လူထုထောက်ခံမှုမရှိသော အဘက်ဘက်ကျဆုံးနေတဲ့အာဏာသိမ်း မြန်မာစစ်ကောင်စီ

မြန်မာစစ်ကောင်စီဟာ နိုင်ငံတွင်းမှာ နယ်မြေထိန်းချုပ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။ မြန်မာနိုင်ငံဟာ ပြည် တွင်းစစ်ဖြစ်နေပြီး စစ်ကောင်စီဟာ အတိုက်အခံတွေကို ယှဉ်ပြိုင်ဖို့ မနည်းရုန်းကန်နေရပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဉီးဆောင်တဲ့ NLD ပါတီဟာ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ခံခဲ့ရပေမယ့် ပြီးခဲ့တဲ့နှစ် အာဏာသိမ်းမှုအတွင်း စစ်တပ်ရဲ့ ဖြုတ်ချမှုကို ခံခဲ့ရပါတယ်။ မြန်မာနိုင်ငံမှာ တိုက်ပွဲတွေ၊ အကြမ်းဖ က် မှုတွေ မြင့်တက်လာတာဟာ အာဏာသိမ်းစစ်တပ်အပေါ် ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဒီမိုကရေစီလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့ပေမယ့် နောက်ပိုင်းမှာ မြန် မာနိုင်ငံတစ်ဝန်း အရပ်သား ၂၃၀၀ ကျော် သေဆုံးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ သဘောထားကွဲလွဲသူတွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် လက်နက် ကိုင်တော်လှန်ရေးအဖြစ် ပြောင်းလဲသွားခဲ့ပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ဟာ လက်နက်ကိုင်တော်လှန်ရေးကို ကြီးကြပ်ခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲ ရွေးကောက်ခံလွှတ်တော်အမတ်တွေအများစုနဲ့ ဖွဲ့စည်းထားတဲ့ အမျိုး သား ညီ ညွတ်ရေးအစိုးရ (NUG) က PDF ရဲ့ အခြေခံအုတ်မြစ်အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ လက်လုပ်သေနတ်သာကိုင် ဆောင်သော်လည်း နယ်မြေကျွမ်း ကျင်မှုကြောင့် PDF တွေရဲ့ တိုက်ခိုက်မှုက စစ်တပ်ကို တုန်လှုပ်စေခဲ့ပါတယ်။

လက်နက်ကိုင်ခုခံမှုကို အဆုံးသတ်နိုင်ဖို့ တုံ့ပြန်မှုအနေနဲ့ စစ်ကောင်စီက မြို့/ရွာတွေအပေါ် ရမ်းသမ်းပြီး လေ ကြောင်းတိုက်ခိုက်မှုတွေ၊ အမြောက်ပစ်ခတ်မှုတွေနဲ့ မီးရှို့ဖျက်ဆီးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ အရပ်သား တွေအပေါ် အကြမ်းဖက်တိုက်ခိုက်မှုတွေကြောင့် စစ်ကောင်စီအပေါ် လူထုထောက်ခံမှု ပိုကျဆင်းလာခဲ့ပြီး ပြည်သူ တွေကပင် အာဏာသိမ်းစစ်တပ်ကို တွန်းလှန်ဖို့ လက်နက်ကိုင်ဆောင်လာကြပါတယ်။

ပြည်သူလူထုအပေါ် အကြမ်းဖက်မှု၊ ပရော်ဖက်ရှင်နယ်ကျကျ လေ့ကျင့်မှုမရှိခြင်းနဲ့ စစ်ခေါင်းဆောင် အ ဆင့်တိုင်း၊ ဉပဒေစိုးမိုးရေးအဖွဲ့တိုင်းမှာ အဂတိလိုက်စားမှုကြောင့် ဖြစ်လာခဲ့တဲ့ အာဏာသိမ်းစစ်ကောင်စီဟာ နယ်မြေစိုးပိုင်မှု အပြည့်အဝ မထိန်းချုပ်နိုင်တော့ပါဘူး။ စစ်ကောင်စီရဲ့ ကျဆုံးမှုတွေကြောင့် အင်အားကြီးမား သော တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ (EAOs) တွေက မြန်မာစစ်တပ်ကို မြေပြင်မှာတိုက်ခိုက်ဖို့ မဟာမိတ်အ ဖွဲ့တွေ ဖွဲ့စည်းခဲ့ကြပါတယ်။

