
အင်ဒိုနီးရှားနိုင်ငံတွင် ဘောလုံးပွဲအတွင်း ခိုက်ရန်ဖြစ်ပွားမှုကို ရဲတပ်ဖွဲ့က ထိန်း သိမ်းရာမှ အကြမ်းဖက်မှု၊ အဓိကရုဏ်းနှင့်လူအုပ်ပြိုကျမှု ကသောင်းကနင်းဖြစ်မှုများကြောင့် လူပေါင်း ၁၂၉ ဦးသေဆုံးကြောင်း အင်ဒိုနီးရှား ရဲတပ်ဖွဲ့၏ အဆိုအရ သိရှိရသည်။
အင်ဒိုနီးရှားနိုင်ငံ၊အရှေ့ဂျာဗားပြည်နယ်ရှိ Arema FC နှင့် Persebaya Surabaya တို့ ၏ပွဲစဉ်ကို စနေနေ့ညတွင် ယှဉ်ပြိုင်ကစားပြီးနောက် ရှုံးနိမ့်သည့် အသင်းမှ ထောက်ခံသူများသည် ကွင်းအတွင်းသို့ ၀င်ရောက်လာပြီး ခိုက်ရန်ဖြစ်သွားသဖြင့် ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ထိန်းသိမ်းပစ်ခတ်ခဲ့ရာ အကြမ်းဖက်မှု၊
အဓိကရုဏ်း လူအုပ်ပြိုကျမှုနှင့် ကသောင်းကနင်းဖြစ်ပြီး လူပေါင်း ၁၂၉ ဦးသေဆုံးကာ ၁၈၀ ဦးဒဏ်ရာရရှိဥ East Java ရဲချုပ် Nico Afinta က ပြောကြားသည်။
Arema FC အသင်းနှင့် ပြိုင်ဘက် Persebaya Surabaya တို့ ယှဉ်ပြိုင်ကစားစဉ် အိမ်ရှင် Arema FC က ၃ ဂိုး ၂ ဂိုးဖြင့် ရှုံးနိမ့်သွားပြီးနောက် အဓိကရုဏ်းနှင့် ခိုက်ရန်ဖြစ်ပွားမှုများဖြစ်ပေါ်လာခြင်းဖြစ်သည်။
“ပထမဆုံးအနေနဲ့ အဓိကရုဏ်းတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ စနေနေ့ အဖြစ် အပျက်ကနေ (ယခုအချိန်အထိ) ရဲအဖွဲ့ဝင် နှစ်ဦး အပါအဝင် လူ ၁၂၇ ဦး သေဆုံးခဲ့ပါတယ်။ ၃၄ ဦးက ကွင်းထဲမှာပဲ သေဆုံးခဲ့ပြီး ကျန်သူတွေကတော့ဆေးရုံမှာ သေဆုံးတာပါ” ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ တာဝန်ရှိသူက ဆိုသည်။
အားကစားကွင်းအတွင်းမှ ရိုက်ကူးထားသည့် ဗီဒီယိုများတွင် ဘောလုံးပွဲကြည့် ပရိသတ်များက ကွင်းထဲသို့ ဝင်ရောက်ကာ အဓိကရုဏ်းနှိမ်နင်းရေး ဝတ်စုံဝတ်ထားသည့် အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ထိပ်တို က်တွေ့ခဲ့ကြောင်း၊ မျက်ရည်ယိုဗုံးများကို ရဲတပ်ဖွဲ့က ပစ်ခတ်ပြီးနောက် လူအုပ်ပြိုကျမှု၊ အကြမ်း ဖက်မှုများဖြစ်ပေါ်ပြီး အခြေအနေမှာ ထိန်းမနိုင် သိမ်းမရဖြင့် သေဆုံးမှုများရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
