ဝါသနာပါရာ အနုပညာအလုပ်ကို ချစ်မြတ်နိုးလွန်းလို့ ကျရာနေရာမှ လူကြမ်းသရုပ်ဆောင်လုပ်ခဲ့ဖူးတာကြောင့် မင်းသားတွေရိုက်ခဲ့တဲ့ ဒဏ်တွေကြောင့် လက်ရှိမှာဝေဒနာ ခံနေရတဲ့ နိုင်လူ
ပရိသတ်ကြီးရေ ကြည့်ရှုသူ ပရိသတ်တွေ အမြင်ကပ် ဒေါပွလောက်ထိ ဇာတ်ရုပ်ကို ပိုင်နိုင်စွာ ပုံဖော်နိုင်တဲ့ ဗီလိန်မင်းသားကြီး တစ်ဦးဖြစ်တဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သရုပ်ဆောင်နိုင်လူကို အားလုံး သိပြီးသားပါပဲနော်။ သရုပ်ဆောင်နိုင်လူကတော့ ကာရိုက်တာတစ်ခုစီ တိုင်းမှာ မတူညီတဲ့ အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ
ကျရာဇာတ်ကောင်တွေနဲ့ ဇာတ်ကားတိုင်းမှာ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ လူကြမ်းဗီလိန် သရုပ်ဆောင်ကြီး တစ်ဦး ဖြစ်ပါတယ်နော်။ သူ့ရဲ့ ပီပြင်ပြောင်မြောက်တဲ့
သရုပ်ဆောင်နိုင်စွမ်းကြောင့် ပရိတ်သတ်တွေရဲ့ ငြိုငြင်မှု အမြင်မကြည်လင်မှုတွေကို တချိန်က ခံယူခဲ့ရသော်လည်း ယခုခေတ် အွန်လိုင်းမီဒီယာခေတ်မှာတော့ နိုင်လူဟာ ဇ
ာတ်ကားထဲကနဲ့ မတူဘဲ ပြင်ပလက်တွေ့ ဘဝမှာ ရိုးသားသော သူတစ်ယောက် ဖြစ်ကြောင်း အားလုံး သိရှိခဲ့ကြရပြီမို့ နိုင်လူရဲ့ သရုပ်ဆောင်မှု ပညာကို အားပေးနိုင်ခဲ့ကြပြီ ဖြစ်ပါ တယ်နော်။
အခုတစ်ခါမှာဆိုရင် သရုပ်ဆောင်နိုင်လူက ဝါသနာအရ လူကြမ်းသရုပ်ဆောင်လုပ်သော်လည်း မင်းသားတွေရို က်ခဲ့တဲ့ဒဏ်တွေကို ခံနေရတဲ့အကြောင်းကို အခုလို ရင်ဖွင့် ပြောပြလို့ လာခဲ့ပါတယ်။
နိုင်လူက “မင်းသားတိုင်း၊ မင်းသားတိုင်းက ရို က်ခဲ့တဲ့ ဒ ဏ်တွေကို ခံနေရတယ်၊ ညာဘက် နားထင်မှာ လက်တစ်လုံးလောက် ချိုင့်ဝင်နေတယ်၊ အရမ်း အေးတဲ့ အချိန်ဆိုရင်
ဒဏ်ရာဟောင်းတွေက ကိုက်တယ်၊ ဝါသနာ အရင်းခံကြသူ အနုပညာသမားတွေ ဆိုတာ ပျော်ပျော်ကြီး နဲ့ ဘ၀ အညွှန့် တုံးနေကြတဲ့ သူတွေလို့ ဆရာတစ်ယောက်က ပြောခဲ့ဖူးတယ်” ဆိုပြီးတော့
ဝါသနာနဲ့ ရူးသွပ်မှုအရ အနုပညာအလုပ်တွေ လုပ်ခဲ့ရာမှ ယခုလို အသက်အရွယ် တစ်ခုရလာသော အခါ၊ တချိန်က သရုပ်ပီပြင်အောင် အနာခံကာ ပေးဆပ်လုပ်ကိုင်ခဲ့ သမျှဟာ အခုအချိန်မှာတော့ ဒဏ်ရာဟောင်းတွေ အဖြစ်နဲ့
ရာသီဥတု အေးတဲ့အချိန်မှာ ဆိုရင် အရမ်းကို ကိုက်ခဲ နာကျင်ရကြောင်း ဖွင့်ဟလို့ ပြောပြလာခဲ့တာပဲ ဖြစ်ပါ တယ်။ ပရိသတ်ကြီးတို့ရေ လူကြမ်းသရုပ်ဆောင် ဗီလိန်မင်းသားကြီးတွေဟာ ဇာတ်ရုပ်အရ
ကြမ်းပြရမ်းပြရသော်လည်း တကယ့်လက်တွေ့ဘဝမှာတော့ မိသားစုကို အလေးထားပြီး ရိုးသားကြသူတွေ ဖြစ်ကြတာမို့ သူတို့ရဲ့ဘဝတွေဟာ တကယ့်ကို စာနာဖွယ်ရာဖြစ်ပြီး ပရိသတ်မေတ္တာကို ပိုင်ဆိုင်သင့်ကြတဲ့ သူတွေ ဖြစ်ကြပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*