EAO အချို့က PDF တွေရဲ့ အဓိကရည်မှန်းချက်ဖြစ်တဲ့ မြန်မာနိုင်ငံမှာ အာဏာရှင်စနစ်ကို ဖြုတ်ချမယ့် နွေဉီးတော်လှန်ရေးမှာ မပါဝင်ပေမယ့် တော်လှန်ရေးတပ်ဖွဲ့တွေကို စစ်ရေးလေ့ကျင့်မှုနဲ့ အကူအညီအချို့ ပေးအပ် ခဲ့ပါတယ်။ မြန်မာ့အကျပ်အတည်းဟာ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေအတွက် ပေါက်ကွဲလုနီးပါး အခြေအနေတစ်ရပ် ဖြစ်လာခဲ့ပါတယ်။

တရုတ်နိုင်ငံက အာဏာသိမ်းစစ်ကောင်စီကို ခိုင်ခိုင်မာမာ ထောက်ခံအားပေးပြီး အနောက်နိုင်ငံတွေက တော့ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ရှုတ်ချကာ သံတမန်တွေကို သံတမန်ဆန်ဆန် ထောက်ခံအားပေး ပြီး မြန်မာပြည်သူတွေရဲ့အသံ ကမ္ဘာကကြားနိုင်အောင် လုပ်ဆောင်ပေးခဲ့ပါတယ်။ ယူကရိန်းပဋိပက္ခကြောင့် မြန် မာ့အရေးကို ကမ္ဘာက စိတ်ဝင်စားမှုနည်းခဲ့ပါတယ်။

ပြီးခဲ့နှစ်မှာ အနောက်နိုင်ငံတွေက ဒဏ်ခတ်မှုကြောင့် သံတမန်ရေးရာအရ အထီးကျန်ဆန်မှုကို ဖြေရှင်းဖို့ အာဏာသိမ်းစစ်ကောင်စီဟာ “တန်ပြန်အကြမ်းဖက်မှု” လို့ခေါ်တဲ့ ပြည်တွင်း၊ပြည်ပမှ ထောက်ခံသူတွေကို ရှာဖွေ လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လအတွင်း မြန်မာနို င်ငံသို့ လက်နက်တင်ပို့မှုပိတ်ပင်ဖို့ ကမ္ဘာ့နိုင်ငံတွေကို တိုက်တွန်းတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက အတည်ပြုခဲ့ပါတယ်။

ဒါပေမယ့် အဲဒီ တောင်းဆိုချက် ကို လျစ်လျူရှုခဲ့ပြီး တရုတ်၊ ရုရှားနဲ့ ဆားဘီးယားနိုင်ငံတွေက မြန်မာစစ်တပ်ရဲ့ ထိပ်တန်းလက်နက်တင်ပို့သူတွေ ဖြစ်နေဆဲဖြစ်ပါတယ်။ပြည်သူတွေကို သတ်ဖြတ်ရာမှာ အသုံးပြုနေတဲ့ စစ်လက်နက်တွေ စစ်ကောင်စီထံ ရောင်းချနေမှုကြောင့် ရုရှားနဲ့တရုတ်ကို ကုလသမဂ္ဂ လူ့အခွင့်အရေး အစီရင်ခံစာတင်သွင်းသူ တွမ်အန်ဒရူးက ရှတ်ချခဲ့ပါတယ်။

၂၀၁၈ ခုနှစ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်တစ်ရပ်ရဲ့ တစ်စိတ်တစ်ဒေသအဖြစ် ရုရှားနိုင်ငံက မြန်မာ စစ်တပ်သို့ စစ်လက်နက်တွေ ရောင်းချနေပြီး မကြာမီ ဆူခွိုင်း-၃၀အက်စ်အမ် ဂျက်တိုက်လေယာဉ်သစ်တွေ ပေးပို့ မှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ မြင့်တက်လာတာကြောင့် အပြစ်မဲ့ ပြည်သူတွေရဲ့အခြေအနေ ပိုဆိုး လာခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် သန်းနဲ့ချီတဲ့ပြည်သူတွေဟာ တိုင်းပြည်ကို စွန့် ခွာနေကြပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်သူ ၁ ဒသမ ၃ သန်းကျော် အိုးအိမ်စွန့်ခွာခဲ့ရပြီး ဒီသက် ရော က်မှုက အာရှ-ပစိဖိတ်ဒေသကိုကျော်လွန်ပြီး ရှိလာပါလိမ့်မယ်။

အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက အာဏာသိမ်းစစ်ကောင်စီအပေါ် ပြင်းထန်တဲ့ အရေးယူမှု မပြုလုပ်ခဲ့တာ ကြောင့် အကြမ်းဖက်မှုတွေ မြင့်တက်လာခဲ့တာဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ ထိုင်းနိုင်ငံတို့က မြန်မာစစ်တပ်ရဲ့ လေပိုင်နက်ချိုးဖောက်မှုတွေကို သည်းခံခဲ့ပြီး သတိထားခဲ့ပေမယ့် ပဋိပက္ခဆက်ဖြစ်နေပြီး အလားတူ လေပိုင်နက် ချိုးဖောက်မှုတွေ ပုံမှန်လိုဖြစ်လာမယ်ဆိုရင် မြန်မာစစ်တပ်ရဲ့ရန်စမှုကို တုံ့ပြန်မှာဖြစ်ပြီး ဒီဖြစ်ရပ်တွေက ဒေသ တွင်းမှာ မတည်ငြိမ်မှုနဲ့ ကစဉ့်ကလျားအခြေအနေကို ဖြစ်လာစေနိုင်ပါတယ်။

အိမ်နီးချင်းနိုင်ငံတွေကို အချက်ပေးခဲ့တဲ့ မကြာသေးမီက မြန်မာနိုင်ငံမှာ တိုက်ခိုက်မှုတွေ မြင့်တက်လာမှု က အာရှ-ပစိဖိတ်ဒေသရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်နေပါတယ်။ ရခိုင်ပြည်နယ်မှာ မလုံခြုံမှုနဲ့ မတည်ငြိမ်မှုက ဒေသတွင်းအထိ ပျံ့နှံ့စေခဲ့ပါတယ်။ အခြေအနေကို ကောင်းမွန်စွာ မဖြေရှင်းနိုင်ဘူးဆိုရင် အိုင်အက်စ်နဲ့ အယ်လ်ခိုင် ဒါလိုမျိုး အကြမ်းဖက်အဖွဲ့တွေက ရခိုင် ပြည်နယ်ရဲ့ ဆိုးရွားလာသောအခြေအနေကို အမြတ်ထုတ်လာမှာကို လူ တိုင်းက စိုးရိမ်နေကြပါတယ်။

ဒါကာနဲ့ နေပြည်တော်ကြား တစ်လကျော်ကြာ တင်း မာမှုတွေ မြင့်တက်ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာစစ်တပ်ရဲ့ မြောက်များလှစွာသော လေပိုင်နက်ချိုးဖောက်မှု၊ လူသေဆုံးမှုရှိသော လက်နက် ကြီးပစ်ခတ်မှုနဲ့ သေနတ်ပစ်ခတ်မှုတွေကို မှတ်တမ်းတင်ထားပါတယ်။ မြန်မာစစ်တပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် လူသေ ဆုံးမှုနဲ့ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက စစ်ကောင်စီခန့်သံအမတ် အောင်ကျော်မိုးကို အ ကြိမ်ကြိမ် ဆင့်ခေါ်ပြီး သတိ ပေးခဲ့ပါတယ်။

ရိုဟင်ဂျာဒုက္ခသည်တွေ ဘေးအန္တရာယ်ကင်းစွာ နေရပ်ပြန်ရေးလုပ်ဆောင်နိုင်ဖို့ ရိုဟင်ဂျာတွေအပေါ် ကျူးလွန်ခဲ့တဲ့လုပ်ရပ်တွေအတွက် မြန်မာစစ်တပ် တာဝန်ခံစေဖို့ ICJ၊ ဂမ်ဘီယာ၊ OIC နဲ့ နိုင်ငံတကာအဖွဲ့အစည်း တွေရဲ့ ကြိုးပမ်းမှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထောက်ခံအားပေးရမှာဖြစ်ပါတယ်။ ဒေသတွင်းတိုင်းပြည်တွေက လည်း ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်တပ်ကို ပြင်းပြင်းထန်ထန် အရေးယူရမှာဖြစ်ပါတယ်။

ရိုဟင်ဂျာပြည်သူတွေရဲ့အသံနဲ့ နစ်နာဆုံးရှုံးမှုတွေကို ကမ္ဘာ့အသိုင်းအဝိုင်းသိရှိအောင် ဘင်္ဂလားဒေ့ရှ်နိုင် ငံက မှန်ကန်တဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ မြန်မာစစ်တပ်ကို ဖြုတ်ချနိုင်သည်အထိ ရို ဟင်ဂျာပြဿနာ ဆက်လက်ရှိနေနိုင်တယ်ဆိုတာ ဒေသတွင်းတိုင်းပြည်တွေ အပါအဝင် ကမ္ဘာ့နိုင်ငံတွေက သိရှိ နားလည်ရမှာဖြစ်ပါတယ်။

အောက်တိုဘာလ ၂ ရက်က Eurasia Review ဝဘ်ဆိုဒ်မှာ ဖော်ပြထားတဲ့ ဆောင်းပါးရှင် Dr. Arpita Hazarika ရဲ့ Disaster is waiting for the Myanmar military junta ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

လူထုေထာက္ခံမႈမရွိေသာ အဘက္ဘက္က်ဆဳံးေနတဲ့အာဏာသိမ္း ျမန္မာစစ္ေကာင္စီ

ျမန္မာစစ္ေကာင္စီဟာ နိုင္ငံတြင္းမွာ နယ္ေျမထိန္းခ်ဳပ္နိုင္ဖို႔ ႐ုန္းကန္ေနရပါတယ္။ ျမန္မာနိုင္ငံဟာ ျပည္ တြင္းစစ္ျဖစ္ေနၿပီး စစ္ေကာင္စီဟာ အတိုက္အခံေတြကို ယွဥ္ၿပိဳင္ဖို႔ မနည္း႐ုန္းကန္ေနရပါတယ္။

ေဒၚေအာင္ဆန္းစုၾကည္ဉီးေဆာင္တဲ့ NLD ပါတီဟာ ဒီမိုကေရစီနည္းလမ္းတက် ေ႐ြးေကာက္ခံခဲ့ရေပမယ့္ ၿပီးခဲ့တဲ့ႏွစ္ အာဏာသိမ္းမႈအတြင္း စစ္တပ္ရဲ႕ ျဖဳတ္ခ်မႈကို ခံခဲ့ရပါတယ္။ ျမန္မာနိုင္ငံမွာ တိုက္ပြဲေတြ၊ အၾကမ္းဖ က္ မႈေတြ ျမင့္တက္လာတာဟာ အာဏာသိမ္းစစ္တပ္အေပၚ ၿခိမ္းေျခာက္မႈတစ္ခု ျဖစ္လာပါတယ္။

စစ္တပ္က အာဏာသိမ္းၿပီးတဲ့ေနာက္ ဒီမိုကေရစီလႈပ္ရွားမႈ ေပၚေပါက္လာခဲ့ေပမယ့္ ေနာက္ပိုင္းမွာ ျမန္ မာနိုင္ငံတစ္ဝန္း အရပ္သား ၂၃၀၀ ေက်ာ္ ေသဆုံးခဲ့တဲ့ အာဏာသိမ္းစစ္တပ္ရဲ႕ သေဘာထားကြဲလြဲသူေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ လက္နက္ ကိုင္ေတာ္လွန္ေရးအျဖစ္ ေျပာင္းလဲသြားခဲ့ပါတယ္။

အာဏာသိမ္းၿပီးေနာက္ပိုင္း ျပည္သူ႕ကာကြယ္ေရးတပ္ဖြဲ႕ (PDF) ဟာ လက္နက္ကိုင္ေတာ္လွန္ေရးကို ႀကီးၾကပ္ခဲ့ၿပီး ၂၀၂၀ ေ႐ြးေကာက္ပြဲ ေ႐ြးေကာက္ခံလႊတ္ေတာ္အမတ္ေတြအမ်ားစုနဲ႕ ဖြဲ႕စည္းထားတဲ့ အမ်ိဳး သား ညီ ၫြတ္ေရးအစိုးရ (NUG) က PDF ရဲ႕ အေျခခံအုတ္ျမစ္အျဖစ္ ေဆာင္႐ြက္ခဲ့ပါတယ္။ လက္လုပ္ေသနတ္သာကိုင္ ေဆာင္ေသာ္လည္း နယ္ေျမကြၽမ္း က်င္မႈေၾကာင့္ PDF ေတြရဲ႕ တိုက္ခိုက္မႈက စစ္တပ္ကို တုန္လႈပ္ေစခဲ့ပါတယ္။

လက္နက္ကိုင္ခုခံမႈကို အဆုံးသတ္နိုင္ဖို႔ တုံ႕ျပန္မႈအေနနဲ႕ စစ္ေကာင္စီက ၿမိဳ႕/႐ြာေတြအေပၚ ရမ္းသမ္းၿပီး ေလ ေၾကာင္းတိုက္ခိုက္မႈေတြ၊ အေျမာက္ပစ္ခတ္မႈေတြနဲ႕ မီးရွို႔ဖ်က္ဆီးမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ အရပ္သား ေတြအေပၚ အၾကမ္းဖက္တိုက္ခိုက္မႈေတြေၾကာင့္ စစ္ေကာင္စီအေပၚ လူထုေထာက္ခံမႈ ပိုက်ဆင္းလာခဲ့ၿပီး ျပည္သူ ေတြကပင္ အာဏာသိမ္းစစ္တပ္ကို တြန္းလွန္ဖို႔ လက္နက္ကိုင္ေဆာင္လာၾကပါတယ္။

ျပည္သူလူထုအေပၚ အၾကမ္းဖက္မႈ၊ ပေရာ္ဖက္ရွင္နယ္က်က် ေလ့က်င့္မႈမရွိျခင္းနဲ႕ စစ္ေခါင္းေဆာင္ အ ဆင့္တိုင္း၊ ဉပေဒစိုးမိုးေရးအဖြဲ႕တိုင္းမွာ အဂတိလိုက္စားမႈေၾကာင့္ ျဖစ္လာခဲ့တဲ့ အာဏာသိမ္းစစ္ေကာင္စီဟာ နယ္ေျမစိုးပိုင္မႈ အျပည့္အဝ မထိန္းခ်ဳပ္နိုင္ေတာ့ပါဘူး။ စစ္ေကာင္စီရဲ႕ က်ဆဳံးမႈေတြေၾကာင့္ အင္အားႀကီးမား ေသာ တိုင္းရင္းသားလက္နက္ကိုင္တပ္ဖြဲ႕ (EAOs) ေတြက ျမန္မာစစ္တပ္ကို ေျမျပင္မွာတိုက္ခိုက္ဖို႔ မဟာမိတ္အ ဖြဲ႕ေတြ ဖြဲ႕စည္းခဲ့ၾကပါတယ္။

