PDF သတင်းသေချာ မစုံစမ်းဘဲ တိုက်ပွဲတွင် သေဆုံး၊ ဒဏ်ရာရလျှင် စစ်မှုထမ်းဆောင်ခြင်းဟု မသတ်မှတ်ကြောင်း စစ်ကောင်စီ ညွှန်ကြားချက်ထုတ်ပြန်

တိုက်ပွဲတွင် စစ်သားများ သေဆုံး၊ ဒဏ်ရာရမှု တာဝန်မယူဘဲ သနားစရာမရှိဟု စစ်ဗိုလ်ချုပ်များ သတ်မှတ်လိုက်ခြင်းဟု CDM ဗိုလ်ကြီးလင်းထက်အောင် မှတ် ချက်ပြု

အကြမ်းဖက်စစ်ကောင်စီ လက်အောက်ခံ တပ်များအနေဖြင့် PDF သတင်းသေ ချာ မစုံစမ်းဘဲ အလုံပိတ်ကားဖြင့် သွား၍ သေဆုံး၊ ဒဏ်ရာရလျှင် စစ်မှုထမ်းဆောင်ခြင်း ဟု မသတ်မှတ်ကြောင်း စစ်ကောင်စီက ညွှန် ကြားချက်တစ်ရပ် ထုတ် ပြန်လိုက်ကြောင်း သိရှိရသည်။

အကြမ်းဖက်စစ်ကောင်စီ၏ ထုတ်ပြန်ထားသော ညွှန် ကြားချက်တွင် စစ်ဆင် ရေး တာဝန်နှင့် လုံခြုံရေး တာဝန် ထမ်းဆောင်နေရသည့် တပ်ရင်း/တပ်ဖွဲ့များအနေဖြင့် စနစ်တကျ စုဖွဲ့၍ ချီတက် သွားလမှု မရှိခြင်း၊ အသံပေးဗုံးခွဲ၍ မြူဆွယ် ခြင်း၊ သတင်းအမှားပေး ခြင်းတို့ ဖြင့် မက်လုံးပေး လှည့်စားမှုများကို သတင်း တည် ဆောက်နိုင်မှုနှင့် စနစ်တကျ စုဖွဲ့နိုင်ခြင်းမရှိဘဲ အလုံပိတ် မော် တော်ယာဉ်များဖြင့် သွားရောက် ရှင်းလင်းသဖြင့် လူ/လက်နက်/ခဲယမ်းများ ဆုံး ရှုံးရသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် သတင်းရရှိပါက သေချာစိစစ်၍ စနစ်တကျ စုဖွဲ့ပြီးမှ သာ ရှင်းလင်းရန်၊ အလုံပိတ်မော်တော်ယာဉ်များကို လုံး၀(လုံး၀) အသုံးမပြုရန် ၊ အလုံပိတ်မော် တော်ယာဉ်များ အသုံးပြု၍ နယ်မြေရှင်းလင်းပါက သေဆုံး/ထိခိုက်မှုများရှိလျှင် သေဆုံးသူစစ်သားများကို စစ်မှုထမ်းဆောင်ခြင်းနှင့် အကျုံးမဝင်(မဝင်) ဟု သတ်မှတ်မည်ဖြစ်ကြောင်း ရေးသားဖော်ပြထားသည်။

CDM ဗိုလ်ကြီး လင်းထက်အောင်က အဆိုပါညွှန် ကြားချက်သည် စစ်သားများကို ဗိုလ်ချုပ်များက တိုက်ပွဲတွင် မသေရန် အတွက် ဖိအားပေးခြင်းဖြစ်ပြီး တိုက် ပွဲတွင်သေလျှင်လည်း စစ်ဗိုလ်ချုပ်များက တာဝန်မယူတော့ဘဲ သနားစရာမရှိဟု သတ်မှတ်လိုက်သည့် သဘောဟု သုံးသပ်ပြောဆိုသည်။

