
ဒေါ်လာနဲ့ ဘတ်ငွေ ဈေးနှုန်းတွေဟာ စက်တင်ဘာလ နောက်ဆုံးအပတ်စကပြီး တဖြည်းဖြည်း ပြန်လည် ကျဆင်းလာ ပေမယ့် အခြေခံစားသောက်ကုန်အပါအဝင် ကုန်ပစ္စည်း ဈေးနှုန်းတွေကတော့ ထင်သလောက် ကျဆင်းလာခြင်း မရှိသေးဘူးလို့ အိမ်ရှင်မတွေက ပြောပါတယ်။
ဒေါ်လာနဲ့ ဘတ်ငွေ ဈေးနှုန်းတွေဟာ စစ်တပ် အာဏာ သိမ်းပြီးနောက် တဖြည်းဖြည်း ပြန်လည် မြင့်တက်လာရာကနေ ဩဂုတ်လ နောက်ဆုံးအပတ်မှာတော့ တစ်ဒေါ်လာကို ကျပ်(၄၅၀၀)ဝန်းကျင်နဲ့ ထိုင်းတစ်ဘတ်ကို ကျပ်(၁၀၀) ဝန်းကျင်ထိ စံချိန်တင် ဈေးနှုန်း မြင့်တက်ခဲ့တာပါ။
လက်ရှိ စက်တင်ဘာလ နောက်ဆုံးပတ်မှာတော့ ဒေါ် လာ ဈေးနှုန်းဟာ တစ်ဒေါ်လာကို ကျပ်(၂၈၀၀) ဝန်း ကျင်ထိ ပြန်လည် ကျဆင်းခဲ့သလို ထိုင်းဘတ် ဈေး နှုန်းကလည်း တစ်ဘတ်ကို ကျပ်(၇၀) ဝန်းကျင်ထိ ပြန်လည်း ကျဆင်းလာတာ ဖြစ်ပါတယ်။
အခုလို ဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပေမယ့် အခြေခံစားသောက်ကုန် ဖြစ်တဲ့ ဆန်ဈေးနှုန်းဟာ ပေါ်ဆန်းမွှေး တစ်အိတ်ကို ကျပ် (၆၆၀၀၀) ကျော်၊ စားသုံးဆီ တစ်ပိဿာကို ကျပ် (၁၀၀၀၀) ဝန်းကျင်၊ ကြက်ဥတစ်လုံးကို ကျပ်(၂၅၀) ကျော်နဲ့ တခြား အခြေခံစားသောက်ကုန်တွေကလည်း အရင် တက်ခဲ့တဲ့ ဈေးအမြင့်အတိုင်းပဲ ဆက်ရှိနေတာပါ။
အခြေခံ စားသောက်ကုန် ဈေးနှုန်း မကျသေးဘဲ အရင်တက်ခဲ့တဲ့ ဈေးနှုန်းအတိုင်း ရှိနေတာကြောင့် အခြေခံလူတန်းစားပြည်သူတွေမှာ ထိခိုက်နစ်နာမှုတွေ ဖြစ်ပေါ်နေတယ်လို့ အိမ်ရှင်မ တစ်ဦးက ပြောပါတယ်။
“အခု ဟာတော့လေ ရွှေဈေးတို့ ဒေါ်လာဈေးတို့ တခြား ဈေးတွေ အကုန်လုံးက အရင်တုန်းက ထက်စာလို့ရှိရင် တော်တော်လေး ကျသွားတယ်ပေါ့နော်၊ ဒါပေမယ့် အခုဟာက အမတို့ အမြဲတမ်း စားသောက်နေရတဲ့ စားသောက်ကုန်တွေပေါ့နော် အဲ့တာတွေ အကုန်လုံးက ဈေးကလေ မကျတဲ့ အပြင် တချို့ဟာတွေ ပိုလို့တောင် တက်နေတဲ့ ပုံစံမျိုးတွေ ဖြစ်နေတယ်လေ၊
