
ဒါရိုက်တာကိုပေါက်ရိုက်ကူးထားသော ဝါရင့်သရုပ် ဆောင်တစ်ဦးမှမပါဝင်သည့် “မသောက်မိသောမိုးခါးရေ” ဇာတ်ကားကို ယနေ့ဗြိတိန်နိုင်ငံ၏မြို့တော် လန်ဒန် ၌စတင်ပြသချိန် ခုံပြည့်သွား၍ ကြားခုံများထိုး၍ပြသခဲ့ရကြောင်း ယင်းရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
အဆိုပါရုပ်ရှင်ကို နိုင်ငံတကာတွင်ပြသသွားမည်ဖြစ်ပြီး ယနေ့လန်ဒန်မြို့၌ ပထမဆုံးပြသခဲ့ရာ ထိုင်ခုံလက်မှတ် (၄၀၀) လုံး ရောင်းကုန်သွား၍ ကြားခုံများထပ်တိုးခဲ့ရခြင်းဖြစ်သည်ဟု ဆိုသည်။
မြန်မာနိုင်ငံ၌ ၂၀၂၁ စစ်အာဏာသိမ်းမှုကိုပုံဖော်ထားသည့် ယင်းရုပ်ရှင်ဇာတ်ကားကို ဗြိတိန်၊ ဂျပန်၊ ကိုရီးယား၊ သြစတေးလျ၊ ဆွစ်ဇာလန်နှင့် အမေရိကန်နိုင်ငံတို့တွင် ဆက်တိုက်ပြသသွားရန် စီစဉ်ထားခြင်းဖြစ်သည်။
ကြည့်ရှုခွင့်လက်မှတ်ခဈေးနှုန်းများကို နိုင်ငံအလိုက်သတ်မှတ်ထားပြီး ရရှိသည့်ငွေကြေးများကို မြန်မာနိုင် ငံအတွက် လိုအပ်သည့်နေရာများ၌ လှူဒါန်းအသုံးပြုသွားမည်ဖြစ်ကြောင်း ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့မှ အသိပေးထားသည်။
ယင်းရုပ်ရှင်ဇာတ်ကား ကြည့်ရှုရန်လက်မှတ်ဝယ်ယူမှုများမှာလည်း အချိန်တိုအတွင်း နိုင်ငံတိုင်းတွင်များပြားနေပြီး တောင်ကိုရီးယားနိုင်ငံ၌ လက်မှတ်စောင်ရေ (၃၀၀) ရောင်းချပြီးဖြစ်သည်ဟု ယင်းနိုင်ငံရှိ မြန်မာအရေးလှုပ်ရှားသူ ကိုစိုးမိုးသူက ဆိုသည်။
“ကိုရီးယားမှာလည်း (၃) ရက်အတွင်း အစောင် (၃၀၀) ကျော်ရောင်းပြီးပါပြီ။ ကြားခုံထိုး မထိုင်ချင်ရင်တော့ မြန်မြန်ဝယ်ထားမှ ဖြစ်မယ်နော်” ဟု ၎င်း၏ Facebook လူမှုကွန်ယက်၌ ရေးသားထားသည်။
ရိုက်ကူးခဲ့သည့် ဒါရိုက်တာ ကိုပေါက်ကလည်း “ဒီနေ့ညမှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ထိုင်ခုံ ၄၀၀ ကုန်သွားလို့ အပိုခုံထိုးပြပေးရမယ်လို့ တာဝန်ရှိသူတွေကပြောလာတော့ ကျနော်ပျော်ရတယ်။ အနုပညာသမားဆိုတော့ ပရိသတ်တွေနဲ့ပဲတွေ့ချင်တာပါ။ မကြာခင် ဆန္ဒတွေပြည့်တော့မယ်ထင်ပါတယ်။ ဒီညတော့ လန်ဒန်မှာ မိုးခါးရေမသောက်မယ့်သူတွေ တွေ့ကြမယ့်ပွဲကို ရင်ခုန်နေပါတယ်”ဟု ၎င်း၏ Facebook လူမှုကွန်ယက်၌ ရေးသားထားသည်။
ရုပ်ရှင်ကို သရုပ်ဆောင်များမဟုတ်သည့် လွတ်မြောက်နယ်မြေရောက် အာဏာရှင်ကိုဆန့်ကျင်သော တော်လှန် ရေးရဲဘော်များအပြင် တိုင်းရင်းသားများဖြင့် ရိုက်ကူးထားခြင်းဖြစ်ပြီး ဝါရင့်သရုပ်ဆောင်တစ်ဦးမျှ မပါဝင်ကြောင်းလည်း ကိုပေါက်က ရှင်းပြထားသည်။
ထိုရုပ်ရှင်မှာ CDM ဗိုလ်ကြီးတစ်ဦး၏ အဖြစ်အပျက်ကို အခြေခံရိုက်ကူးခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံခဲ့ကြသည့် စစ်သားနှင့်ရဲများကို လေးစားဂုဏ်ပြုသည့်အနေဖြင့် ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ကိုေပါက္၏ “မေသာက္မိေသာမိုးခါးေရ” ႐ုပ္ရွင္လက္မွတ္ကုန္သြား၍ ၿဗိတိန္နိုင္ငံ၏ ၿမိဳ႕ေတာ္၌ပင္ ၾကားခုံထပ္တိုးရ
