ဒလန်အိမ်မီးမရတဲ့ကိစ္စနဲ့ အုပ်ချုပ်ရေးမှူးကို စစ်ကောင် စီတပ်က အုပ်စုလိုက်ထိုးကြိတ်လို့ အုပ်ကြီးဒဏ်ရာပြင်းထန်

ပဲခူးတိုင်း(အနောက်ခြမ်း)၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးကျော်ဦးကို စက်တင်ဘာလ ၂၉ ရက် မနေ့ညနေပိုင်းမှာ စစ်ကောင်စီတပ်အရာရှိနဲ့ တပ်သားတွေက ဝိုင်းဝန်းထိုးကြိတ်ခဲ့ကြတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ထောက်ကြန့်ကျေးရွာအုပ်စုထဲက တောင်ပြတ်သစ်ရွာမှာနေထိုင်တဲ့ စစ်တပ်သတင်းပေးဆိုသူ ဝင်းလှိုင်ရဲ့နေအိမ် မီးဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ မင်းလှအခြေစိုက် ခမရ ၅ တပ်ရင်းက ဗိုလ်မှူးသူရိန်ထွန်းနဲ့ နောက်လိုက်စစ်သားတွေက အုပ်ချုပ်ရေးမှူးကိုထိုးကြိတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်သတင်းပေး ဝင်းလှိုင်ရဲ့နေအိမ်က မီတာမခံဘဲတိုက်ရိုက်သွယ်တန်းထားလို့ မီးဖြတ်ခံထားရတာကို မီးလင်းအောင်လုပ်ပေးဖို့ဆိုပြီး စစ်တပ်ကိုခေါ်ယူပြီးပြောဆိုတာကို အုပ်ချုပ်ရေးမှူးက မီးဖြတ်တဲ့ကိစ္စကသူနဲ့မသက်ဆိုင်ဘူးလို့ ပြောဆိုလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝိုင်းပြီးထိုးကြိတ်တာလို့ ဒေသခံတဦးကပြောပါတယ်။

“ထိုးခံရတာက ထောက်ကြန့်အုပ်စုကအုပ်ကြီး။ သူနေတာက ဆင်အိုင်ချောင်းပေါက်ရွာ။ဖြစ်တာက တောင်ပြတ်သစ်ရွာက တပ်ထောက်ခံတဲ့ကောင် တပ်သတင်း ပေးဒလန်ကောင် သူကတပ်နဲ့ဆရာတပည့် အဲ့ဒီအရာရှိနဲ့ ဆွေမျိုးတော်တယ်လို့လည်းပြောတယ်။ သူကလူပါးဝပြီး မီတာမတက်အောင်ဆိုပြီး မီတာပုံးမခံဘဲနဲ့ တိုက်ရိုက်သွယ်ထားတာ။

အဲ့တာကို ကျေးရွာမီးလင်းရေးအဖွဲ့ကသိသွားလို့ သူ့အိမ်ကိုမီးဖြတ်လိုက်တာ၊ ရွာမီးလင်းရေးကော်မတီက။ အဲ့တာကို မီးလင်းအောင်ပြန်လုပ်ပေးဖို့ဆိုပြီး တပ်ကိုသွားခေါ်လာပြီး မီးလင်းအောင်ပြောခိုင်းတာ။ တပ်ကရောက်လာတော့ အုပ်ကြီးခေါ်ဆိုပြီး အုပ်စုအုပ်ကြီးကိုခေါ်ခိုင်းပြီး အဲ့ကောင်ရဲ့အိမ်ကိုမီးလင်းအောင်ပြန်လုပ်ပေးလိုက်ဆိုပြီးပြောတော့ အုပ်ကြီးက ဒါကသူနဲ့မဆိုင်ဘူး ကျေးရွာမီးလင်းရေးအဖွဲ့ကလုပ်တာ။

အဲ့ဒီမှာ မလုပ်ပေးရကောင်းလာဆိုပြီး စကားတွေများပြီး ခမရ ၅ တပ်ကအရာရှိနဲ့တပ်သားတွေကဝိုင်းထိုးတာ သတိတောင်မေ့တယ်” လို့ ဒေသခံတဦးကပြောပါတယ်။အုပ်ချုပ်ရေးမှူးထိုးကြိတ်ခံရစဉ် ရွာသားများမှ ရောက်ရှိလာပြီး တားဆီးခဲ့လို့ စစ်ကောင်စီတပ်သားတွေက သေနတ်တွေပစ်ခတ်လို့ ရွာသားတွေထွက် ပြေးခဲ့ရတယ်လို့ သူကဆက်လက်ပြောပါတယ်။

လက်ရှိမှာ အုပ်ချုပ်ရေးမှူး ဦးကျော်ဦးမှာ ဒဏ်ရာပြင်းထန်ပြီး စိုးရိမ်ရလို့ သာယာဝတီဆေးရုံကြီးမှာ ဆေးကုသမှုခံယူနေရတယ်လို့ သိရပါတယ်။

“ထိုးကြိတ်ပြီးတော့ သူတို့အုပ်ကြီး စစ်ကြောရေး ခေါ်မယ်ဆိုပြီး လမ်းမှာအပြတ်ရှင်းဖို့လုပ်တာ။ ဝိုင်းလုပ်ခံရထဲကအုပ်ကြီးက အခြေနေမကောင်းဘူး ဒဏ်ရာတွေက။ အုပ်ကြီးသတ်ခံရမယ်ဆိုတာကိုသိနေလို့ အုပ်ကြီးအကိုနဲ့သူ့သမီးက နောက်ကလိုက်ပြီး ဒူးထောက်ရှိခိုးတောင်းပန်လို့ မသေတာ။ သာယာဝတီဆေးရုံမှာကုနေတယ် ဒဏ်ရာတွေကတော့ လုံးဝမြင်မကောင်းဘူး။ သွားတွေပါကျိုးတာ” လို့ အဲ့ဒီဒေသခံက ဆက်ပြောပါတယ်။

ထောက်ကြန့်ကျေးရွာအုပ်စုမှာ ထောက်ကြန့်ရွာ တောင်ပြတ်ရွာသစ်ရွာ၊ တောင်ပြတ်ရွာမရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာနဲ့ သရော်ကုန်းရွာတို့ပါဝင်ပြီး ထိုးကြိတ်ခံရသူအုပ်ချုပ်ရေးမှူးဟာ အဲ့ဒီက ရွာ ၅ ရွာရဲ့ အုပ်ချုပ်ရေးမှူးလို့ သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဘဲ သာယာဝတီမြို့နယ်၊ သဲဖြူရွာက အုပ်ချုပ်ရေးမှူး ဆပ်ကြေးကိစ္စအတွက် စစ်ကောင်စီတပ်နဲ့ စကားများရန်ဖြစ်လို့ ထိုးကြိတ်ခံခဲ့ရပါသေးတယ်။#မြေလတ်အသံ

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ဒလန္အိမ္မီးမရတဲ့ကိစၥနဲ႕ အုပ္ခ်ဳပ္ေရးမႉးကို စစ္ေကာင္ စီတပ္က အုပ္စုလိုက္ထိုးႀကိတ္လို႔ အုပ္ႀကီးဒဏ္ရာျပင္းထန္

ပဲခူးတိုင္း(အေနာက္ျခမ္း)၊ သာယာဝတီခရိုင္၊ မင္းလွၿမိဳ႕နယ္၊ ေထာက္ၾကန႔္ေက်း႐ြာအုပ္စု အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဦးကို စက္တင္ဘာလ ၂၉ ရက္ မေန႕ညေနပိုင္းမွာ စစ္ေကာင္စီတပ္အရာရွိနဲ႕ တပ္သားေတြက ဝိုင္းဝန္းထိုးႀကိတ္ခဲ့ၾကတယ္လို႔ ေဒသခံေတြဆီက သိရပါတယ္။

ေထာက္ၾကန႔္ေက်း႐ြာအုပ္စုထဲက ေတာင္ျပတ္သစ္႐ြာမွာေနထိုင္တဲ့ စစ္တပ္သတင္းေပးဆိုသူ ဝင္းလွိုင္ရဲ႕ေနအိမ္ မီးျဖတ္ခံရတဲ့ကိစၥနဲ႕ပတ္သက္လို႔ မင္းလွအေျခစိုက္ ခမရ ၅ တပ္ရင္းက ဗိုလ္မႉးသူရိန္ထြန္းနဲ႕ ေနာက္လိုက္စစ္သားေတြက အုပ္ခ်ဳပ္ေရးမႉးကိုထိုးႀကိတ္ခဲ့တာလို႔ ဆိုပါတယ္။

စစ္တပ္သတင္းေပး ဝင္းလွိုင္ရဲ႕ေနအိမ္က မီတာမခံဘဲတိုက္ရိုက္သြယ္တန္းထားလို႔ မီးျဖတ္ခံထားရတာကို မီးလင္းေအာင္လုပ္ေပးဖို႔ဆိုၿပီး စစ္တပ္ကိုေခၚယူၿပီးေျပာဆိုတာကို အုပ္ခ်ဳပ္ေရးမႉးက မီးျဖတ္တဲ့ကိစၥကသူနဲ႕မသက္ဆိုင္ဘူးလို႔ ေျပာဆိုလို႔ စစ္ေကာင္စီတပ္ဖြဲ႕ဝင္ေတြက ဝိုင္းၿပီးထိုးႀကိတ္တာလို႔ ေဒသခံတဦးကေျပာပါတယ္။

“ထိုးခံရတာက ေထာက္ၾကန႔္အုပ္စုကအုပ္ႀကီး။ သူေနတာက ဆင္အိုင္ေခ်ာင္းေပါက္႐ြာ။ျဖစ္တာက ေတာင္ျပတ္သစ္႐ြာက တပ္ေထာက္ခံတဲ့ေကာင္ တပ္သတင္း ေပးဒလန္ေကာင္ သူကတပ္နဲ႕ဆရာတပည့္ အဲ့ဒီအရာရွိနဲ႕ ေဆြမ်ိဳးေတာ္တယ္လို႔လည္းေျပာတယ္။ သူကလူပါးဝၿပီး မီတာမတက္ေအာင္ဆိုၿပီး မီတာပုံးမခံဘဲနဲ႕ တိုက္ရိုက္သြယ္ထားတာ။

