
အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာရှိတဲ့ စစ် တပ်၊ ရဲ၊ ယာဉ်ထိန်း၊ ထွေအုပ်အပါအဝင် ဌာနဆိုင်ရာတွေက ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများအပြားမှာ စက်တင်ဘာလ ၂၀ ရက်နေ့ကစတင်ပြီး ပြည်သူတွေ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာရေးခေါင်းစဉ်နဲ့ ဒေသခံတွေရဲ့ ကား၊ ဆိုင်ကယ်နဲ့ စက်ဘီး၊ ဆိုက္ကားပါမကျန် တွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပြုလုပ်ခဲ့ပါတယ်။
ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းခေါင်းစဉ်နဲ့ ဖမ်းဆီးအရေးယူတာက ယခင်အရပ်သားအစိုးရတွေ လက်ထက်မှာလည်း ဌာနဆိုင်ရာတွေ ဟန်ရေးပြ လုပ်လေ့ရှိတဲ့ လုပ်ငန်းစဉ်တစ်ခုမို့ မထူးဆန်းသော်လည်း စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဒီတကြိမ်ပြုလုပ်တဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစီမံချက်ကတော့ အရမ်းဆိုးရွားတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။
ဘာကြောင့်လဲဆိုတော့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေဟာ လမ်းမပေါ်တက်လာတဲ့ ဆိုင်ကယ်ဟူသမျှကို တားဆီးပြီး ပထမဆုံး ဆိုင်ကယ်ဦးထုပ် ဆောင်းမဆောင်း၊ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်ရှိမရှိ စစ်ပါတယ်။ ဧရာဝတီတိုင်းမှာ ဆိုင်ကယ်လိုင်စင်တွေ ရှိကြသော်လည်း အများ အားဖြင့် ယာဉ် မောင်းလိုင်စင်တွေ မရှိကြတဲ့အတွက် မောင်းလိုင်စင်မရှိသူတွေ အဖမ်းခံရပြီး ဒဏ်ငွေ ဆောင်ရပါတယ်။
အပေါ်ကအချက်တွေ ပြည့်စုံနေရင် နောက်ကြည့်မှန်ပါမပါ၊ ပါဝါအိတ်ဇောတပ်မတပ်၊ ဆိုင်ကယ်မှာပါသင်တဲ့ ပစ္စည်းတွေ ပါမပါ အသေးစိတ်စစ်ဆေးပြီး တစ်ခုခု ချို့ယွင်းနေတာနဲ့ ဖမ်းပြီးဒဏ်ရိုက်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
လိုင်စင်တွေလည်း အကုန်ပါ၊ ဆိုင်ကယ်မှာ ပါသင့်တဲ့ပစ္စည်းတွေလည်း အကုန်ပြည့်စုံနေပြီး အပြစ်ရှာ မရတော့ဘူးဆိုရင် ဆိုင်ကယ်ကို ရေမဆေးလို့၊ အမျိုးသားတွေ ဆိုင်ကယ်မောင်းစဉ် အောက်ခံဘောင်းဘီ မပါလို့၊ အမျိုးသမီးတချို့ဆို အတွင်းခံဘော်လီမဝတ်လို့ စတဲ့ခေါင်းစဉ်မျိုးစုံနဲ့ အပြစ်ရှာဖမ်းဆီးတာတွေ လုပ်နေတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ပြောပါတယ်။