အဲ့တာက တက်တုန်းက ကျတော့လေ ဒေါ်လာဈေးတွေ ရွှေဈေးတွေ တက်လို့ဆိုလည်း ပြီးလည်းပြီးရော အကုန်လုံးက လိုက်တက် ကြတာပေါ့နော်၊ အခုဆိုလို ရှိရင် ဒေါ်လာဈေး ကျနေပြီး၊ အကျဈေး အတိုင်း သွားရတော့မှာပေါ့နော်၊ ဥပမာ အခုဆိုရင် ငရုတ်သီးတို့ ဆီတို့ အဲ့လောက်ကြီးလေ နို့ဆီဆို ပိုလို့တောင် တက်သွားသေးတယ်၊ ဆီတို့ဘာတို့ကလည်း အရမ်း ပြောပ လောက်အောင် မကျ သေးဘူးပေါ့နော်၊
သူတို့က ကျမယ်ဆိုလို့ရှိရင် အရှိန်ကို ဘယ်လောက်တောင် ယူမလည်းတော့ မသိဘူး၊ ဒါပေမယ့် ဒီကြားထဲမှာတော့ တကယ့် အမြဲ နေ့စဉ် စားသုံးနေရတဲ့ သာမန်လူတန်းစား အခြေခံ လူတန်းစား တွေကတော့ ထိတာပေါ့လေနော်”လို့ ဆိုပါတယ်။
ဒ့ါအပြင် ဒေါ်လာနဲ့ ဘတ်ငွေဈေးနှုန်းတွေ ကျဆင်းနေပေမယ့် ဈေးတွေ အပါအဝင် ကုန်တိုက်တွေမှာလည်း အခြေခံ စားသောက်ကုန်ပစ္စည်းတွေကို အရင်တက်ခဲ့တဲ့ ဈေးနှုန်း အတိုင်း ရောင်းချနေတာတွေ ရှိနေတယ်လို့ အိမ်ရှင်မတွေက ဆိုကြပါတယ်။
ဒေါ်လာနဲ့ဘတ်ဈေးနှုန်းတွေ ဆက်တိုက်ကျဆင်းနေပေမယ့် အခြေခံ စားသောက်ကုန် ဈေးနှုန်းတွေ ကျဆင်းခြင်း မရှိတာဟာ အရင် တက်ဈေးနဲ့ ဝယ်ထားရတာ ဖြစ်တာကြောင့် ဖြစ်သလို လမ်းခရီး ကြန့်ကြာပြီး ပစ္စည်း လိုသလောက် မရှိတာကြောင့် ဖြစ်တယ်လို့ ကုန်သည် တစ်ဦးက ပြောပါတယ်။
“ငွေဈေးက ဒီနေ့မှ နည်းနည်း ပြောင်းလဲတာ၊ ကျန်တဲ့ နေ့တွေက သိပ်မကျပါဘူး၊ အခုတော့ နည်းနည်း လိုက်ပြီးတော့ လက်ရှိတော့ ပစ္စည်းက နည်းနည်း သွားရေးလာရေး မိုးတွင်း ဖြစ်တာက တစ်ကြောင်း ကျွန်တော်တို့ ခုဏက ပြောတဲ့ တောလမ်း အခြေအနေက တစ်ကြောင်း ဒါကြောင့်ပါ၊ ပစ္စည်းက ရောက်ပြီးရင် အရင်လို (၂)ရက် တစ်ခေါက် (၃)ရက် တစ်ခေါက် မဟုတ်တော့ဘူး၊ အခုက (၄) (၅) (၆)ရက် ကြာမှ တစ်ခေါက် ရောက်တယ်၊
ဘာဖြစ်လို့ဆို ပစ္စည်းက လိုသလောက် မရှိဘူး၊ နောက်ဟိုဘက်က ငွေဈေး အရမ်းမာတော့ လက်ရှိ ဝယ်ထားတဲ့ သူတွေကလည်း အရင်ငွေဈေး အမာတွေနဲ့ ရထားတော့ ဒီအချိန်မှာ ဈေးလျော့ပြီး ရောင်းရင် အဆင်မပြေဘူးလေ၊ မပြေတော့ နည်းနည်း တင်းထားတာပေါ့၊ ပစ္စည်း မရှိလို့ပါ၊ ကားသွားရေး လာရေးကြောင့် ပစ္စည်း ထိန်းသိမ်းထားတဲ့ ပုံစံမျိုးပါ၊ အရင်လို တစ်ရက် တစ်ခေါက် သော်လည်ကောင်း (၂)ရက် တစ်ခေါက် သော်လည်ကောင်း ရောက်ရင်တော့ ကျမှာပေါ့”လို့ ဆိုပါတယ်။
