ကြံ့ဖွတ်ပါတီ ဥက္ကဋ္ဌ သန်းဌေးကို ရန်ပုံငွေ အလွဲသုံးစားမှု၊ စီမံခန့်ခွဲရေး ညံ့ဖျင်းမှုများဖြင့် ဥက္ကဋ္ဌ နေရာစွန့်လွှတ်ရန် အကျပ်ကိုင်၊ ကြံ့ဖွတ်ညီလာခံ သတင်း မပေါက်ကြားရန် အထူးတားမြစ်

နေပြည်တော်တွင် အောက်တိုဘာလ ၄ ရက်နေ့ စတင်ကျင်းပမည့် ကြံ့ဖွတ်ညီလာခံတွင် ပါတီဥက္ကဋ္ဌ နေရာ လုကြမည့် အကွဲအပြဲ အခြေအနေ သတင်းများ ပြင်ပသို့ မပေါက်ကြားစေရေး သတင်းစီးဆင်းမှုများ စစ်တပ်နှင့်ကြံ့ဖွတ်က ပိတ်ဆို့ နေကြောင်း ကြံ့ဖွတ်ပါတီ သတင်းရပ်ကွက်ထံမှ သိရှိရသည်။

လတ်တလော ကြံ့ဖွတ်ပါတီတွင် ခင်ရီ၊ သောင်းအေး၊ မောင်မြင့်၊ လှဆွေ တို့ကဲ့သို့ မင်းအောင်လှိုင်အလိုကျ လုပ် ဆောင် ကြမည့် အုပ်စု၊ သန်းဌေး၊ မြတ်ဟိန်း၊ မြင့်စိုးတို့ကဲ့သို့သော ပါတီမူဝါဒဖြင့် အများသဘောတူညီ ဆုံးဖြတ် ရမည်ဆိုသော အုပ်စုတို့ နှစ်ခုကွဲနေပြီး ပြိုင် ဆိုင်မှု ပြင်းထန်နေကြောင်း၊

ညီလာခံတွင် မင်းအောင်လှိုင်အလိုကျ လုပ်ဆောင် ကြမည့် ခင်ရီတို့ အုပ်စု ဥက္ကဋ္ဌ နေရာနှင့် ဗဟိုအလုပ် အမှု ဆောင် နေရာရရှိပါက အနားယူကြမည့်သူအများအပြား ရှိနေ ကြောင်း သိရှိရသည်။

“ညီလာခံမှာ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပေါ်တင်ချဲတာတွေ ရှိလာဖို့ များတယ်။ ဒါတွေကို သတင်း အပြင်မထွက်အောင် ဖုန်းမယူရ ကန့်သတ်တာတွေ၊ လျှပ်စစ်ပစ္စည်း မယူရ ကန့်သတ်တာတွေ ရှိလာဖို့များတယ်။ နောက်ပြီး မီဒီယာတွေ မပြောဖို့ ဆိုတာမျိုးတွေ လုပ်ဖို့ ရှိတယ်လို့လည်းကြားထားပါတယ်။

အခုမှန်းရတာတော့ ညီလာခံမှာ ဆူဆူပူပူတော့ ဖြစ်မယ်ထင်ပါတယ်။ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ ပြောကြဆိုကြ တွေ ရှိလာမယ်ထင်တယ်။ ဒါပေမယ့် မင်းအောင်လှိုင်လိုလားတဲ့ အုပ်စုပဲ ဥက္ကဋ္ဌနဲ့ ဗဟိုအလုပ်အမှုဆောင် ရမယ်လို့ ထင်ပါတယ်။ ဦးသန်းဌေးတို့ ဦးမြတ်ဟိန်းတို့တော့ အနားယူမယ်လို့ မျှော်လင့်ရတယ်။ သတင်းအပြင်မထွက်အောင်တော့ သူတို့ လုပ်နေတဲ့ စည်းကမ်းချက်တွေထုတ်ထားတာရှိတယ်” ဟု ဆိုသည်။

အဓိကအားဖြင့် ပါတီ ဥက္ကဋ္ဌ သန်းဌေးအပေါ် ပါတီရန်ပုံငွေငွေကြေးများကို ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကို အသိမပေးဘဲ ချေးငှားခြင်း၊ ၎င်း စိတ်ကြိုက် သူများကို လှည့်လည်သုံးစွဲခွင့်ပေးသည်ဆိုသော အဂတိမှုများဖြင့် တိုက်ခိုက်နေကြောင်း၊ ထို့ပြင် ၂၀၂၀ ရွေးကော က်ပွဲတွင် ပါတီစီမံခန့်ခွဲမှု ညံ့ဖျင်းခြင်းသည်ဟုပါ စွပ်စွဲပြစ်တင်ထားကြောင်း၊

လက်ရှိ ဥက္ကဋ္ဌ သန်းဌေးအနေဖြင့်လည်း ပါတီရန်ပုံငွေများ သုံးစွဲမှုနှင့်ပတ်သက်၍ မငြင်းဆန်နိုင်သော အခြေ အနေ ရှိနေသဖြင့် ညီလာခံတွင် အများသဘောဆန္ဒအတိုင်း အလေးထားလုပ်ကြရန်ဆို‌သော တောင်းဆိုမှုကို တွင်တွင်ကျယ်ကျယ် တောင်းဆိုနေကြောင်း သိရှိသည်။

“တစ်ဖက်အုပ်စု ဦးသန်းဌေးမှာ အဂတိမှုတွေ ရှိတယ်။ ပါတီရန်ပုံငွေကို သူ လုပ်ချင်သလို လုပ်တယ်ဆိုတဲ့ အချက်နဲ့ အကျပ်ကိုင်ထားတော့ တချို့ဟာတွေကလည်း မှန်နေတယ်။ အဲဒီတော့ ဦးသန်းဌေးလည်း မလူးသာ မလွန့်သာ ဖြစ်နေတာ။ နောက်ပြီး ဦးသန်းဌေးအနေနဲ့ ပါတီစီမံခန့်ခွဲမှု တလွဲတွေ လုပ်နေတယ်။ ဒါကြောင့် ဥက္ကဋ္ဌ နေရာ ဆက်မရှိသင့်တော့ဘူးဆိုတာမျိုး ပြောလာကြတယ်။

အခုတောင် ဦးခင်ရီကို ယာယီဥက္ကဋ္ဌ နေရာလွှဲပေးလိုက်ရတော့ သူကတော့ ဥက္ကဋ္ဌလည်းပြုတ်၊ အနားလည်း ယူမယ် လို့ မြင်ရပါတယ်” ဟု ရန်ကုန်ခေတ်သစ်၏ သတ င်းရင်းမြစ်က ဆက်လက်ပြောဆိုသည်။

လက်ရှိ အနေအထားများအရ ဦးသိန်းစိန်အစိုးရလက်ထက်မှ ယခုအချိန်အထိ ကြံ့ဖွတ် ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့တွင် ပါဝင်နေသည့် စစ်ဗိုလ်ချုပ်ဟောင်းများ ဖယ်ရှားခံရဖွယ်ရှိနေပြီး ဖယ်ရှားခံရမှုများနှင့်အတူ အနားယူမှုများ ရှိနိုင်သည်ဟု ရန်ကုန်ခေတ်သစ်၏ သတင်းရင်းမြစ်က ထုတ်ဖော်ပြောဆိုသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ႀကံ့ဖြတ္ပါတီ ဥကၠ႒ သန္းေဌးကို ရန္ပုံေငြ အလြဲသုံးစားမႈ၊ စီမံခန႔္ခြဲေရး ညံ့ဖ်င္းမႈမ်ားျဖင့္ ဥကၠ႒ ေနရာစြန႔္လႊတ္ရန္ အက်ပ္ကိုင္၊ ႀကံ့ဖြတ္ညီလာခံ သတင္း မေပါက္ၾကားရန္ အထူးတားျမစ္

