မဲမသမာမှုကြောင့် အာဏာသိမ်းဟု အကြမ်းဖက်စစ်တပ် အကြောင်းပြခဲ့ပေမယ့် မဲရှုံးခဲ့ကြောင်း ကြံ့ခိုင်ရေး ဥက္ကဋ္ဌဝန်ခံ

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလမှာ ကျင်းပခဲ့တဲ့ အထွေထွေ ရွေးကောက်ပွဲမှာ အာဏာရ NLD ပါတီက မဲမသမာမှု ပြုလုပ်ခဲ့တယ်လို့ စွပ်စွဲပြီး အကြမ်းဖက် စစ်တပ်က အာဏာသိမ်းခဲ့ပေမယ့်လည်း NLD ပါတီရဲ့ အဓိက ပြိုင်ဖက် ဖြစ်တဲ့ စစ်တပ် ကျောထောက်နောက်ခံပြု ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌကမူ ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့ကြောင်း ယနေ့ ပြုလုပ်တဲ့ ပါတီညီလာခံ ပထမနေ့မှာ အတိအလင်း ဝန်ခံလိုက်ပါတယ်။

“ပြိုကွဲကျဆုံးသွားအောင် ဘက်ပေါင်းစုံက နည်းမျိုးစုံထိုးနှက် တိုက်ခိုက်နေတဲ့ အခုလိုအချိန်မျိုးမှာ ကြီးလေးတဲ့ ပါတီ တာဝန်များ ထမ်းဆောင်ဖို့ ဆန္ဒမပြုခြင်း အတွက် လုံလောက်တဲ့ အကြောင်းအရင်းတွေ ကျွန်တော့်မှာ ရှိပါတယ်၊ နံပါတ်တစ်က ကျွန်တော်ဟာ တိုက်ပွဲကို နိုင်အောင် မတိုက်နိုင်တဲ့ တပ်မှူးဖြစ်ပါတယ်၊၂၀၂၀ အထွေထွေရွေးကောက်ပွဲကို ရည်ညွှန်းပါတယ်ခင်ဗျာ၊ နောက်တပ်မှူးများကို အလှည့်ပေးရပါမယ်” လို့ ဦးသန်းဌေးက ဆိုပါတယ်။

နေပြည်တော် ကြံ့ခိုင်ရေးပါတီ ဌာနချုပ်မှာ ယနေ့ပြုလုပ်နေတဲ့ ပါတီ ညီလာခံ အဖွင့်မိန့်ခွန်းမှာ ပါတီ ဥက္ကဋ္ဌ ဦးသန်းဌေးက NLD ကို ရှုံးနိမ့်ခဲ့ကြောင်း ဝန်ခံခဲ့တာပါ။

ဒါ့အပြင် အာဏာသိမ်းပြီးနောက် စစ်ကောင်စီ သတင်းပေးအဖြစ် လုပ်ကိုင်ခဲ့တဲ့ ကြံ့ခိုင်ရေးပါတီဝင်တွေကို အကာအကွယ် မပေးနိုင်ခဲ့ကြောင်း ဝန်ခံခဲ့ပြီး အသတ်ခံရသူတွေ အတွက် ကျောက်တိုင် စိုက်ပေးခဲ့ကြောင်း အလေးအနက် ပြောဆိုပါတယ်။

“နံပါတ်နှစ်ကတော့ အကြမ်းဖက် တိုက်ခိုက် ခံရမှုကြောင့် သေဆုံးသွားကြရတဲ့ ကျွန်တော်တို့ပါတီဝင်တွေ ပစ္စည်းဥစ္စာ ဆုံးရှုံးနစ်နာသူတွေကို ပါတီခေါင်းဆောင်အနေနဲ့ လုံလောက် ထိရောက်တဲ့ အကာအကွယ်ကို ကျွန်တော်မပေးနိုင်ခဲ့ပါဘူး၊ ဖြစ်စဉ်များ ဖြစ်ပွားပြီးမှာသာ လုံခြုံတဲ့ နေရာမှာ ခေါ်ဆောင်ထားခြင်း၊

တတ်နိုင်သမျှ ထောက်ပံ့စောင့်ရှောက်ခြင်းများကိုသာ လုပ်ဆောင်ခဲ့တဲ့ နေရာမှာ ငွေကြေးတန်ဖိုးအားဖြင့် သိန်းကိုးထောင်နီးပါး သုံးစွဲခဲ့ရပြီးဖြစ်ပါတယ်။ အ ကြမ်းဖက် လုပ်ကြံခြင်း ခံရတဲ့ပါတီဝင်များအတွက် အမှတ်တရ အထိမ်းအမှတ်ကျောက်တိုင်နဲ့ တစ်ဦးချင်း အချက်အလက်များကို ကျောက်ထက်အက္ခရာတင်နိုင်ခဲ့ပါတယ်” ၎င်းကဆိုပါတယ်။