အဲ့တာကို ေက်း႐ြာမီးလင္းေရးအဖြဲ႕ကသိသြားလို႔ သူ႕အိမ္ကိုမီးျဖတ္လိုက္တာ၊ ႐ြာမီးလင္းေရးေကာ္မတီက။ အဲ့တာကို မီးလင္းေအာင္ျပန္လုပ္ေပးဖို႔ဆိုၿပီး တပ္ကိုသြားေခၚလာၿပီး မီးလင္းေအာင္ေျပာခိုင္းတာ။ တပ္ကေရာက္လာေတာ့ အုပ္ႀကီးေခၚဆိုၿပီး အုပ္စုအုပ္ႀကီးကိုေခၚခိုင္းၿပီး အဲ့ေကာင္ရဲ႕အိမ္ကိုမီးလင္းေအာင္ျပန္လုပ္ေပးလိုက္ဆိုၿပီးေျပာေတာ့ အုပ္ႀကီးက ဒါကသူနဲ႕မဆိုင္ဘူး ေက်း႐ြာမီးလင္းေရးအဖြဲ႕ကလုပ္တာ။

အဲ့ဒီမွာ မလုပ္ေပးရေကာင္းလာဆိုၿပီး စကားေတြမ်ားၿပီး ခမရ ၅ တပ္ကအရာရွိနဲ႕တပ္သားေတြကဝိုင္းထိုးတာ သတိေတာင္ေမ့တယ္” လို႔ ေဒသခံတဦးကေျပာပါတယ္။အုပ္ခ်ဳပ္ေရးမႉးထိုးႀကိတ္ခံရစဥ္ ႐ြာသားမ်ားမွ ေရာက္ရွိလာၿပီး တားဆီးခဲ့လို႔ စစ္ေကာင္စီတပ္သားေတြက ေသနတ္ေတြပစ္ခတ္လို႔ ႐ြာသားေတြထြက္ ေျပးခဲ့ရတယ္လို႔ သူကဆက္လက္ေျပာပါတယ္။

လက္ရွိမွာ အုပ္ခ်ဳပ္ေရးမႉး ဦးေက်ာ္ဦးမွာ ဒဏ္ရာျပင္းထန္ၿပီး စိုးရိမ္ရလို႔ သာယာဝတီေဆး႐ုံႀကီးမွာ ေဆးကုသမႈခံယူေနရတယ္လို႔ သိရပါတယ္။

“ထိုးႀကိတ္ၿပီးေတာ့ သူတို႔အုပ္ႀကီး စစ္ေၾကာေရး ေခၚမယ္ဆိုၿပီး လမ္းမွာအျပတ္ရွင္းဖို႔လုပ္တာ။ ဝိုင္းလုပ္ခံရထဲကအုပ္ႀကီးက အေျခေနမေကာင္းဘူး ဒဏ္ရာေတြက။ အုပ္ႀကီးသတ္ခံရမယ္ဆိုတာကိုသိေနလို႔ အုပ္ႀကီးအကိုနဲ႕သူ႕သမီးက ေနာက္ကလိုက္ၿပီး ဒူးေထာက္ရွိခိုးေတာင္းပန္လို႔ မေသတာ။ သာယာဝတီေဆး႐ုံမွာကုေနတယ္ ဒဏ္ရာေတြကေတာ့ လုံးဝျမင္မေကာင္းဘူး။ သြားေတြပါက်ိဳးတာ” လို႔ အဲ့ဒီေဒသခံက ဆက္ေျပာပါတယ္။

ေထာက္ၾကန႔္ေက်း႐ြာအုပ္စုမွာ ေထာက္ၾကန႔္႐ြာ ေတာင္ျပတ္႐ြာသစ္႐ြာ၊ ေတာင္ျပတ္႐ြာမ႐ြာ၊ ဆင္အိုင္ေခ်ာင္းေပါက္႐ြာနဲ႕ သေရာ္ကုန္း႐ြာတို႔ပါဝင္ၿပီး ထိုးႀကိတ္ခံရသူအုပ္ခ်ဳပ္ေရးမႉးဟာ အဲ့ဒီက ႐ြာ ၅ ႐ြာရဲ႕ အုပ္ခ်ဳပ္ေရးမႉးလို႔ သိရပါတယ္။ၿပီးခဲ့တဲ့ရက္ပိုင္းကဘဲ သာယာဝတီၿမိဳ႕နယ္၊ သဲျဖဴ႐ြာက အုပ္ခ်ဳပ္ေရးမႉး ဆပ္ေၾကးကိစၥအတြက္ စစ္ေကာင္စီတပ္နဲ႕ စကားမ်ားရန္ျဖစ္လို႔ ထိုးႀကိတ္ခံခဲ့ရပါေသးတယ္။#ေျမလတ္အသံ

Be the first to comment

Leave a Reply

Your email address will not be published.


*