“စစ်မှုထမ်းဆောင်ခြင်းနဲ့မပတ်သက်ဘူးလို့ ပြောလိုက်တဲ့ အရာက စစ်သားတစ်ဦးအတွက် တော်တော်ဆိုးဆိုးဝါးဝါးပြုလိုက်တဲ့ အရာတစ်ခုလို့ မြင်တယ်။ ဘာဖြစ် လို့လဲဆိုတော့ ရှေ့တန်းမှာ စစ်သည်က တိုက်ပွဲကျရင် ကျန်ခဲ့တဲ့ မိသားစု အနေနဲ့ ပင်စင်၊ ဂရယ်ဂျူတီ၊ အစရှိတဲ့ ဆုကြေးလေးတွေ ရကြတယ်။

တိုက်ပွဲ ကျတာကို စစ်မှုထမ်းဆောင်ခြင်းနဲ့ အကျုံးမဝင်ဘူးဆိုတဲ့ မှတ်ချက် ပါသွားပြီဆိုရင် သေသွားတဲ့ စစ်သားအတွက်က ဘာဆုကြေးမှ မရတဲ့သဘောဖြစ်သွားပြီ။ ဒီဥစ္စကာ စစ်ဗိုလ်ချုပ်တွေအနေနဲ့ သူတို့အောက်က သူတွေကို ကောင်းကောင်းပညာပေး နေတယ်လို့ ပြောလို့ရသလို လက်အောက်ငယ်သားတွေကိုလည်း ဘယ်လိုသေသေ ငါတို့နဲ့မဆိုင်ဘူးလို့ ပြောလိုက်တာဖြစ်တယ်။

ကိုယ့်ဘာကိုယ် အသုံးမကျလို့သေတာ ဘာမှ သနားစရာမရှိဘူး ဆိုတဲ့ ပုံစံမျိုးလို့တောင် ပြောလို့ရတယ်” ဟု CDM ဗိုလ်ကြီး လင်းထက်အောင်က ပြောဆိုသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

PDF သတင္းေသခ်ာ မစုံစမ္းဘဲ တိုက္ပြဲတြင္ ေသဆုံး၊ ဒဏ္ရာရလွ်င္ စစ္မႈထမ္းေဆာင္ျခင္းဟု မသတ္မွတ္ေၾကာင္း စစ္ေကာင္စီ ၫႊန္ၾကားခ်က္ထုတ္ျပန္

တိုက္ပြဲတြင္ စစ္သားမ်ား ေသဆုံး၊ ဒဏ္ရာရမႈ တာဝန္မယူဘဲ သနားစရာမရွိဟု စစ္ဗိုလ္ခ်ဳပ္မ်ား သတ္မွတ္လိုက္ျခင္းဟု CDM ဗိုလ္ႀကီးလင္းထက္ေအာင္ မွတ္ ခ်က္ျပဳ

အၾကမ္းဖက္စစ္ေကာင္စီ လက္ေအာက္ခံ တပ္မ်ားအေနျဖင့္ PDF သတင္းေသ ခ်ာ မစုံစမ္းဘဲ အလုံပိတ္ကားျဖင့္ သြား၍ ေသဆုံး၊ ဒဏ္ရာရလွ်င္ စစ္မႈထမ္းေဆာင္ျခင္း ဟု မသတ္မွတ္ေၾကာင္း စစ္ေကာင္စီက ၫႊန္ ၾကားခ်က္တစ္ရပ္ ထုတ္ ျပန္လိုက္ေၾကာင္း သိရွိရသည္။

အၾကမ္းဖက္စစ္ေကာင္စီ၏ ထုတ္ျပန္ထားေသာ ၫႊန္ ၾကားခ်က္တြင္ စစ္ဆင္ ေရး တာဝန္ႏွင့္ လုံၿခဳံေရး တာဝန္ ထမ္းေဆာင္ေနရသည့္ တပ္ရင္း/တပ္ဖြဲ႕မ်ားအေနျဖင့္ စနစ္တက် စုဖြဲ႕၍ ခ်ီတက္ သြားလမႈ မရွိျခင္း၊ အသံေပးဗုံးခြဲ၍ ျမဴဆြယ္ ျခင္း၊ သတင္းအမွားေပး ျခင္းတို႔ ျဖင့္ မက္လုံးေပး လွည့္စားမႈမ်ားကို သတင္း တည္ ေဆာက္နိုင္မႈႏွင့္ စနစ္တက် စုဖြဲ႕နိုင္ျခင္းမရွိဘဲ အလုံပိတ္ ေမာ္ ေတာ္ယာဥ္မ်ားျဖင့္ သြားေရာက္ ရွင္းလင္းသျဖင့္ လူ/လက္နက္/ခဲယမ္းမ်ား ဆုံး ရႈံးရသည္ကို ေတြ႕ရွိရေၾကာင္း ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ သတင္းရရွိပါက ေသခ်ာစိစစ္၍ စနစ္တက် စုဖြဲ႕ၿပီးမွ သာ ရွင္းလင္းရန္၊ အလုံပိတ္ေမာ္ေတာ္ယာဥ္မ်ားကို လုံး၀(လုံး၀) အသုံးမျပဳရန္ ၊ အလုံပိတ္ေမာ္ ေတာ္ယာဥ္မ်ား အသုံးျပဳ၍ နယ္ေျမရွင္းလင္းပါက ေသဆုံး/ထိခိုက္မႈမ်ားရွိလွ်င္ ေသဆုံးသူစစ္သားမ်ားကို စစ္မႈထမ္းေဆာင္ျခင္းႏွင့္ အက်ဳံးမဝင္(မဝင္) ဟု သတ္မွတ္မည္ျဖစ္ေၾကာင္း ေရးသားေဖာ္ျပထားသည္။

CDM ဗိုလ္ႀကီး လင္းထက္ေအာင္က အဆိုပါၫႊန္ ၾကားခ်က္သည္ စစ္သားမ်ားကို ဗိုလ္ခ်ဳပ္မ်ားက တိုက္ပြဲတြင္ မေသရန္ အတြက္ ဖိအားေပးျခင္းျဖစ္ၿပီး တိုက္ ပြဲတြင္ေသလွ်င္လည္း စစ္ဗိုလ္ခ်ဳပ္မ်ားက တာဝန္မယူေတာ့ဘဲ သနားစရာမရွိဟု သတ္မွတ္လိုက္သည့္ သေဘာဟု သုံးသပ္ေျပာဆိုသည္။

“စစ္မႈထမ္းေဆာင္ျခင္းနဲ႕မပတ္သက္ဘူးလို႔ ေျပာလိုက္တဲ့ အရာက စစ္သားတစ္ဦးအတြက္ ေတာ္ေတာ္ဆိုးဆိုးဝါးဝါးျပဳလိုက္တဲ့ အရာတစ္ခုလို႔ ျမင္တယ္။ ဘာျဖစ္ လို႔လဲဆိုေတာ့ ေရွ႕တန္းမွာ စစ္သည္က တိုက္ပြဲက်ရင္ က်န္ခဲ့တဲ့ မိသားစု အေနနဲ႕ ပင္စင္၊ ဂရယ္ဂ်ဴတီ၊ အစရွိတဲ့ ဆုေၾကးေလးေတြ ရၾကတယ္။

တိုက္ပြဲ က်တာကို စစ္မႈထမ္းေဆာင္ျခင္းနဲ႕ အက်ဳံးမဝင္ဘူးဆိုတဲ့ မွတ္ခ်က္ ပါသြားၿပီဆိုရင္ ေသသြားတဲ့ စစ္သားအတြက္က ဘာဆုေၾကးမွ မရတဲ့သေဘာျဖစ္သြားၿပီ။ ဒီဥစၥကာ စစ္ဗိုလ္ခ်ဳပ္ေတြအေနနဲ႕ သူတို႔ေအာက္က သူေတြကို ေကာင္းေကာင္းပညာေပး ေနတယ္လို႔ ေျပာလို႔ရသလို လက္ေအာက္ငယ္သားေတြကိုလည္း ဘယ္လိုေသေသ ငါတို႔နဲ႕မဆိုင္ဘူးလို႔ ေျပာလိုက္တာျဖစ္တယ္။

ကိုယ့္ဘာကိုယ္ အသုံးမက်လိဳ႕ေသတာ ဘာမွ သနားစရာမရွိဘူး ဆိုတဲ့ ပုံစံမ်ိဳးလို႔ေတာင္ ေျပာလို႔ရတယ္” ဟု CDM ဗိုလ္ႀကီး လင္းထက္ေအာင္က ေျပာဆိုသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*