အခြေခံစားသောက်ကုန် ဈေးနှုန်းတွေ ကျဆင်းခြင်း မရှိတာကြောင့် ပြည်သူတွေ အနေနဲ့ မဖြစ်မနေ လိုအပ်တဲ့ အခြေခံ စားသောက်ကုန်တွေကိုသာ ဝယ်ယူနိုင်တော့ သလို တစ်နေ့လုပ် တစ်နေ့စား အခြေခံ လူတန်းစား အနေနဲ့ ထမင်း တစ်နပ် လျော့စား ရတော့မယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
မွန်ပြည်နယ်မှာတော့ အခြေခံ စားသောက်ကုန်ဖြစ်တဲ့ စားသုံးဆီ၊ ခေါက်ဆွဲခြောက် အပါအဝင် စားသော က်ကုန် အမျိုးမျိုးကို ထိုင်းနိုင်ငံကနေ အဓိက တင်သွင်း နေရတာ ဖြစ်ပြီး မီးဖိုချောင်းသုံး ကုန်ပစ္စည်းတွေ ဖြစ်တဲ့ ကြက်သွန်၊ အာလူး အပါအဝင် ငရုတ်သီးတို့က အထက်အညာဒေသတွေကနေ အဓိက တင်သွင်းရောင်းချနေတာ ဖြစ်ပါတယ်။သတင်း – သံလွင်တိုင်းမ်
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ေဒၚလာနဲ႕ ဘတ္ေဈး ဆက္တိုက္က်ဆင္းလာေပမယ့္ ကုန္ေဈးႏႈန္း ျပန္မက်ေသး
ေဒၚလာနဲ႕ ဘတ္ေငြ ေဈးႏႈန္းေတြဟာ စက္တင္ဘာလ ေနာက္ဆုံးအပတ္စကၿပီး တျဖည္းျဖည္း ျပန္လည္ က်ဆင္းလာ ေပမယ့္ အေျခခံစားေသာက္ကုန္အပါအဝင္ ကုန္ပစၥည္း ေဈးႏႈန္းေတြကေတာ့ ထင္သေလာက္ က်ဆင္းလာျခင္း မရွိေသးဘူးလို႔ အိမ္ရွင္မေတြက ေျပာပါတယ္။
ေဒၚလာနဲ႕ ဘတ္ေငြ ေဈးႏႈန္းေတြဟာ စစ္တပ္ အာဏာ သိမ္းၿပီးေနာက္ တျဖည္းျဖည္း ျပန္လည္ ျမင့္တက္လာရာကေန ဩဂုတ္လ ေနာက္ဆုံးအပတ္မွာေတာ့ တစ္ေဒၚလာကို က်ပ္(၄၅၀၀)ဝန္းက်င္နဲ႕ ထိုင္းတစ္ဘတ္ကို က်ပ္(၁၀၀) ဝန္းက်င္ထိ စံခ်ိန္တင္ ေဈးႏႈန္း ျမင့္တက္ခဲ့တာပါ။
လက္ရွိ စက္တင္ဘာလ ေနာက္ဆုံးပတ္မွာေတာ့ ေဒၚ လာ ေဈးႏႈန္းဟာ တစ္ေဒၚလာကို က်ပ္(၂၈၀၀) ဝန္း က်င္ထိ ျပန္လည္ က်ဆင္းခဲ့သလို ထိုင္းဘတ္ ေဈး ႏႈန္းကလည္း တစ္ဘတ္ကို က်ပ္(၇၀) ဝန္းက်င္ထိ ျပန္လည္း က်ဆင္းလာတာ ျဖစ္ပါတယ္။
အခုလို ေဒၚလာနဲ႕ ဘတ္ေငြေဈးႏႈန္းေတြ ဆက္တိုက္က်ဆင္းေနေပမယ့္ အေျခခံစားေသာက္ကုန္ ျဖစ္တဲ့ ဆန္ေဈးႏႈန္းဟာ ေပၚဆန္းေမႊး တစ္အိတ္ကို က်ပ္ (၆၆၀၀၀) ေက်ာ္၊ စားသုံးဆီ တစ္ပိႆာကို က်ပ္ (၁၀၀၀၀) ဝန္းက်င္၊ ၾကက္ဥတစ္လုံးကို က်ပ္(၂၅၀) ေက်ာ္နဲ႕ တျခား အေျခခံစားေသာက္ကုန္ေတြကလည္း အရင္ တက္ခဲ့တဲ့ ေဈးအျမင့္အတိုင္းပဲ ဆက္ရွိေနတာပါ။
အေျခခံ စားေသာက္ကုန္ ေဈးႏႈန္း မက်ေသးဘဲ အရင္တက္ခဲ့တဲ့ ေဈးႏႈန္းအတိုင္း ရွိေနတာေၾကာင့္ အေျခခံလူတန္းစားျပည္သူေတြမွာ ထိခိုက္နစ္နာမႈေတြ ျဖစ္ေပၚေနတယ္လို႔ အိမ္ရွင္မ တစ္ဦးက ေျပာပါတယ္။
“အခု ဟာေတာ့ေလ ေ႐ႊေဈးတို႔ ေဒၚလာေဈးတို႔ တျခား ေဈးေတြ အကုန္လုံးက အရင္တုန္းက ထက္စာလို႔ရွိရင္ ေတာ္ေတာ္ေလး က်သြားတယ္ေပါ့ေနာ္၊ ဒါေပမယ့္ အခုဟာက အမတို႔ အၿမဲတမ္း စားေသာက္ေနရတဲ့ စားေသာက္ကုန္ေတြေပါ့ေနာ္ အဲ့တာေတြ အကုန္လုံးက ေဈးကေလ မက်တဲ့ အျပင္ တခ်ိဳ႕ဟာေတြ ပိုလို႔ေတာင္ တက္ေနတဲ့ ပုံစံမ်ိဳးေတြ ျဖစ္ေနတယ္ေလ၊
အဲ့တာက တက္တုန္းက က်ေတာ့ေလ ေဒၚလာေဈးေတြ ေ႐ႊေဈးေတြ တက္လို႔ဆိုလည္း ၿပီးလည္းၿပီးေရာ အကုန္လုံးက လိုက္တက္ ၾကတာေပါ့ေနာ္၊ အခုဆိုလို ရွိရင္ ေဒၚလာေဈး က်ေနၿပီး၊ အက်ေဈး အတိုင္း သြားရေတာ့မွာေပါ့ေနာ္၊ ဥပမာ အခုဆိုရင္ င႐ုတ္သီးတို႔ ဆီတို႔ အဲ့ေလာက္ႀကီးေလ နို႔ဆီဆို ပိုလို႔ေတာင္ တက္သြားေသးတယ္၊ ဆီတို႔ဘာတို႔ကလည္း အရမ္း ေျပာပ ေလာက္ေအာင္ မက် ေသးဘူးေပါ့ေနာ္၊
သူတို႔က က်မယ္ဆိုလို႔ရွိရင္ အရွိန္ကို ဘယ္ေလာက္ေတာင္ ယူမလည္းေတာ့ မသိဘူး၊ ဒါေပမယ့္ ဒီၾကားထဲမွာေတာ့ တကယ့္ အၿမဲ ေန႕စဥ္ စားသုံးေနရတဲ့ သာမန္လူတန္းစား အေျခခံ လူတန္းစား ေတြကေတာ့ ထိတာေပါ့ေလေနာ္”လို႔ ဆိုပါတယ္။
ဒ့ါအျပင္ ေဒၚလာနဲ႕ ဘတ္ေငြေဈးႏႈန္းေတြ က်ဆင္းေနေပမယ့္ ေဈးေတြ အပါအဝင္ ကုန္တိုက္ေတြမွာလည္း အေျခခံ စားေသာက္ကုန္ပစၥည္းေတြကို အရင္တက္ခဲ့တဲ့ ေဈးႏႈန္း အတိုင္း ေရာင္းခ်ေနတာေတြ ရွိေနတယ္လို႔ အိမ္ရွင္မေတြက ဆိုၾကပါတယ္။
ေဒၚလာနဲ႕ဘတ္ေဈးႏႈန္းေတြ ဆက္တိုက္က်ဆင္းေနေပမယ့္ အေျခခံ စားေသာက္ကုန္ ေဈးႏႈန္းေတြ က်ဆင္းျခင္း မရွိတာဟာ အရင္ တက္ေဈးနဲ႕ ဝယ္ထားရတာ ျဖစ္တာေၾကာင့္ ျဖစ္သလို လမ္းခရီး ၾကန႔္ၾကာၿပီး ပစၥည္း လိုသေလာက္ မရွိတာေၾကာင့္ ျဖစ္တယ္လို႔ ကုန္သည္ တစ္ဦးက ေျပာပါတယ္။
“ေငြေဈးက ဒီေန႕မွ နည္းနည္း ေျပာင္းလဲတာ၊ က်န္တဲ့ ေန႕ေတြက သိပ္မက်ပါဘူး၊ အခုေတာ့ နည္းနည္း လိုက္ၿပီးေတာ့ လက္ရွိေတာ့ ပစၥည္းက နည္းနည္း သြားေရးလာေရး မိုးတြင္း ျဖစ္တာက တစ္ေၾကာင္း ကြၽန္ေတာ္တို႔ ခုဏက ေျပာတဲ့ ေတာလမ္း အေျခအေနက တစ္ေၾကာင္း ဒါေၾကာင့္ပါ၊ ပစၥည္းက ေရာက္ၿပီးရင္ အရင္လို (၂)ရက္ တစ္ေခါက္ (၃)ရက္ တစ္ေခါက္ မဟုတ္ေတာ့ဘူး၊ အခုက (၄) (၅) (၆)ရက္ ၾကာမွ တစ္ေခါက္ ေရာက္တယ္၊
ဘာျဖစ္လို႔ဆို ပစၥည္းက လိုသေလာက္ မရွိဘူး၊ ေနာက္ဟိုဘက္က ေငြေဈး အရမ္းမာေတာ့ လက္ရွိ ဝယ္ထားတဲ့ သူေတြကလည္း အရင္ေငြေဈး အမာေတြနဲ႕ ရထားေတာ့ ဒီအခ်ိန္မွာ ေဈးေလ်ာ့ၿပီး ေရာင္းရင္ အဆင္မေျပဘူးေလ၊ မေျပေတာ့ နည္းနည္း တင္းထားတာေပါ့၊ ပစၥည္း မရွိလို႔ပါ၊ ကားသြားေရး လာေရးေၾကာင့္ ပစၥည္း ထိန္းသိမ္းထားတဲ့ ပုံစံမ်ိဳးပါ၊ အရင္လို တစ္ရက္ တစ္ေခါက္ ေသာ္လည္ေကာင္း (၂)ရက္ တစ္ေခါက္ ေသာ္လည္ေကာင္း ေရာက္ရင္ေတာ့ က်မွာေပါ့”လို႔ ဆိုပါတယ္။
အေျခခံစားေသာက္ကုန္ ေဈးႏႈန္းေတြ က်ဆင္းျခင္း မရွိတာေၾကာင့္ ျပည္သူေတြ အေနနဲ႕ မျဖစ္မေန လိုအပ္တဲ့ အေျခခံ စားေသာက္ကုန္ေတြကိုသာ ဝယ္ယူနိုင္ေတာ့ သလို တစ္ေန႕လုပ္ တစ္ေန႕စား အေျခခံ လူတန္းစား အေနနဲ႕ ထမင္း တစ္နပ္ ေလ်ာ့စား ရေတာ့မယ့္ အေျခအေနနဲ႕ ရင္ဆိုင္ေနရတာပါ။
မြန္ျပည္နယ္မွာေတာ့ အေျခခံ စားေသာက္ကုန္ျဖစ္တဲ့ စားသုံးဆီ၊ ေခါက္ဆြဲေျခာက္ အပါအဝင္ စားေသာ က္ကုန္ အမ်ိဳးမ်ိဳးကို ထိုင္းနိုင္ငံကေန အဓိက တင္သြင္း ေနရတာ ျဖစ္ၿပီး မီးဖိုေခ်ာင္းသုံး ကုန္ပစၥည္းေတြ ျဖစ္တဲ့ ၾကက္သြန္၊ အာလူး အပါအဝင္ င႐ုတ္သီးတို႔က အထက္အညာေဒသေတြကေန အဓိက တင္သြင္းေရာင္းခ်ေနတာ ျဖစ္ပါတယ္။သတင္း – သံလြင္တိုင္းမ္
Leave a Reply