
နေပြည်တော်တိုင်းစစ်ဌာနချုပ်တွင် အရာရှိများအနေ ဖြင့် ရာထူးတက်ချင်ပါက ဦးပိုင်ကုမ္ပဏီ၏ သတ်မှတ်ရှယ်ယာပမာဏ ပြည့်မီအောင် ငွေထည့်မှ ထောက်ခံ ချက် လက်မှတ်ထိုးပေးမည်ဟု ဗိုလ်ချုပ်ဇော်ဟိန်း အကျပ်ကိုင် အမိန့်ထုတ် ထားကြောင်း သိရှိရသည်။
အရာရှိများအနေဖြင့် ဦးပိုင်ပမာဏ သတ်မှတ်ချက် အနည်းဆုံး သိန်း ၃၀ မှ သိန်း ၅၀ အထိ ထည့်ဝင်နိုင်ပြီး ဗိုလ်ချုပ် ဇော်ဟိန်းက ရာထူးတိုးချင်သူတိုင်းကို ထောက်ခံချက် ရယူမည်ဆိုပါက ဦးပိုင်ရှယ်ယာပမာဏ အပြည့် ထည့်ဝင်သူ များကိုသာ ထောက်ခံချက် လက် မှတ်ထုတ်ပေးကြရန် တပ်မှူးများကို အမိန့်ပေး ညွှန်ကြားထားခြင်းဖြစ်သည်ဟု သိရှိရှိရသည်။
“နေပြည်တော် တိုင်းအတွင်း တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်းက နေပြည်တော် တိုင်းအတွင်း မည်သည့်အဆင့် တိုးမဆို ဦးပိုင်ကို သတ်မှတ်ထားတဲ့ ပမာဏပြည့်အောင် ထည့်ထားမှ ရာထူးတိုးထောက်ခံ လက် မှတ်ထိုးဖို့ တိုင်းအတွင်း တပ်မှူးများကို ညွှန်ကြားထားပါတယ်။ အဲ့ဒီသတ်မှတ်ချက်နဲ့ဆိုရင် သတ် မှတ်ရှယ်ယာပမာဏ သိန်း ၃၀၊ သိန်း ၅၀ အထိ ထည့်ရမှာပါ။
ဒီခေတ် ဒီကာလ အထွေထွေ ကျပ်တည်းရတဲ့အထဲ အဲဒီလောက်ငွေ ဘယ်သွားရှာရမလဲ မသိပါဘူး၊ ရာထူးကို ငွေနဲ့ဝယ်ယူနေရသလိုပါပဲ၊ နောက်ပြီး အဲ့သတ်မှတ်ချက်ဟာ ဥပဒေနဲ့ ညီတဲ့ သတ်မှတ်ချက်လည်း မဟုတ်ပါဘူး၊ ဥပဒေမှာ အဲဒီလိုမရှိဘဲ သူတို့ပါးစပ်က ထွက်တာ ဥပဒေလိုဖြစ်နေတယ်၊ သိရသလောက် တိုင်းမှူးတွေ မင်းအောင်လှိုင် ရှေ့မှာ သူ့တိုင်းက ဦးပိုင် ဘယ်လောက်ထည့်ကြောင်း၊
ငါ့တိုင်းက ဦးပိုင် ဘယ်လောက်ထည့်ကြောင်း ထပြီး အိုင်ပီ ရှာနေတာ ကြာပြီ၊ မအလ က အဲ့ပိုက်ဆံတွေကို သဘာဝ ဓာတ်ငွေ့တူးဖော်ရေးမှာ သုံးမယ်လို့သိရပါတယ်၊ နောက်ပြီး ဦးပိုင်က အတိုးလည်း ပုံမှန်မရရှိပါဘူး၊ အရင်းကလည်းဆုံး…အတိုးအမြတ်လည်းမရှိတဲ့ဇတ်လမ်းဖြစ်နေတာပါ” ဟု တပ်ဘက် သတင်းရင်းမြစ်က ပြောသည်။
နေပြည်တော် စစ်တိုင်းမှူးသစ် ဗိုလ်ချုပ်ဇော်ဟိန်းသည် စစ်တက္ကသိုလ် အပတ်စဉ် ၃၈ မှ ဖြစ်ပြီး ဖခင်မှာ ကြံ့ဖွတ်ပါတီမှ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ဟောင်း ဗိုလ်မှူးချုပ်ဟောင်း သိန်းအောင် ဖြစ်ကြောင်း ၊ ဗိုလ်ချုပ်ဇော်ဟိန်းသည် တပ်မ ၁၁ (အင်းတိုင်)တွင် တပ်မမှူးတာဝန်ယူခဲ့ဖူးသူ တဦး ဖြစ်ပြီး စစ် တက္ကသိုလ် ကျောင်းအုပ်ကြီးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း၊ မင်းအောင်လှိုင်၏ ကိုယ်ရေးအရာရှိအဖြစ် လုပ်ကိုင်ခဲ့ဖူးသူ ဖြစ်ကြောင်း သိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ေနျပည္ေတာ္တြင္ စစ္ရာထူးတက္ခ်င္သူတိုင္း ဦးပိုင္ကုမၸဏီ၏ သတ္မွတ္ပမာဏ ျပည့္မီေအာင္ ေငြထည့္မွ ေထာက္ခံ ခ်က္ လက္မွတ္ထိုးေပးမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္ဟိန္း အက်ပ္ကိုင္
ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္တြင္ အရာရွိမ်ားအေန ျဖင့္ ရာထူးတက္ခ်င္ပါက ဦးပိုင္ကုမၸဏီ၏ သတ္မွတ္ရွယ္ယာပမာဏ ျပည့္မီေအာင္ ေငြထည့္မွ ေထာက္ခံ ခ်က္ လက္မွတ္ထိုးေပးမည္ဟု ဗိုလ္ခ်ဳပ္ေဇာ္ဟိန္း အက်ပ္ကိုင္ အမိန႔္ထုတ္ ထားေၾကာင္း သိရွိရသည္။
အရာရွိမ်ားအေနျဖင့္ ဦးပိုင္ပမာဏ သတ္မွတ္ခ်က္ အနည္းဆုံး သိန္း ၃၀ မွ သိန္း ၅၀ အထိ ထည့္ဝင္နိုင္ၿပီး ဗိုလ္ခ်ဳပ္ ေဇာ္ဟိန္းက ရာထူးတိုးခ်င္သူတိုင္းကို ေထာက္ခံခ်က္ ရယူမည္ဆိုပါက ဦးပိုင္ရွယ္ယာပမာဏ အျပည့္ ထည့္ဝင္သူ မ်ားကိုသာ ေထာက္ခံခ်က္ လက္ မွတ္ထုတ္ေပးၾကရန္ တပ္မႉးမ်ားကို အမိန႔္ေပး ၫႊန္ၾကားထားျခင္းျဖစ္သည္ဟု သိရွိရွိရသည္။
“ေနျပည္ေတာ္ တိုင္းအတြင္း တိုင္းမႉး ဗိုလ္ခ်ဳပ္ေဇာ္ဟိန္းက ေနျပည္ေတာ္ တိုင္းအတြင္း မည္သည့္အဆင့္ တိုးမဆို ဦးပိုင္ကို သတ္မွတ္ထားတဲ့ ပမာဏျပည့္ေအာင္ ထည့္ထားမွ ရာထူးတိုးေထာက္ခံ လက္ မွတ္ထိုးဖို႔ တိုင္းအတြင္း တပ္မႉးမ်ားကို ၫႊန္ၾကားထားပါတယ္။ အဲ့ဒီသတ္မွတ္ခ်က္နဲ႕ဆိုရင္ သတ္ မွတ္ရွယ္ယာပမာဏ သိန္း ၃၀၊ သိန္း ၅၀ အထိ ထည့္ရမွာပါ။
ဒီေခတ္ ဒီကာလ အေထြေထြ က်ပ္တည္းရတဲ့အထဲ အဲဒီေလာက္ေငြ ဘယ္သြားရွာရမလဲ မသိပါဘူး၊ ရာထူးကို ေငြနဲ႕ဝယ္ယူေနရသလိုပါပဲ၊ ေနာက္ၿပီး အဲ့သတ္မွတ္ခ်က္ဟာ ဥပေဒနဲ႕ ညီတဲ့ သတ္မွတ္ခ်က္လည္း မဟုတ္ပါဘူး၊ ဥပေဒမွာ အဲဒီလိုမရွိဘဲ သူတို႔ပါးစပ္က ထြက္တာ ဥပေဒလိုျဖစ္ေနတယ္၊ သိရသေလာက္ တိုင္းမႉးေတြ မင္းေအာင္လွိုင္ ေရွ႕မွာ သူ႕တိုင္းက ဦးပိုင္ ဘယ္ေလာက္ထည့္ေၾကာင္း၊
ငါ့တိုင္းက ဦးပိုင္ ဘယ္ေလာက္ထည့္ေၾကာင္း ထၿပီး အိုင္ပီ ရွာေနတာ ၾကာၿပီ၊ မအလ က အဲ့ပိုက္ဆံေတြကို သဘာဝ ဓာတ္ေငြ႕တူးေဖာ္ေရးမွာ သုံးမယ္လို႔သိရပါတယ္၊ ေနာက္ၿပီး ဦးပိုင္က အတိုးလည္း ပုံမွန္မရရွိပါဘူး၊ အရင္းကလည္းဆုံး…အတိုးအျမတ္လည္းမရွိတဲ့ဇတ္လမ္းျဖစ္ေနတာပါ” ဟု တပ္ဘက္ သတင္းရင္းျမစ္က ေျပာသည္။
ေနျပည္ေတာ္ စစ္တိုင္းမႉးသစ္ ဗိုလ္ခ်ဳပ္ေဇာ္ဟိန္းသည္ စစ္တကၠသိုလ္ အပတ္စဥ္ ၃၈ မွ ျဖစ္ၿပီး ဖခင္မွာ ႀကံ့ဖြတ္ပါတီမွ ဧရာဝတီတိုင္း ဝန္ႀကီးခ်ဳပ္ေဟာင္း ဗိုလ္မႉးခ်ဳပ္ေဟာင္း သိန္းေအာင္ ျဖစ္ေၾကာင္း ၊ ဗိုလ္ခ်ဳပ္ေဇာ္ဟိန္းသည္ တပ္မ ၁၁ (အင္းတိုင္)တြင္ တပ္မမႉးတာဝန္ယူခဲ့ဖူးသူ တဦး ျဖစ္ၿပီး စစ္ တကၠသိုလ္ ေက်ာင္းအုပ္ႀကီးအျဖစ္လည္း တာဝန္ထမ္းေဆာင္ခဲ့ေၾကာင္း၊ မင္းေအာင္လွိုင္၏ ကိုယ္ေရးအရာရွိအျဖစ္ လုပ္ကိုင္ခဲ့ဖူးသူ ျဖစ္ေၾကာင္း သိရသည္။
Leave a Reply