ေနျပည္ေတာ္တြင္ ေအာက္တိုဘာလ ၄ ရက္ေန႕ စတင္က်င္းပမည့္ ႀကံ့ဖြတ္ညီလာခံတြင္ ပါတီဥကၠ႒ ေနရာ လုၾကမည့္ အကြဲအၿပဲ အေျခအေန သတင္းမ်ား ျပင္ပသို႔ မေပါက္ၾကားေစေရး သတင္းစီးဆင္းမႈမ်ား စစ္တပ္ႏွင့္ႀကံ့ဖြတ္က ပိတ္ဆို႔ ေနေၾကာင္း ႀကံ့ဖြတ္ပါတီ သတင္းရပ္ကြက္ထံမွ သိရွိရသည္။

လတ္တေလာ ႀကံ့ဖြတ္ပါတီတြင္ ခင္ရီ၊ ေသာင္းေအး၊ ေမာင္ျမင့္၊ လွေဆြ တို႔ကဲ့သို႔ မင္းေအာင္လွိုင္အလိုက် လုပ္ ေဆာင္ ၾကမည့္ အုပ္စု၊ သန္းေဌး၊ ျမတ္ဟိန္း၊ ျမင့္စိုးတို႔ကဲ့သို႔ေသာ ပါတီမူဝါဒျဖင့္ အမ်ားသေဘာတူညီ ဆုံးျဖတ္ ရမည္ဆိုေသာ အုပ္စုတို႔ ႏွစ္ခုကြဲေနၿပီး ၿပိဳင္ ဆိုင္မႈ ျပင္းထန္ေနေၾကာင္း၊

ညီလာခံတြင္ မင္းေအာင္လွိုင္အလိုက် လုပ္ေဆာင္ ၾကမည့္ ခင္ရီတို႔ အုပ္စု ဥကၠ႒ ေနရာႏွင့္ ဗဟိုအလုပ္ အမႈ ေဆာင္ ေနရာရရွိပါက အနားယူၾကမည့္သူအမ်ားအျပား ရွိေန ေၾကာင္း သိရွိရသည္။

“ညီလာခံမွာ တစ္ဖြဲ႕နဲ႕ တစ္ဖြဲ႕ ေပၚတင္ခ်ဲတာေတြ ရွိလာဖို႔ မ်ားတယ္။ ဒါေတြကို သတင္း အျပင္မထြက္ေအာင္ ဖုန္းမယူရ ကန႔္သတ္တာေတြ၊ လွ်ပ္စစ္ပစၥည္း မယူရ ကန႔္သတ္တာေတြ ရွိလာဖို႔မ်ားတယ္။ ေနာက္ၿပီး မီဒီယာေတြ မေျပာဖို႔ ဆိုတာမ်ိဳးေတြ လုပ္ဖို႔ ရွိတယ္လို႔လည္းၾကားထားပါတယ္။

အခုမွန္းရတာေတာ့ ညီလာခံမွာ ဆူဆူပူပူေတာ့ ျဖစ္မယ္ထင္ပါတယ္။ တစ္ဖြဲ႕နဲ႕ တစ္ဖြဲ႕ ေျပာၾကဆိုၾက ေတြ ရွိလာမယ္ထင္တယ္။ ဒါေပမယ့္ မင္းေအာင္လွိုင္လိုလားတဲ့ အုပ္စုပဲ ဥကၠ႒နဲ႕ ဗဟိုအလုပ္အမႈေဆာင္ ရမယ္လို႔ ထင္ပါတယ္။ ဦးသန္းေဌးတို႔ ဦးျမတ္ဟိန္းတို႔ေတာ့ အနားယူမယ္လို႔ ေမွ်ာ္လင့္ရတယ္။ သတင္းအျပင္မထြက္ေအာင္ေတာ့ သူတို႔ လုပ္ေနတဲ့ စည္းကမ္းခ်က္ေတြထုတ္ထားတာရွိတယ္” ဟု ဆိုသည္။

အဓိကအားျဖင့္ ပါတီ ဥကၠ႒ သန္းေဌးအေပၚ ပါတီရန္ပုံေငြေငြေၾကးမ်ားကို ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ကို အသိမေပးဘဲ ေခ်းငွားျခင္း၊ ၎ စိတ္ႀကိဳက္ သူမ်ားကို လွည့္လည္သုံးစြဲခြင့္ေပးသည္ဆိုေသာ အဂတိမႈမ်ားျဖင့္ တိုက္ခိုက္ေနေၾကာင္း၊ ထို႔ျပင္ ၂၀၂၀ ေ႐ြးေကာ က္ပြဲတြင္ ပါတီစီမံခန႔္ခြဲမႈ ညံ့ဖ်င္းျခင္းသည္ဟုပါ စြပ္စြဲျပစ္တင္ထားေၾကာင္း၊

လက္ရွိ ဥကၠ႒ သန္းေဌးအေနျဖင့္လည္း ပါတီရန္ပုံေငြမ်ား သုံးစြဲမႈႏွင့္ပတ္သက္၍ မျငင္းဆန္နိုင္ေသာ အေျခ အေန ရွိေနသျဖင့္ ညီလာခံတြင္ အမ်ားသေဘာဆႏၵအတိုင္း အေလးထားလုပ္ၾကရန္ဆို‌ေသာ ေတာင္းဆိုမႈကို တြင္တြင္က်ယ္က်ယ္ ေတာင္းဆိုေနေၾကာင္း သိရွိသည္။

“တစ္ဖက္အုပ္စု ဦးသန္းေဌးမွာ အဂတိမႈေတြ ရွိတယ္။ ပါတီရန္ပုံေငြကို သူ လုပ္ခ်င္သလို လုပ္တယ္ဆိုတဲ့ အခ်က္နဲ႕ အက်ပ္ကိုင္ထားေတာ့ တခ်ိဳ႕ဟာေတြကလည္း မွန္ေနတယ္။ အဲဒီေတာ့ ဦးသန္းေဌးလည္း မလူးသာ မလြန႔္သာ ျဖစ္ေနတာ။ ေနာက္ၿပီး ဦးသန္းေဌးအေနနဲ႕ ပါတီစီမံခန႔္ခြဲမႈ တလြဲေတြ လုပ္ေနတယ္။ ဒါေၾကာင့္ ဥကၠ႒ ေနရာ ဆက္မရွိသင့္ေတာ့ဘူးဆိုတာမ်ိဳး ေျပာလာၾကတယ္။

အခုေတာင္ ဦးခင္ရီကို ယာယီဥကၠ႒ ေနရာလႊဲေပးလိုက္ရေတာ့ သူကေတာ့ ဥကၠ႒လည္းျပဳတ္၊ အနားလည္း ယူမယ္ လို႔ ျမင္ရပါတယ္” ဟု ရန္ကုန္ေခတ္သစ္၏ သတ င္းရင္းျမစ္က ဆက္လက္ေျပာဆိုသည္။

လက္ရွိ အေနအထားမ်ားအရ ဦးသိန္းစိန္အစိုးရလက္ထက္မွ ယခုအခ်ိန္အထိ ႀကံ့ဖြတ္ ပါတီ ဗဟိုအလုပ္အမႈေဆာင္ အဖြဲ႕တြင္ ပါဝင္ေနသည့္ စစ္ဗိုလ္ခ်ဳပ္ေဟာင္းမ်ား ဖယ္ရွားခံရဖြယ္ရွိေနၿပီး ဖယ္ရွားခံရမႈမ်ားႏွင့္အတူ အနားယူမႈမ်ား ရွိနိုင္သည္ဟု ရန္ကုန္ေခတ္သစ္၏ သတင္းရင္းျမစ္က ထုတ္ေဖာ္ေျပာဆိုသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*