
နိုင်ငံတော်ပိုင် ရွှေဒင်္ဂါးပြားတွေ၊ ရွှေစင်ချောင်းတွေ၊ ရွှေစင်တုံးနဲ့ ရွှေစင်ခဲတွေကို ရောင်းစားရာမှာ တာဝန်ရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ အရာရှိကြီးတွေနဲ့ ပါဝင်ပတ်သက်သူအားလုံးကို တည်ဆဲဥပဒေတွေအရ အရေးယူ သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိ မ်းရေးဝန်ကြီးဌာန က အောက်တိုဘာ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။
နိုင်ငံတော်ပိုင်ရွှေတွေရောင်းချတဲ့ စီမံချက်မှာ ပါဝင်နေတဲ့ စစ်ကောင်စီလက်အောက်ခံ နိုင်ငံတော် ဗဟိုဘဏ်၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းနဲ့ အမှတ် (၂) သတ္တုတွင်းလုပ်ငန်းတို့မှ စီမံခန့်ခွဲသူအဆင့် အရာရှိကြီးတွေနဲ့ ပါဝင်ပတ်သက်သူတွေ အားလုံးကို တည်ဆဲဥပဒေတွေအရ အရေးယူဆောင်ရွက်သွားမယ်လို့ အသိပေးကြေညာချက်မှာဖော်ပြပါတယ်။
ကလေးသူငယ်နဲ့ အမျိုးသမီးတွေအပါအဝင် ပြည်သူတရပ်လုံးကို နည်းမျိုးစုံနဲ့ ရက်စက်ကြမ်းကြုပ်စွာ ညှဉ်းပန်းနှိပ်စက်နေတဲ့ စစ်ကောင်စီအတွက် လိုအပ်နေတဲ့ငွေကြေးတွေကို စစ်ကောင်စီ လက်အောက်ခံ Non -CDM ဝန်ထမ်းတွေက နိုင်ငံတော်ပိုင်ပစ္စည်းတွေကို ရောင်းချပြီး ရှာဖွေပေးနေတာဖြစ်တဲ့အတွက် အခုလို အရေးယူဖို့လုပ်ဆောင်တာဖြစ်ပါတယ်။
ရန်ကုန်နဲ့ မန္တလေးမြို့တို့မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို ဈေးပြိုင်တင်ဒါလေလံစနစ်နဲ့ စက်တင် ဘာ ၂၉ ရက်က စတင် ရောင်းချပေးမယ်လို့ စစ်ကောင်စီက အသိပေး ကြေညာထားပါတယ်။
ရန်ကုန်မြို့၊ ကမ္ဘာအေးဘုရားလမ်းမှာရှိတဲ့ မြန်မာ့ကျောက်မျက်ရတနာပြတိုက်နဲ့ မန္တလေးမြို့ ၂၆ လမ်းနဲ့ ၆၆ လမ်းထောင့်မှာ ရှိတဲ့ Star Mart Mandalay တို့မှာ ရွှေစင်တုံးနဲ့ ရွှေစင်ခဲ ၃ ပိဿာစီကို စက်တင်ဘာ ၂၉ ရက် နေ့လယ် ၁ နာရီကနေ ၃ နာရီအတွင်း သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက ရောင်းချပေးမယ်လို့ဆိုပါတယ်။
လက်ရှိမှာ စစ်ကောင်စီအနေနဲ့ ရွှေဈေးနှုန်း မြင့်တက် နေတာကို ထိန်းညှိဖို့ ရန်ကုန်၊ မန္တလေး၊ နေပြည်တော်တို့မှာ ရွှေဒင်္ဂါးပြားတွေကိုလည်း ထုတ်ရောင်းပေးနေတာလို့လည်း ထုတ်ပြန်ထားပါတယ်။
မြန်မာ့အခေါက်ရွှေဈေးဟာ တကျပ်သားကို ကျပ် သိန်း ၃၀ ကျော်အထိစံချိန်တင်မြင့်တက်ခဲ့ပြီး ပြီးခဲ့တဲ့သီတင်းပတ်ကတော့ ကျပ် ၂၅ သိန်းအောက်အထိ ကျဆင်းခဲ့ပါတယ်။ကမ္ဘာ့ရွှေဈေးနဲ့ ပြင်ပဒေါ်လာပေါက် ဈေး ဆက်တိုက်ကျဆင်းနေတာကြောင့် ပြည်တွင်းရွှေဈေး ထပ်မံကျဆင်းလာတာ ဖြစ်တယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
