လာမယ့်လမှာပြုလုပ်မယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မြန်မာစစ်ခေါင်းဆောင်ကို မဖိတ်ဘူးလို့ ကမ္ဘော ဒီးယား ပြော

ကမ္ဘောဒီးယားနိုင်ငံက ဖနောင်ပင်မြို့တော်မှာ နိုဝင်ဘာလအတွင်းပြုလုပ်မယ့် ၄၁ ကြိမ်မြောက် အာဆီယံ ထိပ်သီးဆွေးနွေးပွဲနဲ့ ဆက်စပ်အစည်းအဝေးတွေကိုတက်ရောက်ဖို့ မြန်မာစစ်ကောင်စီကို မဖိတ်ကြားခဲ့ပါဘူး။

မြန်မာနိုင်ငံမှာ နိုင်ငံရေးကိုယ်စားမပြုသူတစ်ဉီးကိုသာ အစည်းအဝေးတွေကိုတက်ရောက်ဖို့ ကမ္ဘောဒီး ယားအစိုးရက ဖိတ်ကြားခဲ့ပါတယ်။

စစ်ကောင်စီက အာဆီံယံဘုံသဘောတူညီချက် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာနဲ့ ဒီမိုကရေစီ တက် ကြွလှုပ်ရှားသူလေးဉီးကို ကြိုးပေးကွက်မျက်တာလိုမျိုး ရန်လိုသောမူဝါဒတွေကြောင့် အာဆီယံအစည်းအဝေးတွေ ကို မဖိတ်ကြားတာဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင်ကို အာဆီယံထိပ်သီးဆွေးနွေးပွဲသို့ မဖိတ်ကြားတာကို ကမ္ဘောဒီးယား နိုင်ငံခြား ရေးနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ချွန်ဆန်ရီက အတည်ပြုလိုက်ပါ တယ်။

“ပြည်သူတွေ ဘေးကင်းဖို့နဲ့ ဒီမိုကရေစီ ရွေးကောက်ပွဲတွေ ပြန်လည်ကျင်းပနိုင်ရေး မြန်မာစစ်ခေါင်း ဆောင်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ပြည်သူ့ စစ်အဖွဲ့တွေက စစ်ရေးနဲ့နိုင်ငံရေး အလျော့ပေးတာ မျိုး နှစ်ဉီးနှစ်ဖက် အကျိုးရှိတဲ့ အဖြေတစ်ရပ်ရှာဖွေဖို့ တိုက်ခိုက်တာတွေရပ်တန့်ပြီး စေ့စပ်ညှိနှိုင်းရေးစားပွဲဝိုင်းကို ပြန်သွားသင့်ပါတယ်” လို့ မဲခေါင်မဟာဗျူဟာလေ့လာရေးဌာနမှ သုတေသီ သောင်မန်ဒေးဗစ်က ပြောပါတယ်။

မြန်မာ့နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရာမှာ တိုးတ က်မှုမရှိပေမယ့် ကိုဗစ်-၁၉ ကာကွယ်ဆေး၊ အစား အသောက်နဲ့ ဆေးဝါးလိုမျိုး လူသားချင်းစာနာမှု အကူ အညီ ပေးအပ်ရမှာနဲ့ ပြည်သူတွေ အန္တရာယ်ကင်းရေးအ တွက် ကမ္ဘောဒီးယားနဲ့ အာဆီယံနိုင်ငံတွေက အ လေးထားလုပ်ဆောင်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ကမ္ဘောဒီးယားနိုင်ငံက ဖေဖော်ဝါရီလအတွင်း အာဆီယံ ကာကွယ်ရေးဝန်ကြီးများ အစည်းအဝေးကို အိမ် ရှင်အဖြစ် လက်ခံကျင်းပချိန်ကလည်း အာဆီယံဘုံသဘောတူညီချက်ငါးရပ် ဖော်ဆောင်ရာမှာ တိုးတက်မှုမရှိတာ ကြောင့် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဝဏ္ဏမောင်လွင်ကို အစည်းအဝေးသို့ မဖိတ်ကြားခဲ့ပါဘူး။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

လာမယ့္လမွာျပဳလုပ္မယ့္ အာဆီယံထိပ္သီးေဆြးေႏြးပြဲမွာ ျမန္မာစစ္ေခါင္းေဆာင္ကို မဖိတ္ဘူးလို႔ ကေမာၻ ဒီးယား ေျပာ