EAO အခ်ိဳ႕က PDF ေတြရဲ႕ အဓိကရည္မွန္းခ်က္ျဖစ္တဲ့ ျမန္မာနိုင္ငံမွာ အာဏာရွင္စနစ္ကို ျဖဳတ္ခ်မယ့္ ေႏြဉီးေတာ္လွန္ေရးမွာ မပါဝင္ေပမယ့္ ေတာ္လွန္ေရးတပ္ဖြဲ႕ေတြကို စစ္ေရးေလ့က်င့္မႈနဲ႕ အကူအညီအခ်ိဳ႕ ေပးအပ္ ခဲ့ပါတယ္။ ျမန္မာ့အက်ပ္အတည္းဟာ ကမာၻ႔အင္အားႀကီးနိုင္ငံေတြအတြက္ ေပါက္ကြဲလုနီးပါး အေျခအေနတစ္ရပ္ ျဖစ္လာခဲ့ပါတယ္။

တ႐ုတ္နိုင္ငံက အာဏာသိမ္းစစ္ေကာင္စီကို ခိုင္ခိုင္မာမာ ေထာက္ခံအားေပးၿပီး အေနာက္နိုင္ငံေတြက ေတာ့ စစ္တပ္ရဲ႕ ရက္စက္ၾကမ္းၾကဳတ္မႈေတြကို ရႈတ္ခ်ကာ သံတမန္ေတြကို သံတမန္ဆန္ဆန္ ေထာက္ခံအားေပး ၿပီး ျမန္မာျပည္သူေတြရဲ႕အသံ ကမာၻကၾကားနိုင္ေအာင္ လုပ္ေဆာင္ေပးခဲ့ပါတယ္။ ယူကရိန္းပဋိပကၡေၾကာင့္ ျမန္ မာ့အေရးကို ကမာၻက စိတ္ဝင္စားမႈနည္းခဲ့ပါတယ္။

ၿပီးခဲ့ႏွစ္မွာ အေနာက္နိုင္ငံေတြက ဒဏ္ခတ္မႈေၾကာင့္ သံတမန္ေရးရာအရ အထီးက်န္ဆန္မႈကို ေျဖရွင္းဖို႔ အာဏာသိမ္းစစ္ေကာင္စီဟာ “တန္ျပန္အၾကမ္းဖက္မႈ” လို႔ေခၚတဲ့ ျပည္တြင္း၊ျပည္ပမွ ေထာက္ခံသူေတြကို ရွာေဖြ လာခဲ့ပါတယ္။ ၿပီးခဲ့တဲ့ဇြန္လအတြင္း ျမန္မာနို င္ငံသို႔ လက္နက္တင္ပို႔မႈပိတ္ပင္ဖို႔ ကမာၻ႔နိုင္ငံေတြကို တိုက္တြန္းတဲ့ ဆုံးျဖတ္ခ်က္တစ္ရပ္ကို ကုလသမဂၢ လုံၿခဳံေရးေကာင္စီက အတည္ျပဳခဲ့ပါတယ္။

ဒါေပမယ့္ အဲဒီ ေတာင္းဆိုခ်က္ ကို လ်စ္လ်ဴရႈခဲ့ၿပီး တ႐ုတ္၊ ႐ုရွားနဲ႕ ဆားဘီးယားနိုင္ငံေတြက ျမန္မာစစ္တပ္ရဲ႕ ထိပ္တန္းလက္နက္တင္ပို႔သူေတြ ျဖစ္ေနဆဲျဖစ္ပါတယ္။ျပည္သူေတြကို သတ္ျဖတ္ရာမွာ အသုံးျပဳေနတဲ့ စစ္လက္နက္ေတြ စစ္ေကာင္စီထံ ေရာင္းခ်ေနမႈေၾကာင့္ ႐ုရွားနဲ႕တ႐ုတ္ကို ကုလသမဂၢ လူ႕အခြင့္အေရး အစီရင္ခံစာတင္သြင္းသူ တြမ္အန္ဒ႐ူးက ရွတ္ခ်ခဲ့ပါတယ္။

