ရုရှားနဲ့ နည်းပညာ ပူးပေါင်းပြီး မြန်မာ့ပင်လယ်ပြင်မှ ငါး၊ ပုစွန်များကို စစ်ကောင်စီက ဖမ်းဆီးမည်

မြန်မာ့ ပင်လယ်ပြင်မှ ငါး ၊ပုစွန် ဖမ်းဆီးတာကို ရုရှားနိုင်ငံက နည်းပညာများနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ဒီလိုပူးပေါင်းဆောင်ရွက်တာကို ရုရှားနိုင်ငံက သင်္ဘော ၁၆ စင်းနဲ့ မြန်မာ့ ပင်လယ်ပြင်မှာ လုပ်ဆောင်သွားမှာလို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်က ဆိုထားပါတယ်။

ဒီအစီစဉ်မှာဆိုရင် မြန်မာ့ပင်လယ်ပြင်ရှိ ငါး၊ ပုစွန် ဖမ်းဆီးနိုင်ဖို့ ကူညီထောက်ပံ့တာတွေအပြင်၊ ငါးသယံဇာတတည်ရှိမှုကို သုတေသနပြုမယ့်ကဏ္ဍနဲ့ အခြားသောကဏ္ဍတွေမှာလည်း မြန်မာ ရှရှား နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ဖို့သဘောတူစာချုပ်ကိုပါ လက်မှတ်ရေးထိုးထားပြီးဖြစ်ပါတယ်။

“လက်မှတ်ရေးထိုးပြီးပြီမို့ နည်းပညာဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာတွေကို မကြာမှီအကောင်အထည်ဖော်သွားမှာပါ။ မြန်မာ့ရေသယံဇာတဖွံ့ဖြိုးတိုးတက်ဖို့အတွက် မြန်မာနဲ့ ရုရှား နှစ်နိုင်ငံအကြားပူးပေါင်းဆောင်ရွက်ဖို့ သဘောတူထားတာပါ” လို့ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် တာဝန်ရှိသူတဦးက ပြောပါတယ်။

အထူးသဖြင့် ရေအောက် မီတာ ၂၀၀ မှာရှိတဲ့ ငါး၊ ပုစွန် တွေကိုဖမ်းဆီးနိုင်တဲ့ နည်းပညာတွေကိုရုရှားမှာဆွေးနွေးခဲ့ပြီးပြီမို့ မကြာမှီကာလမှာရုရှားကသင်္ဘော (၁၆) စင်းရောက်ရှိလာတော့မှာပါ။ကမ္ဘာ့ငါးဖမ်းဆီးမှု အများဆုံးနိုင်ငံတွေအနက် မြန်မာနိုင်ငံဟာ ငါးဖမ်းဆီးမှုအဆင့် ၁၀ မှာရှိနေတာပါ။

သို့ပေမယ့် စက်ပစ္စည်းကိရိယာနဲ့ နည်းပညာလိုအပ်ချက်တွေကြောင့် ပင်လယ်ပြင်အောက် မီတာ ၁၀၀ အကွာအဝေးရှိ ငါး ၊ ပုစွန်တွေကိုပင် လက်ရှိအချိန်ထိ ဖမ်းဆီးနိုင်ချေ မရှိသေးပါဘူး။အခုတော့ ရုရှားနိုင်ငံရဲ့ အထော က်အပံ့နဲ့ ပင်လယ်ပြင် မီတာ ၂၀၀ အောက်ရှိငါး၊ ပုစွန်တွေကိုပါ ဖမ်းနိုင်ဖို့ ပြင်ဆင်လာတာ ဖြစ်ပါတယ်။ (MFN)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ျမန္မာ့ ပင္လယ္ျပင္မွ ငါး ၊ပုစြန္ ဖမ္းဆီးတာကို ႐ုရွားနိုင္ငံက နည္းပညာမ်ားနဲ႕ ပူးေပါင္းေဆာင္႐ြက္သြားမယ္လို႔ သိရပါတယ္။ ဒီလိုပူးေပါင္းေဆာင္႐ြက္တာကို ႐ုရွားနိုင္ငံက သေဘၤာ ၁၆ စင္းနဲ႕ ျမန္မာ့ ပင္လယ္ျပင္မွာ လုပ္ေဆာင္သြားမွာလို႔ ျမန္မာနိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္က ဆိုထားပါတယ္။