“ကျွန်တော်တို့ မြန်အောင်မြို့နယ်က ရွာတစ်ရွာကအမျိုးသမီး မြို့ပေါ်ဆိုင်ကယ်နဲ့တက်လာတာ။ လမ်းမှာ ယာဉ်စည်းကမ်းအဖွဲ့က မြို့အဝင်မှာ ဂိတ်ချပြီးစစ်တော့ အဲဒီအမကြီးက ဆိုင်ကယ်ဦးထုပ်လည်း ဆောင်းတယ်။ ဆိုင်ကယ်လိုင်စင်၊ ယာဉ်မောင်းလိုင်စင်အကုန်ပါတယ်။ ဆိုင်ကယ်ကလည်း သတ်မှတ်ပစ္စည်း အကုန်စုံတယ်။ အဲဒါကို အပြစ်ရှာမရတော့ အတွင်းခံဘော်လီ မဝတ်လို့ဆိုပြီး ငေါက်ငမ်းပြီးတော့မှ ဒဏ်ငွေ ၁ သောင်းရိုက်လို့ ငွေပေးလိုက်ရတယ်”လို့ မြန်အောင်မြို့မှ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြန်အောင်မြို့နယ်မှာ ဆိုင်ကယ်မောင်းစဉ် အတွင်းခံဘော်လီမဝတ်လို့ ဒဏ်ငွေအရိုက်ခံရသလို အောက်ခံဘောင်းဘီမဝတ်မိလို့ ဒဏ်ငွေဆောင်ခဲ့ရသူတွေလည်း ရှိနေကြောင်း သိရပါတယ်။
“တကယ်ဖမ်းတာပါဗျာ။ ကျွန်တော်တို့အိမ်ဘေးက ဦးလေးကြီး ဆိုင်ကယ်မောင်းချိန် အတွင်းခံမဝတ်လို့ဆိုပြီး ဒဏ်ငွေ ၂ သောင်း ရိုက်လိုက်တယ်။ မြန်အောင်မြို့ အမှတ် ၅ ရပ်ကွက်က”လို့ မြန်အောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့မှာဆိုရင်လည်း ဆိုင်ကယ်ဦးထုပ်မဆောင်းမိတဲ့ အမျိုးသားတစ်ဦးကို စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာတွေက တရားခံဖမ်းသလို ဈေးထဲအထိ သည်းကြီးမည်းကြီး လိုက်လံဖမ်းဆီးပြီး ရဲစခန်းခေါ်သွားကာ ဒဏ်ငွေ ၂ သောင်း ရိုက်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျွန်မတို့မြို့ကလူတွေက ဟိုနားဒီနား ဈေးဝယ်တာ၊ ဈေးနဲ့နီးလို့ ဦးထုပ်မဆောင်းဘဲ မောင်းလာတဲ့သူတွေကို မှတ်ထားပြီး ဈေးထဲက ချောင်ကြိုချောင်ကြားအထိ လိုက်ဖမ်းတာ။ ဒီမနက်ကဆို လူတယောက်ကို ဈေးထဲအထိ ဝင်ဖမ်းပြီး လက်မောင်းကနေဆွဲခေါ်သွားတယ်။ ရဲစခန်းခေါ်သွားပြီး ဟိုရောက်တော့ ဒဏ်ငွေ ၃ သောင်း ဆောင်ခိုင်းပြီးမှ ပြန်လွှတ်ပေးလိုက်တယ်။ ဆိုင်ကယ်ဦးထုပ်မဆောင်းတာကို ဖမ်းတာက သူခိုးလိုက်ဖမ်းသလိုကို လုပ်နေတာ”လို့ ကျောင်းကုန်းမြို့ခံ အမျိုးသ မီးတစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေဟာ အမှုအပေါ်မူတည်ပြီး ဒဏ်ငွေ ၂ သောင်းကနေ ၁ သိန်းအထိ ပေးဆောင်နေရတယ်လို့ သိရပါတယ်။ ယခင်က ကား၊ ဆိုင်ကယ်ဖမ်းရင် မြို့ပေါ်လောက်ပဲ အချိန်ပိုင်းနဲ့ ဖမ်းလေ့ရှိပေမယ့် အခုအခါမှာတော့ စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေဟာ မြို့ပေါ်သာမက ကျေးလက်တောရွာက မြို့ပေါ်တက်တဲ့ အစွန်အဖျားလမ်းတွေအထိပါ ဆင်းဖမ်းနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ပုသိမ်မှာတော့ နေ့တိုင်းဖမ်းနေတာပဲ။ လိုင်စင်မပါ ၃ သောင်း။ ကျန်တာ ၂ သောင်း။ ချလန်ဖြတ်ပေးတယ်။ စီမံချက်နဲ့ဖမ်းနေတာ။ တနေ့ကို အဖမ်းခံရတာမနည်းဘူး။ တခါတလေ တနေ့ထဲ ဆိုင်ကယ်ရာဂဏန်း လောက်အထိ အဖမ်းခံရတယ်”လို့ ပုသိမ်မြို့ခံအမျိုး သမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောပါတယ်။
အခုလိုမျိုး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းအကြော င်းပြပြီး ဖမ်းနေတာဟာ ဒေသခံတွေကို စည်းကမ်း လိုက်နာစေချင်တာမဟုတ်ဘဲ စစ်ကောင်စီအတွက် အခွန်ငွေလိုအပ်နေလို့ ဆိုင်ကယ်တွေ အပြစ်ရှာဖမ်းပြီး အခွန်ရှာနေတာလို့ ဒေသခံတွေက သုံးသပ်ပြောဆိုကြပါတယ်။
“နေ့တိုင်း ဆိုင်ကယ် ၃၅ စီးဖမ်းပေးရမယ်။ ပြစ်ချက်မရှိ ပြစ်ချက်ရှာပြီး ဖမ်းနေတာ။ ဦးထုပ်မဆောင်းလို့ ဆိုပြီး ဖမ်းတယ်။ ဦးထုပ်ပါလည်း အရည်အသွေးမပြည့်မီလိုနဲ့ ဖမ်းပြန်တယ်။ တချို့ကျ ဆိုင်ကယ်လိုင်စင်မရှိလို့၊ ယာဉ်မောင်းလိုင်စင် သက်တမ်းကုန်လို့ စသဖြင့် အကြောင်းပြချက်အမျိုးမျိုးနဲ့ကို ဖမ်းနေတော့တာ။ နောက်ဆို ဆိုင်ကယ်စီးလို့ဆိုပြီးတောင် ဖမ်းမလား မသိဘူး”လို့ ဆိုင်ကယ်နဲ့သွားလာနေတဲ့ ပုသိမ်မြို့ခံအမျိုးသားတစ်ဦးက ပြောပါတယ်။
ဆိုင်ကယ်တွေကို အပြစ်ရှာဖမ်းဆီးနေတာ ၁ ပတ်ကျော်ကြာလာတဲ့အချိန်မှာတော့ စစ်ကောင်စီ လက်အောက်က ဌာနဆိုင်ရာတွေဟာ ဆိုင်ကယ်သာမက စက်ဘီးနဲ့ အနှေးယာဉ်ဆိုက္ကားတွေကိုပါ အပြစ်ရှာဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ဟင်္သာတမြို့နယ်မှာဆိုရင် စက်ဘီးနဲ့ ဆိုက္ကားတွေမှာ ဘဲလ်ပါသလား၊ ရောင်ပြန်တပ်သလား အသေးစိတ် စစ်ဆေးပြီး ဘဲလ်မပါ၊ ရောင်ပြန်မပါရင် ဖမ်းဆီးဒဏ်ရိုက်တာတွေ လုပ်ဆောင်နေကြောင်း သိရပါတယ်။
“ဟင်္သာတမှာ ဘဲလ်မရှိတဲ့ စက်ဘီးနဲ့ ဆိုက္ကားတွေကို ဖမ်းနေတယ်။ နောက်ဘီးမှာ ရောင်ပြန်မပါရင်လည်း ဖမ်းတယ်။ ဆိုက္ကားတွေဆိုလည်း တချိူ့ကိုလည်း ဆိုက္ကားအင်္ဂါရပ်နဲ့မညီလို့ဆိုပြီး ဖမ်းတယ်။ ဖမ်းချင်တိုင်းကို ဖမ်းကြတယ်။ အရင်က ဆိုင်ကယ်တွေဖမ်းတော့ ဆိုင်ကယ်တွေကုန်တော့ စက်ဘီးတွေဘက်လှည့်လာပြီ”လို့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းအတွင်းက မြို့နယ်အများစုမှာအလားတူဖမ်းဆီးမှုတွေကို စီမံချက်နဲ့လုပ်ဆောင်နေတာလို့ စစ်ကောင်စီဘက်ကလည်း တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။စစ်ကောင်စီလက်အောက်က ဌာနဆိုင်ရာတွေရဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းစီမံချက်က ပြည်သူတွေကို စည်းကမ်းလိုက်နာစေဖို့အတွက် လုပ်နေတာနဲ့မတူဘဲ လမ်းမပေါ်မှာ ပြည်သူတွေကို တရားဝင် ဓားပြတိုက်သလို ဖြစ်နေတယ်လို့ ဧရာဝတီတိုင်းက ဒေသခံတွေက ဝေဖန်ပြောဆိုကြပါတယ်။
