
ရန်ကုန်က ပြည်သူတွေ အသား၊ ငါးနှင့် ဥ အမျိုးမျိုးကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ် စားနိုင်အောင် လုပ်ရမယ်လို့စကစ ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်ကပြော ပါတယ်။
ယင်းက “ရန်ကုန်က လူဦးရေနှုန်းထားနှင့် တစ်နေ့ လိုအပ်မည့် အသား၊ ငါးနှင့် ဥ အမျိုးမျိုး၊ ဟင်းသီး ဟင်းရွက် လိုအပ်ချက်ကို တွက်ချက်ပြီး လိုအပ် ချက်များပြည့်မီစွာ စားသုံးနိုင်ရေး ရန်ကုန်ရှိ စိုက်ပျိုးမွေးမြူရေးဇုန်တွေက ပြည့်ဝစွာ ထုတ်လုပ်ဖြန့်ဖြူး နိုင်ရမည်” လို့
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးအနီးရှိ မြန်မာစီးပွားရေးကော်ပိုရေးရှင်း (၂၆)မိုင် ဘက်စုံစိုက်ပျိုးမွေးမြူရေးဇုန် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှု အခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးစဉ်ပြောတာပါ။
ယင်းအပြင် မွေးမြူရေးဇုန်များကိုလည်း ရန်ကုန်မြို့တော် စည်ပင်သာယာပြင်ပ မြို့နယ်များတွင် ထပ်မံတိုးချဲ့သွားရန်လိုပြီး ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းမှစီးဝင်မှုများနှင့်လည်း မထိခိုက်အောင် ချိန်ဆဆောင်ရွက်ရမယ်လို့ ပြောပါတယ်။
ယင်းက “ ရန်ကုန်မြို့နေ ပြည်သူလူထုများ အသား၊ ငါးနှင့် ဥ အမျိုးမျိုးတို့ကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရေး ဆောင်ရွက်ပေးရမည် ဖြစ်သလို စားသုံးမှုလိုအပ်ချက်ကို ပြည့်မီအောင် ဒေသတွင်းမှ ထုတ်လုပ်နိုင်ရမယ်” လို့ ထပ်မံပြောပါတယ်။
မွေးမြူရေးလုပ်ငန်းများကို သိပ္ပံနည်းကျ ကျစ်ကျစ်လျစ်လျစ် စနစ်တကျဖြင့် ဆောင်ရွက်ပြီး ထုတ်လုပ်မှုများ ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုဆိုပြီးတော့ လည်း ထပ်ပြောပါတယ်။
ဇော်ဂျီ ဖောင့် ဖြင့် အောက်မှာ ဆက်လက် ဖတ်ရှု အားပေး နိုင် ပါသည်
Leave a Reply