ဒီအစီစဥ္မွာဆိုရင္ ျမန္မာ့ပင္လယ္ျပင္ရွိ ငါး၊ ပုစြန္ ဖမ္းဆီးနိုင္ဖို႔ ကူညီေထာက္ပံ့တာေတြအျပင္၊ ငါးသယံဇာတတည္ရွိမႈကို သုေတသနျပဳမယ့္က႑နဲ႕ အျခားေသာက႑ေတြမွာလည္း ျမန္မာ ရွရွား ႏွစ္နိုင္ငံအၾကား ပူးေပါင္းေဆာင္႐ြက္ဖို႔သေဘာတူစာခ်ဳပ္ကိုပါ လက္မွတ္ေရးထိုးထားၿပီးျဖစ္ပါတယ္။

“လက္မွတ္ေရးထိုးၿပီးၿပီမို႔ နည္းပညာဆိုင္ရာ ပူးေပါင္းေဆာင္႐ြက္တာေတြကို မၾကာမွီအေကာင္အထည္ေဖာ္သြားမွာပါ။ ျမန္မာ့ေရသယံဇာတဖြံ႕ၿဖိဳးတိုးတက္ဖို႔အတြက္ ျမန္မာနဲ႕ ႐ုရွား ႏွစ္နိုင္ငံအၾကားပူးေပါင္းေဆာင္႐ြက္ဖို႔ သေဘာတူထားတာပါ” လို႔ ျမန္မာနိုင္ငံငါးလုပ္ငန္းအဖြဲ႕ခ်ဳပ္ တာဝန္ရွိသူတဦးက ေျပာပါတယ္။

အထူးသျဖင့္ ေရေအာက္ မီတာ ၂၀၀ မွာရွိတဲ့ ငါး၊ ပုစြန္ ေတြကိုဖမ္းဆီးနိုင္တဲ့ နည္းပညာေတြကို႐ုရွားမွာေဆြးေႏြးခဲ့ၿပီးၿပီမို႔ မၾကာမွီကာလမွာ႐ုရွားကသေဘၤာ (၁၆) စင္းေရာက္ရွိလာေတာ့မွာပါ။ကမာၻ႔ငါးဖမ္းဆီးမႈ အမ်ားဆုံးနိုင္ငံေတြအနက္ ျမန္မာနိုင္ငံဟာ ငါးဖမ္းဆီးမႈအဆင့္ ၁၀ မွာရွိေနတာပါ။

သို႔ေပမယ့္ စက္ပစၥည္းကိရိယာနဲ႕ နည္းပညာလိုအပ္ခ်က္ေတြေၾကာင့္ ပင္လယ္ျပင္ေအာက္ မီတာ ၁၀၀ အကြာအေဝးရွိ ငါး ၊ ပုစြန္ေတြကိုပင္ လက္ရွိအခ်ိန္ထိ ဖမ္းဆီးနိုင္ေခ် မရွိေသးပါဘူး။အခုေတာ့ ႐ုရွားနိုင္ငံရဲ႕ အေထာ က္အပံ့နဲ႕ ပင္လယ္ျပင္ မီတာ ၂၀၀ ေအာက္ရွိငါး၊ ပုစြန္ေတြကိုပါ ဖမ္းနိုင္ဖို႔ ျပင္ဆင္လာတာ ျဖစ္ပါတယ္။ (MFN)

Be the first to comment

Leave a Reply

Your email address will not be published.


*