ပရိသတ်ကြီးရေ ဆောင်းယွန်းစံကတော့ ပရိသတ်တွေရဲ့ အချစ်တော် မော်ဒယ်လ် မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ဆောင်းယွန်းကတော့ ခေတ်လူငယ်တစ်ယောက်ဖြစ်ပေမဲ့ ဘာသာရေးကိုင်းရှိုင်းပြီး အလှူအတန်းတွေကို ရက်ရောစွာနဲ့လှူဒါန်းတတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။
ဆောင်းယွန်းစံကတော့ ပြီးခဲ့တဲ့ နှစ်လောက်က သူ့ရဲ့ ပရိသတ်တွေရဲ့ စုပေါင်းပြီး မှော်ဘီမြို့မလူမှုကူညီရေးအသင်းမှာ လိုအပ်နေတဲ့
လူနာတင်ယာဉ်ကို လှူဒါန်းပေးခဲ့တာပရိသတ်တွေလည်းကြားသိပြီး မှတ်မိဦးမယ်ထင်ပါတယ်နော်။ လတ်တလောမှာလည်း ဆောင်းယွန်းစံကတော့ သူတို့လှူဒါန်းခဲ့တဲ့
ဒီလူနာတင်ယာဉ်မှာ ယာဉ်အတွက် လိုအပ်တာတွေမှာ အသုံးပြုနိုင်ဖို့ အလှူငွေတွေထပ်မံလှူဒါန်းပေးခဲ့တယ်လို့သိရှိရပါတယ်။ ဆောင်းယွန်းစံကတော့ သူရဲ့ လူမှုကွန်ရက်စာမျက်နှာကနေလည်း
“မှော်ဘီမြို့မလူမူ့ကူညီရေးအသင်းမှာ ဆောင်းယွန်းလှုဒါန်းခဲ့တဲ့ လူနာတင်ယာဉ်ကားအတွက် လိုအပ်တာ အသုံးပြုဖို့ သုံးသိန်းကျပ် လှုဒါန်းခဲ့ပါတယ်ရှင့်” ဆိုပြီး
မျှဝေဖော်ပြထားခဲ့ပါတယ်။ စာဖတ်သူ ချစ်ပရိသတ်ကြီးရေ ဆောင်းယန်းစံရဲ့ မွန်မြတ်လှတဲ့ အလှူလေးကို သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply