
ကျွန်မကိုလိမ်ညာသွားတဲ့ PDF လူလိမ်တစ်ယောက်အကြောင်းကို ပြောပြချင်ပါတယ်….
သူနဲ့ကျွန်မဟာ တစ်မြို့တည်းအတူနေတဲ့ကျောင်း နေဖက်သူငယ်ချင်းတွေပါ….ငယ်စဉ်ကတည်းက အတူသွား အတူလာခဲ့ကြပြီး 2018 မှာ ၁၀ တန်းကိုအတူအောင်ခဲ့ကြပါတယ်….ဒါ့ကြောင့်လည်း အကြိုက်လည်းတူ , စရိုက်လည်းတူတဲ့ ကျွန်မတို့နှစ်ယောက်ဟာ တက္ကသိုလ်တစ်ခုတည်းမှာ အတူတူတက်ခဲ့ကြတယ်လေ….
ဒီလိုနဲ့သူနဲ့ကျွန်မဟာ တက္ကသိုလ်ဒုတိယနှစ်အရောက် တစ်နေ့မှာပေါ့….ဟုတ်တယ်…..အဲ့ဒီ့နေ့ဟာကျွန်မဘဝမှာ ဘယ်သောအခါမှမေ့လို့မရတဲ့ နေ့တစ်နေ့… တက္က သိုလ်ကြီးထဲမှာရှိတဲ့ ထိုင်နေကြထိုင်ခုံမှာအတူထိုင်ရင်း သူကကျွန်မကို ….”ငါ နင့်ကိုအရမ်းချစ်တယ်ဟာ ….ငါ့ကို သူငယ်ချင်းအဆင့်ထက်ကျော်လွန်ပြီး ချစ်သူအဖြစ်လက်ခံပေးပါ…” လို့ပြောလာခဲ့တယ်….
ဪ ….. ကျွန်မလား ?သူ ကျွန်မကို ချစ်ခွင့်ပန်တာမအံ့ဩပါဘူး ….ကျွန်မ သိတာပေါ့ …လွန်ခဲ့တဲ့ ၃ လလောက်ကတည်းက ကျွန်မကြိုသိနေတယ်လေ….သူ့မျက်ဝန်းထဲက ကျွန်မကိုကြည့်တဲ့အကြည့်တွေဟာ သူငယ်ချင်းအဆင့်ထက် ကျော်လွန်နေပြီဆိုတာကိုပေါ့ ….သူနဲ့ကျွန်မဟာ ငယ်ပေါင်းကြီးဖော်တွေဆိုတော့သူ့အကြောင်းကို ကျွန်မကောင်းကောင်းသိတယ်လေ….
သူဟာ ရိုးသားတယ်….တစ်ဖက်သားကိုကူညီတတ်တယ်….သနားကြင်နာတတ်တယ်….အမှန်တရားကိုမြတ်နိုးတယ်….မတရားလုပ်တာတွေကို အရမ်းမုန်းတယ်….မတရားမှု့မှန်သမျှကိုလည်း တွန်းလှန်တတ်တယ်….အထူးသဖြင့်သူဟာ ပြောရင် ပြောတဲ့အတိုင်းလုပ်တတ်ပြီး အန်မတန်ကတိတည်တဲ့လူဆိုတာ ကျွန်မကောင်းကောင်းသိပါတယ်….
ဒီလိုလူမျိုးကိုမှ ကျွန်မရဲ့ဘဝကြင်ဖော်အဖြစ်မရွေးရင် ဘယ်လိုယောက်ျားမျိုးကို ကျွန်မရွေးရမှာလဲ….?ကျွန်မလည်း သူ့ကိုအရမ်းချစ်တာပေါ့….ဒါပေမဲ့ ကျွန်မကမိန်းမသားဆိုတော့ချက်ခြင်းအဖြေပြန်မပေးခဲ့ဘူး… မိန်းခလေးတို့ရဲ့သဘာဝ ဟန်လုပ်ရသေးတယ်လေ”ငါ့ကို စဉ်းစားချိန် ၁ လလောက်တော့ပေးပါဟာ”ဆိုပြီး မူပြရတာလဲ မိန်းမသားတို့ရဲ့သဘာဝမဟုတ်ပါလားရှင်….
ဒီလိုနဲ့နောက်တစ်လကြာတော့ သူနဲ့ကျွန်မဟာ ချစ်သူတွေဖြစ်သွားကြတယ်လေ….2021 ဖေဖော်ဝါရီလမှာ စစ်တပ်ကပြည်သူ့အာဏာကိုလုယူလိုက်တော့….ကျွန်မတို့ကျောင်းတွေဟာလည်းပိတ်ထားခဲ့ရတယ်ပေါ့… .2021 , May 5 ရက်နေ့မှာ သူနဲ့ကျွန်မ တွေ့ခဲ့ကြချိန်မှာ သူက …..”ငါ နင့်ကိုအရမ်းချစ်တယ်ဟာ…နင့်ကိုလည်း ငါမခွဲနိုင်ဘူး ….”
“ဒါပေမဲ့ ငါ့ရဲ့ယုံကြည်ရာနဲ့အမှန်တရားအတွက်တော် လှန်ရေးလုပ်ဖို့ ငါဆုံးဖြတ်ပြီးပြီ ….””နင် …. ငါနဲ့တပါတည်းလိုက်ခဲ့ပါနော် …..ဒီအရေးတော်ပုံကြီးပြီးရင် ငါ နင့်ကိုခမ်းခမ်းနားနားနဲ့ လက်ထပ်ယူပါ့မယ် …””ငါ့ဘဝကြီးထဲက နင့်ကိုဘယ်တော့မှထားမသွားပါဘူးဆိုတာ ငါ ကတိပေးပါတယ်”……..သူ့ရဲ့စကားအပြီးမှာတော့ ကျွန်မသူ့ကိုခေါင်းငြိမ့်ခဲ့တယ် …ဟုတ်တယ်….သူ့ကိုကျွန်မအကြွင်းမဲ့ယုံတယ်….ရည်းစားဘဝမှာ ကျွန်မအပေါ်ဘာအခွင့်အရေးမှမယူတဲ့သူ ….
ကျွန်မရဲ့လက်လေးကို မရဲ , တရဲကိုင်ခဲ့တဲ့သူ ….ကျွန်မအပေါ်မှာပြောခဲ့သလို သူဟာ မုသားမပြောတတ်တဲ့သူ …ကတိတည်တဲ့ယောက်ျားကောင်း ယောက်ျားမြတ်တစ်ယောက် ….ဒီလိုနဲ့ သူနဲ့ကျွန်မဟာ အာဏာရှင်ကိုအမြစ်နှုပ်ဖို့အတွက် လွတ်မြှောက်နယ်မြေတစ်ခုကို အတူသွားခဲ့ကြတယ်….
ဟိုရောက်တော့ သူလည်းစစ်သင်တန်းတက်သလိုကျွန် မလည်း သင်တန်းတက်ခဲ့ကြတယ်လေ….တစ်ပတ်မှ တစ်ရက်သာတွေ့ခွင့်ရချိန်လေးမှာကျွန်မကို သူဘယ် လောက်ချစ်ကြောင်းပြောတဲ့သူ …သူဘယ်လိုလွမ်းကြောင်း အလွမ်းတွေဖွဲ့တတ်တဲ့သူ ဒီလ 10 ရက့်နေ့က သူရှေ့တန်းစစ်မျက်နှာထွက်ခွါရတော့မဲ့အချိန် …သူက ကျွန်မကိုအမွှေးပွအရုပ်တစ်ခုကိုပေးပြီး ….
ငါ ရှေ့တန်းထွက်တဲ့အချိန်မှာ ငါ့ရဲ့ကိုယ်စားဒီအရုပ်လေးကိုပေးခဲ့မယ် …ငါ ပြန်လာတဲ့အခါ ငါ့ကိုအရင်ဆုံးလာတွေ့ပါနော် အောင်ပွဲတွေနဲ့ပြန်လာတဲ့အချိန်မှာ အရင်ဆုံးငါမြင်တဲ့သူဟာ နင်ပါနော် ….ကျွန်မရဲ့လက်ကိုဖွဖွလေးကိုင်းပြီး သူပြောခဲ့တယ်…ဒီလ 28 ရက်နေ့မှာ သူပြန်ရောက်ပြီဆိုတဲ့သတင်းကြားလို့ ကျွန်မ သူ့ဆီသွားခဲ့တယ်လေ….
