ပြင်ပရွှေဈေးကွက် ရွှေဈေးဖွင့်ချိန်နှင့် မြန်မာ့ရွှေဈေးနဲ့ ပတ်သက်ပြီး မှတ်သားစရာ
ရန်ကုန်ရွှေဈေးသည် နေ့လည် ၁၂ နာရီလောက်မှ ဖွင့်ပီး မန္တလေးဈေးသည် နေ့လည် ၁ နာရီလောက်မှ ဖွင့်ပါသည်။ ဈေးနှုန်းကို အကယ်ဒမီတံဆိပ်အခေါက်ရွှေ တစ်ကျပ်သား ဈေးနှုန်းဖြင့် သတ်မှတ်ဖွင့်ပါသည်။
ရွှေဈေးနှုန်းကို ဘယ်သူ၊ ဘယ်ဆိုင်ကမှ သတ်မှတ်တာမဟုတ်ပဲ ဈေးကွက်အတွင်း စတင်အရောင်းအဝယ်ဖြစ်တဲ့ဈေးကို စတင်သတ်မှတ်ပါသည်။
ရွှေဆိုင်များ မနက်ပိုင်းဖွင့်ရောင်းကြတဲ့ဈေးသည် မနေ့ကပိတ်ဈေး မနက်ပိုင်းကမ္ဘာ့ရွှေဈေးပေါ် မူတည် မိမိဘာသူ သတ်မှတ်ဖွင့်ကြတာဖြစ်ပါသည်။
အကယ်ဒမီရွှေသည် အခြားတံဆိပ်ရွှေထက် အနည်းဆုံး တစ်သောင်းအထက်ဈေးပိုပါသည်။ တစ်ဆယ်ကျပ်သားအပိုင်းများဖြင့် အရောင်းအဝယ်လုပ်ကြပါသည်။
ဖြတ်စသည် အပိုင်းလိုက်ဈေးထက် ဈေးနည်းနည်းပိုတတ်ပါသည်။တနင်္ဂနွေနေ့မှာ ကမ္ဘာ့ရွှေဈေးပိတ်ပီး မြန်မာ့ရွှေဈေးကွက်ကတော့ဖွင့်ပီး တစ်ချို့လုပ်ကြပါသည်။ ရွှေဈေးသည် စက္ကန့်နဲ့အမျှအပြောင်းအလဲရှိပါသည်။ ကျော်ကြီး(MDY)
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
Be the first to comment
Leave a Reply
Your email address will not be published.
*