လူမှုကွန်ရက်အသုံးပြုသူ လူငယ်များအကြား နာမည် ကြီးနေတဲ့ ကဗျာဆရာကြည်ဇော်အေး ယနေ့ကွယ်လွန်

ကဗျာဆရာကြည်ဇော်အေး ကွယ်လွန်

ခေတ်ပေါ်ကဗျာမျိုးဆက်ထဲ ထင်ရှားတဲ့ ကဗျာဆရာကြည်ဇော်အေးဟာ ဒီကနေ့ အောက်တိုဘာ ၃ရက် မနက်ပိုင်းက ရန်ကုန်ဆေးရုံကြီး ဦးနှောက်နဲ့အာရုံကြောဌာနမှာ ဦးနှောက်သွေးကြောပေါက်တာကိုကုသရင်း ကွယ်လွန်ခဲ့တယ်လို့ မိသားစုနဲ့နီးစပ်တဲ့ကဗျာဆရာအသိုင်းအဝိုင်းက ပြောပါတယ်။ ရုတ်တရက် သတိလစ်ရာကနေ ဆေးရုံတက်ရောက်ကုသရင်း ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။

” မနက်ဖြန် အောက်တိုဘာ ၄ရက်မှာ သူ့အသက်၄၄ နှစ်ပြည့်မှာပါ။ မွေးနေ့ရောက်ဖို့ တစ်ရက်အလိုမှာပဲ ကွယ်လွန်ခဲ့တာပါ။ ကျွန်တော့်အတွက်တော့ သူငယ် ချင်း ကြည်ဇော်အေးဟာ ၉၀ ခုနှစ်များရဲ့ ကဗျာဆရာတယောက်ပါ။တခေတ်မှာတယောက်ဆိုလို့ ရတဲ့ကဗျာဆရာလို့ ခံစားရပါတယ်။ထပ်ရဖို့မလွယ်ပါဘူး” လို့ ကဗျာဆရာတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

၁၉၇၇ခုနှစ်ဖွား ကဗျာဆရာကြည်ဇော်အေးဟာ စစ်ကို င်းတိုင်း ၊မုံရွာဇာတိဖြစ်ပြီး ၂၀၀၀ခုနှစ်မှာ ချယ်ရီမဂ္ဂဇင်းကတဆင့် စာပေလောက ၊ ကဗျာလောကထဲရောက်ခဲ့တာပါ။ သူ့ကဗျာတွေကို ဂျပန်ဘာသာနဲ့ထုတ်ဝေတာတွေလည်းရှိခဲ့ပါတယ်။ ၂၀၁၃ခုနှစ်မှာ ”နှစ်ငါးဆယ်” ဆိုတဲ့ ကဗျာနဲ့ ပျဉ်းမနားအလယ်ရိုးမကဗျာဆုကိုလည်းရရှိခဲ့တာဖြစ်ပြီး ၊ သူ့ရဲ့ ပထမဆုံးကဗျာစာအုပ်က ” ရိုးရိုးသားသားသစ်သီး” ဆိုတဲ့ကဗျာစာအုပ်ဖြစ်ပါတယ်။

နောက်ပိုင်းကာလဆိုရှယ်မီဒီယာခေတ်မှာတော့ ကြည်ဇော်အေးကဗျာတွေဟာ လူငယ်ပရိသတ်ကြားမှာ ရေပန်းစားပြီး တန်ဖိုးထားလူကြိုက်များထင်ရှားတဲ့ ကဗျာဆရာအဖြစ်အသိမှတ်ပြုကြတာရှိပါတယ်။

” တော်လှန်ရေးသမားတစ်ယောက်ရဲ့ အတ္တုပ္ပတ္တိ” က‌ဗျာကလည်း ထင်ရှားပါတယ်။ ကဗျာတွေအပြင် အက်ဆေးရေးသားမှုတွေလည်းရှိခဲ့ပြီး နောက်ဆုံးထုတ်ခဲ့တဲ့ ” ကော်ဖီခံစားမှုများ”အက်ဆေးစာအုပ်ဟာထင်ရှားပါတယ်။စစ်ပြီးခေတ်ဒီဂျစ်တယ်ရေဒီယို၊အရူးရှယ်လီ၊မြ၊လူငယ်တစ်ယောက်ရဲ့မှတ်စုများ၊ဘုရားလောင်ခေတ်ကချစ်သူများ၊ရောမစစ်မျက်နှာ ကဗျာစာအုပ်တွေဟာလည်းထင်ရှားခဲ့ပါတယ်။

သူမကွယ်လွန်ခင်အထိ ကဗျာရေးသားခဲ့ပြီးနောက်ဆုံး‌
ပို့စ်တင်ရေးသားခဲ့တဲ့ ကဗျာက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှာတင်ထားတဲ့ ” လာမယ့်ဆောင်းရာသီ” ဆိုတဲ့ကဗျာဖြစ်ပါတယ်။ဒီကနေ့မှာတော့ သူကွယ်လွန်ပြီးနောက် အဲဒီကဗျာထဲက စာသားအချို့ကို ကူးယူပြီး ပို့စ်တင်သူအများအပြားနဲ့ လူမှုကွန်ရက်မှာ ဝမ်းနည်းကြောင်းတွေရေးသားနေကြပါတယ်။

ကဗျာကြည်ဇော်အေးဟာ ကဗျာဆရာလှသန်းရဲ့ ” မျိုးဆက်တစ်ခုလုံးချကျွေးတာတောင်ရှေ့ရေးက မကောင်းနိုင်သေးဘူး”ဆိုတဲ့ ကဗျာကို ကြိုက်နှစ်သက်သူတစ်ဦးဖြစ်သလို သူကိုယ်တိုင်က နိုင်ငံရေး အငွေ့အ သက်တွေကိုထင်ဟပ်စေတဲ့ကဗျာတွေကိုရေးတဲ့ ကဗျာဆရာတစ်ယောက်ဖြစ်တယ်လို့ သတ်မှတ်ကြပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ကဗ်ာဆရာၾကည္ေဇာ္ေအး ကြယ္လြန္

ေခတ္ေပၚကဗ်ာမ်ိဳးဆက္ထဲ ထင္ရွားတဲ့ ကဗ်ာဆရာၾကည္ေဇာ္ေအးဟာ ဒီကေန႕ ေအာက္တိုဘာ ၃ရက္ မနက္ပိုင္းက ရန္ကုန္ေဆး႐ုံႀကီး ဦးေႏွာက္နဲ႕အာ႐ုံေၾကာဌာနမွာ ဦးေႏွာက္ေသြးေၾကာေပါက္တာကိုကုသရင္း ကြယ္လြန္ခဲ့တယ္လို႔ မိသားစုနဲ႕နီးစပ္တဲ့ကဗ်ာဆရာအသိုင္းအဝိုင္းက ေျပာပါတယ္။ ႐ုတ္တရက္ သတိလစ္ရာကေန ေဆး႐ုံတက္ေရာက္ကုသရင္း ကြယ္လြန္ခဲ့တာျဖစ္တယ္လို႔ဆိုပါတယ္။

” မနက္ျဖန္ ေအာက္တိုဘာ ၄ရက္မွာ သူ႕အသက္၄၄ ႏွစ္ျပည့္မွာပါ။ ေမြးေန႕ေရာက္ဖို႔ တစ္ရက္အလိုမွာပဲ ကြယ္လြန္ခဲ့တာပါ။ ကြၽန္ေတာ့္အတြက္ေတာ့ သူငယ္ ခ်င္း ၾကည္ေဇာ္ေအးဟာ ၉၀ ခုႏွစ္မ်ားရဲ႕ ကဗ်ာဆရာတေယာက္ပါ။တေခတ္မွာတေယာက္ဆိုလို႔ ရတဲ့ကဗ်ာဆရာလို႔ ခံစားရပါတယ္။ထပ္ရဖို႔မလြယ္ပါဘူး” လို႔ ကဗ်ာဆရာတစ္ဦးက ဘီဘီစီကို ေျပာပါတယ္။

၁၉၇၇ခုႏွစ္ဖြား ကဗ်ာဆရာၾကည္ေဇာ္ေအးဟာ စစ္ကို င္းတိုင္း ၊မုံ႐ြာဇာတိျဖစ္ၿပီး ၂၀၀၀ခုႏွစ္မွာ ခ်ယ္ရီမဂၢဇင္းကတဆင့္ စာေပေလာက ၊ ကဗ်ာေလာကထဲေရာက္ခဲ့တာပါ။ သူ႕ကဗ်ာေတြကို ဂ်ပန္ဘာသာနဲ႕ထုတ္ေဝတာေတြလည္းရွိခဲ့ပါတယ္။ ၂၀၁၃ခုႏွစ္မွာ ”ႏွစ္ငါးဆယ္” ဆိုတဲ့ ကဗ်ာနဲ႕ ပ်ဥ္းမနားအလယ္ရိုးမကဗ်ာဆုကိုလည္းရရွိခဲ့တာျဖစ္ၿပီး ၊ သူ႕ရဲ႕ ပထမဆုံးကဗ်ာစာအုပ္က ” ရိုးရိုးသားသားသစ္သီး” ဆိုတဲ့ကဗ်ာစာအုပ္ျဖစ္ပါတယ္။

ေနာက္ပိုင္းကာလဆိုရွယ္မီဒီယာေခတ္မွာေတာ့ ၾကည္ေဇာ္ေအးကဗ်ာေတြဟာ လူငယ္ပရိသတ္ၾကားမွာ ေရပန္းစားၿပီး တန္ဖိုးထားလူႀကိဳက္မ်ားထင္ရွားတဲ့ ကဗ်ာဆရာအျဖစ္အသိမွတ္ျပဳၾကတာရွိပါတယ္။

” ေတာ္လွန္ေရးသမားတစ္ေယာက္ရဲ႕ အတၱဳပၸတၱိ” က‌ဗ်ာကလည္း ထင္ရွားပါတယ္။ ကဗ်ာေတြအျပင္ အက္ေဆးေရးသားမႈေတြလည္းရွိခဲ့ၿပီး ေနာက္ဆုံးထုတ္ခဲ့တဲ့ ” ေကာ္ဖီခံစားမႈမ်ား”အက္ေဆးစာအုပ္ဟာထင္ရွားပါတယ္။စစ္ၿပီးေခတ္ဒီဂ်စ္တယ္ေရဒီယို၊အ႐ူးရွယ္လီ၊ျမ၊လူငယ္တစ္ေယာက္ရဲ႕မွတ္စုမ်ား၊ဘုရားေလာင္ေခတ္ကခ်စ္သူမ်ား၊ေရာမစစ္မ်က္ႏွာ ကဗ်ာစာအုပ္ေတြဟာလည္းထင္ရွားခဲ့ပါတယ္။

သူမကြယ္လြန္ခင္အထိ ကဗ်ာေရးသားခဲ့ၿပီးေနာက္ဆုံး‌
ပို႔စ္တင္ေရးသားခဲ့တဲ့ ကဗ်ာက သူ႕ရဲ႕လူမႈကြန္ရက္စာမ်က္ႏွာမွာတင္ထားတဲ့ ” လာမယ့္ေဆာင္းရာသီ” ဆိုတဲ့ကဗ်ာျဖစ္ပါတယ္။ဒီကေန႕မွာေတာ့ သူကြယ္လြန္ၿပီးေနာက္ အဲဒီကဗ်ာထဲက စာသားအခ်ိဳ႕ကို ကူးယူၿပီး ပို႔စ္တင္သူအမ်ားအျပားနဲ႕ လူမႈကြန္ရက္မွာ ဝမ္းနည္းေၾကာင္းေတြေရးသားေနၾကပါတယ္။

ကဗ်ာၾကည္ေဇာ္ေအးဟာ ကဗ်ာဆရာလွသန္းရဲ႕ ” မ်ိဳးဆက္တစ္ခုလုံးခ်ေကြၽးတာေတာင္ေရွ႕ေရးက မေကာင္းနိုင္ေသးဘူး”ဆိုတဲ့ ကဗ်ာကို ႀကိဳက္ႏွစ္သက္သူတစ္ဦးျဖစ္သလို သူကိုယ္တိုင္က နိုင္ငံေရး အေငြ႕အ သက္ေတြကိုထင္ဟပ္ေစတဲ့ကဗ်ာေတြကိုေရးတဲ့ ကဗ်ာဆရာတစ္ေယာက္ျဖစ္တယ္လို႔ သတ္မွတ္ၾကပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*