
ကယားပြည်နယ်၊လွိုင်ကော်မြို့ရှိ လွိုင်ကော်လေဆိပ်၌ စက်တင်ဘာ ၃၀ ရက်နံနက်ပိုင်းက MNA ခရီးသည်တင်လေယာဉ်ပစ်ခတ်ခံရခြင်းအား KNPP အဖွဲ့မှငြင်းဆိုနေခြင်းနှင့်ပတ်သက်၍ နစက သတင်းထုတ်ပြန်ရေးအဖွဲ့၏ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“သူတို့ကတော့ အကြမ်းဖက်အဖွဲ့တွေပီပီ တာဝန်ယူမှု၊တာဝန်ခံမှုရှိမှာမဟုတ်ပါဘူး မနေ့ကလည်း ကျွန်တော်ပြောခဲ့ပြီးပါပြီ ပထမဆုံး ဦးဆုံး အဲ့ဒီဘက်မှာဖြစ်ခဲ့တဲ့ အချို့သော သမိုင်းကြောင်းလေးတွေကို ကြည့်ရင်တောင် သိသာပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
အဆိုပါ KNPP နှင့် PDF အကြမ်းဖက်သောင်း ကျန်းသူများသည် ယခင်ကလည်း မြို့သိမ်းတိုက်ပွဲ ဆင်နွှဲမည်ဟုဆိုကာ လွိုင်ကော်မြို့ထဲတွင် တိုက်ပွဲများ ဖန်တီးခဲ့သဖြင့် ပြည်သူလူထု အ မြောက်အမြား မြို့ပေါ်မှ ထွက်ပြေးတိမ်းရှောင်ခဲ့ရခြင်းများရှိသည်ဟု ပြောသည်။
“အခုနောက်ပိုင်းမှာ တပ်မတော်အနေနဲ့ ပြန်လည် တည်ငြိမ်အောင် လုပ်ဆောင်နေလို့ ပြည်သူတွေအနေနဲ့ သူ့အရပ်နဲ့သူ နေနိုင်ခဲ့ပြီးဖြစ်တယ် လွိုင်ကော်မြို့ဘေးပတ်ဝန်းကျင်နေရာတွေ တချို့ရွာတွေမှာတော့ သူတို့ဝင်ထွက်သွားလာနေတာတွေရှိတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့ပြင် လွိုင်ကော်လေဆိပ်အား ယခင်ကလည်း ၁၀၇ မမ ဒုံးနှင့်ပစ်ခတ်ခံခဲ့ရခြင်းရှိကာ ၎င်းတို့ သူတို့ကိုယ်တိုင်ထုတ်ပြန်ခဲ့ပြီး ၎င်းတို့ပစ်ခတ်ခဲ့သည်ဟု ကြေညာချက်ထုတ်ထားခြင်းလည်းရှိသည်ဟု ပြောသည်။
“ခရီးသည်တင်လေယာဉ်ကို ပစ်ခတ်တယ်ဆိုတာ နိုင်ငံတကာမှာဘယ်နိုင်ငံ ဘယ်အဖွဲ့အစည်းကမှလက်မခံတဲ့ ကြီးမားတဲ့ရာဇဝတ်မှုမျိုးဖြစ်တဲ့အ တွက်သူတို့ငြင်းဆိုနေတာဖြစ်တယ် ကျွန်တော်တို့အနေနဲ့ပြောလိုတာကတော့ ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ထို့သို့ ပြောဆိုပြီးချိန်၌ ၎င်းတို့ကိုယ်တိုင်ကြီးမားသည့် ရာဇဝတ်မှုကြီးကျူးလွန်ထားသည်ဆိုခြင်းကို သိရှိ၍ ဖုံးကွယ်နေခြင်းဖြစ်သည်ဟု ပြောသည်။