၂၀၁၈ ခုႏွစ္အတြင္း လက္မွတ္ေရးထိုးခဲ့တဲ့ သေဘာတူညီခ်က္တစ္ရပ္ရဲ႕ တစ္စိတ္တစ္ေဒသအျဖစ္ ႐ုရွားနိုင္ငံက ျမန္မာ စစ္တပ္သို႔ စစ္လက္နက္ေတြ ေရာင္းခ်ေနၿပီး မၾကာမီ ဆူခြိုင္း-၃၀အက္စ္အမ္ ဂ်က္တိုက္ေလယာဥ္သစ္ေတြ ေပးပို႔ မွာျဖစ္ပါတယ္။ျမန္မာနိုင္ငံမွာ အၾကမ္းဖက္မႈေတြ ျမင့္တက္လာတာေၾကာင့္ အျပစ္မဲ့ ျပည္သူေတြရဲ႕အေျခအေန ပိုဆိုး လာခဲ့ပါတယ္။

ျမန္မာစစ္တပ္ရဲ႕ အၾကမ္းဖက္ၿဖိဳခြင္းမႈေတြေၾကာင့္ သန္းနဲ႕ခ်ီတဲ့ျပည္သူေတြဟာ တိုင္းျပည္ကို စြန႔္ ခြာေနၾကပါတယ္။ အာဏာသိမ္းၿပီးေနာက္ပိုင္း ျမန္မာျပည္သူ ၁ ဒသမ ၃ သန္းေက်ာ္ အိုးအိမ္စြန႔္ခြာခဲ့ရၿပီး ဒီသက္ ေရာ က္မႈက အာရွ-ပစိဖိတ္ေဒသကိုေက်ာ္လြန္ၿပီး ရွိလာပါလိမ့္မယ္။

အာဆီယံအဖြဲ႕ဝင္နိုင္ငံေတြက အာဏာသိမ္းစစ္ေကာင္စီအေပၚ ျပင္းထန္တဲ့ အေရးယူမႈ မျပဳလုပ္ခဲ့တာ ေၾကာင့္ အၾကမ္းဖက္မႈေတြ ျမင့္တက္လာခဲ့တာျဖစ္ပါတယ္။ ဘဂၤလားေဒ့ရွ္နဲ႕ ထိုင္းနိုင္ငံတို႔က ျမန္မာစစ္တပ္ရဲ႕ ေလပိုင္နက္ခ်ိဳးေဖာက္မႈေတြကို သည္းခံခဲ့ၿပီး သတိထားခဲ့ေပမယ့္ ပဋိပကၡဆက္ျဖစ္ေနၿပီး အလားတူ ေလပိုင္နက္ ခ်ိဳးေဖာက္မႈေတြ ပုံမွန္လိုျဖစ္လာမယ္ဆိုရင္ ျမန္မာစစ္တပ္ရဲ႕ရန္စမႈကို တုံ႕ျပန္မွာျဖစ္ၿပီး ဒီျဖစ္ရပ္ေတြက ေဒသ တြင္းမွာ မတည္ၿငိမ္မႈနဲ႕ ကစဉ့္ကလ်ားအေျခအေနကို ျဖစ္လာေစနိုင္ပါတယ္။

အိမ္နီးခ်င္းနိုင္ငံေတြကို အခ်က္ေပးခဲ့တဲ့ မၾကာေသးမီက ျမန္မာနိုင္ငံမွာ တိုက္ခိုက္မႈေတြ ျမင့္တက္လာမႈ က အာရွ-ပစိဖိတ္ေဒသရဲ႕ တည္ၿငိမ္မႈကို ၿခိမ္းေျခာက္ေနပါတယ္။ ရခိုင္ျပည္နယ္မွာ မလုံၿခဳံမႈနဲ႕ မတည္ၿငိမ္မႈက ေဒသတြင္းအထိ ပ်ံ့ႏွံ႕ေစခဲ့ပါတယ္။ အေျခအေနကို ေကာင္းမြန္စြာ မေျဖရွင္းနိုင္ဘူးဆိုရင္ အိုင္အက္စ္နဲ႕ အယ္လ္ခိုင္ ဒါလိုမ်ိဳး အၾကမ္းဖက္အဖြဲ႕ေတြက ရခိုင္ ျပည္နယ္ရဲ႕ ဆိုး႐ြားလာေသာအေျခအေနကို အျမတ္ထုတ္လာမွာကို လူ တိုင္းက စိုးရိမ္ေနၾကပါတယ္။

ဒါကာနဲ႕ ေနျပည္ေတာ္ၾကား တစ္လေက်ာ္ၾကာ တင္း မာမႈေတြ ျမင့္တက္ခဲ့ပါတယ္။ ဘဂၤလားေဒ့ရွ္နိုင္ငံက ျမန္မာစစ္တပ္ရဲ႕ ေျမာက္မ်ားလွစြာေသာ ေလပိုင္နက္ခ်ိဳးေဖာက္မႈ၊ လူေသဆုံးမႈရွိေသာ လက္နက္ ႀကီးပစ္ခတ္မႈနဲ႕ ေသနတ္ပစ္ခတ္မႈေတြကို မွတ္တမ္းတင္ထားပါတယ္။ ျမန္မာစစ္တပ္က လက္နက္ႀကီးပစ္ခတ္မႈေၾကာင့္ လူေသ ဆုံးမႈနဲ႕ပတ္သက္လို႔ ဘဂၤလားေဒ့ရွ္ နိုင္ငံျခားေရးဝန္ႀကီးဌာနက စစ္ေကာင္စီခန႔္သံအမတ္ ေအာင္ေက်ာ္မိုးကို အ ႀကိမ္ႀကိမ္ ဆင့္ေခၚၿပီး သတိ ေပးခဲ့ပါတယ္။

ရိုဟင္ဂ်ာဒုကၡသည္ေတြ ေဘးအႏၲရာယ္ကင္းစြာ ေနရပ္ျပန္ေရးလုပ္ေဆာင္နိုင္ဖို႔ ရိုဟင္ဂ်ာေတြအေပၚ က်ဴးလြန္ခဲ့တဲ့လုပ္ရပ္ေတြအတြက္ ျမန္မာစစ္တပ္ တာဝန္ခံေစဖို႔ ICJ၊ ဂမ္ဘီယာ၊ OIC နဲ႕ နိုင္ငံတကာအဖြဲ႕အစည္း ေတြရဲ႕ ႀကိဳးပမ္းမႈေတြကို ဘဂၤလားေဒ့ရွ္နိုင္ငံက ေထာက္ခံအားေပးရမွာျဖစ္ပါတယ္။ ေဒသတြင္းတိုင္းျပည္ေတြက လည္း ရက္စက္ၾကမ္းၾကဳတ္တဲ့ ျမန္မာစစ္တပ္ကို ျပင္းျပင္းထန္ထန္ အေရးယူရမွာျဖစ္ပါတယ္။

ရိုဟင္ဂ်ာျပည္သူေတြရဲ႕အသံနဲ႕ နစ္နာဆုံးရႈံးမႈေတြကို ကမာၻ႔အသိုင္းအဝိုင္းသိရွိေအာင္ ဘဂၤလားေဒ့ရွ္နိုင္ ငံက မွန္ကန္တဲ့လုပ္ေဆာင္ခ်က္ေတြ လုပ္ေဆာင္ဖို႔ လိုအပ္ပါတယ္။ ျမန္မာစစ္တပ္ကို ျဖဳတ္ခ်နိဳင္သည္အထိ ရို ဟင္ဂ်ာျပႆနာ ဆက္လက္ရွိေနနိုင္တယ္ဆိုတာ ေဒသတြင္းတိုင္းျပည္ေတြ အပါအဝင္ ကမာၻ႔နိုင္ငံေတြက သိရွိ နားလည္ရမွာျဖစ္ပါတယ္။

ေအာက္တိုဘာလ ၂ ရက္က Eurasia Review ဝဘ္ဆိုဒ္မွာ ေဖာ္ျပထားတဲ့ ေဆာင္းပါးရွင္ Dr. Arpita Hazarika ရဲ႕ Disaster is waiting for the Myanmar military junta ကို ဆီေလ်ာ္ေအာင္ ဘာသာျပန္ဆိုထားပါသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*