“အခုက ယာဉ်စည်းကမ်းလုပ်နေတာနဲ့ မတူဘူး။ လမ်းမပေါ်မှာ ပြည်သူတွေကို တရားဝင် ဓားပြတိုက်နေသလို ဖြစ်နေတယ်။ သူတို့ (စစ်ကောင်စီ) အခွန်တွေကောက်တာ မရတော့ ပြည်သူကို ရတဲ့နည်းနဲ့ ငွေညှစ်တာလို့ ထင်တယ်”ဟု မြန်အောင်မြို့နယ်မှ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။စစ်ကောင်စီရဲ့ အကြောင်းမရှိအကြောင်းရှာ ဖမ်းဆီးဒဏ်ရိုက်မှုတွေကြောင့် ဧရာဝ တီတိုင်းက ဒေသခံတွေဟာ ဆိုင်ကယ်စီးပြီး အိမ်အပြင်ထွက်ဖို့တောင် စိုးရိမ်ကြောက်ရွံ့နေရကြောင်း သိရပါတယ်။
“အရင်ခေတ်အဆက်ဆက် ဒီလိုပဲလုပ်စားနေကြလေ။ အခုလောက်တော့ မဆိုးဘူးပေါ့။ အခုက အပြစ်မရှိ အပြစ်ရှာပြီး ပိုက်ဆံတောင်းနေတာ။ အရင်ကသူတို့သတ်မှတ်ထားတာ မပြည့်မှီလို့ဖမ်းတာ။ ခုဟာက ကိုယ့်ဘက်ကမှန်နေတယ်ဆိုရင်တော့ အကြောင်းပြချက်ရှာပြီး ဒဏ်ရိုက်နေတာ။ စစ်ကောင်စီဆီကိုပဲ ရောက်လေသလား။ ခုက လကုန်ရက်ဆိုတော့ မော်တော်ပီကယ်နဲ့ ရဲတွေဆီပဲအောက်ဆိုဒ် (လာဘ်ငွေ) အနေနဲ့ရောက်သလားတော့ မသိဘူး။ ခုဆို အပြင်ထွက်ဖို့တောင်လန့်နေကြပြီ”လို့ မအူပင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဧရာဝတီတိုင်းဟာ တော်လှန်ရေးလှုပ်ရှားမှုတွေ အားန ည်းတဲ့ဒေသတစ်ခုလို့ တော်လှန်ရေးအင်အားစုတွေက မှတ်ချက်ပြုထားကြပြီး စစ်ကောင်စီရဲ့ မတရားဖိနှိပ်မှုတွေကြောင့်သာ ငြိမ်သက်နေရတာလို့ ဒေသခံတွေက ဆိုပါတယ်။ဒါကြောင့်လည်း အာဏာသိမ်းစစ်ကောင်စီဟာ တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေကြောင့် ကုန်ခမ်းနေတဲ့ ဘဏ္ဍာငွေကြေး စစ်စရိတ်အတွက် ဧရာဝတီတိုင်းကနေ အဓမ္မနည်းလမ်းတွေနဲ့ ရှာဖွေခိုင်းနေတာ ဖြစ်နိုင်တယ်လို့ သုံးသပ်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
“ဖိနှိပ်ချင်တာက ပထမဖြစ်လိမ့်မယ်ထင်တယ်။ လူတွေကို အကြောက်တရား ရှင်သန်လာအောင်လုပ်တာပါ။ နောက်တစ်ခုက စစ်ကောင်စီအနေနဲ့ ကချင်၊ ကယား၊ ချင်း၊ စစ်ကိုင်းဘက်တွေမှာ တိုက်ပွဲတွေကြောင့် ဘဏ္ဍာငွေလည်း အတော်ခမ်းနေပါပြီ။ ဒါကြောင့်လည်း အေးဓားပြတိုက်သလို ဧရာဝတီတိုင်းမှာ ဆိုင်ကယ်တွေကို ဖမ်းဆီးနေတာဗျ။ တစ်စီးကို ၃ သောင်းဆို