စစ်ကောင်စီမှာပါဝင်နေတဲ့သူတွေ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင်လှိုင် ခိုင်းစေ

အကြမ်းဖက်စစ်ကောင်စီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေအနေနဲ့ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစားရှိစေရေး ဝိတ်လျှော့ကြရန် မင်းအောင် လှိုင်က ခိုင်းစေလိုက်တယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃၀ ရက်နေ့ မှာ မင်းအောင်လှိုင်ရဲ့ ညွှန်ကြားချက်ကို တိုင်း၊ ပြည်နယ်နဲ့ နေပြည်တော်မှာရှိတဲ့ စစ်ကောင်စီမှာပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေဆီအားလုံးကို ပေးပို့ ညွှန်ကြားလိုက်တာလည်းဖြစ်ပါတယ်။

စစ်ကောင်စီက ခန့်အပ်ထားတဲ့သူတွေအနေနဲ့ အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ ခန္ဓာကိုယ်အချိုးအစား ရှိမှသာ ကျန်းမာရေးနဲ့ ညီညွတ်ပြီး သွားလာလှုပ်ရှားမှု ကောင်းမွန်မှာဖြစ်ကြောင်း၊ Body Mass Index-BMI ခန္ဓာကိုယ် အချိုးအစားနဲ့ အနီးအစပ်ဆုံး ဖြစ်ရေး ခန္ဓာကိုယ် အရပ်အမောင်းနဲ့ ကိုက်ညီတဲ့ အလေးချိန်ရှိစေရေး အလေးထား ဂရုပြု ဆောင်ရွက်သွားရမယ်လို့ မင်းအောင်လှိုင်က ညွှန်ကြားလိုက်တာဖြစ်ပါတယ်။

အကြမ်းဖက် မင်းအောင်လှိုင်ဟာ အစည်းအဝေးတွေမှာ သူတစ်ယောက်တည်း အဆုံးအစမရှိ ပြောချင်ချင်ရာ ပြောနေတတ်တာ၊ သူ့မိန်းမနဲ့ သူ ဘယ်လို ကြိုးစား ရုန်းကန်ခဲ့ပြီး ဒီနေရာကို ရောက်လာတယ်ဆိုတာမျိုး၊ သူ့မိန်းမဟာ အင်မတန်တော်သူဖြစ်ကြောင်း ၊ စတဲ့ ကိုယ်ရည်သွေးမှုတွေကို မကြာခဏ ပြောဆိုတတ်သလို စစ်ကောင်စီနဲ့ တိုင်းပြည်နယ်အဆင့်တွေမှာ ရှိနေတဲ့ ခန့်အပ်ခံ ပုဂ္ဂိုလ်တွေ ဝိတ်လျှော့ရမယ်ဆိုတဲ့ ခိုင်းစေမှုတွေ အထိ ညွှန်ကြား လာတာလည်းဖြစ်ပါတယ်။

– မင်းအောင်လှိုင်၏ ညွှန်ကြားစာတွင် လုံခြုံရေးကုတ်များ ပါဝင်နေသဖြင့် စာပြန်စီ ရိုက်နှိပ် ဖော်ပြထာသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

စစ္ေကာင္စီမွာပါဝင္ေနတဲ့သူေတြ အရပ္အေမာင္းနဲ႕ ကိုက္ညီတဲ့ ခႏၶာကိုယ္အခ်ိဳးအစားရွိေစေရး ဝိတ္ေလွ်ာ့ၾကရန္ မင္းေအာင္လွိုင္ ခိုင္းေစ

အၾကမ္းဖက္စစ္ေကာင္စီမွာပါဝင္ေနတဲ့ ပုဂၢိဳလ္ေတြအေနနဲ႕ အရပ္အေမာင္းနဲ႕ ကိုက္ညီတဲ့ ခႏၶာကိုယ္အခ်ိဳးအစားရွိေစေရး ဝိတ္ေလွ်ာ့ၾကရန္ မင္းေအာင္ လွိုင္က ခိုင္းေစလိုက္တယ္လို႔ သိရပါတယ္။

စက္တင္ဘာ ၃၀ ရက္ေန႕ မွာ မင္းေအာင္လွိုင္ရဲ႕ ၫႊန္ၾကားခ်က္ကို တိုင္း၊ ျပည္နယ္နဲ႕ ေနျပည္ေတာ္မွာရွိတဲ့ စစ္ေကာင္စီမွာပါဝင္ေနတဲ့ ပုဂၢိဳလ္ေတြဆီအားလုံးကို ေပးပို႔ ၫႊန္ၾကားလိုက္တာလည္းျဖစ္ပါတယ္။

စစ္ေကာင္စီက ခန႔္အပ္ထားတဲ့သူေတြအေနနဲ႕ အရပ္အေမာင္းနဲ႕ ကိုက္ညီတဲ့ ခႏၶာကိုယ္အခ်ိဳးအစား ရွိမွသာ က်န္းမာေရးနဲ႕ ညီၫြတ္ၿပီး သြားလာလႈပ္ရွားမႈ ေကာင္းမြန္မွာျဖစ္ေၾကာင္း၊ Body Mass Index-BMI ခႏၶာကိုယ္ အခ်ိဳးအစားနဲ႕ အနီးအစပ္ဆုံး ျဖစ္ေရး ခႏၶာကိုယ္ အရပ္အေမာင္းနဲ႕ ကိုက္ညီတဲ့ အေလးခ်ိန္ရွိေစေရး အေလးထား ဂ႐ုျပဳ ေဆာင္႐ြက္သြားရမယ္လို႔ မင္းေအာင္လွိုင္က ၫႊန္ၾကားလိုက္တာျဖစ္ပါတယ္။

အၾကမ္းဖက္ မင္းေအာင္လွိုင္ဟာ အစည္းအေဝးေတြမွာ သူတစ္ေယာက္တည္း အဆုံးအစမရွိ ေျပာခ်င္ခ်င္ရာ ေျပာေနတတ္တာ၊ သူ႕မိန္းမနဲ႕ သူ ဘယ္လို ႀကိဳးစား ႐ုန္းကန္ခဲ့ၿပီး ဒီေနရာကို ေရာက္လာတယ္ဆိုတာမ်ိဳး၊ သူ႕မိန္းမဟာ အင္မတန္ေတာ္သူျဖစ္ေၾကာင္း ၊ စတဲ့ ကိုယ္ရည္ေသြးမႈေတြကို မၾကာခဏ ေျပာဆိုတတ္သလို စစ္ေကာင္စီနဲ႕ တိုင္းျပည္နယ္အဆင့္ေတြမွာ ရွိေနတဲ့ ခန႔္အပ္ခံ ပုဂၢိဳလ္ေတြ ဝိတ္ေလွ်ာ့ရမယ္ဆိုတဲ့ ခိုင္းေစမႈေတြ အထိ ၫႊန္ၾကား လာတာလည္းျဖစ္ပါတယ္။

– မင္းေအာင္လွိုင္၏ ၫႊန္ၾကားစာတြင္ လုံၿခဳံေရးကုတ္မ်ား ပါဝင္ေနသျဖင့္ စာျပန္စီ ရိုက္ႏွိပ္ ေဖာ္ျပထာသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*