သရုပ်ဆောင် နေမျိုးအောင်ဟာဆိုရင် ဝါရင့် သရုပ်ဆောင်တစ်ယောက်ဖြစ်သလို သူ့ရဲ့ဇနီး မသန္တာဟာလည်း တချိန်က သရုပ်ဆောင်တစ်ယောက်ဖြစ်ခဲ့ဖူးပြီး
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အခုဆိုရင် အာဗြဲစိန် ဆိုတဲ့ နာမည်နဲ့ ဖေ့စ်ဘုတ်ဆယ်လီဖြစ်လို့နေတာပဲ ဖြစ်ပါတယ်။ နေမျိုးအောင်တို့ ဇနီးမောင်နှံဟာ သားနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သားကြီးမင်းထိုက်ဟာဆိုရင်
အဖေနဲ့အမေတို့ရဲ့သားပီပီ သရုပ်ဆောင်အလုပ်ကိုဝါသနာပါပြီး တက်သစ်စသရုပ်ဆောင်တစ်ယောက်အဖြစ် ရပ်တည်နေတာပဲဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းထိုက်ဟာ
သူ့ကို နောက်ဆုံးပေါ် iPhone ဝယ်ပေးတဲ့ အဖေနဲ့အမေကို “ကျေးဇူးပါ ဖေဖေနဲ့မေမေ ဖုန်းအစုညတ်မှန်ကွဲလေး ကိုင်နေတာမြင်တော့ ‘’ဘာလို့ မေမေတို့ ကိုမပြောတာလဲဆိုပြီး “
အဝေးရောက်နေတာတောင် suprise လှမ်းလုပ်ပေးလို့ ကျေးဇူးပါဖေနဲ့မေ (သားတို့အတွက်က ဒါတွေမလိုပါဘူး မေမေနဲ့ဖေဖေ တစ်သက်လုံးအခုလိုအမြဲအတူရှိပေးနေရင်ကျေနပ်ပါပြီ” ဆိုပြီး
ကျေးဇူးတင်စကားပြောခဲ့ပါတယ်။ နေမျိုးအောင်တို့ဇနီးမောင်နှံကတော့ သားသမီးအပေါ်မှာ တာဝန်ကျေပွန်တဲ့ မိဘတွေဖြစ်ပြီး သားသမီး မျက်နှာတချက်မညိုးရအောင်
ဖန်တီးပေးတတ်တဲ့ မိဘတွေပဲဖြစ်ပါတယ်။ နေမျိုးအောင်တို့ မိသားစုလေး အခုလိုပဲ အမြဲထာဝရပျော်ရွှင်ချမ်းမြေ့ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply