လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲဖို့ အိပ်မက် မင်းအောင်လှိုင် ဆက်မက်နေ၊ နိုင်ငံခြားက စက်သုံးဆီ တင်သွင်းရတာ သက်သာဖို့ မန္တလေးကလူတွေ ဆိုင်ကယ်စီးတာ လျော့ဖို့ ပြော

အာဏာသိမ်းပြီးနောက် မကြာခဏ ပြောလေ့ရှိသလို ပြည်တွင်းမှာ လျှပ်စစ်ကားတွေ၊ လျှပ်စစ်ရထားတွေ ထုတ်လုပ် အသုံးပြု ပြေးဆွဲနိုင်ဖို့ စိတ်ကူးကို မင်းအောင်လှိုင်က လက်မလျှော့သေးဘူးလို့ သူနဲ့တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ မန္တလေးက စီးပွါးရေးသမားတွေက ပြောပါတယ်။

ပြည်သူတွေအတွက် လျှပ်စစ်ရထား၊ လျှပ်စစ်ကားတွေနဲ့ မြေအောက်ရထားတွေ ပြေးဆွဲဖို့ မင်းအောင်လှိုင်က မကြာခဏ ပြောဆိုနေပြီး စက်တင်ဘာ(၂၉)ရက်က မန္တလေးက စီးပွားရေးသမားတွေနဲ့ တွေ့ဆုံရာမှာလည်း လျှပ်စစ်ကားနဲ့ လျှပ်စစ်ရထား ပြေးဆွဲဖို့ ကြိုးစားနေကြောင်း ထည့်ပြောသွားတယ်လို့ လုပ်ငန်းရှင်တစ်ဦးက ဆိုပါတယ်။

“ သူပြောသွားတာတွေမှာ ပြည်ပက လာပြီး ရင်းနှီး မြှုပ်နှံမှုတွေ အတွက် သဘာတူထားပြီး ပြီလို့ ပြောတယ်၊ ပို့ဆောင်ရေးအတွက် လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေကို ဆွဲမယ်လို့ ပြောပြီး ဘယ်မှာ လုပ်မယ် ဆိုတာမျိုးတော့ မပြောဘူး။ နောက်ပြီး မန္တလေးမှာ မီးအပြည့်အဝ ရရှိဖို့ လုပ်ဆောင်နေတယ် ဆိုတာမျိုးတွေလည်း ပြောသွားတယ် “ လို့ အဲဒီ လုပ်ငန်းရှင်က ပြောပါတယ်။

အာဏာသိမ်းပြီးစ မနှစ်က မန္တလေးမြို့ကို လာရောက်ချိန်ကလည်း လျှပ်စစ်ရထားနဲ့ လျှပ်စစ်ကားတွေ ပြေးဆွဲဖို့ လုပ်ဆောင်ရမယ်လို့ မင်းအောင်လှိုင်က ပြောဆိုဖူးပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံ အနေနဲ့ နှစ်စဉ် အမေရိကန်ဒေါ် လာ နှစ်ဘီလီယံ (သိန်း၂၀၀၀)ဖိုး အသုံးပြုပြီး နိုင်ငံ ခြားကနေ စက်သုံးဆီ ဝယ်ယူ တင်သွင်းနေရကြောင်းနှင့် အဲ့တာကို လျော့ချနိုင်ဖို့အတွက် လျှပ်စစ်အစားထိုး အသုံးပြုနိုင်တဲ့ စက်ကိရိယာတွေ ပြောင်းလဲ အသုံးပြုကြရမယ်လို့ မင်းအောင်လှိုင်က မန္တလေးမှာ ပြောဆိုခဲ့ကြောင်း စစ်အာဘော် သတင်းစာတွေက ဖော်ပြပါတယ်။

တစ်နိုင်ငံလုံးမှာ မော်တော်ဆိုင်ကယ် အစီးရေ ခြောက်သန်းခန့် ရှိနေပြီး နိုင်ငံခြားကနေ စက်သုံးဆီ တင်သွင်းတာ လျှော့ချနိုင်ဖို့ မန္တလေးက လူတွေအပါအဝင် ဆိုင်ကယ်စီးသူတွေ ဆိုင်ကယ်စီးတာ လျှော့ဖို့လိုပြီး နေ့စဉ် စက်သုံးဆီ သုံးစွဲမှု လျှော့ချနိုင်မယ်ဆိုရင် ဆီတင်သွင်းရမှုလည်း လျှော့ချနိုင်မှာဖြစ်တယ်လို့ မင်းအောင်လှိုင်က ပြောဆို သွားပါတယ်။

ရေအားလျှပ်စစ်နှင့် နျူကလီးယား စွမ်းအင်ကနေ လျှ ပ်စစ်ဓာတ်အား ရရှိဖို့ လုပ်ဆောင်နေသလို နေရော င်ခြည်သုံး စွမ်းအင်ကနေ လျှပ်စစ်ဓာတ်အား ရဖို့လည်း စီမံကိန်းတွေ အကောင်အထည် ဖော်နေတယ်လို့ မင်းအောင်လှိုင်က သူ့ကို ဂါရဝပြု လာတွေ့တဲ့ မန္တလေးက စီးပွားရေးသမားတွေကို ပြောဆိုသွားတယ်လို့ သတင်း ရရှီပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

လွ်ပ္စစ္ကားနဲ႕ လွ်ပ္စစ္ရထား ေျပးဆြဲဖို႔ အိပ္မက္ မင္းေအာင္လွိုင္ ဆက္မက္ေန၊ နိုင္ငံျခားက စက္သုံးဆီ တင္သြင္းရတာ သက္သာဖို႔ မႏၲေလးကလူေတြ ဆိုင္ကယ္စီးတာ ေလ်ာ့ဖို႔ ေျပာ

အာဏာသိမ္းၿပီးေနာက္ မၾကာခဏ ေျပာေလ့ရွိသလို ျပည္တြင္းမွာ လွ်ပ္စစ္ကားေတြ၊ လွ်ပ္စစ္ရထားေတြ ထုတ္လုပ္ အသုံးျပဳ ေျပးဆြဲနိုင္ဖို႔ စိတ္ကူးကို မင္းေအာင္လွိုင္က လက္မေလွ်ာ့ေသးဘူးလို႔ သူနဲ႕ေတြ႕ဆုံပြဲကို တက္ေရာက္ခဲ့တဲ့ မႏၲေလးက စီးပြါးေရးသမားေတြက ေျပာပါတယ္။

ျပည္သူေတြအတြက္ လွ်ပ္စစ္ရထား၊ လွ်ပ္စစ္ကားေတြနဲ႕ ေျမေအာက္ရထားေတြ ေျပးဆြဲဖို႔ မင္းေအာင္လွိုင္က မၾကာခဏ ေျပာဆိုေနၿပီး စက္တင္ဘာ(၂၉)ရက္က မႏၲေလးက စီးပြားေရးသမားေတြနဲ႕ ေတြ႕ဆုံရာမွာလည္း လွ်ပ္စစ္ကားနဲ႕ လွ်ပ္စစ္ရထား ေျပးဆြဲဖို႔ ႀကိဳးစားေနေၾကာင္း ထည့္ေျပာသြားတယ္လို႔ လုပ္ငန္းရွင္တစ္ဦးက ဆိုပါတယ္။

“ သူေျပာသြားတာေတြမွာ ျပည္ပက လာၿပီး ရင္းႏွီး ျမႇုပ္ႏွံမႈေတြ အတြက္ သဘာတူထားၿပီး ၿပီလို႔ ေျပာတယ္၊ ပို႔ေဆာင္ေရးအတြက္ လွ်ပ္စစ္ရထားနဲ႕ လွ်ပ္စစ္ကားေတြကို ဆြဲမယ္လို႔ ေျပာၿပီး ဘယ္မွာ လုပ္မယ္ ဆိုတာမ်ိဳးေတာ့ မေျပာဘူး။ ေနာက္ၿပီး မႏၲေလးမွာ မီးအျပည့္အဝ ရရွိဖို႔ လုပ္ေဆာင္ေနတယ္ ဆိုတာမ်ိဳးေတြလည္း ေျပာသြားတယ္ “ လို႔ အဲဒီ လုပ္ငန္းရွင္က ေျပာပါတယ္။

အာဏာသိမ္းၿပီးစ မႏွစ္က မႏၲေလးၿမိဳ႕ကို လာေရာက္ခ်ိန္ကလည္း လွ်ပ္စစ္ရထားနဲ႕ လွ်ပ္စစ္ကားေတြ ေျပးဆြဲဖို႔ လုပ္ေဆာင္ရမယ္လို႔ မင္းေအာင္လွိုင္က ေျပာဆိုဖူးပါတယ္။

ဒါ့အျပင္ ျမန္မာနိုင္ငံ အေနနဲ႕ ႏွစ္စဥ္ အေမရိကန္ေဒၚ လာ ႏွစ္ဘီလီယံ (သိန္း၂၀၀၀)ဖိုး အသုံးျပဳၿပီး နိုင္ငံ ျခားကေန စက္သုံးဆီ ဝယ္ယူ တင္သြင္းေနရေၾကာင္းႏွင့္ အဲ့တာကို ေလ်ာ့ခ်နိဳင္ဖို႔အတြက္ လွ်ပ္စစ္အစားထိုး အသုံးျပဳနိုင္တဲ့ စက္ကိရိယာေတြ ေျပာင္းလဲ အသုံးျပဳၾကရမယ္လို႔ မင္းေအာင္လွိုင္က မႏၲေလးမွာ ေျပာဆိုခဲ့ေၾကာင္း စစ္အာေဘာ္ သတင္းစာေတြက ေဖာ္ျပပါတယ္။

တစ္နိုင္ငံလုံးမွာ ေမာ္ေတာ္ဆိုင္ကယ္ အစီးေရ ေျခာက္သန္းခန႔္ ရွိေနၿပီး နိုင္ငံျခားကေန စက္သုံးဆီ တင္သြင္းတာ ေလွ်ာ့ခ်နိဳင္ဖို႔ မႏၲေလးက လူေတြအပါအဝင္ ဆိုင္ကယ္စီးသူေတြ ဆိုင္ကယ္စီးတာ ေလွ်ာ့ဖို႔လိုၿပီး ေန႕စဥ္ စက္သုံးဆီ သုံးစြဲမႈ ေလွ်ာ့ခ်နိဳင္မယ္ဆိုရင္ ဆီတင္သြင္းရမႈလည္း ေလွ်ာ့ခ်နိဳင္မွာျဖစ္တယ္လို႔ မင္းေအာင္လွိုင္က ေျပာဆို သြားပါတယ္။

ေရအားလွ်ပ္စစ္ႏွင့္ န်ဴကလီးယား စြမ္းအင္ကေန လွ် ပ္စစ္ဓာတ္အား ရရွိဖို႔ လုပ္ေဆာင္ေနသလို ေနေရာ င္ျခည္သုံး စြမ္းအင္ကေန လွ်ပ္စစ္ဓာတ္အား ရဖို႔လည္း စီမံကိန္းေတြ အေကာင္အထည္ ေဖာ္ေနတယ္လို႔ မင္းေအာင္လွိုင္က သူ႕ကို ဂါရဝျပဳ လာေတြ႕တဲ့ မႏၲေလးက စီးပြားေရးသမားေတြကို ေျပာဆိုသြားတယ္လို႔ သတင္း ရရွီပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*