ကေမာၻဒီးယားနိုင္ငံက ဖေနာင္ပင္ၿမိဳ႕ေတာ္မွာ နိုဝင္ဘာလအတြင္းျပဳလုပ္မယ့္ ၄၁ ႀကိမ္ေျမာက္ အာဆီယံ ထိပ္သီးေဆြးေႏြးပြဲနဲ႕ ဆက္စပ္အစည္းအေဝးေတြကိုတက္ေရာက္ဖို႔ ျမန္မာစစ္ေကာင္စီကို မဖိတ္ၾကားခဲ့ပါဘူး။

ျမန္မာနိုင္ငံမွာ နိုင္ငံေရးကိုယ္စားမျပဳသူတစ္ဉီးကိုသာ အစည္းအေဝးေတြကိုတက္ေရာက္ဖို႔ ကေမာၻဒီး ယားအစိုးရက ဖိတ္ၾကားခဲ့ပါတယ္။

စစ္ေကာင္စီက အာဆီံယံဘုံသေဘာတူညီခ်က္ ေဖာ္ေဆာင္ရာမွာ တိုးတက္မႈမရွိတာနဲ႕ ဒီမိုကေရစီ တက္ ႂကြလႈပ္ရွားသူေလးဉီးကို ႀကိဳးေပးကြက္မ်က္တာလိုမ်ိဳး ရန္လိုေသာမူဝါဒေတြေၾကာင့္ အာဆီယံအစည္းအေဝးေတြ ကို မဖိတ္ၾကားတာျဖစ္ပါတယ္။

ျမန္မာစစ္ေခါင္းေဆာင္ကို အာဆီယံထိပ္သီးေဆြးေႏြးပြဲသို႔ မဖိတ္ၾကားတာကို ကေမာၻဒီးယား နိုင္ငံျခား ေရးႏွင့္ နိုင္ငံတကာပူးေပါင္းေဆာင္႐ြက္ေရးဝန္ႀကီးဌာနမွ ေျပာေရးဆိုခြင့္ရွိသူ ခြၽန္ဆန္ရီက အတည္ျပဳလိုက္ပါ တယ္။

“ျပည္သူေတြ ေဘးကင္းဖို႔နဲ႕ ဒီမိုကေရစီ ေ႐ြးေကာက္ပြဲေတြ ျပန္လည္က်င္းပနိုင္ေရး ျမန္မာစစ္ေခါင္း ေဆာင္ေတြ၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ေတြနဲ႕ ျပည္သူ႕ စစ္အဖြဲ႕ေတြက စစ္ေရးနဲ႕နိုင္ငံေရး အေလ်ာ့ေပးတာ မ်ိဳး ႏွစ္ဉီးႏွစ္ဖက္ အက်ိဳးရွိတဲ့ အေျဖတစ္ရပ္ရွာေဖြဖို႔ တိုက္ခိုက္တာေတြရပ္တန႔္ၿပီး ေစ့စပ္ညွိႏွိုင္းေရးစားပြဲဝိုင္းကို ျပန္သြားသင့္ပါတယ္” လို႔ မဲေခါင္မဟာဗ်ဴဟာေလ့လာေရးဌာနမွ သုေတသီ ေသာင္မန္ေဒးဗစ္က ေျပာပါတယ္။

ျမန္မာ့နိုင္ငံေရးအက်ပ္အတည္း ေျဖရွင္းရာမွာ တိုးတ က္မႈမရွိေပမယ့္ ကိုဗစ္-၁၉ ကာကြယ္ေဆး၊ အစား အေသာက္နဲ႕ ေဆးဝါးလိုမ်ိဳး လူသားခ်င္းစာနာမႈ အကူ အညီ ေပးအပ္ရမွာနဲ႕ ျပည္သူေတြ အႏၲရာယ္ကင္းေရးအ တြက္ ကေမာၻဒီးယားနဲ႕ အာဆီယံနိုင္ငံေတြက အ ေလးထားလုပ္ေဆာင္နိုင္ခဲ့တယ္လို႔ သူက ဆိုပါတယ္။

ကေမာၻဒီးယားနိုင္ငံက ေဖေဖာ္ဝါရီလအတြင္း အာဆီယံ ကာကြယ္ေရးဝန္ႀကီးမ်ား အစည္းအေဝးကို အိမ္ ရွင္အျဖစ္ လက္ခံက်င္းပခ်ိန္ကလည္း အာဆီယံဘုံသေဘာတူညီခ်က္ငါးရပ္ ေဖာ္ေဆာင္ရာမွာ တိုးတက္မႈမရွိတာ ေၾကာင့္ စစ္ေကာင္စီ နိုင္ငံျခားေရးဝန္ႀကီး ဝဏၰေမာင္လြင္ကို အစည္းအေဝးသို႔ မဖိတ္ၾကားခဲ့ပါဘူး။

Be the first to comment

Leave a Reply

Your email address will not be published.


*