မိသားစု အခက်အခဲတွေကိုဖြေရှင်းဖို့ မိဘပိုင်ဆိုင်တဲ့မြေကို သိန်းတစ်သောင်းနဲ့ရောင်းချမယ်ဆိုတဲ့ ဥက္ကာမင်းမောင့်
သရုပ်ဆောင်ဥက္ကာမင်းမောင်ကတော့ တချိန်က မိန်းကလေးတိုင်းကြိုက်နှစ်သက်ရတဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။ ဥက္ကာမင်းမောင်ဟာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လက်ရှိမှာတော့ အမေရိကန်နိုင်ငံမှာနေထိုင်နေတာမို့ အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးခဲ့သူဖြစ်ပြီး တချိန်မှာတော့ မြန်မာပြည်ပြန်လာပြီး စီးပွားရေးလုပ်ငန်းတွေလုပ်ကိုင်ဖို့
စီစဉ်ထားသူတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဥက္ကာမင်းမောင်ဟာ လတ်တလောမှာ မိသားစုတွင်းပြဿနာအချို့ရှိနေတာကြောင့် သူ့ရဲ့စိတ်ကူးအိပ်မက်တွေကိုလည်း
စွန့်လွှတ်ခဲ့ပြီဆိုတဲ့အကြောင်းကို ပြောလာပါတယ်။ ဥက္ကာမင်းမောင်က “မြေရောင်းမည်။ မိသားစုအတွင်းရင်ဆိုင်ကြုံတွေ့နေရသော အခက်အခဲများဖြေရှင်းဖို့ ဒီနည်းလမ်းပဲရှိတော့တယ်။
တချိန်မြန်မာ့ပြည်ပြန်လာပြီးစီးပွားရေး လုပ်မယ့် Plan တွေလဲ အားလုံးပျက်သုဉ်းသွားပြီ။ ကျွန်တော့်အမေ ဒေါ်နီလာသိန်းမြင့် အမည်ပေါက်အနှစ်၆၀အထူးဂရန်
သာကေတရှူခင်းသာလမ်းမကြီးဘေး ပေ ၆၀ ပတ်လည် ခေါ်ဈေးသိန်းတသောင်းဖြစ်ပါတယ် ညှိနှိုင်းပေးပါမည်။ အိမ်ခြံမြေအကျိုးဆောင်များလဲ ဆက်သွယ်နိုင်ပါတယ်။
အသေးစိတ်သိလိုပါက ဖုံး 09795279438 ကိုဆက်သွယ်နိုင်ပါတယ်ခင်ဗျာ” ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲဖြစ်ပါတယ်။ ဥက္ကာမင်းမောင်ကတော့ မိသားစုရင်ဆိုင်နေရတဲ့
အခက်အခဲတွေကိုဖြေရှင်းဖို့ မိခင်ဖြစ်သူပိုင်ဆိုင်တဲ့မြေကို သိန်းတစ်သောင်းနဲ့ရောင်းချပြီး သူ့ရဲ့စိတ်ကူးထားတဲ့ အစီအစဉ်တွေဟာလည်း ပျက်သုန်းသွားပြီလို့ ပြောလာတာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*