သရုပ်ဆောင် ခန့်စည်သူကတော့ အနုပညာလောကရဲ့ ဝါရင့်သမ္ဘာရင့်သရုပ်ဆောင်တစ်ယောက်ဖြစ်သလို အကယ်ဒမီဆုရှင်မင်းသားတစ်ယောက်လည်း ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ခန့်စည်သူဟာ အလှူအတန်းရက်ရောပြီး ဘာသာရေးနဲ့ ကုသိုလ်ရေးကို အထူးဆောင်ရွက်သူတစ်ယောက်ဖြစ်ပြီး လက်ရှိကာလမှာလည်း အနုပညာအလုပ်တွေထက်
ကုသိုလ်ရေးကို ပိုမိုလုပ်ကိုင်ဖြစ်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း ခန့်စည်သူက အနုပညာလောကရဲ့ နာမည်ကြီးဇာတ်ပို့သရုပ်ဆောင် ရဲမြညွန့်ရဲ့ နာရေးအတွက် သူတတ်နိုင်သလောက်လေး
ကူညီခဲ့တဲ့အကြောင်းကို ပြောလာပါတယ်။ ခန့်စည်သူက “ရုပ်ရှင်လောကမှာ နှစ်ပေါင်း (၅၄)နှစ်တိုင် ဇာတ်ပို့သရုပ်ဆောင်ကြီးအဖြစ် ရပ်တည်ခဲ့တဲ့ ဦးမြညွန့် (ရဲမြညွန့်) အသက်(၈၈) နှစ် ၏ နာရေးအတွက်
သင်္ကန်းနှင့် ကူငွေ တစ်သိန်း ဂါရဝပြု လှူဒါန်းခဲ့ပါတယ်။နှစ်ပေါင်းများစွာ အတူတကွ သရုပ်ဆောင်ခဲ့ရင်း ဇာတ်ဝင်ခန်းများနှင့်ပတ်သက်ပြီး လိုအပ်သလို အကြံဉာဏ်များပေးခဲ့၊
ကူညီခဲ့တဲ့ လေးလေးဦးမြညွန့် ကောင်းရာသုဂတိလားပါစေခင်ဗျာ။ ။” ဆိုပြီး သူကိုယ်တိုင် ရဲမြညွန့်ရဲ့နေအိမ်ထိသွားပြီး ကျန်ရစ်သူမိသားစုအတွက် နာရေးကူငွေတွေ ပေးအပ်ခဲ့တာပဲဖြစ်ပါတယ်။ခန့်စည်သူကတော့ အနုပညာနဲ့ပတ်သက်လာရင်
အကြံဉာဏ်များပေးခဲ့ ကူညီဖေးမခဲ့ပေးဖူးတဲ့ ဦးမြညွန့်ရဲ့ နောက်ဆုံးခရီးအတွက် သူတတ်နိုင်သလောက်လေး ကူညီပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခန့်စည်သူရဲ့ ကုသိုလ်လေးအတွက် ထပ်တူပီတိဖြစ်ဝမ်းသာနေမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply