ရပ်တည်မှုမခိုင်မာပဲ အရောင်ပြောင်းခဲ့တဲ့ လုပ်ရပ်ကြောင့် ပရိသတ်တွေ Boycott လုပ်ခြင်းခံရတော့မယ့် သာထက်ဉာဏ်ဇော်
သရုပ်ဆောင် သာထက်ဉာဏ်ဇော်ကတော့ MRTV 4 ရုပ်သံလိုင်းမှာထုတ်လွှင့်ပြသတဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ဒိုက် ဆိုတဲ့ ကာရိုက်တာနဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လူသိများလာခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါ့အပြင် သာထက်ဉာဏ်ဇော်ဟာ “ဒေါင်းယာဉ်ပျံဘုံနံဘေးမှာစာရေးလို့ထားချင်တယ် ” ဇာတ်လမ်းတွဲမှာ ဇော်မျိုးခန့် ဆိုတဲ့ ကာရိုက်တာနဲ့လည်း
အောင်မြင်ခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဒီကနေ့မှာတော့ သာထက်ဉာဏ်ဇော်ဟာ စစ်တပ်ပိုင် MWD ရုပ်သံလိုင်းမှာ ပါဝင်သရုပ်ဆောင်ခဲ့တာကို တွေ့ခဲ့ရတာကြောင့်
ပရိသတ်တွေက ဒေါသထွက်နေကြပါတယ်။ သာထက်ဉာဏ်ဇော်က ” ရောင်စဉ်တန်းတို့ထွန်းတောက်ချိန်ဆိုတဲ့ ” ပေါ်လစီဝါဒဖြန့် ဇာတ်လမ်းမှာ စခန်းမှူး ဇာတ်ရုပ်နဲ့
ပါဝင်သရုပ်ဆောင်ခဲ့တာကို ပရိသတ်တွေက တွေ့ရှိခဲ့ပါတယ်။ အဆိုပါ ” ရောင်စဉ်တန်းတို့ထွန်းတောက်ချိန်ဆိုတဲ့ ” ပေါ်လစီဝါဒဖြန့် ဇာတ်လမ်းဟာ (58) နှစ်မြောက်မြန်မာနိုင်ငံ
ရဲတပ်ဖွဲ့နေ့ဂုဏ်ပြုဇာတ်လမ်းဖြစ်ပြီး သာထက်ဉာဏ်ဇော်အပြင် အခြားသော MRTV 4 သရုပ်ဆောင်တွေလည်း ပါဝင်တာဖြစ်ပါတယ်။ သာထက်ဉာဏ်ဇော်ကတော့ စစ်အာဏာသိမ်းမှုဖြစ်စဉ်အစမှာ စစ်တပ်ကို
ဆန့်ကျင်ဆန္ဒပြခဲ့သူဖြစ်ပြီး CDM ကျောင်းသားတွေကိုလည်း ထောက်ခံပေးခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် အပြောနဲ့အလုပ်မညီကာ သူကိုယ်တိုင် ရပ်တည်မှုမခိုင်မာပဲ
ပေါ်လစီဝါဒဖြန့် ဇာတ်လမ်းမှာ ဦးဆောင်ပါဝင်ခဲ့တာကြောင့် ပရိသတ်တွေက သာထက်ဉာဏ်ဇော်ကို Boycott လုပ်နေကြတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*