ဒါရိုက္တာကိုေပါက္ရိုက္ကူးထားေသာ ဝါရင့္သ႐ုပ္ ေဆာင္တစ္ဦးမွမပါဝင္သည့္ “မေသာက္မိေသာမိုးခါးေရ” ဇာတ္ကားကို ယေန႕ၿဗိတိန္နိုင္ငံ၏ၿမိဳ႕ေတာ္ လန္ဒန္ ၌စတင္ျပသခ်ိန္ ခုံျပည့္သြား၍ ၾကားခုံမ်ားထိုး၍ျပသခဲ့ရေၾကာင္း ယင္း႐ုပ္ရွင္ထုတ္လုပ္ေရးအဖြဲ႕က ထုတ္ျပန္ထားသည္။
အဆိုပါ႐ုပ္ရွင္ကို နိုင္ငံတကာတြင္ျပသသြားမည္ျဖစ္ၿပီး ယေန႕လန္ဒန္ၿမိဳ႕၌ ပထမဆုံးျပသခဲ့ရာ ထိုင္ခုံလက္မွတ္ (၄၀၀) လုံး ေရာင္းကုန္သြား၍ ၾကားခုံမ်ားထပ္တိုးခဲ့ရျခင္းျဖစ္သည္ဟု ဆိုသည္။
ျမန္မာနိုင္ငံ၌ ၂၀၂၁ စစ္အာဏာသိမ္းမႈကိုပုံေဖာ္ထားသည့္ ယင္း႐ုပ္ရွင္ဇာတ္ကားကို ၿဗိတိန္၊ ဂ်ပန္၊ ကိုရီးယား၊ ၾသစေတးလ်၊ ဆြစ္ဇာလန္ႏွင့္ အေမရိကန္နိုင္ငံတို႔တြင္ ဆက္တိုက္ျပသသြားရန္ စီစဥ္ထားျခင္းျဖစ္သည္။
ၾကည့္ရႈခြင့္လက္မွတ္ခေစ်းႏႈန္းမ်ားကို နိုင္ငံအလိုက္သတ္မွတ္ထားၿပီး ရရွိသည့္ေငြေၾကးမ်ားကို ျမန္မာနိုင္ ငံအတြက္ လိုအပ္သည့္ေနရာမ်ား၌ လႉဒါန္းအသုံးျပဳသြားမည္ျဖစ္ေၾကာင္း ႐ုပ္ရွင္ထုတ္လုပ္ေရးအဖြဲ႕မွ အသိေပးထားသည္။
ယင္း႐ုပ္ရွင္ဇာတ္ကား ၾကည့္ရႈရန္လက္မွတ္ဝယ္ယူမႈမ်ားမွာလည္း အခ်ိန္တိုအတြင္း နိုင္ငံတိုင္းတြင္မ်ားျပားေနၿပီး ေတာင္ကိုရီးယားနိုင္ငံ၌ လက္မွတ္ေစာင္ေရ (၃၀၀) ေရာင္းခ်ၿပီးျဖစ္သည္ဟု ယင္းနိုင္ငံရွိ ျမန္မာအေရးလႈပ္ရွားသူ ကိုစိုးမိုးသူက ဆိုသည္။
“ကိုရီးယားမွာလည္း (၃) ရက္အတြင္း အေစာင္ (၃၀၀) ေက်ာ္ေရာင္းၿပီးပါၿပီ။ ၾကားခုံထိုး မထိုင္ခ်င္ရင္ေတာ့ ျမန္ျမန္ဝယ္ထားမွ ျဖစ္မယ္ေနာ္” ဟု ၎၏ Facebook လူမႈကြန္ယက္၌ ေရးသားထားသည္။
ရိုက္ကူးခဲ့သည့္ ဒါရိုက္တာ ကိုေပါက္ကလည္း “ဒီေန႕ညမွာ အဂၤလန္နိုင္ငံ လန္ဒန္ၿမိဳ႕မွာ ထိုင္ခုံ ၄၀၀ ကုန္သြားလို႔ အပိုခုံထိုးျပေပးရမယ္လို႔ တာဝန္ရွိသူေတြကေျပာလာေတာ့ က်ေနာ္ေပ်ာ္ရတယ္။ အႏုပညာသမားဆိုေတာ့ ပရိသတ္ေတြနဲ႕ပဲေတြ႕ခ်င္တာပါ။ မၾကာခင္ ဆႏၵေတြျပည့္ေတာ့မယ္ထင္ပါတယ္။ ဒီညေတာ့ လန္ဒန္မွာ မိုးခါးေရမေသာက္မယ့္သူေတြ ေတြ႕ၾကမယ့္ပြဲကို ရင္ခုန္ေနပါတယ္”ဟု ၎၏ Facebook လူမႈကြန္ယက္၌ ေရးသားထားသည္။
႐ုပ္ရွင္ကို သ႐ုပ္ေဆာင္မ်ားမဟုတ္သည့္ လြတ္ေျမာက္နယ္ေျမေရာက္ အာဏာရွင္ကိုဆန့္က်င္ေသာ ေတာ္လွန္ ေရးရဲေဘာ္မ်ားအျပင္ တိုင္းရင္းသားမ်ားျဖင့္ ရိုက္ကူးထားျခင္းျဖစ္ၿပီး ဝါရင့္သ႐ုပ္ေဆာင္တစ္ဦးမွ် မပါဝင္ေၾကာင္းလည္း ကိုေပါက္က ရွင္းျပထားသည္။
ထို႐ုပ္ရွင္မွာ CDM ဗိုလ္ႀကီးတစ္ဦး၏ အျဖစ္အပ်က္ကို အေျခခံရိုက္ကူးခဲ့ျခင္းျဖစ္ၿပီး ျပည္သူ႕ရင္ခြင္ခိုလႈံခဲ့ၾကသည့္ စစ္သားႏွင့္ရဲမ်ားကို ေလးစားဂုဏ္ျပဳသည့္အေနျဖင့္ ရိုက္ကူးခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
Leave a Reply