
ကြံ့ဖွံ့ပါတီဥက္ကဋ္ဌရာထူးကနေ ဖယ်ပေးဖို့ သန်းဌေးခြိမ်းခြောက်ခံခဲ့ရတယ်ဆိုတဲ့ သတင်း အငြိမ်းစား စစ်တပ်အရာရှိအသိုင်းအဝိုင်းကြား ပျံ့နှံ့နေတယ်လို့ သိရပါတယ်။
မကြာသေးမီက ကြံ့ဖွံ့ဥက္ကဋ္ဌတာဝန်ကို ကျန်းမာရေးအကြောင်းပြချက်နဲ့ ခင်ရီထံ လွှဲပြောင်းပေးလိုက်ရတဲ့ သန်းဌေးဟာ မင်းအောင်လှိုင်ရဲ့ ခြိမ်းခြောက်မှုကြောင့် ရာထူးကနေ ဖယ်ပေးလိုက်ရခြင်း ဖြစ်ကြောင်း အငြိမ်း စားစစ်တပ်အရာရှိကြီးတစ်ဦးက ပြောပါတယ်။
“သန်းဌေးကလည်း သူ့ကိုယ်သူသမ္မတလောက် မှန်းထားတဲ့ကောင်။ ဟိုကောင်မင်းအောင်လှိုင်ကလည်း ထိန်းမနိုင် သိမ်းမရ သမ္မတရူးရူးနေတာဆိုတော့ သန်းဌေးက ပါတီကို အသုံးချပြီး မင်းအောင်လှိုင်သမ္မတဖြစ်မှာ မလိုလားဘူး။ သန်းဌေးနဲ့ မတည့်တဲ့ပါတီကကောင်တွေက မင်းအောင်လှိုင်ကို သွားကပ်တယ်။အဲဒါနဲ့ မင်းအောင်လှိုင်က တစ်ခွန်းတည်းပြောလိုက်တယ်။ ရွှေမန်းလို ဖြစ်ချင်သလားဆိုပြီး။ အဲဒီလိုသတင်းပြန့်လာတယ်။ မှန်လောက်တဲ့သတင်းလို့လည်း ယူဆတယ်” လို့ သူကပြောပါတယ်။
ခင်ရီကို စစ်အုပ်စုရဲ့ လဝကဝန်ကြီးအဖြစ်ကနေ အနား ယူခိုင်းပြီးမကြာခင် ကြံ့ဖွံ့ပါတီရဲ့ ခေတ္တဥက္ကဋ္ဌ ဖြစ်လာခြင်းဟာ မင်းအောင်လှိုင်က အစီအစဉ်ဖြစ်ကြောင်းလည်း ဆိုပါတယ်။
“မင်းအောင်လှိုင်က သူ့လူကို ကြံ့ဖွံ့ဥက္ကဋ္ဌပြန်လုပ်ခိုင်းတယ်ဆိုတာ ကြံ့ဖွံ့ကို သူလိုသလိုလုပ်ဖို့ အာဏာသိမ်းလိုက်တာပဲ။ မကြာခင် ကြံ့ဖွံ့ညီလာခံကျရင် ခင်ရီပဲ ဥက္ကဋ္ဌဖြစ်မှာပဲ” လို့ သူကပြောပါတယ်။
ကြံ့ဖွံ့ပါတီညီလာခံကို အောက်တိုဘာလ ၄ ရက်မှာ ပြုလုပ်မှာဖြစ်ပြီး ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးတို့ကို ပြန်လည်ရွေးချယ်ဖို့ရှိပါတယ်။ အဲဒီရွေးချယ်ပွဲမှာ ဖိအားပေးခံနေရတဲ့ ဦးသန်းဌေးကလည်း ဥက္ကဋ္ဌရာထူး ထပ်မံရွေးချယ်ခံဖို့ရှိပြီး ဦးခင်ရီကသာ အနိုင်ရမယ်လို့ အငြိမ်းစားအရာရှိကြီးကဆက်ပြောပါတယ်။
