ပွဲတွေလုပ်ဖို့၊ သီချင်းသစ်တွေဆိုဖို့ လာပြောကြတိုင်း ပိုပိုရဲ့မျက်နှာလေးကိုပဲ ပြေးမြင်မိကြောင်း ဆွေးမြေ့ဖွယ် ရင်ဖွင့်လာတဲ့ ဖြူဖြူကျော်သိန်း
ပရိသတ်ကြီးရေ ‌အဆိုတော် ဖြူဖြူကျော်သိန်း‌ ကတော့ အသံပါဝါကောင်းကောင်းကို ပိုင်ဆိုင်ထားပြီးတော့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သီချင်းကောင်းများစွာကို သီဆိုထားတဲ့ အပြင် သီချင်းတိုင်းကိုလည်း သက်ဝင်မှုအားကောင်းစွာနဲ့ ဖျော်ဖြေပေးလေ့ရှိတာမို ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှု့ကို
ရရှိထားပိုင်ဆိုင်ထားတဲ့ နိုင်ငံကျော် အမျိုးသမီးအဆိုတော် တစ်ယောက် ဖြစ်ပါတယ်နော်။ ဒါအပြင် ဒီမိုကရေစီတိုက်ပွဲမှာ ပြည်သူတွေနဲ့အတူတူ
အမှန်တရားဘက်ကရပ်တည်ခဲ့တာကြောင့် ပုဒ်မ ၅၀၅ နဲ့ တရားစွဲ ဆိုခံထားရတာကြောင့် ဘေးလွတ်ရာကို တိမ်းရှောင်ခဲ့ ရသူတစ်ဦးလည်း ဖြစ်ပါတယ်။
ယခုအခါမှာတော့ အဆိုတော် ဖြူဖြူကျော်သိန်းက ယနေ့တိုင် မလွတ်မြောက်သေးတဲ့ ပိုပိုအတွက် အမြဲသတိတရနဲ့ စိုးရိမ်နေတဲ့ အကြောင်းကို ”ပိုပို သီချင်းတွေပြန်ဆိုဖို့၊
သီချင်းသစ်တွေထုတ်ဖို့၊ ပွဲတွေဆိုဖို့၊ ပွဲတွေတက်ဖို့၊ ကြော်ငြာတွေရိုက်ဖို့၊ ဓာတ်ပုံတွေရိုက်ဖို့ လာပြောကြတိုင်း သူ့မျက်နှာလေးပဲ ပြေးမြင်တယ်။ ကိုယ်တောင် အပြင်မှာ
၆ လကျော် ၅၀၅ ဝရမ်းပြေးဘဝနဲ့ ရှောင်ရပုန်းရတာ ဒီလောက် ခက်ခဲခဲ့ ဖူးတာ၊ သူ့ခမျာ အထဲမှာ ၁ နှစ်ကျော်ကြာ မိန်းကလေး တစ်ယောက်အတွက် ဘယ်လောက် ခက်ခဲလိုက်မလဲ?
တစ်ရက်မပြတ် သတိရဆုတောင်းပေးတယ်။ ကျန်းကျန်းမာမာနဲ့ အမြန်ဆုံးလွတ်မြောက်ပါစေ ညီမလေးရေ” လို့ သူမရဲ့လူမူ့ကွန်ယက်ပေါ်မှာ ပိုပို့အား သတိတရနဲ့ ဆုတောင်း ရေးသားထားတာကို တွေ့ရပါတယ်။
ဖတ်ရှု့အားပေးနေကြသော ပရိသတ်ကြီးတို့ကလည်း ပရိသတ်အချစ်တော် အဆိုတော်ပိုပို တစ်ယောက် အမြန်ဆုံးပြန်လည်လွတ်မြောက်ပါစေလို့ ဖြူဖြူ နဲ့အတူဆုတောင်းပေးခဲ့ ကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*