အစီးတစ်ရာကို သိန်း ၃၀ ဗျ။ မနည်းဘူးလေ။ ပြည်သူတွေ စားဝတ်နေရေးကြပ်တည်းနေချိန်မှာ ပြည်သူတွေကို တမင်ဒုက္ခပေးနေတာလို့ပဲမြင်ပါတယ်”လို့ ပုသိမ်မြို့ခံ PDF တော်လှန်ရေးရဲဘော်တစ်ဦးက သုံးသပ်ပြောဆိုပါတယ်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ယာဥ္စည္းကမ္းအေၾကာင္းျပၿပီး တရားဝင္ဓားျပတိုက္ေနၾကတာလား
အာဏာသိမ္းစစ္ေကာင္စီလက္ေအာက္မွာရွိတဲ့ စစ္ တပ္၊ ရဲ၊ ယာဥ္ထိန္း၊ ေထြအုပ္အပါအဝင္ ဌာနဆိုင္ရာေတြက ဧရာဝတီတိုင္းအတြင္းက ၿမိဳ႕နယ္အမ်ားအျပားမွာ စက္တင္ဘာလ ၂၀ ရက္ေန႕ကစတင္ၿပီး ျပည္သူေတြ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းလိုက္နာေရးေခါင္းစဥ္နဲ႕ ေဒသခံေတြရဲ႕ ကား၊ ဆိုင္ကယ္နဲ႕ စက္ဘီး၊ ဆိုကၠားပါမက်န္ ေတြကို ဖမ္းဆီးစစ္ေဆးတာေတြ ျပဳလုပ္ခဲ့ပါတယ္။
ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းေခါင္းစဥ္နဲ႕ ဖမ္းဆီးအေရးယူတာက ယခင္အရပ္သားအစိုးရေတြ လက္ထက္မွာလည္း ဌာနဆိုင္ရာေတြ ဟန္ေရးျပ လုပ္ေလ့ရွိတဲ့ လုပ္ငန္းစဥ္တစ္ခုမို႔ မထူးဆန္းေသာ္လည္း စစ္အာဏာသိမ္းၿပီးတဲ့ေနာက္ပိုင္း ဒီတႀကိမ္ျပဳလုပ္တဲ့ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းစီမံခ်က္ကေတာ့ အရမ္းဆိုး႐ြားတယ္လို႔ ဧရာဝတီတိုင္းက ေဒသခံေတြက ေဝဖန္ေျပာဆိုၾကပါတယ္။
ဘာေၾကာင့္လဲဆိုေတာ့ စစ္ေကာင္စီလက္ေအာက္က ဌာနဆိုင္ရာေတြဟာ လမ္းမေပၚတက္လာတဲ့ ဆိုင္ကယ္ဟူသမွ်ကို တားဆီးၿပီး ပထမဆုံး ဆိုင္ကယ္ဦးထုပ္ ေဆာင္းမေဆာင္း၊ ဆိုင္ကယ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္ရွိမရွိ စစ္ပါတယ္။ ဧရာဝတီတိုင္းမွာ ဆိုင္ကယ္လိုင္စင္ေတြ ရွိၾကေသာ္လည္း အမ်ား အားျဖင့္ ယာဥ္ ေမာင္းလိုင္စင္ေတြ မရွိၾကတဲ့အတြက္ ေမာင္းလိုင္စင္မရွိသူေတြ အဖမ္းခံရၿပီး ဒဏ္ေငြ ေဆာင္ရပါတယ္။
အေပၚကအခ်က္ေတြ ျပည့္စုံေနရင္ ေနာက္ၾကည့္မွန္ပါမပါ၊ ပါဝါအိတ္ေဇာတပ္မတပ္၊ ဆိုင္ကယ္မွာပါသင္တဲ့ ပစၥည္းေတြ ပါမပါ အေသးစိတ္စစ္ေဆးၿပီး တစ္ခုခု ခ်ိဳ႕ယြင္းေနတာနဲ႕ ဖမ္းၿပီးဒဏ္ရိုက္တယ္လို႔ ေဒသခံေတြထံက သိရပါတယ္။
လိုင္စင္ေတြလည္း အကုန္ပါ၊ ဆိုင္ကယ္မွာ ပါသင့္တဲ့ပစၥည္းေတြလည္း အကုန္ျပည့္စုံေနၿပီး အျပစ္ရွာ မရေတာ့ဘူးဆိုရင္ ဆိုင္ကယ္ကို ေရမေဆးလို႔၊ အမ်ိဳးသားေတြ ဆိုင္ကယ္ေမာင္းစဥ္ ေအာက္ခံေဘာင္းဘီ မပါလို႔၊ အမ်ိဳးသမီးတခ်ိဳ႕ဆို အတြင္းခံေဘာ္လီမဝတ္လို႔ စတဲ့ေခါင္းစဥ္မ်ိဳးစုံနဲ႕ အျပစ္ရွာဖမ္းဆီးတာေတြ လုပ္ေနတယ္လို႔ ဧရာဝတီတိုင္းက ေဒသခံေတြက ေျပာပါတယ္။
“ကြၽန္ေတာ္တို႔ ျမန္ေအာင္ၿမိဳ႕နယ္က ႐ြာတစ္႐ြာကအမ်ိဳးသမီး ၿမိဳ႕ေပၚဆိုင္ကယ္နဲ႕တက္လာတာ။ လမ္းမွာ ယာဥ္စည္းကမ္းအဖြဲ႕က ၿမိဳ႕အဝင္မွာ ဂိတ္ခ်ၿပီးစစ္ေတာ့ အဲဒီအမႀကီးက ဆိုင္ကယ္ဦးထုပ္လည္း ေဆာင္းတယ္။ ဆိုင္ကယ္လိုင္စင္၊ ယာဥ္ေမာင္းလိုင္စင္အကုန္ပါတယ္။ ဆိုင္ကယ္ကလည္း သတ္မွတ္ပစၥည္း အကုန္စုံတယ္။ အဲဒါကို အျပစ္ရွာမရေတာ့ အတြင္းခံေဘာ္လီ မဝတ္လို႔ဆိုၿပီး ေငါက္ငမ္းၿပီးေတာ့မွ ဒဏ္ေငြ ၁ ေသာင္းရိုက္လို႔ ေငြေပးလိုက္ရတယ္”လို႔ ျမန္ေအာင္ၿမိဳ႕မွ အမ်ိဳးသားတစ္ဦးက ေျပာပါတယ္။
ျမန္ေအာင္ၿမိဳ႕နယ္မွာ ဆိုင္ကယ္ေမာင္းစဥ္ အတြင္းခံေဘာ္လီမဝတ္လို႔ ဒဏ္ေငြအရိုက္ခံရသလို ေအာက္ခံေဘာင္းဘီမဝတ္မိလို႔ ဒဏ္ေငြေဆာင္ခဲ့ရသူေတြလည္း ရွိေနေၾကာင္း သိရပါတယ္။
“တကယ္ဖမ္းတာပါဗ်ာ။ ကြၽန္ေတာ္တို႔အိမ္ေဘးက ဦးေလးႀကီး ဆိုင္ကယ္ေမာင္းခ်ိန္ အတြင္းခံမဝတ္လို႔ဆိုၿပီး ဒဏ္ေငြ ၂ ေသာင္း ရိုက္လိုက္တယ္။ ျမန္ေအာင္ၿမိဳ႕ အမွတ္ ၅ ရပ္ကြက္က”လို႔ ျမန္ေအာင္ေဒသခံ အမ်ိဳးသားတစ္ဦးက ေျပာပါတယ္။
ပုသိမ္ခရိုင္၊ ေက်ာင္းကုန္းၿမိဳ႕မွာဆိုရင္လည္း ဆိုင္ကယ္ဦးထုပ္မေဆာင္းမိတဲ့ အမ်ိဳးသားတစ္ဦးကို စစ္ေကာင္စီ လက္ေအာက္က ဌာနဆိုင္ရာေတြက တရားခံဖမ္းသလို ေဈးထဲအထိ သည္းႀကီးမည္းႀကီး လိုက္လံဖမ္းဆီးၿပီး ရဲစခန္းေခၚသြားကာ ဒဏ္ေငြ ၂ ေသာင္း ရိုက္ခဲ့တယ္လို႔ ေဒသခံေတြက ေျပာပါတယ္။
“ကြၽန္မတို႔ၿမိဳ႕ကလူေတြက ဟိုနားဒီနား ေဈးဝယ္တာ၊ ေဈးနဲ႕နီးလို႔ ဦးထုပ္မေဆာင္းဘဲ ေမာင္းလာတဲ့သူေတြကို မွတ္ထားၿပီး ေဈးထဲက ေခ်ာင္ႀကိဳေခ်ာင္ၾကားအထိ လိုက္ဖမ္းတာ။ ဒီမနက္ကဆို လူတေယာက္ကို ေဈးထဲအထိ ဝင္ဖမ္းၿပီး လက္ေမာင္းကေနဆြဲေခၚသြားတယ္။ ရဲစခန္းေခၚသြားၿပီး ဟိုေရာက္ေတာ့ ဒဏ္ေငြ ၃ ေသာင္း ေဆာင္ခိုင္းၿပီးမွ ျပန္လႊတ္ေပးလိုက္တယ္။ ဆိုင္ကယ္ဦးထုပ္မေဆာင္းတာကို ဖမ္းတာက သူခိုးလိုက္ဖမ္းသလိုကို လုပ္ေနတာ”လို႔ ေက်ာင္းကုန္းၿမိဳ႕ခံ အမ်ိဳးသ မီးတစ္ဦးက ေျပာပါတယ္။
ဖမ္းဆီးခံရသူေတြဟာ အမႈအေပၚမူတည္ၿပီး ဒဏ္ေငြ ၂ ေသာင္းကေန ၁ သိန္းအထိ ေပးေဆာင္ေနရတယ္လို႔ သိရပါတယ္။ ယခင္က ကား၊ ဆိုင္ကယ္ဖမ္းရင္ ၿမိဳ႕ေပၚေလာက္ပဲ အခ်ိန္ပိုင္းနဲ႕ ဖမ္းေလ့ရွိေပမယ့္ အခုအခါမွာေတာ့ စစ္ေကာင္စီလက္ေအာက္က ဌာနဆိုင္ရာေတြဟာ ၿမိဳ႕ေပၚသာမက ေက်းလက္ေတာ႐ြာက ၿမိဳ႕ေပၚတက္တဲ့ အစြန္အဖ်ားလမ္းေတြအထိပါ ဆင္းဖမ္းေနတယ္လို႔ ေဒသခံေတြက ဆိုပါတယ္။