သူဟာ အရမ်းပင်ပန်းနေလို့လားတော့မသိ….မလှုပ် မယှက်အိပ်စက်နေတယ်….ကျွန်မ သူ့ကိုအသံပြုလိုက်တယ်….ဟဲ့ …. ငါရောက်နေပြီလေ …ငါ့ကို စကားထပြောပါဦး ….ကျွန်မရဲ့ ငို့မဲ့မဲ့စကားသံတွေကိုသူဟာ မကြားဟန်ဆောင်နေဆဲပြီး ဆက်ပြီးအိပ်စက်နေတယ် ….ဒါ့ကြောင့်လည်း ကျွန်မခံနိုင်ရည်စွမ်းအားမရှိတော့တာကြောင့်….ရင်ထဲရှိတာတွေကိုပြောရင်း အားပါးတရငိုကြွေးလိုက်ပါတော့တယ်….
“နင် …. လူလိမ် …””တော်လှန်ရေးပြီးရင် ငါကိုလက်ထပ်ပါ့မယ်လို့ကတိပေးပြီး ကတိဖျက်ခဲ့လူလိမ် …””ငါ့ကို , နင့် ဘဝကြီးထဲကနေ ဘယ်တော့မှထားမသွားပါဘူးလို့ ပြောခဲ့တဲ့ လူညာ …”ငြိမ်သက်စွာလဲလှောင်းအိပ်စက်နေတဲ့သူ့ရဲ့ရင်ဘတ်ကိုလှုပ်နှိုးကာ အော်ဟစ်ငိုကြွေးပြောဆိုနေတဲ့ကျွန်မရဲ့အသံတွေကို သူကတော့ ဥပက္ခာ ပြုနေဆဲပါ….
ကျွန်မပြောသလို …တော်လှန်ရေးကြီးပြီးရင် ကျွန်မကိုလက်ထပ်မယ်လို့လိမ်ပြောခဲ့တဲ့လူလိမ် …ကျွန်မကို သူ့ဘဝကြီထဲကထားမသွာပါဘူးလို့ ညာပြောခဲ့တဲ့ လူညာ ….ကျွန်မရဲ့ အမေးကိုရှင်တို့အားလုံးဖြေပေးကြပါ ။
ကျွန်မ သူ့ကိုယိုးစွပ်သလို သူဟာကျွန်မအပေါ်မှာလိမ်ခဲ့ ညာခဲ့သူဆိုတာမှားနေပါသလား….?ဒီလောကကြီးမှာ ထားရစ်ခဲ့တဲ့သူနဲ့ကျန်ရစ်ခဲ့တဲ့သူ ဘယ်သူကပိုပြီးခံစားရပါသလဲ….?သူကလည်း မကြားဟန်ဆောင်ပြီးငြိမ်သက်စွာ မလှုပ်မယှက်အိပ်စက်နေဆဲ ။ကျွန်မကလည်း သူ့ကိုယ်စား သူပေးခဲ့တဲ့ အမွှေးပွအရုပ်လေးကိုပွေ့ဖက်ထားဆဲ ။ထို့အတူ … ကျွန်မမျက်ဝန်းထဲက မျက်ရည်တွေဟာလည်း မိုးနဲ့အပြိုင် ရွာသွန်းနေဆဲပေါ့ရှင် ။
စာကြွင်း – ယခုလ ၂၈ ရက်နေ့တွင် တိုင်းပြည်အတွက်အသက်ပေးသွားခဲ့သော PDF ရဲဘော်လေးအားရည်ညွှန်း၍ဂုဏ်ပြုရေးသားလိုက်ပါသည် ။Crd…Ko Nay Win #ddaychannel
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
“PDF လူလိမ္တစ္ေယာက္၏ အတၳဳပၸတၱိ”
ကြၽန္မကိုလိမ္ညာသြားတဲ့ PDF လူလိမ္တစ္ေယာက္အေၾကာင္းကို ေျပာျပခ်င္ပါတယ္….
