အပြင်ဘဝ သရုပ်မှန်မှာလည်း ထူးခန့်ကျော်နှင့် သားအဖလို ဆက်ဆံရေးမျိုးရှိကြောင်း ဖွင့်ဟရင်ဖွင့်ပြောပြလာတဲ့ သုတအောင်
လက်ရှိချိန်မှာ ပရိသတ်တွေ ရင်ဘတ်ထဲကို နေရာယူလာတဲ့ တက်သစ်စ လူငယ်သရုပ်ဆောင် တစ်ယောက်ဖြစ်ကာ လူကြီးလူငယ် ပရိသတ် အားလုံးရဲ့ အချစ်တွေကို ရရှိပိုင်ဆိုင်ထားနိုင်တဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သူ တစ်ယောက် ဖြစ်ပါတယ်နော်။ သုတအောင်ဟာ ဆိုရင် MRTV -4 နဲ့အတူလက်တွဲကာ အနုပညာအလုပ်တွေကို လုပ်ကိုင်နေတဲ့ ဇာတ်လမ်းတွဲ မင်းသားတစ်ယောက်ပါ။ ပြီးခဲ့တဲ့ စက်တင်ဘာလက စပြီး
လက်ရှိအချိန်ထိ ထုတ်လွှင့်ပြသနေဆဲ ဖြစ်တဲ့ ဝိပါကဇာတ်လမ်းတွဲမှာလည်း ပရိသတ်တွေ တခဲနက် အားပေးခြင်းကို ရယူနိုင်တာကို တွေ့မြင်ရပြီး ခပ်မူးမူး ကောင်လေးတစ် ယောက်ဖြစ်ပေမယ့် ကိုယ့်ကျင့်သီလ ကောင်းမွန်တဲ့
တေဇ အဖြစ် သုတအောင်မှ ပီပြင်စွာ ပုံဖော် သရုပ်ဆောင်ထား တာလည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်က MRTV4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသခဲ့တဲ့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲကိုလည်း
ပရိသတ်ကြီး မှတ်မိကြမယ် ထင်ပါတယ်နော်။ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲက ပညာပေးဇာတ်လမ်း တစ်ပုဒ်ဖြစ်ပြီး ပရိသတ်တွေ အကြိုက်တွေ့ကြတဲ့ ဇာတ်လမ်းတွဲအနေနဲ့
အောင်မြင်မှု သရဖူစိုက်ထူးနိုင်ခဲ့ပါတယ်။ အထူးသဖြင့် ဗီလိန်ကာရိုက်တာဖြစ်တဲ့ “ဗေဒါ”နေရာမှာ သရုပ်ဆောင်ရတဲ့ ဝါရင့်သရုပ်ဆောင် ထူးခန့်ကျော်ကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို တရှိန်ထိုးရရှိပြီး
ရေပန်းစားခဲ့တာကို တွေ့ရပါတယ်။ ထူးခန့်ကျော်နဲ့ သုတအောင်တို့ကတော့ “မမှီဝဲနဲ့ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာ ဗေဒါနဲ့ ကြွက် ဆိုတဲ့ ကာရိုက်တာတွေနဲ့ အတူတူသရုပ်ဆောင်ရင်း ခင်မင်ရင်းနှီးခဲ့ကြသူများ ဖြစ်ပါတယ်။
လက်ရှိထုတ်လွှင့်ပြသနေတဲ့ “ဝိပါက” ဇာတ်လမ်းတွဲမှာလည်း မင်းသားကြီးထူးခန့်ကျော်နဲ့ သုတအောင်တို့က ဦးရာဇာနဲ့ တေဇာဆိုပြီး သားအဖနှစ်ယောက် အဖြစ် တွဲဖက်ညီညီနဲ့ ပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ပြီး
သူတို့နှစ်ယောက်ရဲ့ သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကို ရရှိနေကြတာကို တွေ့ရပါတယ်။ သုတအောင်ဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုနဲ့ ဆရာသမားကောင်းတွေရဲ့ သင်ကြား ပံ့ပိုးကူညီပေးမှုကြောင့်