“ပုသိမ္မွာေတာ့ ေန႕တိုင္းဖမ္းေနတာပဲ။ လိုင္စင္မပါ ၃ ေသာင္း။ က်န္တာ ၂ ေသာင္း။ ခ်လန္ျဖတ္ေပးတယ္။ စီမံခ်က္နဲ႕ဖမ္းေနတာ။ တေန႕ကို အဖမ္းခံရတာမနည္းဘူး။ တခါတေလ တေန႕ထဲ ဆိုင္ကယ္ရာဂဏန္း ေလာက္အထိ အဖမ္းခံရတယ္”လို႔ ပုသိမ္ၿမိဳ႕ခံအမ်ိဳး သမီးတစ္ဦးက ဧရာဝတီတိုင္းမ္ကို ေျပာပါတယ္။
အခုလိုမ်ိဳး ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းအေၾကာ င္းျပၿပီး ဖမ္းေနတာဟာ ေဒသခံေတြကို စည္းကမ္း လိုက္နာေစခ်င္တာမဟုတ္ဘဲ စစ္ေကာင္စီအတြက္ အခြန္ေငြလိုအပ္ေနလို႔ ဆိုင္ကယ္ေတြ အျပစ္ရွာဖမ္းၿပီး အခြန္ရွာေနတာလို႔ ေဒသခံေတြက သုံးသပ္ေျပာဆိုၾကပါတယ္။
“ေန႕တိုင္း ဆိုင္ကယ္ ၃၅ စီးဖမ္းေပးရမယ္။ ျပစ္ခ်က္မရွိ ျပစ္ခ်က္ရွာၿပီး ဖမ္းေနတာ။ ဦးထုပ္မေဆာင္းလို႔ ဆိုၿပီး ဖမ္းတယ္။ ဦးထုပ္ပါလည္း အရည္အေသြးမျပည့္မီလိုနဲ႕ ဖမ္းျပန္တယ္။ တခ်ိဳ႕က် ဆိုင္ကယ္လိုင္စင္မရွိလို႔၊ ယာဥ္ေမာင္းလိုင္စင္ သက္တမ္းကုန္လို႔ စသျဖင့္ အေၾကာင္းျပခ်က္အမ်ိဳးမ်ိဳးနဲ႕ကို ဖမ္းေနေတာ့တာ။ ေနာက္ဆို ဆိုင္ကယ္စီးလို႔ဆိုၿပီးေတာင္ ဖမ္းမလား မသိဘူး”လို႔ ဆိုင္ကယ္နဲ႕သြားလာေနတဲ့ ပုသိမ္ၿမိဳ႕ခံအမ်ိဳးသားတစ္ဦးက ေျပာပါတယ္။
ဆိုင္ကယ္ေတြကို အျပစ္ရွာဖမ္းဆီးေနတာ ၁ ပတ္ေက်ာ္ၾကာလာတဲ့အခ်ိန္မွာေတာ့ စစ္ေကာင္စီ လက္ေအာက္က ဌာနဆိုင္ရာေတြဟာ ဆိုင္ကယ္သာမက စက္ဘီးနဲ႕ အေႏွးယာဥ္ဆိုကၠားေတြကိုပါ အျပစ္ရွာဖမ္းဆီးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ဟသၤာတၿမိဳ႕နယ္မွာဆိုရင္ စက္ဘီးနဲ႕ ဆိုကၠားေတြမွာ ဘဲလ္ပါသလား၊ ေရာင္ျပန္တပ္သလား အေသးစိတ္ စစ္ေဆးၿပီး ဘဲလ္မပါ၊ ေရာင္ျပန္မပါရင္ ဖမ္းဆီးဒဏ္ရိုက္တာေတြ လုပ္ေဆာင္ေနေၾကာင္း သိရပါတယ္။
“ဟသၤာတမွာ ဘဲလ္မရွိတဲ့ စက္ဘီးနဲ႕ ဆိုကၠားေတြကို ဖမ္းေနတယ္။ ေနာက္ဘီးမွာ ေရာင္ျပန္မပါရင္လည္း ဖမ္းတယ္။ ဆိုကၠားေတြဆိုလည္း တခ်ိဴ႕ကိုလည္း ဆိုကၠားအဂၤါရပ္နဲ႕မညီလို႔ဆိုၿပီး ဖမ္းတယ္။ ဖမ္းခ်င္တိုင္းကို ဖမ္းၾကတယ္။ အရင္က ဆိုင္ကယ္ေတြဖမ္းေတာ့ ဆိုင္ကယ္ေတြကုန္ေတာ့ စက္ဘီးေတြဘက္လွည့္လာၿပီ”လို႔ ေဒသခံအမ်ိဳးသမီးတစ္ဦးက ေျပာပါတယ္။
ဧရာဝတီတိုင္းအတြင္းက ၿမိဳ႕နယ္အမ်ားစုမွာအလားတူဖမ္းဆီးမႈေတြကို စီမံခ်က္နဲ႕လုပ္ေဆာင္ေနတာလို႔ စစ္ေကာင္စီဘက္ကလည္း တရားဝင္သတင္းထုတ္ျပန္ထားပါတယ္။စစ္ေကာင္စီလက္ေအာက္က ဌာနဆိုင္ရာေတြရဲ႕ ယာဥ္စည္းကမ္း၊ လမ္းစည္းကမ္းစီမံခ်က္က ျပည္သူေတြကို စည္းကမ္းလိုက္နာေစဖို႔အတြက္ လုပ္ေနတာနဲ႕မတူဘဲ လမ္းမေပၚမွာ ျပည္သူေတြကို တရားဝင္ ဓားျပတိုက္သလို ျဖစ္ေနတယ္လို႔ ဧရာဝတီတိုင္းက ေဒသခံေတြက ေဝဖန္ေျပာဆိုၾကပါတယ္။