နိုင္ငံေတာ္ပိုင္ ေ႐ႊဒဂၤါးျပားေတြ၊ ေ႐ႊစင္ေခ်ာင္းေတြ၊ ေ႐ႊစင္တုံးနဲ႕ ေ႐ႊစင္ခဲေတြကို ေရာင္းစားရာမွာ တာဝန္ရွိတဲ့ စစ္ေကာင္စီ လက္ေအာက္ခံ အရာရွိႀကီးေတြနဲ႕ ပါဝင္ပတ္သက္သူအားလုံးကို တည္ဆဲဥပေဒေတြအရ အေရးယူ သြားမယ္လို႔ အမ်ိဳးသားညီၫြတ္ေရးအစိုးရ (NUG) သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိ မ္းေရးဝန္ႀကီးဌာန က ေအာက္တိုဘာ ၂ ရက္မွာ ထုတ္ျပန္လိုက္ပါတယ္။
နိုင္ငံေတာ္ပိုင္ေ႐ႊေတြေရာင္းခ်တဲ့ စီမံခ်က္မွာ ပါဝင္ေနတဲ့ စစ္ေကာင္စီလက္ေအာက္ခံ နိုင္ငံေတာ္ ဗဟိုဘဏ္၊ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ ျမန္မာ့ေက်ာက္မ်က္ရတနာ ေရာင္းဝယ္ေရးလုပ္ငန္းနဲ႕ အမွတ္ (၂) သတၱဳတြင္းလုပ္ငန္းတို႔မွ စီမံခန႔္ခြဲသူအဆင့္ အရာရွိႀကီးေတြနဲ႕ ပါဝင္ပတ္သက္သူေတြ အားလုံးကို တည္ဆဲဥပေဒေတြအရ အေရးယူေဆာင္႐ြက္သြားမယ္လို႔ အသိေပးေၾကညာခ်က္မွာေဖာ္ျပပါတယ္။
ကေလးသူငယ္နဲ႕ အမ်ိဳးသမီးေတြအပါအဝင္ ျပည္သူတရပ္လုံးကို နည္းမ်ိဳးစုံနဲ႕ ရက္စက္ၾကမ္းၾကဳပ္စြာ ညွဥ္းပန္းႏွိပ္စက္ေနတဲ့ စစ္ေကာင္စီအတြက္ လိုအပ္ေနတဲ့ေငြေၾကးေတြကို စစ္ေကာင္စီ လက္ေအာက္ခံ Non -CDM ဝန္ထမ္းေတြက နိုင္ငံေတာ္ပိုင္ပစၥည္းေတြကို ေရာင္းခ်ၿပီး ရွာေဖြေပးေနတာျဖစ္တဲ့အတြက္ အခုလို အေရးယူဖို႔လုပ္ေဆာင္တာျဖစ္ပါတယ္။
ရန္ကုန္နဲ႕ မႏၲေလးၿမိဳ႕တို႔မွာ ေ႐ႊစင္တုံးနဲ႕ ေ႐ႊစင္ခဲ ၃ ပိႆာစီကို ေဈးၿပိဳင္တင္ဒါေလလံစနစ္နဲ႕ စက္တင္ ဘာ ၂၉ ရက္က စတင္ ေရာင္းခ်ေပးမယ္လို႔ စစ္ေကာင္စီက အသိေပး ေၾကညာထားပါတယ္။
ရန္ကုန္ၿမိဳ႕၊ ကမာၻေအးဘုရားလမ္းမွာရွိတဲ့ ျမန္မာ့ေက်ာက္မ်က္ရတနာျပတိုက္နဲ႕ မႏၲေလးၿမိဳ႕ ၂၆ လမ္းနဲ႕ ၆၆ လမ္းေထာင့္မွာ ရွိတဲ့ Star Mart Mandalay တို႔မွာ ေ႐ႊစင္တုံးနဲ႕ ေ႐ႊစင္ခဲ ၃ ပိႆာစီကို စက္တင္ဘာ ၂၉ ရက္ ေန႕လယ္ ၁ နာရီကေန ၃ နာရီအတြင္း သယံဇာတနဲ႕ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီးဌာနက ေရာင္းခ်ေပးမယ္လို႔ဆိုပါတယ္။
လက္ရွိမွာ စစ္ေကာင္စီအေနနဲ႕ ေ႐ႊေဈးႏႈန္း ျမင့္တက္ ေနတာကို ထိန္းညွိဖို႔ ရန္ကုန္၊ မႏၲေလး၊ ေနျပည္ေတာ္တို႔မွာ ေ႐ႊဒဂၤါးျပားေတြကိုလည္း ထုတ္ေရာင္းေပးေနတာလို႔လည္း ထုတ္ျပန္ထားပါတယ္။
ျမန္မာ့အေခါက္ေ႐ႊေဈးဟာ တက်ပ္သားကို က်ပ္ သိန္း ၃၀ ေက်ာ္အထိစံခ်ိန္တင္ျမင့္တက္ခဲ့ၿပီး ၿပီးခဲ့တဲ့သီတင္းပတ္ကေတာ့ က်ပ္ ၂၅ သိန္းေအာက္အထိ က်ဆင္းခဲ့ပါတယ္။ကမာၻ႔ေ႐ႊေဈးနဲ႕ ျပင္ပေဒၚလာေပါက္ ေဈး ဆက္တိုက္က်ဆင္းေနတာေၾကာင့္ ျပည္တြင္းေ႐ႊေဈး ထပ္မံက်ဆင္းလာတာ ျဖစ္တယ္လို႔ ေ႐ႊလုပ္ငန္းရွင္ေတြက ဆိုပါတယ္။
Leave a Reply