ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်မှု စစ်သားနှင့်ရဲ ၁၇ ဦး သေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းဆီးရမိ၊ စစ်သားနှင့်ရဲများ ထွက်ပြေး

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ဇီးပြားကျေးရွာရဲစခန်းကို PDF တပ်များက ဝင်ရောက်တိုက်ခိုက်ရာ စစ်သားနှင့် ရဲ ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိကြောင်း၊ စစ်သားနှင့်ရဲများ ထွက်ပြေးသွားကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ မွန်းလွဲ ၁နာရီ ၂၈မိနစ်မှ စတင်၍ ည ၇ နာရီခန့်အထိ ပေါက်မြို့နယ် ဇီးပြားရွာတွင် ပျူစောထီး၉၃ယောက်ခန့်ကို စစ် သင်တန်း ပေးနေသော စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ ဇီးပြားရွာတွင် ပြည်သူဘက်မှ ပူးပေါင်းပါဝင်ကြသူများကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ အနိုင်ပြုကျင့်ခြင်း ကျေးရွာ အတွင်းမှ နှင်ထုတ်မှုများ အကြိမ်ကြိမ်ပြုလုပ်နေသည်ကို တိုင်ကြားလာ၍ မြိုင်ပကဖအဖွဲ့နှင့်ပေါက်ကျေးရွာကာကွယ်ရေးအဖွဲ့များ၊ မြိုင်ကျေးရွာကာကွ ယ်ရေးအဖွဲ့များ ပူးပေါင်းတိုက်က်ခိုက်ကြကြောင်း သိရှိရသည်။

တိုက်ပွဲတွင် စစ်သား၊ ရဲ၊ နှင့်ပျူစောထီး ၁၇ ဦးသေဆုံးပြီး ပျူစောထီး ၅၃ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ ပြည်သူဘက် တော်သားများအဖြစ် သစ္စာရှိစွာရပ်တည်ပေးမည်ဆိုပါက အသက်ကိုစောင့်ရှောက်မှုပေးမည်ဖြစ်ပြီး စစ်တပ် ဒေါက်တိုင်အဖြစ်မရပ်တည်ရန် ဝန်ခံကတိများပြုလုပ်ထားရှိကြောင်း သိရှိရသည်။

“မိလာတဲ့ ပျူစောထီးတွေကို လွတ်လွတ်လပ်လပ်ပဲထားပါတယ်။ ဖုန်းတွေပဲ သိမ်းထားတာပါ။ အခု ထမင်းကျွေးမလို့ ချည်ပေါင်တွေကြော်နေပြီ။ ရွာတွေကိုပြောချင်တာက ပြည်သူ့စစ်တို့ ပျူစောထီးတို့ မလုပ်ကြနဲ့တော့။ ကျနော်တို့မှာ ရွာပေါင်း ၃၅၀ ကျော် ၄၀၀ လောက်ရှိတယ်။ ကျနော်တို့ PDF တွေ တုတ်နဲ့တက်ရိုက်ရင်တောင် ခွေးတွေကို နိုင်တယ်။ လက်နက်တွေဘာတွေကို ကျနော်တို့ အဓိကထားပြီး မကောက်ဘူး။ အဲဒါကြောင့် အသက်ဆုံးရှုံးရတာရှိလို့။ ခွေးတွေကိုပဲ ထိအောင် ပစ်ဖို့ ပြောထားတာ” ဟု ဗိုလ်လင်္ကျာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇီးပြားကျေးရွာ ရဲစခန်း တိုက်ခိုက်မှုတွင် ရဲစခန်းသိမ်း ပိုက်နိုင်သည်အထိ အခြေ အနေတစ်ရပ်ရှိ သော်လည်း တိုက်ပွဲကြာချိန် ၅နာရီ ၂၂မိနစ် ကြာမြင့်ပြီး ကျည်မျိုးစုံ ၁၇၀၀၀ ထက်မနည်းအသုံးပြုခဲ့ရကြောင်း ဗိုလ်လင်္ကျာက ဆိုသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ေပါက္ၿမိဳ႕နယ္၊ ဇီးျပားေက်း႐ြာရဲစခန္းကို PDF တပ္မ်ားက ဝင္ေရာက္တိုက္ခိုက္မႈ စစ္သားႏွင့္ရဲ ၁၇ ဦး ေသဆုံးၿပီး ပ်ဴေစာထီး ၅၃ ဦး အရွင္ဖမ္းဆီးရမိ၊ စစ္သားႏွင့္ရဲမ်ား ထြက္ေျပး

မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ ဇီးျပားေက်း႐ြာရဲစခန္းကို PDF တပ္မ်ားက ဝင္ေရာက္တိုက္ခိုက္ရာ စစ္သားႏွင့္ ရဲ ၁၇ ဦးေသဆုံးၿပီး ပ်ဴေစာထီး ၅၃ ဦး အရွင္ဖမ္းမိေၾကာင္း၊ စစ္သားႏွင့္ရဲမ်ား ထြက္ေျပးသြားေၾကာင္း ၿမိဳင္ၿမိဳ႕နယ္ ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕မွ ဗိုလ္လကၤ်ာက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ေအာက္တိုဘာလ ၂ ရက္ေန႕ မြန္းလြဲ ၁နာရီ ၂၈မိနစ္မွ စတင္၍ ည ၇ နာရီခန႔္အထိ ေပါက္ၿမိဳ႕နယ္ ဇီးျပား႐ြာတြင္ ပ်ဴေစာထီး၉၃ေယာက္ခန႔္ကို စစ္ သင္တန္း ေပးေနေသာ စခန္းကို ဝင္ေရာက္တိုက္ခိုက္ခဲ့ေၾကာင္း၊ ဇီးျပား႐ြာတြင္ ျပည္သူဘက္မွ ပူးေပါင္းပါဝင္ၾကသူမ်ားကို ဖမ္းဆီးသတ္ျဖတ္ျခင္း၊ အနိုင္ျပဳက်င့္ျခင္း ေက်း႐ြာ အတြင္းမွ ႏွင္ထုတ္မႈမ်ား အႀကိမ္ႀကိမ္ျပဳလုပ္ေနသည္ကို တိုင္ၾကားလာ၍ ၿမိဳင္ပကဖအဖြဲ႕ႏွင့္ေပါက္ေက်း႐ြာကာကြယ္ေရးအဖြဲ႕မ်ား၊ ၿမိဳင္ေက်း႐ြာကာကြ ယ္ေရးအဖြဲ႕မ်ား ပူးေပါင္းတိုက္က္ခိုက္ၾကေၾကာင္း သိရွိရသည္။

တိုက္ပြဲတြင္ စစ္သား၊ ရဲ၊ ႏွင့္ပ်ဴေစာထီး ၁၇ ဦးေသဆုံးၿပီး ပ်ဴေစာထီး ၅၃ ဦး အရွင္ဖမ္းမိခဲ့ေၾကာင္း၊ ျပည္သူဘက္ ေတာ္သားမ်ားအျဖစ္ သစၥာရွိစြာရပ္တည္ေပးမည္ဆိုပါက အသက္ကိုေစာင့္ေရွာက္မႈေပးမည္ျဖစ္ၿပီး စစ္တပ္ ေဒါက္တိုင္အျဖစ္မရပ္တည္ရန္ ဝန္ခံကတိမ်ားျပဳလုပ္ထားရွိေၾကာင္း သိရွိရသည္။

“မိလာတဲ့ ပ်ဴေစာထီးေတြကို လြတ္လြတ္လပ္လပ္ပဲထားပါတယ္။ ဖုန္းေတြပဲ သိမ္းထားတာပါ။ အခု ထမင္းေကြၽးမလို႔ ခ်ည္ေပါင္ေတြေၾကာ္ေနၿပီ။ ႐ြာေတြကိုေျပာခ်င္တာက ျပည္သူ႕စစ္တို႔ ပ်ဴေစာထီးတို႔ မလုပ္ၾကနဲ႕ေတာ့။ က်ေနာ္တို႔မွာ ႐ြာေပါင္း ၃၅၀ ေက်ာ္ ၄၀၀ ေလာက္ရွိတယ္။ က်ေနာ္တို႔ PDF ေတြ တုတ္နဲ႕တက္ရိုက္ရင္ေတာင္ ေခြးေတြကို နိုင္တယ္။ လက္နက္ေတြဘာေတြကို က်ေနာ္တို႔ အဓိကထားၿပီး မေကာက္ဘူး။ အဲဒါေၾကာင့္ အသက္ဆုံးရႈံးရတာရွိလို႔။ ေခြးေတြကိုပဲ ထိေအာင္ ပစ္ဖို႔ ေျပာထားတာ” ဟု ဗိုလ္လကၤ်ာက ရန္ကုန္ေခတ္သစ္သတင္းဌာနထံသို႔ ေျပာဆိုသည္။

ဇီးျပားေက်း႐ြာ ရဲစခန္း တိုက္ခိုက္မႈတြင္ ရဲစခန္းသိမ္း ပိုက္နိုင္သည္အထိ အေျခ အေနတစ္ရပ္ရွိ ေသာ္လည္း တိုက္ပြဲၾကာခ်ိန္ ၅နာရီ ၂၂မိနစ္ ၾကာျမင့္ၿပီး က်ည္မ်ိဳးစုံ ၁၇၀၀၀ ထက္မနည္းအသုံးျပဳခဲ့ရေၾကာင္း ဗိုလ္လကၤ်ာက ဆိုသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*