ပြည်တွင်းမှာတောင် မလောက်ငှတဲ့ စားသုံးဆီကို ပြည်ပသို့ ပြန်တင်ပို့သူ ဖြစ်အောင်လုပ်ရမယ်လို့ မင်းအောင်လှိုင်ပြော

စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူအဖြစ်ကနေ ပြည်တွင်းမှာ ပိုလျှံပြီး ပြည်ပသို့ ပြန်လည်တင်သွင်းသူ အဖြစ် ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမယ်လို့ နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယင်းက “စားသုံးဆီကို ပြည်ပမှ တင်သွင်းနေရသူ (Importer) အဖြစ်မှ ပြည်တွင်း၌ ပိုလျှံသည်အထိ ထုတ်လုပ်၍ ပြည်ပသို့ ပြန်လည်တင်သွင်းသူ (Exporter) အဖြစ်ထိ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊

၂၀၂၁ ခုနှစ်မှစတင်၍ ပြည်ပမှတင်သွင်းသည့် စားသုံးဆီများကို ထိန်းသိမ်းဆောင်ရွက်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံ တွင် ဆီစားသုံးမှုများပြားခြင်းနှင့် ပြည်တွင်းဆီထုတ် လုပ်မှုနည်းပါးခြင်းကြောင့် ပြည်တွင်း စားသုံးဆီလို အပ်ချက် များပြားနေခြင်းဖြစ်တယ်” လို့ ရန်ကုန်က (MSME) လုပ်ငန်းရှင် တွေနဲ့ တွေ့ဆုံပွဲမှာ ပြောတာပါ။

ပြည်တွင်းဆီလိုအပ်ချက် ပြည့်မီဖူလုံစေရေးအတွက် လိုအပ်သည်များကို နိုင်ငံတော်မှ ဖြည့်ဆည်းပေးသွားမည်ဖြစ်သည့်အတွက် ဆီထွက်သီးနှံစိုက်ပျိုးသည့် လုပ်ငန်းရှင်များနှင့် ဆီထုတ်လုပ်သူများ အနေဖြင့်လည်း အမှန်တကယ် အလုပ်လုပ်ကြရန်လိုအပ်ပြီး စိုက်ပျိုးရေးတောင်သူ၊

လုပ်ငန်းရှင်များနှင့် အစိုးရတို့ ပေါင်းစပ် ဆောင်ရွက် သွားမည်ဆိုပါက မကြာမီကာလအတွင်း ပြည်တွင်းဆီလိုအပ်ချက်ကို ပြည့်မီအောင် ဆောင်ရွက်နိုင်မယ်ဆိုပြီးတော့လည်း ယင်းက ထပ်မံ ပြောပါတယ်။

ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်






Be the first to comment

Leave a Reply

Your email address will not be published.


*