝင်းစိန်၏ ခင်ပွန်းဖြစ်သူမှာ အသက် ၃၅ နှစ်အရွယ်တွင် ကွယ်လွန်ခဲ့သည်။ ခင်ပွန်းဆုံးပါးခဲ့ပြီးနောက် သားနှစ်ဦးကိုခေါ်ဆောင်ကာ ဆွေ မျိုးများရှိသည့် ဆိပ်ကြီးခနောင်တိုဘက်သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သည်။ ယင်းနောက် သားတဦးမှာ အသက် ၁၁ နှစ်အရွယ်တွင်ကွယ်လွန်ခဲ့ပြီး ကျန်သားတဦးမှာလည်း အသက် ၁၃ နှစ်အရွယ်ကတည်းက အိမ်ကထွက်ခွာသွားခဲ့သည်မှာ ယခုဆိုလျှင် ၁၅ နှစ်ကျော်ရှိပြီဖြစ်သည်။
“အရင်ကတော့ ဟိုဆိုင်မှာလုပ်၊ ဒီဆိုင်မှာလုပ်တယ်ပေါ့။ နောက်တော့ အသက်ကြီးလာတော့ သူတို့က မခိုင်းချင်တော့ဘူး။ အဲဒါနဲ့ ဒီဘက်မှာ သံရှာဖွေလို့ရတယ်လို့ကြားတော့ ပြောင်းလာတာ။ သံရှာတဲ့အလုပ်ကို အသက် ၅၂ နှစ်လောက်ကတည်းက လုပ်လာတာဆိုတော့ အခုဆိုရင် ၈ နှစ်လောက်ရှိပြီ”ဟု ဒေါ်ဝင်းစိန်က ပြောသည်။
သူမ၏ တနေ့ဝင်ငွေ ၃၀၀၀ ကျပ်ဖြင့် တကိုယ်ရေရှင်သန်ခြင်းကို ကျပ်တည်းစွာ ဖြေရှင်းနေရသည်။ ကျန်းမာရေး မကောင်းသည့်အခါမျိုးတွင် ဆေးခန်းမပြနိုင်ပေ။ အိမ်ဆိုင်များတွင် ရောင်းချသည့် ဗမာဆေးအထုပ်နှင့် စပ်ဆေးဟုခေါ်သည့် အင်္ဂလိပ်ဆေးများနှင့်သာ သက်သာအောင် ဖြေရှင်းရသည်။
ယင်းအပြင် ကမ်းစပ်တလျှောက် သံတိုသံစရှာဖွေရာတွင် ဖိနပ်မစီးရသည့်အတွက် ပုလင်းကွဲစ၊ ဖန်ကွဲစများကိုနင်းမိပါက တပတ်၊ နှစ်ပတ် နားရသည့်အခါမျိုးလည်းရှိသည်။ ထိုအချိန်မျိုးတွင် အိမ်နီးနားချင်းများ၏ စာနာမှုဖြင့် ဖေးမကူညီပေးကြရှာသည်။
“အဘွားက အကြွေးလည်းမယူဘူး၊ ဘယ်နေ့သေမယ်မှန်းမသိတော့ သေသွားရင် အကြွေးမဆပ်နိုင်မှာ ဆိုးတယ်။ အဲဒါကြောင့် မရှိ ရှိတာနဲ့ပဲ စားတယ်။ ဟိုတလောက နေမကောင်း နှစ်ခါဖြစ်သွားတာ အိမ်လခ တလခ မပေးနိုင်ဘူး။ အကြွေးဆိုလို့ အဲဒါပဲရှိတယ်”ဟု ဒေါ်ဝင်းစိန်က ပြောပြသည်။
ဒေါ်ဝင်းစိန်သည် နေ့စဉ် မြစ်ရေကျချိန် မနက် ၁၁ နာရီခွဲမှစတင်ပြီး ပူပြင်းသော နေရောင်အောက် ကမ်းစပ်တလျှောက်တွင် ခြေဗလာဖြင့် သံတိုသံစလေးများ ရှာဖွေလျက် ဘဝကိုခက်ခဲစွာ ရှင်သန်ဖြတ်သန်းလျက်ရှိလေသည်။ တနေ့နေ့တော့ ပျောက်ဆုံနေတာကြာပြီဖြစ်သည့် သားနှင့်ပြန်လည်ဆုံစည်းချင်သည့်ဆန္ဒက သူမ ၏ရင်တွင် ဆာလောင်မွတ်သိပ်မှုတခုဖြစ်လျက်ရှိပါသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ကမ္းစပ္တေလ်ာက္ သံတိုသံစေကာက္ရင္း သားေပ်ာက္ကို ေမွ်ာ္ေနမယ္
ရန္ကုန္ၿမိဳ႕၏ တဖက္ကမ္း ဆိပ္ႀကီးခေနာင္တိုၿမိဳ႕နယ္ လွိုင္းပုန္းဆိုသည့္ ႐ြာကေလးသည္ ၿမိဳ႕ျပႏွင့္ အလွမ္းမေဝးလွေသာ္လည္း လက္လုပ္လက္စား အေျခခံျပည္သူအမ်ားစု အေျခခ်ရာေနရာေလးတခု ျဖစ္သည္။ အမ်ားစုမွာ ရန္ကုန္ျမစ္ႏွင့္ ပဲခူးျမစ္ကိုအားထား၍ အသက္ ေမြးဝမ္းေက်ာင္းျပဳေနၾကသည္။
အသက္ ၆၀ ေက်ာ္အ႐ြယ္ အဘြားေဒၚဝင္းစိန္သည္ ၇ ေပ x ၈ ေပ ပတ္လည္ တဲသာသာ အိမ္ကေလးကို တလက်ပ္သုံးေသာင္းျဖင့္ငွားရမ္း၍ တဦးတည္းေနထိုင္သူ ျဖစ္သည္။ သေဘၤာမ်ား သံေခ်းခြာၿပီးက်န္ခဲ့သည့္ သံတိုသံစမ်ားကို ေရက်ခ်ိန္တြင္ တူ႐ြင္းတလက္ျဖင့္ ကမ္းစပ္တေလွ်ာက္ တူးေဖာ္ရွာေဖြေကာက္ယူသည္မွာ သူမ၏ နိစၥဓူဝအလုပ္ျဖစ္၏။
တြံေတးဇာတိျဖစ္သည့္ ေဒၚဝင္းစိန္၏ ခင္ပြန္းျဖစ္သူမွာ အသက္ ၃၅ ႏွစ္အ႐ြယ္တြင္ ကြယ္လြန္ခဲ့သည္။ ခင္ပြန္းဆုံးပါးခဲ့ၿပီးေနာက္ သားႏွစ္ဦးကိုေခၚေဆာင္ကာ ေဆြ မ်ိဳးမ်ားရွိသည့္ ဆိပ္ႀကီးခေနာင္တိုဘက္သို႔ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့သည္။ ယင္းေနာက္ သားတဦးမွာ အသက္ ၁၁ ႏွစ္အ႐ြယ္တြင္ကြယ္လြန္ခဲ့ၿပီး က်န္သားတဦးမွာလည္း အသက္ ၁၃ ႏွစ္အ႐ြယ္ကတည္းက အိမ္ကထြက္ခြာသြားခဲ့သည္မွာ ယခုဆိုလွ်င္ ၁၅ ႏွစ္ေက်ာ္ရွိၿပီျဖစ္သည္။
“အရင္ကေတာ့ ဟိုဆိုင္မွာလုပ္၊ ဒီဆိုင္မွာလုပ္တယ္ေပါ့။ ေနာက္ေတာ့ အသက္ႀကီးလာေတာ့ သူတို႔က မခိုင္းခ်င္ေတာ့ဘူး။ အဲဒါနဲ႕ ဒီဘက္မွာ သံရွာေဖြလို႔ရတယ္လို႔ၾကားေတာ့ ေျပာင္းလာတာ။ သံရွာတဲ့အလုပ္ကို အသက္ ၅၂ ႏွစ္ေလာက္ကတည္းက လုပ္လာတာဆိုေတာ့ အခုဆိုရင္ ၈ ႏွစ္ေလာက္ရွိၿပီ”ဟု ေဒၚဝင္းစိန္က ေျပာသည္။
သူမ၏ တေန႕ဝင္ေငြ ၃၀၀၀ က်ပ္ျဖင့္ တကိုယ္ေရရွင္သန္ျခင္းကို က်ပ္တည္းစြာ ေျဖရွင္းေနရသည္။ က်န္းမာေရး မေကာင္းသည့္အခါမ်ိဳးတြင္ ေဆးခန္းမျပနိုင္ေပ။ အိမ္ဆိုင္မ်ားတြင္ ေရာင္းခ်သည့္ ဗမာေဆးအထုပ္ႏွင့္ စပ္ေဆးဟုေခၚသည့္ အဂၤလိပ္ေဆးမ်ားႏွင့္သာ သက္သာေအာင္ ေျဖရွင္းရသည္။
ယင္းအျပင္ ကမ္းစပ္တေလွ်ာက္ သံတိုသံစရွာေဖြရာတြင္ ဖိနပ္မစီးရသည့္အတြက္ ပုလင္းကြဲစ၊ ဖန္ကြဲစမ်ားကိုနင္းမိပါက တပတ္၊ ႏွစ္ပတ္ နားရသည့္အခါမ်ိဳးလည္းရွိသည္။ ထိုအခ်ိန္မ်ိဳးတြင္ အိမ္နီးနားခ်င္းမ်ား၏ စာနာမႈျဖင့္ ေဖးမကူညီေပးၾကရွာသည္။
“အဘြားက အေႂကြးလည္းမယူဘူး၊ ဘယ္ေန႕ေသမယ္မွန္းမသိေတာ့ ေသသြားရင္ အေႂကြးမဆပ္နိုင္မွာ ဆိုးတယ္။ အဲဒါေၾကာင့္ မရွိ ရွိတာနဲ႕ပဲ စားတယ္။ ဟိုတေလာက ေနမေကာင္း ႏွစ္ခါျဖစ္သြားတာ အိမ္လခ တလခ မေပးနိုင္ဘူး။ အေႂကြးဆိုလို႔ အဲဒါပဲရွိတယ္”ဟု ေဒၚဝင္းစိန္က ေျပာျပသည္။
ေဒၚဝင္းစိန္သည္ ေန႕စဥ္ ျမစ္ေရက်ခ်ိန္ မနက္ ၁၁ နာရီခြဲမွစတင္ၿပီး ပူျပင္းေသာ ေနေရာင္ေအာက္ ကမ္းစပ္တေလွ်ာက္တြင္ ေျခဗလာျဖင့္ သံတိုသံစေလးမ်ား ရွာေဖြလ်က္ ဘဝကိုခက္ခဲစြာ ရွင္သန္ျဖတ္သန္းလ်က္ရွိေလသည္။ တေန႕ေန႕ေတာ့ ေပ်ာက္ဆုံေနတာၾကာၿပီျဖစ္သည့္ သားႏွင့္ျပန္လည္ဆုံစည္းခ်င္သည့္ဆႏၵက သူမ ၏ရင္တြင္ ဆာေလာင္မြတ္သိပ္မႈတခုျဖစ္လ်က္ရွိပါသည္။
Leave a Reply