ဘာအနုပညာမှမပါပဲ သဘာဝပုံစံလေးနဲ့အသက် (၁၆) နှစ်အရွယ်က မဂ္ဂဇင်းမျက်နှာဖုံးရှင်ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ စန္ဒီမြင့်လွင်
အဆိုတော် သရုပ်ဆောင် စန္ဒီမြင့်လွင်ကတော့ အနုပညာလောကမှာ နာမည်ကြီးတဲ့ သရုပ်ဆောင်တစ်ယောက်ပါပဲ။ စန္ဒီမြင့်လွင်ဟာ အခုဆိုရင်
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သာယာတဲ့အိမ်ထောင်တစ်ခုကို တည်ဆောက်ထားလျက်ရှိပြီး အနုပညာအလုပ်တွေကိုလည်း အချိန်ပေးလုပ်ကိုင်နေလျက်ရှိပါတယ်။ လက်ရှိမှာ အသက်သုံးဆယ်ကျော်အရွယ်
ရောက်ရှိနေပြီဖြစ်တဲ့ စန္ဒီမြင့်လွင်ဟာ ဒီကနေ့မှာတော့ အသက် (၁၆) နှစ်အရွယ်က ရိုက်ကူးခဲ့တဲ့ ဓာတ်ပုံလေးအကြောင်းကို ပြောပြလာခဲ့ပါတယ်။ စန္ဒီမြင့်လွင်က “2003တုန်းက ယူတို့အသက်ဘယ်လောက်လဲ
မမကတော့၁၆နှစ်သမီးလေးပေါ့။ ဓါတ်ပုံစရိုက်တာ အနှစ်၂၀ရှိတော့မှာပဲ အနုပညာအလုပ်စလုပ်တယ်လို့တော့မသုံး ချင်ဘူးနော် ဘာအနုပညာမှမပါပဲ ဓါတ်ပုံဆရာနဲ့မိတ်ကပ်အစွမ်းကြောင့်ကြည့်ကောင်းနေခဲ့တာပါ။
ဒီလိုမဂ္ဂဇင်းထဲပါခွင့်ပေးတဲ့ ဘဘဦးဝင်းငြိမ်းနဲ့တကွအားလုံးကိုကျေးဇူးတင်ပါတယ် Make up မာမီအောင်၊ ဓါတ်ပုံ ဦးပီတာ အမှတ်တရလေးတွေပေါ့” ဆိုပြီး 2003 ခုနှစ်က
မဂ္ဂဇင်းမျက်နှာဖုံးရှင်ဖြစ်ခဲ့ဖူးတဲ့ အမှတ်တရလေးကို ပြသလာပါတယ်။စန္ဒီမြင့်လွင်ကတော့ အသက် (၁၆) နှစ်အရွယ်က ဘာအနုပညာမှမပါပဲ သဘာဝပုံစံလေးနဲ့ အရမ်းချစ်စရာကောင်းတာပဲနော်။
စန္ဒီမြင့်လွင်ရဲ့သမီးလေး ထရက်ရှာကလည်း မေမေ့လိုပဲချစ်စရာကောင်းတာကြောင့် အနုပညာလောကထဲရောက်ရှိလာဦးမလားဆိုတာ စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*