ဒီကနေ့ ညီလာခံ ပထမနေ့မှာ ပြည်နယ်နဲ့ တိုင်း အသီး သီးက ဆောင်ရွက်ခဲ့မှုတွေကို အစီရင်ခံကြတာဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် အပါအဝင် ပါတီ ခေါင်းဆောင်ပိုင်းကို ရွေးချယ်တာ မရှိသေးပဲ မနက်ဖြန်မှ ရွေးချယ်မှာလို့ မဲခေါင်သတင်းရဲ့ သတင်းရင်းမြစ်က အတည်ပြုပါတယ်။

“ဒီနေ့ ဗဟိုအလုပ်အမှုဆောင်တွေရော အကုန်ပေါ့ ရာထူးက တရားဝင် နားတယ်။ မနက်ဖြန် ပြန်ရွေးမယ်။ အရွေးခံရတဲ့သူတွေ သဖက်ခါ ညီလာခံ နောက်ဆုံးနေ့မှာ အတည်ပြုမယ်။ ဥက္ကဋ္ဌလည်း မနက်ဖြန်မှ ရွေးမှာပါ” လို့ ၎င်းက ဆိုပါတယ်။

လတ်တလော သတင်းတွေမှာတော့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ အဖြစ် ဦးခင်ရီနဲ့ အခြား အဓိက ရာထူးတွေမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ တပည့်တပန်း စစ်ဗိုလ်တွေ ရာထူး ရယူထားတယ်လို့ ဖော်ပြနေပေမယ့် သီးခြား အတည်ပြုနိုင်တာတော့ မရှိသေးပါဘူး။

ကြံ့ခိုင်ရေးပါတီဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ အဓိကကျတဲ့ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ရပ်ပေါင်း ၄၃ နေရာသာ အနိုင်ရခဲ့ပြီး NLD ပါတီကို ခွက်ခွက်လန် ရှုံးခဲ့တာ ဖြစ်ပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မဲမသမာမႈေၾကာင့္ အာဏာသိမ္းဟု အၾကမ္းဖက္စစ္တပ္ အေၾကာင္းျပခဲ့ေပမယ့္ မဲရႈံးခဲ့ေၾကာင္း ႀကံ့ခိုင္ေရး ဥကၠ႒ဝန္ခံ

ၿပီးခဲ့တဲ့ ၂၀၂၀ နိုဝင္ဘာလမွာ က်င္းပခဲ့တဲ့ အေထြေထြ ေ႐ြးေကာက္ပြဲမွာ အာဏာရ NLD ပါတီက မဲမသမာမႈ ျပဳလုပ္ခဲ့တယ္လို႔ စြပ္စြဲၿပီး အၾကမ္းဖက္ စစ္တပ္က အာဏာသိမ္းခဲ့ေပမယ့္လည္း NLD ပါတီရဲ႕ အဓိက ၿပိဳင္ဖက္ ျဖစ္တဲ့ စစ္တပ္ ေက်ာေထာက္ေနာက္ခံျပဳ ႀကံ့ခိုင္ေရးပါတီ ဥကၠ႒ကမူ ေ႐ြးေကာက္ပြဲမွာ ရႈံးနိမ့္ခဲ့ေၾကာင္း ယေန႕ ျပဳလုပ္တဲ့ ပါတီညီလာခံ ပထမေန႕မွာ အတိအလင္း ဝန္ခံလိုက္ပါတယ္။

“ၿပိဳကြဲက်ဆဳံးသြားေအာင္ ဘက္ေပါင္းစုံက နည္းမ်ိဳးစုံထိုးႏွက္ တိုက္ခိုက္ေနတဲ့ အခုလိုအခ်ိန္မ်ိဳးမွာ ႀကီးေလးတဲ့ ပါတီ တာဝန္မ်ား ထမ္းေဆာင္ဖို႔ ဆႏၵမျပဳျခင္း အတြက္ လုံေလာက္တဲ့ အေၾကာင္းအရင္းေတြ ကြၽန္ေတာ့္မွာ ရွိပါတယ္၊ နံပါတ္တစ္က ကြၽန္ေတာ္ဟာ တိုက္ပြဲကို နိုင္ေအာင္ မတိုက္နိုင္တဲ့ တပ္မႉးျဖစ္ပါတယ္၊၂၀၂၀ အေထြေထြေ႐ြးေကာက္ပြဲကို ရည္ၫႊန္းပါတယ္ခင္ဗ်ာ၊ ေနာက္တပ္မႉးမ်ားကို အလွည့္ေပးရပါမယ္” လို႔ ဦးသန္းေဌးက ဆိုပါတယ္။

ေနျပည္ေတာ္ ႀကံ့ခိုင္ေရးပါတီ ဌာနခ်ဳပ္မွာ ယေန႕ျပဳလုပ္ေနတဲ့ ပါတီ ညီလာခံ အဖြင့္မိန႔္ခြန္းမွာ ပါတီ ဥကၠ႒ ဦးသန္းေဌးက NLD ကို ရႈံးနိမ့္ခဲ့ေၾကာင္း ဝန္ခံခဲ့တာပါ။

ဒါ့အျပင္ အာဏာသိမ္းၿပီးေနာက္ စစ္ေကာင္စီ သတင္းေပးအျဖစ္ လုပ္ကိုင္ခဲ့တဲ့ ႀကံ့ခိုင္ေရးပါတီဝင္ေတြကို အကာအကြယ္ မေပးနိုင္ခဲ့ေၾကာင္း ဝန္ခံခဲ့ၿပီး အသတ္ခံရသူေတြ အတြက္ ေက်ာက္တိုင္ စိုက္ေပးခဲ့ေၾကာင္း အေလးအနက္ ေျပာဆိုပါတယ္။

“နံပါတ္ႏွစ္ကေတာ့ အၾကမ္းဖက္ တိုက္ခိုက္ ခံရမႈေၾကာင့္ ေသဆုံးသြားၾကရတဲ့ ကြၽန္ေတာ္တို႔ပါတီဝင္ေတြ ပစၥည္းဥစၥာ ဆုံးရႈံးနစ္နာသူေတြကို ပါတီေခါင္းေဆာင္အေနနဲ႕ လုံေလာက္ ထိေရာက္တဲ့ အကာအကြယ္ကို ကြၽန္ေတာ္မေပးနိုင္ခဲ့ပါဘူး၊ ျဖစ္စဥ္မ်ား ျဖစ္ပြားၿပီးမွာသာ လုံၿခဳံတဲ့ ေနရာမွာ ေခၚေဆာင္ထားျခင္း၊

တတ္နိုင္သမွ် ေထာက္ပံ့ေစာင့္ေရွာက္ျခင္းမ်ားကိုသာ လုပ္ေဆာင္ခဲ့တဲ့ ေနရာမွာ ေငြေၾကးတန္ဖိုးအားျဖင့္ သိန္းကိုးေထာင္နီးပါး သုံးစြဲခဲ့ရၿပီးျဖစ္ပါတယ္။ အ ၾကမ္းဖက္ လုပ္ႀကံျခင္း ခံရတဲ့ပါတီဝင္မ်ားအတြက္ အမွတ္တရ အထိမ္းအမွတ္ေက်ာက္တိုင္နဲ႕ တစ္ဦးခ်င္း အခ်က္အလက္မ်ားကို ေက်ာက္ထက္အကၡရာတင္နိုင္ခဲ့ပါတယ္” ၎ကဆိုပါတယ္။

ဒီကေန႕ ညီလာခံ ပထမေန႕မွာ ျပည္နယ္နဲ႕ တိုင္း အသီး သီးက ေဆာင္႐ြက္ခဲ့မႈေတြကို အစီရင္ခံၾကတာျဖစ္ၿပီး ဗဟိုအလုပ္အမႈေဆာင္ အပါအဝင္ ပါတီ ေခါင္းေဆာင္ပိုင္းကို ေ႐ြးခ်ယ္တာ မရွိေသးပဲ မနက္ျဖန္မွ ေ႐ြးခ်ယ္မွာလို႔ မဲေခါင္သတင္းရဲ႕ သတင္းရင္းျမစ္က အတည္ျပဳပါတယ္။

“ဒီေန႕ ဗဟိုအလုပ္အမႈေဆာင္ေတြေရာ အကုန္ေပါ့ ရာထူးက တရားဝင္ နားတယ္။ မနက္ျဖန္ ျပန္ေ႐ြးမယ္။ အေ႐ြးခံရတဲ့သူေတြ သဖက္ခါ ညီလာခံ ေနာက္ဆုံးေန႕မွာ အတည္ျပဳမယ္။ ဥကၠ႒လည္း မနက္ျဖန္မွ ေ႐ြးမွာပါ” လို႔ ၎က ဆိုပါတယ္။

လတ္တေလာ သတင္းေတြမွာေတာ့ ႀကံ့ခိုင္ေရးပါတီ ဥကၠ႒ အျဖစ္ ဦးခင္ရီနဲ႕ အျခား အဓိက ရာထူးေတြမွာ စစ္ေခါင္းေဆာင္ မင္းေအာင္လွိုင္ရဲ႕ တပည့္တပန္း စစ္ဗိုလ္ေတြ ရာထူး ရယူထားတယ္လို႔ ေဖာ္ျပေနေပမယ့္ သီးျခား အတည္ျပဳနိုင္တာေတာ့ မရွိေသးပါဘူး။

ႀကံ့ခိုင္ေရးပါတီဟာ ၂၀၂၀ ေ႐ြးေကာက္ပြဲမွာ အဓိကက်တဲ့ ျပည္သူ႕လႊတ္ေတာ္နဲ႕ အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ရပ္ေပါင္း ၄၃ ေနရာသာ အနိုင္ရခဲ့ၿပီး NLD ပါတီကို ခြက္ခြက္လန္ ရႈံးခဲ့တာ ျဖစ္ပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*