“အခုက ယာဥ္စည္းကမ္းလုပ္ေနတာနဲ႕ မတူဘူး။ လမ္းမေပၚမွာ ျပည္သူေတြကို တရားဝင္ ဓားျပတိုက္ေနသလို ျဖစ္ေနတယ္။ သူတို႔ (စစ္ေကာင္စီ) အခြန္ေတြေကာက္တာ မရေတာ့ ျပည္သူကို ရတဲ့နည္းနဲ႕ ေငြညွစ္တာလို႔ ထင္တယ္”ဟု ျမန္ေအာင္ၿမိဳ႕နယ္မွ ေဒသခံအမ်ိဳးသားတစ္ဦးက ေျပာပါတယ္။စစ္ေကာင္စီရဲ႕ အေၾကာင္းမရွိအေၾကာင္းရွာ ဖမ္းဆီးဒဏ္ရိုက္မႈေတြေၾကာင့္ ဧရာဝ တီတိုင္းက ေဒသခံေတြဟာ ဆိုင္ကယ္စီးၿပီး အိမ္အျပင္ထြက္ဖို႔ေတာင္ စိုးရိမ္ေၾကာက္႐ြံ႕ေနရေၾကာင္း သိရပါတယ္။
“အရင္ေခတ္အဆက္ဆက္ ဒီလိုပဲလုပ္စားေနၾကေလ။ အခုေလာက္ေတာ့ မဆိုးဘူးေပါ့။ အခုက အျပစ္မရွိ အျပစ္ရွာၿပီး ပိုက္ဆံေတာင္းေနတာ။ အရင္ကသူတို႔သတ္မွတ္ထားတာ မျပည့္မွီလို႔ဖမ္းတာ။ ခုဟာက ကိုယ့္ဘက္ကမွန္ေနတယ္ဆိုရင္ေတာ့ အေၾကာင္းျပခ်က္ရွာၿပီး ဒဏ္ရိုက္ေနတာ။ စစ္ေကာင္စီဆီကိုပဲ ေရာက္ေလသလား။ ခုက လကုန္ရက္ဆိုေတာ့ ေမာ္ေတာ္ပီကယ္နဲ႕ ရဲေတြဆီပဲေအာက္ဆိုဒ္ (လာဘ္ေငြ) အေနနဲ႕ေရာက္သလားေတာ့ မသိဘူး။ ခုဆို အျပင္ထြက္ဖို႔ေတာင္လန႔္ေနၾကၿပီ”လို႔ မအူပင္ၿမိဳ႕ခံတစ္ဦးက ေျပာပါတယ္။
ဧရာဝတီတိုင္းဟာ ေတာ္လွန္ေရးလႈပ္ရွားမႈေတြ အားန ည္းတဲ့ေဒသတစ္ခုလို႔ ေတာ္လွန္ေရးအင္အားစုေတြက မွတ္ခ်က္ျပဳထားၾကၿပီး စစ္ေကာင္စီရဲ႕ မတရားဖိႏွိပ္မႈေတြေၾကာင့္သာ ၿငိမ္သက္ေနရတာလို႔ ေဒသခံေတြက ဆိုပါတယ္။ဒါေၾကာင့္လည္း အာဏာသိမ္းစစ္ေကာင္စီဟာ တိုင္းရင္းသားေဒသေတြမွာ တိုက္ပြဲေတြေၾကာင့္ ကုန္ခမ္းေနတဲ့ ဘ႑ာေငြေၾကး စစ္စရိတ္အတြက္ ဧရာဝတီတိုင္းကေန အဓမၼနည္းလမ္းေတြနဲ႕ ရွာေဖြခိုင္းေနတာ ျဖစ္နိုင္တယ္လို႔ သုံးသပ္ေျပာဆိုမႈေတြလည္း ရွိေနပါတယ္။
“ဖိႏွိပ္ခ်င္တာက ပထမျဖစ္လိမ့္မယ္ထင္တယ္။ လူေတြကို အေၾကာက္တရား ရွင္သန္လာေအာင္လုပ္တာပါ။ ေနာက္တစ္ခုက စစ္ေကာင္စီအေနနဲ႕ ကခ်င္၊ ကယား၊ ခ်င္း၊ စစ္ကိုင္းဘက္ေတြမွာ တိုက္ပြဲေတြေၾကာင့္ ဘ႑ာေငြလည္း အေတာ္ခမ္းေနပါၿပီ။ ဒါေၾကာင့္လည္း ေအးဓားျပတိုက္သလို ဧရာဝတီတိုင္းမွာ ဆိုင္ကယ္ေတြကို ဖမ္းဆီးေနတာဗ်။ တစ္စီးကို ၃ ေသာင္းဆို အစီးတစ္ရာကို သိန္း ၃၀ ဗ်။ မနည္းဘူးေလ။ ျပည္သူေတြ စားဝတ္ေနေရးၾကပ္တည္းေနခ်ိန္မွာ ျပည္သူေတြကို တမင္ဒုကၡေပးေနတာလို႔ပဲျမင္ပါတယ္”လို႔ ပုသိမ္ၿမိဳ႕ခံ PDF ေတာ္လွန္ေရးရဲေဘာ္တစ္ဦးက သုံးသပ္ေျပာဆိုပါတယ္။
Leave a Reply