“ပြောချင်တာက သူတို့အနေနဲ့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမယ် စုံစမ်းစစ်ဆေးမှုပြုရမယ် စုံ စမ်းစစ်ဆေးမှုမပြုဘဲနဲ့ ဒါမျိုးမျက်စိပိတ်၊နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူး သူတို့ရဲ့အောက်ခြေမှာရှိတဲ့တပ်တွေ သူတို့ထိန်းကွပ်ထားတဲ့ သူတို့အ ကြမ်းဖက်ပညာသင်ပေးထားတဲ့ PDF တွေဒါတွေလုပ်ခဲ့မလုပ်ခဲ့ဆိုတာတွေကို သူတို့အနေနဲ့ စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပြီးမှ ပြောလို့ရမယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
စနစ်ကျသည့် စုံစမ်းစစ်ဆေးမှုပြုလုပ်ရန် လိုအပ်ကာ ကျွန်တော်တို့ သိထားသမျှ၊ ရှိထားသမျှ အချက်အလက်များအရ ယင်းလုပ်ရပ်အား KNPP နှင့် PDF ပူးပေါင်းအဖွဲ့တို့မှအပ ကျန်သည့်လူ လုပ်စရာအကြောင်းမရှိဟု ပြောသည်။
“တာဝန်ယူမှု၊တာဝန်ခံမှု ရှိရမယ် စုံစမ်းစစ်ဆေးမှု လုပ်ရမယ် မျက်စိပိတ်၊ နားပိတ်ပြီး ငြင်းဆိုနေလို့မရဘူးလို့ ပြောချင်ပါတယ်”ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
မ်က္စိပိတ္၊နားပိတ္ၿပီး ျငင္းဆိုေနလို႔မရဘူးဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းေျပာ
ကယားျပည္နယ္၊လြိုင္ေကာ္ၿမိဳ႕ရွိ လြိုင္ေကာ္ေလဆိပ္၌ စက္တင္ဘာ ၃၀ ရက္နံနက္ပိုင္းက MNA ခရီးသည္တင္ေလယာဥ္ပစ္ခတ္ခံရျခင္းအား KNPP အဖြဲ႕မွျငင္းဆိုေနျခင္းႏွင့္ပတ္သက္၍ နစက သတင္းထုတ္ျပန္ေရးအဖြဲ႕၏ အဖြဲ႕ေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာၾကားခဲ့ျခင္းျဖစ္သည္။
“သူတို႔ကေတာ့ အၾကမ္းဖက္အဖြဲ႕ေတြပီပီ တာဝန္ယူမႈ၊တာဝန္ခံမႈရွိမွာမဟုတ္ပါဘူး မေန႕ကလည္း ကြၽန္ေတာ္ေျပာခဲ့ၿပီးပါၿပီ ပထမဆုံး ဦးဆုံး အဲ့ဒီဘက္မွာျဖစ္ခဲ့တဲ့ အခ်ိဳ႕ေသာ သမိုင္းေၾကာင္းေလးေတြကို ၾကည့္ရင္ေတာင္ သိသာပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
အဆိုပါ KNPP ႏွင့္ PDF အၾကမ္းဖက္ေသာင္း က်န္းသူမ်ားသည္ ယခင္ကလည္း ၿမိဳ႕သိမ္းတိုက္ပြဲ ဆင္ႏႊဲမည္ဟုဆိုကာ လြိုင္ေကာ္ၿမိဳ႕ထဲတြင္ တိုက္ပြဲမ်ား ဖန္တီးခဲ့သျဖင့္ ျပည္သူလူထု အ ေျမာက္အျမား ၿမိဳ႕ေပၚမွ ထြက္ေျပးတိမ္းေရွာင္ခဲ့ရျခင္းမ်ားရွိသည္ဟု ေျပာသည္။
“အခုေနာက္ပိုင္းမွာ တပ္မေတာ္အေနနဲ႕ ျပန္လည္ တည္ၿငိမ္ေအာင္ လုပ္ေဆာင္ေနလို႔ ျပည္သူေတြအေနနဲ႕ သူ႕အရပ္နဲ႕သူ ေနနိုင္ခဲ့ၿပီးျဖစ္တယ္ လြိုင္ေကာ္ၿမိဳ႕ေဘးပတ္ဝန္းက်င္ေနရာေတြ တခ်ိဳ႕႐ြာေတြမွာေတာ့ သူတို႔ဝင္ထြက္သြားလာေနတာေတြရွိတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ထို႔ျပင္ လြိုင္ေကာ္ေလဆိပ္အား ယခင္ကလည္း ၁၀၇ မမ ဒုံးႏွင့္ပစ္ခတ္ခံခဲ့ရျခင္းရွိကာ ၎တို႔ သူတို႔ကိုယ္တိုင္ထုတ္ျပန္ခဲ့ၿပီး ၎တို႔ပစ္ခတ္ခဲ့သည္ဟု ေၾကညာခ်က္ထုတ္ထားျခင္းလည္းရွိသည္ဟု ေျပာသည္။
“ခရီးသည္တင္ေလယာဥ္ကို ပစ္ခတ္တယ္ဆိုတာ နိုင္ငံတကာမွာဘယ္နိုင္ငံ ဘယ္အဖြဲ႕အစည္းကမွလက္မခံတဲ့ ႀကီးမားတဲ့ရာဇဝတ္မႈမ်ိဳးျဖစ္တဲ့အ တြက္သူတို႔ျငင္းဆိုေနတာျဖစ္တယ္ ကြၽန္ေတာ္တို႔အေနနဲ႕ေျပာလိုတာကေတာ့ ထိေရာက္ျပင္းထန္တဲ့ တုံ႕ျပန္မႈေတြ ေဆာင္႐ြက္သြားမွာျဖစ္တယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
ထို႔သို႔ ေျပာဆိုၿပီးခ်ိန္၌ ၎တို႔ကိုယ္တိုင္ႀကီးမားသည့္ ရာဇဝတ္မႈႀကီးက်ဴးလြန္ထားသည္ဆိုျခင္းကို သိရွိ၍ ဖုံးကြယ္ေနျခင္းျဖစ္သည္ဟု ေျပာသည္။
“ေျပာခ်င္တာက သူတို႔အေနနဲ႕ တာဝန္ယူမႈ၊ တာဝန္ခံမႈရွိရမယ္ စုံစမ္းစစ္ေဆးမႈျပဳရမယ္ စုံ စမ္းစစ္ေဆးမႈမျပဳဘဲနဲ႕ ဒါမ်ိဳးမ်က္စိပိတ္၊နားပိတ္ၿပီး ျငင္းဆိုေနလို႔မရဘူး သူတို႔ရဲ႕ေအာက္ေျခမွာရွိတဲ့တပ္ေတြ သူတို႔ထိန္းကြပ္ထားတဲ့ သူတို႔အ ၾကမ္းဖက္ပညာသင္ေပးထားတဲ့ PDF ေတြဒါေတြလုပ္ခဲ့မလုပ္ခဲ့ဆိုတာေတြကို သူတို႔အေနနဲ႕ စနစ္က်တဲ့ စုံစမ္းစစ္ေဆးမႈ ျပဳလုပ္ၿပီးမွ ေျပာလို႔ရမယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
စနစ္က်သည့္ စုံစမ္းစစ္ေဆးမႈျပဳလုပ္ရန္ လိုအပ္ကာ ကြၽန္ေတာ္တို႔ သိထားသမွ်၊ ရွိထားသမွ် အခ်က္အလက္မ်ားအရ ယင္းလုပ္ရပ္အား KNPP ႏွင့္ PDF ပူးေပါင္းအဖြဲ႕တို႔မွအပ က်န္သည့္လူ လုပ္စရာအေၾကာင္းမရွိဟု ေျပာသည္။
“တာဝန္ယူမႈ၊တာဝန္ခံမႈ ရွိရမယ္ စုံစမ္းစစ္ေဆးမႈ လုပ္ရမယ္ မ်က္စိပိတ္၊ နားပိတ္ၿပီး ျငင္းဆိုေနလို႔မရဘူးလို႔ ေျပာခ်င္ပါတယ္”ဟု ဗိုလ္ခ်ဳပ္ေဇာ္မင္းထြန္းကေျပာသည္။
Leave a Reply