ကိုယ်တိုင်သရုပ်ဆောင်ထားတဲ့ “ဝိပါက” ဇာတ်လမ်းတွဲကိုကြည့်ချင်ပေမယ့် (၇)ရက်သားသမီးတွက် ပါရမီဖြည့်ပေးနေရတာကြောင့် ကြည့်ချိန်မရှိဘူးဆိုတဲ့ ထူးခန့်ကျော်
သရုပ်ဆောင်ထူးခန့်ကျော်ကတော့ လွန်ခဲ့တဲ့ဆယ်စုနှစ်ကျော်ကတည်းက အနုပညာလောကမှာ ကျင်လည်ခဲ့သူတစ်ယောက်ဖြစ်ပြီး အောင်မြင်မှုတွေရရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ထူးခန့်ကျော်ဟာ အခုဆိုရင် သူ့ရဲ့အသက်အရွယ်နဲ့လိုက်ဖက်တဲ့ ဆက်လက်သရုပ်ဆောင်နေလျက်ရှိပြီး တစ်ဖက်မှာလည်း ပရဟိတဆေးကုတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေရတာပဲဖြစ်ပါတယ်။
ထူးခန့်ကျော်က (၇) ရက်သားသမီးရဲ့ ပါရမီကိုဖြည့်ပေးနေရတာကြောင့် ကိုယ်သရုပ်ဆောင်ထားတဲ့ “ဝိပါက” ဇာတ်လမ်းတွဲကို ကြည့်ချင်ပေမယ့် မကြည့်လိုက်ရတဲ့အကြောင်းကို အခုလိုပဲပြောလာပါတယ်။ ထူးခန့်ကျော်က
“ကျွန်တော်လားကိုယ်ရိုက်ထားတဲ့ဝိပါကဇာတ်လမ်းတွဲလေးကိုကြည့်ချင်တာပေါ့ သို့သော်လည်း လူနာ တနေ့ကိုအယောက်၂၀၀ကျော်ပါရမီဖြည့်နေရလို့ ဝိပါကဇာတ်လမ်းတွဲလေးကို
မသိချင်ယောင်လေးဆောင်ခဲ့မိတယ်လေ ဝိပါကလာတော့၇နာရီ ကိုပါရမီဖြည့်လို့ပြီးတာက၈နာရီဆိုတော့ ဝိပါကဇာတ်လမ်းတွဲလေးနဲ့ခဏလောက်ခပ်စိမ်းစိမ်းလေးနေခဲ့ရပြန်ရော
အခုလဲသားငယ်လေးရဲ့ဗိုက်ကိုစတင်ပါရမီဖြည့်ခဲ့ရာယနေ့ဒုတိယအခေါက်မှာအတော်လေးသေးသွားခဲ့တာလေးမြင်တွေ့ရလို့ အင်မတန်ဝမ်းသာပီတိဖြစ်ခဲ့ရသလို ဆက်လက်ပြီးလည်းသားငယ်လေးခံစားနေရသော
ဝေဒနာအားပါရမီဖြည့်ကုသပေးရအုံးမည်လေ ဝိပါကဇာတ်လမ်းလေးမကြည့်ရပေမဲ့ တဖက်မှာ၇ရက်သားသမီးများရဲ့ရောဂါဝေဒနာများအားပါရမီဖြည့်ခွင့်ရလို့ အင်မတန်ကုသိုလ်ပီတိများဖြစ်ရသလို
သားငယ်လေးရဲ့ဝဋ်ကြွေးများရှိရင်လဲအမြန်ကျေပါစေလို့ဆုတောင်းကုသပေးရင်း မင်္ဂလာညချမ်းလေးမှာအမျိုးများအားလုံးကျန်းမာလို့ချမ်းသာကြပါ‌ေစ” ဆိုပြီး ပြောလာခဲ့ပါတယ်။ ထူးခန့်ကျော်ကတော့ (၇)ရက်သားသမီးများရဲ့
ရောဂါဝေဒနာများကို ကုသပေးရင်း ဘဝကိုအကျိုးရှိရှိဖြတ်သန်းနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ထူးခန့်ကျော် သရုပ်ဆောင်ထားတဲ့ “ဝိပါက” ဇာတ်လမ်းတွဲကို ဆက်လက်အားပေးပေးကြပါဦးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*