အနုပညာလောကမှာ နေရာတစ်နေရာရရှိခဲ့ပြီး ထူးခန့်ကျော်ဟာလည်း သုတအောင်ရဲ့ ဆရာသမားတစ်ယောက် အစ်ကိုတစ်ယောက်လို သာမက အဖေတစ်ယောက်လိုပါ အားကိုးယုံကြည်
ချစ်ခင်လေးစားရတဲ့ သူတစ်ဦးပါ။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး သရုပ်ဆောင်သုတအောင်က “ကိုထူးခန့်ကျော်နဲ့က ညီအစ်ကိုလို၊ သားအဖလိုကို ဖြစ်နေပြီ။ တချို့ပရိသတ်တွေကဆိုကျွန်တော့်ကို
ကိုထူးခန့်နဲ့ ရုပ်ချင်းပါဆင် လာတယ်။ အမူအရာပါ တူလာတယ်လို့ ပြောကြတယ်။ ဝိပါကမှာ သူနဲ့ သားအဖအဖြစ် သရုပ်ဆောင်ရတော့ သူတို့က ဝါရင့် စီနီယာကြီးတွေဆိုတော့ အနုပညာဝမ်းစာက အပြည့်ပဲလေ။
သူတို့နဲ့တွဲသရုပ်ဆောင်ဖို့ ကျွန်တော့်ဘက်က ကြိုတင်ပြင်ဆင်ရတာတွေ အများကြီးရှိတယ်” ဆိုပြီး ပြောလာခဲ့သလို “ကိုထူးခန့်နဲ့က ဒီကားမှာက ကျနော်တို့က သားအဖေပေါ့။ အစထဲကလည်း ကျနော်တို့က
အပြင်မှာလည်း မမှီဝဲနဲ့ ကင်းအောင်နေ ပြီးထဲက ညီအစ်ကိုလိုကနေပြီးတော့အခုနောက်ပိုင်း ဆိုရင် ဆွေမျိုးအရင်းကြီးလို နောက်ပြီး သားအဖလို ဖြစ်သွားတာ။သားအဖလိုဖြစ်သွားတဲ့ အတွက်
ဒီကားရိုက်တဲ့အချိန်မှာ ကျနော်တို့အတွက် စိမ်းမနေတော့ဘူး။ အပြင်မှာလည်း သားအဖလိုနေတယ်။ အခု ဇာတ်ကားကျတော့လည်း သားအဖ ဆိုတော့ ဘယ်လိုပြောမလဲ
သွေးက စကားပြောတဲ့ ပုံစံမျိုးပေါ့နော်။ တစ်ယောက်နဲ့ တစ်ယောက်က အေးအေးဆေးဆေးပဲ။ သားအဖ အရင်း ပုံစံကို ဖြစ်နေတာပါဗျာ”ဆိုပြီး သရုပ်ဆောင်မင်းသားကြီး ထူးခန့်ကျော်နဲ့
သူနဲ့ကြားက နွေးထွေးလွန်းလှတဲ့ ဆက်ဆံရေးအကြောင်းကို ပရိသတ်တို့အား ဖွင့်ဟကာ ပြောပြလို့ လာခဲ့တာ ဖြစ်ပါတယ်နော် ပရိသတ်ကြီး။ မင်းသားကြီး ထူးခန့်ကျော်ကလည်းပြီးခဲ့တဲ့ရက်ပိုင်းက
အင်တာဗျူးတစ်ခုမှာ သုတအောင် မင်းသားဖြစ်ဖို့အတွက် ယခု ဝိပါကဇာတ်ကားကို ပါဝင်ရိုက်ကူး ပေးခဲ့တာဖြစ်ကြောင်း ဖွင့်ဟလို့ ပြောခဲ့သေးတာဖြစ်တဲ့အတွက် ပရိသတ်အချစ်တော်
မင်းသားကြီးနဲ့ တက်သစ်စ မင်းသားလေးတို့ နှစ်ဦးရဲ့ နွေးထွေးရင်းနှီးကြတဲ့ ဆက်ဆံရေးဟာ တကယ့်ကို မြင်ရကြားရတဲ့ ပရိသတ်တွေအတွက် ကြည်နူးအားရ ဝမ်းမြောက်စရာ ပါပဲနော်။
ဖတ်ရှု့အားပေးနေကြတဲ့ ပရိသတ်ကြီးတို့ထဲမှာကော ယခုထုတ်လွှင့် ပြသနေတဲ့ ဝိပါကဇာတ်လမ်းတွဲကြီးကို ကြည့်ရှု့ကာ ထူးခန့်ကျော်နဲ့ သုတအောင်ကို အားပေးနေကြတဲ့ ပရိသတ်တွေ ပါလား ပြောခဲ့ပေးကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*