“တစ်ကမ္ဘာလုံးက လွတ်လပ်တယ်မျှတတယ်ပြောကြတဲ့ ၂၀၂၀ ရွေးကောက်ပွဲကိုတောင် မင်းအောင်လှိုင်က မဲလိမ်တယ်လုပ်သေးတာလေ။ ဒီကြံ့ဖွံ့ဥက္ကဋ္ဌရွေးတာလောက်က အေးဆေးပဲ” လို့ သူကဆိုပါတယ်။
ဦးရွှေမန်းဟာ ၂၀၁၅ ခုနှစ် ဩဂုတ်လ ၁၂ ရက်က ကြံ့ဖွံ့ပါတီ တွဲဖက်ဥက္ကဋ္ဌအဖြစ်ကနေ အများသဘောဆန္ဒမပါဘဲ ထုတ်ပယ်ခြင်းခံခဲ့ရပြီး သန်းခေါင်ယံ အာဏာ သိမ်းပွဲအဖြစ် ကျော်ကြားခဲ့ပါတယ်။အဲဒီအာဏာသိမ်းပွဲကို အဲဒီကာလ သမ္မတသိန်းစိန်ရဲ့အုပ်စုဝင်တွေနဲ့ ကာချုပ်မင်းအောင်လှိုင်တို့ ပူးပေါင်းကာ လက်နက်အားကိုးနဲ့ အာဏာသိမ်းခဲ့တာလို့ အများက ရှုမြင်ကြပါတယ်။
ကိုလင်း
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ႀကံ့ဖြံ႕ဥကၠ႒ ရာထူးကေန ဖယ္ေပးဖို႔ သန္းေဌးကို မင္းေအာင္လွိုင္ၿခိမ္းေျခာက္ခဲ့တယ္လို႔ ေျပာ
ႀကံ့ဖြံ႕ပါတီဥကၠ႒ရာထူးကေန ဖယ္ေပးဖို႔ သန္းေဌးၿခိမ္းေျခာက္ခံခဲ့ရတယ္ဆိုတဲ့ သတင္း အၿငိမ္းစား စစ္တပ္အရာရွိအသိုင္းအဝိုင္းၾကား ပ်ံ့ႏွံ႕ေနတယ္လို႔ သိရပါတယ္။
မၾကာေသးမီက ႀကံ့ဖြံ႕ဥကၠ႒တာဝန္ကို က်န္းမာေရးအေၾကာင္းျပခ်က္နဲ႕ ခင္ရီထံ လႊဲေျပာင္းေပးလိုက္ရတဲ့ သန္းေဌးဟာ မင္းေအာင္လွိုင္ရဲ႕ ၿခိမ္းေျခာက္မႈေၾကာင့္ ရာထူးကေန ဖယ္ေပးလိုက္ရျခင္း ျဖစ္ေၾကာင္း အၿငိမ္း စားစစ္တပ္အရာရွိႀကီးတစ္ဦးက ေျပာပါတယ္။
“သန္းေဌးကလည္း သူ႕ကိုယ္သူသမၼတေလာက္ မွန္းထားတဲ့ေကာင္။ ဟိုေကာင္မင္းေအာင္လွိုင္ကလည္း ထိန္းမနိုင္ သိမ္းမရ သမၼတ႐ူး႐ူးေနတာဆိုေတာ့ သန္းေဌးက ပါတီကို အသုံးခ်ၿပီး မင္းေအာင္လွိုင္သမၼတျဖစ္မွာ မလိုလားဘူး။ သန္းေဌးနဲ႕ မတည့္တဲ့ပါတီကေကာင္ေတြက မင္းေအာင္လွိုင္ကို သြားကပ္တယ္။အဲဒါနဲ႕ မင္းေအာင္လွိုင္က တစ္ခြန္းတည္းေျပာလိုက္တယ္။ ေ႐ႊမန္းလို ျဖစ္ခ်င္သလားဆိုၿပီး။ အဲဒီလိုသတင္းျပန႔္လာတယ္။ မွန္ေလာက္တဲ့သတင္းလို႔လည္း ယူဆတယ္” လို႔ သူကေျပာပါတယ္။
ခင္ရီကို စစ္အုပ္စုရဲ႕ လဝကဝန္ႀကီးအျဖစ္ကေန အနား ယူခိုင္းၿပီးမၾကာခင္ ႀကံ့ဖြံ႕ပါတီရဲ႕ ေခတၱဥကၠ႒ ျဖစ္လာျခင္းဟာ မင္းေအာင္လွိုင္က အစီအစဥ္ျဖစ္ေၾကာင္းလည္း ဆိုပါတယ္။
“မင္းေအာင္လွိုင္က သူ႕လူကို ႀကံ့ဖြံ႕ဥကၠ႒ျပန္လုပ္ခိုင္းတယ္ဆိုတာ ႀကံ့ဖြံ႕ကို သူလိုသလိုလုပ္ဖို႔ အာဏာသိမ္းလိုက္တာပဲ။ မၾကာခင္ ႀကံ့ဖြံ႕ညီလာခံက်ရင္ ခင္ရီပဲ ဥကၠ႒ျဖစ္မွာပဲ” လို႔ သူကေျပာပါတယ္။
ႀကံ့ဖြံ႕ပါတီညီလာခံကို ေအာက္တိုဘာလ ၄ ရက္မွာ ျပဳလုပ္မွာျဖစ္ၿပီး ပါတီဥကၠ႒၊ ဒုဥကၠ႒နဲ႕ အတြင္းေရးမႉးတို႔ကို ျပန္လည္ေ႐ြးခ်ယ္ဖို႔ရွိပါတယ္။ အဲဒီေ႐ြးခ်ယ္ပြဲမွာ ဖိအားေပးခံေနရတဲ့ ဦးသန္းေဌးကလည္း ဥကၠ႒ရာထူး ထပ္မံေ႐ြးခ်ယ္ခံဖို႔ရွိၿပီး ဦးခင္ရီကသာ အနိုင္ရမယ္လို႔ အၿငိမ္းစားအရာရွိႀကီးကဆက္ေျပာပါတယ္။
“တစ္ကမာၻလုံးက လြတ္လပ္တယ္မွ်တတယ္ေျပာၾကတဲ့ ၂၀၂၀ ေ႐ြးေကာက္ပြဲကိုေတာင္ မင္းေအာင္လွိုင္က မဲလိမ္တယ္လုပ္ေသးတာေလ။ ဒီႀကံ့ဖြံ႕ဥကၠ႒ေ႐ြးတာေလာက္က ေအးေဆးပဲ” လို႔ သူကဆိုပါတယ္။
ဦးေ႐ႊမန္းဟာ ၂၀၁၅ ခုႏွစ္ ဩဂုတ္လ ၁၂ ရက္က ႀကံ့ဖြံ႕ပါတီ တြဲဖက္ဥကၠ႒အျဖစ္ကေန အမ်ားသေဘာဆႏၵမပါဘဲ ထုတ္ပယ္ျခင္းခံခဲ့ရၿပီး သန္းေခါင္ယံ အာဏာ သိမ္းပြဲအျဖစ္ ေက်ာ္ၾကားခဲ့ပါတယ္။အဲဒီအာဏာသိမ္းပြဲကို အဲဒီကာလ သမၼတသိန္းစိန္ရဲ႕အုပ္စုဝင္ေတြနဲ႕ ကာခ်ဳပ္မင္းေအာင္လွိုင္တို႔ ပူးေပါင္းကာ လက္နက္အားကိုးနဲ႕ အာဏာသိမ္းခဲ့တာလို႔ အမ်ားက ရႈျမင္ၾကပါတယ္။
ကိုလင္း
Leave a Reply