အင္ဒိုနီးရွားတြင္ ေဘာလုံးပြဲ ခိုက္ရန္ျဖစ္ပြားမႈႏွင့္အဓိက႐ုဏ္းေၾကာင့္ လူေပါင္း ၁၂၉ ဦး ေသဆုံး
အင္ဒိုနီးရွားနိုင္ငံတြင္ ေဘာလုံးပြဲအတြင္း ခိုက္ရန္ျဖစ္ပြားမႈကို ရဲတပ္ဖြဲ႕က ထိန္း သိမ္းရာမွ အၾကမ္းဖက္မႈ၊ အဓိက႐ုဏ္းႏွင့္လူအုပ္ၿပိဳက်မႈ ကေသာင္းကနင္းျဖစ္မႈမ်ားေၾကာင့္ လူေပါင္း ၁၂၉ ဦးေသဆုံးေၾကာင္း အင္ဒိုနီးရွား ရဲတပ္ဖြဲ႕၏ အဆိုအရ သိရွိရသည္။
အင္ဒိုနီးရွားနိုင္ငံ၊အေရွ႕ဂ်ာဗားျပည္နယ္ရွိ Arema FC ႏွင့္ Persebaya Surabaya တို႔ ၏ပြဲစဥ္ကို စေနေန႕ညတြင္ ယွဥ္ၿပိဳင္ကစားၿပီးေနာက္ ရႈံးနိမ့္သည့္ အသင္းမွ ေထာက္ခံသူမ်ားသည္ ကြင္းအတြင္းသို႔ ၀င္ေရာက္လာၿပီး ခိုက္ရန္ျဖစ္သြားသျဖင့္ ရဲတပ္ဖြဲ႕က မ်က္ရည္ယိုဗုံးမ်ားျဖင့္ ထိန္းသိမ္းပစ္ခတ္ခဲ့ရာ အၾကမ္းဖက္မႈ၊
အဓိက႐ုဏ္း လူအုပ္ၿပိဳက်မႈႏွင့္ ကေသာင္းကနင္းျဖစ္ၿပီး လူေပါင္း ၁၂၉ ဦးေသဆုံးကာ ၁၈၀ ဦးဒဏ္ရာရရွိဥ East Java ရဲခ်ဳပ္ Nico Afinta က ေျပာၾကားသည္။
Arema FC အသင္းႏွင့္ ၿပိဳင္ဘက္ Persebaya Surabaya တို႔ ယွဥ္ၿပိဳင္ကစားစဥ္ အိမ္ရွင္ Arema FC က ၃ ဂိုး ၂ ဂိုးျဖင့္ ရႈံးနိမ့္သြားၿပီးေနာက္ အဓိက႐ုဏ္းႏွင့္ ခိုက္ရန္ျဖစ္ပြားမႈမ်ားျဖစ္ေပၚလာျခင္းျဖစ္သည္။
“ပထမဆုံးအေနနဲ႕ အဓိက႐ုဏ္းတစ္ခု ျဖစ္ပြားခဲ့ပါတယ္။ စေနေန႕ အျဖစ္ အပ်က္ကေန (ယခုအခ်ိန္အထိ) ရဲအဖြဲ႕ဝင္ ႏွစ္ဦး အပါအဝင္ လူ ၁၂၇ ဦး ေသဆုံးခဲ့ပါတယ္။ ၃၄ ဦးက ကြင္းထဲမွာပဲ ေသဆုံးခဲ့ၿပီး က်န္သူေတြကေတာ့ေဆး႐ုံမွာ ေသဆုံးတာပါ” ဟု အင္ဒိုနီးရွားရဲတပ္ဖြဲ႕ တာဝန္ရွိသူက ဆိုသည္။
အားကစားကြင္းအတြင္းမွ ရိုက္ကူးထားသည့္ ဗီဒီယိုမ်ားတြင္ ေဘာလုံးပြဲၾကည့္ ပရိသတ္မ်ားက ကြင္းထဲသို႔ ဝင္ေရာက္ကာ အဓိက႐ုဏ္းႏွိမ္နင္းေရး ဝတ္စုံဝတ္ထားသည့္ အင္ဒိုနီးရွား လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ားႏွင့္ ထိပ္တို က္ေတြ႕ခဲ့ေၾကာင္း၊ မ်က္ရည္ယိုဗုံးမ်ားကို ရဲတပ္ဖြဲ႕က ပစ္ခတ္ၿပီးေနာက္ လူအုပ္ၿပိဳက်မႈ၊ အၾကမ္း ဖက္မႈမ်ားျဖစ္ေပၚၿပီး အေျခအေနမွာ ထိန္းမနိုင္ သိမ္းမရျဖင့္ ေသဆုံးမႈမ်ားရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရွိရသည္။
Leave a Reply