‌အငယ်ဆုံး အချစ်ရဆုံး ညီမငယ်ဝေလာရီကို အချစ်တွေများစွာနဲ့ ဂုဏ်ယူဝမ်းမြောက်ကြောင်း မွေးနေ့ဆုတောင်း စကားဆိုလာတဲ့ လိမ္မော်သီး
အဆိုတော်လိမ္မော်သီးကတော့ Rock သီချင်းတွေကိုသီဆိုတဲ့ ရှားရှားပါးပါးအဆိုတော်မလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ လိမ္မော်သီးရဲ့ ညီမလေး ဝေလာရီကလည်း
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အစ်မဖြစ်သူလိုပဲ အနုပညာကိုဝါသနာပါပြီး သရုပ်ဆောင်၊ အဆိုတော်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့ အောက်တိုဘာလ (၁) ရက်နေ့ကတော့
ဝေလာရီရဲ့မွေးနေ့လေးဖြစ်ပြီး လိမ္မော်သီးက သူမရဲ့ညီမလေးအတွက် အခုလိုပဲ မွေးနေ့ဆုတောင်းပေးလာခဲ့တာကို တွေ့ရပါတယ်။ လိမ္မော်သီးက “Happy Birthday မမချစ်တဲ့ မီးလေး
မိသားစုနဲ့ မိဘအပေါ် သိတတ်လိမ္မာတဲ့ မီးလေး ကလေးစိတ်မကုန်သေးတဲ့ ကလေးလေး မွေးနေ့ကစပြီး အလှူအတန်းတွေဒီထက်မက လုပ်နိုင်ပါစေ မိဘအပေါ် ဒီထက်မက ကျေးဇူးဆပ်နိုင်ပါစေ
မီးလေးဖြစ်ချင်တာတွေ မီးလေးကြိုးစားသမျှတွေ အရာအားလုံး ပြည့်စုံပြီးဒီထက်မက အောင်မြင်မှုတွေရရှိပါစေ မမ အလုပ်မရှိတဲ့အချိန် ငယ်ငယ်ရွယ်ရွယ်နဲ့ အလုပ်ကြိုးစားလုပ်ပြီး မိသားစုအပေါ်
စောင့်ရှောက်နိုင်တဲ့အတွက် မမ အမြဲဂုဏ်ယူတယ်နော် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတဲ့အတွက် မမက ဝမ်းသာတယ် အချိန်တိုင်း မီးလေးရဲ့နောက်မှာ မမအမြဲရှိတယ်နော်
မွေးနေ့လက်ဆောင်မဝယ်ပေးတော့ဘူးနော် လှူချင်တာလှူဖို့ပဲ မုန့်ဖိုးပေးလိုက်တယ် မမကိုလည်း လာထား သီတင်းကျွတ်ကန်တော့ဘာညာ ဒါပဲ” ဆိုပြီး မွေးနေ့ဆုတောင်းပေးခဲ့တာပဲ ဖြစ်ပါတယ်။ ဝေလာရီကတော့ မွေးနေ့မှာ
ကောင်းမှုကုသိုလ်တွေအများကြီးပြုလုပ်နိုင်ဖို့ အစ်မဖြစ်တဲ့ လိမ္မော်သီးက မွေးနေ့မုန့်ဖိုးတွေအများကြီးပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း လိမ္မော်သီးတို့ ညီအစ်မနှစ်ယောက်ရဲ့ သံယောဇဉ်ကိုကြည့်ပြီး ပီတိဖြစ်နေကြမယ်ထင်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*