သူနဲ႕ကြၽန္မဟာ တစ္ၿမိဳ႕တည္းအတူေနတဲ့ေက်ာင္း ေနဖက္သူငယ္ခ်င္းေတြပါ….ငယ္စဥ္ကတည္းက အတူသြား အတူလာခဲ့ၾကၿပီး 2018 မွာ ၁၀ တန္းကိုအတူေအာင္ခဲ့ၾကပါတယ္….ဒါ့ေၾကာင့္လည္း အႀကိဳက္လည္းတူ , စရိုက္လည္းတူတဲ့ ကြၽန္မတို႔ႏွစ္ေယာက္ဟာ တကၠသိုလ္တစ္ခုတည္းမွာ အတူတူတက္ခဲ့ၾကတယ္ေလ….
ဒီလိုနဲ႕သူနဲ႕ကြၽန္မဟာ တကၠသိုလ္ဒုတိယႏွစ္အေရာက္ တစ္ေန႕မွာေပါ့….ဟုတ္တယ္…..အဲ့ဒီ့ေန႕ဟာကြၽန္မဘဝမွာ ဘယ္ေသာအခါမွေမ့လို႔မရတဲ့ ေန႕တစ္ေန႕… တကၠ သိုလ္ႀကီးထဲမွာရွိတဲ့ ထိုင္ေနၾကထိုင္ခုံမွာအတူထိုင္ရင္း သူကကြၽန္မကို ….”ငါ နင့္ကိုအရမ္းခ်စ္တယ္ဟာ ….ငါ့ကို သူငယ္ခ်င္းအဆင့္ထက္ေက်ာ္လြန္ၿပီး ခ်စ္သူအျဖစ္လက္ခံေပးပါ…” လို႔ေျပာလာခဲ့တယ္….
ဪ ….. ကြၽန္မလား ?သူ ကြၽန္မကို ခ်စ္ခြင့္ပန္တာမအံ့ဩပါဘူး ….ကြၽန္မ သိတာေပါ့ …လြန္ခဲ့တဲ့ ၃ လေလာက္ကတည္းက ကြၽန္မႀကိဳသိေနတယ္ေလ….သူ႕မ်က္ဝန္းထဲက ကြၽန္မကိုၾကည့္တဲ့အၾကည့္ေတြဟာ သူငယ္ခ်င္းအဆင့္ထက္ ေက်ာ္လြန္ေနၿပီဆိုတာကိုေပါ့ ….သူနဲ႕ကြၽန္မဟာ ငယ္ေပါင္းႀကီးေဖာ္ေတြဆိုေတာ့သူ႕အေၾကာင္းကို ကြၽန္မေကာင္းေကာင္းသိတယ္ေလ….
သူဟာ ရိုးသားတယ္….တစ္ဖက္သားကိုကူညီတတ္တယ္….သနားၾကင္နာတတ္တယ္….အမွန္တရားကိုျမတ္နိုးတယ္….မတရားလုပ္တာေတြကို အရမ္းမုန္းတယ္….မတရားမႈ႕မွန္သမွ်ကိုလည္း တြန္းလွန္တတ္တယ္….အထူးသျဖင့္သူဟာ ေျပာရင္ ေျပာတဲ့အတိုင္းလုပ္တတ္ၿပီး အန္မတန္ကတိတည္တဲ့လူဆိုတာ ကြၽန္မေကာင္းေကာင္းသိပါတယ္….
ဒီလိုလူမ်ိဳးကိုမွ ကြၽန္မရဲ႕ဘဝၾကင္ေဖာ္အျဖစ္မေ႐ြးရင္ ဘယ္လိုေယာက္်ားမ်ိဳးကို ကြၽန္မေ႐ြးရမွာလဲ….?ကြၽန္မလည္း သူ႕ကိုအရမ္းခ်စ္တာေပါ့….ဒါေပမဲ့ ကြၽန္မကမိန္းမသားဆိုေတာ့ခ်က္ျခင္းအေျဖျပန္မေပးခဲ့ဘူး… မိန္းခေလးတို႔ရဲ႕သဘာဝ ဟန္လုပ္ရေသးတယ္ေလ”ငါ့ကို စဥ္းစားခ်ိန္ ၁ လေလာက္ေတာ့ေပးပါဟာ”ဆိုၿပီး မူျပရတာလဲ မိန္းမသားတို႔ရဲ႕သဘာဝမဟုတ္ပါလားရွင္….
ဒီလိုနဲ႕ေနာက္တစ္လၾကာေတာ့ သူနဲ႕ကြၽန္မဟာ ခ်စ္သူေတြျဖစ္သြားၾကတယ္ေလ….2021 ေဖေဖာ္ဝါရီလမွာ စစ္တပ္ကျပည္သူ႕အာဏာကိုလုယူလိုက္ေတာ့….ကြၽန္မတို႔ေက်ာင္းေတြဟာလည္းပိတ္ထားခဲ့ရတယ္ေပါ့… .2021 , May 5 ရက္ေန႕မွာ သူနဲ႕ကြၽန္မ ေတြ႕ခဲ့ၾကခ်ိန္မွာ သူက …..”ငါ နင့္ကိုအရမ္းခ်စ္တယ္ဟာ…နင့္ကိုလည္း ငါမခြဲနိုင္ဘူး ….”
“ဒါေပမဲ့ ငါ့ရဲ႕ယုံၾကည္ရာနဲ႕အမွန္တရားအတြက္ေတာ္ လွန္ေရးလုပ္ဖို႔ ငါဆုံးျဖတ္ၿပီးၿပီ ….””နင္ …. ငါနဲ႕တပါတည္းလိုက္ခဲ့ပါေနာ္ …..ဒီအေရးေတာ္ပုံႀကီးၿပီးရင္ ငါ နင့္ကိုခမ္းခမ္းနားနားနဲ႕ လက္ထပ္ယူပါ့မယ္ …””ငါ့ဘဝႀကီးထဲက နင့္ကိုဘယ္ေတာ့မွထားမသြားပါဘူးဆိုတာ ငါ ကတိေပးပါတယ္”……..သူ႕ရဲ႕စကားအၿပီးမွာေတာ့ ကြၽန္မသူ႕ကိုေခါင္းၿငိမ့္ခဲ့တယ္ …ဟုတ္တယ္….သူ႕ကိုကြၽန္မအႂကြင္းမဲ့ယုံတယ္….ရည္းစားဘဝမွာ ကြၽန္မအေပၚဘာအခြင့္အေရးမွမယူတဲ့သူ ….
ကြၽန္မရဲ႕လက္ေလးကို မရဲ , တရဲကိုင္ခဲ့တဲ့သူ ….ကြၽန္မအေပၚမွာေျပာခဲ့သလို သူဟာ မုသားမေျပာတတ္တဲ့သူ …ကတိတည္တဲ့ေယာက္်ားေကာင္း ေယာက္်ားျမတ္တစ္ေယာက္ ….ဒီလိုနဲ႕ သူနဲ႕ကြၽန္မဟာ အာဏာရွင္ကိုအျမစ္ႏႈပ္ဖို႔အတြက္ လြတ္ျမႇောက္နယ္ေျမတစ္ခုကို အတူသြားခဲ့ၾကတယ္….
ဟိုေရာက္ေတာ့ သူလည္းစစ္သင္တန္းတက္သလိုကြၽန္ မလည္း သင္တန္းတက္ခဲ့ၾကတယ္ေလ….တစ္ပတ္မွ တစ္ရက္သာေတြ႕ခြင့္ရခ်ိန္ေလးမွာကြၽန္မကို သူဘယ္ ေလာက္ခ်စ္ေၾကာင္းေျပာတဲ့သူ …သူဘယ္လိုလြမ္းေၾကာင္း အလြမ္းေတြဖြဲ႕တတ္တဲ့သူ ဒီလ 10 ရက့္ေန႕က သူေရွ႕တန္းစစ္မ်က္ႏွာထြက္ခြါရေတာ့မဲ့အခ်ိန္ …သူက ကြၽန္မကိုအေမႊးပြအ႐ုပ္တစ္ခုကိုေပးၿပီး ….
ငါ ေရွ႕တန္းထြက္တဲ့အခ်ိန္မွာ ငါ့ရဲ႕ကိုယ္စားဒီအ႐ုပ္ေလးကိုေပးခဲ့မယ္ …ငါ ျပန္လာတဲ့အခါ ငါ့ကိုအရင္ဆုံးလာေတြ႕ပါေနာ္ ေအာင္ပြဲေတြနဲ႕ျပန္လာတဲ့အခ်ိန္မွာ အရင္ဆုံးငါျမင္တဲ့သူဟာ နင္ပါေနာ္ ….ကြၽန္မရဲ႕လက္ကိုဖြဖြေလးကိုင္းၿပီး သူေျပာခဲ့တယ္…ဒီလ 28 ရက္ေန႕မွာ သူျပန္ေရာက္ၿပီဆိုတဲ့သတင္းၾကားလို႔ ကြၽန္မ သူ႕ဆီသြားခဲ့တယ္ေလ….
သူဟာ အရမ္းပင္ပန္းေနလို႔လားေတာ့မသိ….မလႈပ္ မယွက္အိပ္စက္ေနတယ္….ကြၽန္မ သူ႕ကိုအသံျပဳလိုက္တယ္….ဟဲ့ …. ငါေရာက္ေနၿပီေလ …ငါ့ကို စကားထေျပာပါဦး ….ကြၽန္မရဲ႕ ငို႔မဲ့မဲ့စကားသံေတြကိုသူဟာ မၾကားဟန္ေဆာင္ေနဆဲၿပီး ဆက္ၿပီးအိပ္စက္ေနတယ္ ….ဒါ့ေၾကာင့္လည္း ကြၽန္မခံနိုင္ရည္စြမ္းအားမရွိေတာ့တာေၾကာင့္….ရင္ထဲရွိတာေတြကိုေျပာရင္း အားပါးတရငိုေႂကြးလိုက္ပါေတာ့တယ္….
“နင္ …. လူလိမ္ …””ေတာ္လွန္ေရးၿပီးရင္ ငါကိုလက္ထပ္ပါ့မယ္လို႔ကတိေပးၿပီး ကတိဖ်က္ခဲ့လူလိမ္ …””ငါ့ကို , နင့္ ဘဝႀကီးထဲကေန ဘယ္ေတာ့မွထားမသြားပါဘူးလို႔ ေျပာခဲ့တဲ့ လူညာ …”ၿငိမ္သက္စြာလဲေလွာင္းအိပ္စက္ေနတဲ့သူ႕ရဲ႕ရင္ဘတ္ကိုလႈပ္ႏွိုးကာ ေအာ္ဟစ္ငိုေႂကြးေျပာဆိုေနတဲ့ကြၽန္မရဲ႕အသံေတြကို သူကေတာ့ ဥပကၡာ ျပဳေနဆဲပါ….
ကြၽန္မေျပာသလို …ေတာ္လွန္ေရးႀကီးၿပီးရင္ ကြၽန္မကိုလက္ထပ္မယ္လို႔လိမ္ေျပာခဲ့တဲ့လူလိမ္ …ကြၽန္မကို သူ႕ဘဝႀကီထဲကထားမသြာပါဘူးလို႔ ညာေျပာခဲ့တဲ့ လူညာ ….ကြၽန္မရဲ႕ အေမးကိုရွင္တို႔အားလုံးေျဖေပးၾကပါ ။
ကြၽန္မ သူ႕ကိုယိုးစြပ္သလို သူဟာကြၽန္မအေပၚမွာလိမ္ခဲ့ ညာခဲ့သူဆိုတာမွားေနပါသလား….?ဒီေလာကႀကီးမွာ ထားရစ္ခဲ့တဲ့သူနဲ႕က်န္ရစ္ခဲ့တဲ့သူ ဘယ္သူကပိုၿပီးခံစားရပါသလဲ….?သူကလည္း မၾကားဟန္ေဆာင္ၿပီးၿငိမ္သက္စြာ မလႈပ္မယွက္အိပ္စက္ေနဆဲ ။ကြၽန္မကလည္း သူ႕ကိုယ္စား သူေပးခဲ့တဲ့ အေမႊးပြအ႐ုပ္ေလးကိုေပြ႕ဖက္ထားဆဲ ။ထို႔အတူ … ကြၽန္မမ်က္ဝန္းထဲက မ်က္ရည္ေတြဟာလည္း မိုးနဲ႕အၿပိဳင္ ႐ြာသြန္းေနဆဲေပါ့ရွင္ ။
စာႂကြင္း – ယခုလ ၂၈ ရက္ေန႕တြင္ တိုင္းျပည္အတြက္အသက္ေပးသြားခဲ့ေသာ PDF ရဲေဘာ္ေလးအားရည္ၫႊန္း၍ဂုဏ္ျပဳေရးသားလိုက္ပါသည္ ။Crd…Ko Nay Win #ddaychannel
Leave a Reply