NLD အစိုးရကို လမ်းပေါ်တိုက်ပွဲ၊ အဓိကရုဏ်းတွေနဲ့ ဖြုတ်ချဖို့ ကြံစည်ခဲ့တဲ့ မင်းအောင်လှိုင် သစ္စာခံ ခင်ရီ ကြံ့ဖွတ်ခေါင်းဆောင် ဖြစ်လာမှုရဲ့ အန္တရာယ်

ဗိုလ်ချုပ်ဟောင်း၊ ရဲချုပ်ဟောင်း ခင်ရီနဲ့ပတ်သက်လို့ မဘသ၊ အမျိုးသားရေးသမားတွေနဲ့ ဘယ်လို ဆက်စပ်မှုတွေရှိလဲဆိုတာ မကြာ ခဏ ဆိုသလို ရေးသားဖော်ပြခဲ့ပြီးဖြစ်ပါတယ်။ ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ ဩဇာခံ သစ္စာခံယူသူ စစ်စစ်ဖြစ်တယ်ဆိုတာ ကိုလည်း ရှင်းပြခဲ့ပြီးပါပြီ။ မင်းအောင်လှိုင်နဲ့ ခင်ရီအကြားမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေကို ဘယ်လို တည်ဆောက်ခဲ့လဲ ဆိုတာကို ရှင်းပြပေးပါ့မယ်။

စက်တင်ဘာလလယ်မှာ ခင်ရီဟာ ကြံ့ဖွတ်ပါတီရဲ့ ယာယီဥက္ကဋ္ဌ ဖြစ်လာပြီး မကြာခင် ကျင်းပတော့မယ် အောက် တိုဘာ ကြံ့ဖွတ်ညီလာခံမှာ တရားဝင် ဥက္ကဋ္ဌ အဖြစ် အတည်ပြုဖို့ ရာခိုင်နှုန်းအပြည့်သေချာနေပြီဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမှာ ဦးသိန်းစိန်အစိုးရ မဲရှုံးလို့ အာဏာလက်လွှတ်လိုက်ရတဲ့ အချိန်ကစပြီး ခင်ရီဟာ NLD အစိုးရ ဖြုတ်ချရေး၊ စစ်တပ် အာဏာပြန်ယူရေး လမ်းကြောင်းကို အဓိက ဦးတည်ခဲ့တဲ့ လက်မရွံ့ လူမိုက်လူရမ်းကား ဖြစ်ပါတယ်။

သမ္မတရုံး ဝန်ကြီးဟောင်း ရေတပ်ဗိုလ်ချုပ်ဟောင်း ဦးစိုးသိန်းက ပြောဆိုမှုတွေ၊ စာတမ်းတွေ၊ အကြံဉာဏ်ပေးမှုတွေနဲ့ ပညာရှိရှိဆန်ဆန် စစ်တပ်အာဏာသိမ်းရေး တိုက်တွန်းနေချိန်မှာ မြေပြင်မှာ အဓိက အလုပ်လုပ်ပြီး မဘသနဲ့ အမျိုး သားရေးတွေကို စုစည်းသူကတော့ ခင်ရီပါ။ တစ်နည်းအားဖြင့် လမ်းပေါ်တိုက်ပွဲတွေ၊ ပဋိပက္ခတွေနဲ့ NLD အစိုးရကို တစ်ချိန်လုံး ဖြုတ်ချဖို့ ကြံစည်ခဲ့တာဖြစ်ပါတယ်။

ခင်ရီဟာ စစ်တပ်ထောက်ခံပွဲတွေကို ဦးဆောင်ခဲ့သူဖြစ်ပြီး မင်းအောင်လှိုင်နဲ့ ခင်ရီတို့က မဘသ၊ အမျိုးသားရေး သမားတွေနဲ့ ထိတွေ့ဆက်ဆံဖို့ စစ်ဘက်အရာရှိတစ်ဦးကို ခန့်ထားခဲ့ပါတယ်။ သူကတော့ စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော်ဖြစ်ပါတယ်။ ဗိုလ်ကြီးသန့်ဇင်ကျော်ဟာ ခင်ရီနဲ့ မင်းအောင်လှိုင်ဆီကို တိုက်ရိုက် ဖုန်း ခေါ်နိုင်သူလည်းဖြစ်ပါတယ်။

ခင်ရီပထမဆုံး လုပ်လာတာက အမျိုးသားရေးနဲ့ စစ်တပ်ထောက်ခံပွဲတွေပဲ ဖြစ်ပါတယ်။ အဲဒီစစ်တပ်ထောက်ခံပွဲတွေအတွက် ကြံ့ဖွတ်ခင်ရီက အဓိက ပိုက်ဆံစိုက် ထုတ်ပေးပြီး သူရဲ့ တပည့် ဖြစ်သူ စရဖ ပြည်သူ့ဆက်ဆံရေး အရာရှိ ဗိုလ်ကြီး သန့်ဇင်ကျော် ကနေတဆင့် မဘသ အမည်ခံ အမျိုးသားရေး အစွန်း ရောက်များထံ ချဉ်းကပ်စေပြီး တပ်ထောက်ခံပွဲ များစွာကို ပြုလုပ်ခိုင်းစေခဲ့ပါတယ်။

စစ်တပ်ထောက်ခံပွဲတွေမှာ တာဝန်ခံ၊ နာမည်ခံပြီး ပွဲမိန့် လျှောက်ထားပေးသူတွေက ငွေကြေးရရှိပါတယ်။ ထောက် ခံပွဲ အသေးဆိုလျှင် ငွေကျပ် ၅သိန်း ၊ ပွဲအကြီးရင်တော့ ငွေကျပ် ၁၀ သိန်းနှင့် အထက် ပွဲခွင့်ပြုမိန့် လျှောက်ထားသူတွေက ရရှိပါတယ်။စစ်တပ်ထောက်ခံပွဲ၊ အမျိုးသားရေးပွဲတွေမှာ လာရောက်ဟော ပြောသူတွေအတွက် နယ်ဝေးမှလာသူဆိုရင် နေထိုင်စားသောက်စရိတ် အပြင် ပွဲအသေးဟောပြောခ ငွေကျပ် ၅ သိန်း၊ ပွဲအကြီးဆိုရင် ဟောပြောခ ၁၀ သိန်းရရှိကြပါတယ်။

ထူးထူး ခြားခြားနဲ့ အားလုံး ထင်သာမြင်သာ ရှိတဲ့ ပွဲကို ပြောပါဆိုရင် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ရန်ကုန်တိုင်း မိုင်ဒါကွင်းမှာ မှာ ပြုလုပ်ခဲ့တဲ့ စစ်တပ်ထောက်ခံပွဲဖြစ်ပြီး အဲဒီပွဲအတွက် အစည်းအဝေးတွေအဆင့်ဆင့်ခေါ်ယူခဲ့ကြပါတယ်။ အစည်းအဝေးတွေမှာလည်း ခင်ရီရဲ့ ညွှန်ကြားချက်ကို အဓိကမူတည် အလုပ်လုပ်ခဲ့ပါတယ်။ငွေကြေးအနေနဲ့ သိန်း ထောင်ကျော် အသုံးပြုခဲ့ပါတယ် ။ လူအင်အားအနေဖြင့် ရန်ကုန် တိုင်းအတွင်း မှ မဘသ အစွန်း ရောက်များသာမက ပဲခူး နေပြည်တော် ကရင်ပြည်နယ် နှင့် ဧရာဝတီတိုင်းမှ မဘသများကိုပါ လမ်းစရိတ် ငွေကြေး အကုန်ကျခံခေါ်ဆောင် အင်အားဖြည့်ခဲ့ပါတယ်။

အဲဒီပွဲအတွက် ရန်ကုန်တိုင်းတာဝန်ခံများအဖြစ် မြောက်ဥက္ကလာပ တောင်ဥက္ကလာ မြောက်ပိုင်းခရိုင် တာဝန်ခံအဖြစ်အမျိုးသားရေးအစွန်းရောက် အဖွဲ့ MNO မှ တင့်လွင် ကို တာဝန်ပေးခြင်း၊ တောင်ဒဂုံ မြောက်ဒဂုံ နှင့် ဆိပ်ကမ်းမြို့နယ်များအတွက် ဝင်းကိုကိုလတ်(ဆွေစောင်း) ကိုတာဝန်ပေးခြင်း၊ သာကေတ၊ သန်လျင် အတွက် အမျိုးသားရေးအစွန်းရောက် သာကေတဇိုးအမည်ခံ လင်းလင်း ခေါ် တင်လင်းထိုက် နှင့်သူ၏ တပည့် အကြီးကောင် ခေါ် တင်ဌေးအောင် တို့ကို တာဝန် အသီးသီး ပေးအပ်ခဲ့ပြီး တစ်နိုင်ငံလုံး မဘသနဲ့အမျိုး သားရေး အစွန်းရောက်တွေကို ခေါ်ယူခဲ့တာပါ။

ရန်ကုန်တိုင်းလူအင်အားအတွက် ငွေသိန်း ၇၅၀ ထုတ်ပေးခဲ့ပြီး အဲဒီငွေတွေကို နဝဒေး ရုပ်ရှင်ရုံ ဘေးလမ်းကြားအတွင်းမှ ဝင်ရသော ထောက်လှမ်းရေးစစ်ရုံး ရှေ့ရှိ လက်ဖက်ရည်ဆိုင်မှာ လင်းလင်း ခေါ် တင်လင်းထိုက်က ဗိုလ်ကြီးသန့်ဇင်ကျော်ဆီက သွားထုတ်ယူခဲ့ရတာပါ။ ငွေကျပ် သိန်း ၇၅၀ ကို သယ်စရာ အိတ်မပါလို့ ပုဆိုးနဲ့ ထုပ်ပြီး သယ်ခဲ့ကြရပါသေးတယ်။အဲဒီပွဲ မှာ အားလုံးသိရှိကြတဲ့အတိုင်း အေးနေဝင်း ကိုယ်တိုင် စင်ပေါ်တက်လာပြီး တပ်ထောက်ခံပွဲ တက်လာခဲ့ပါတယ်။ အဲဒီပွဲ ပြီးတဲ့နောက်ပိုင်း မိုင်ဒါကွင်းအတွင်း ကျည်ဆန်တွေ တွေ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေ ဖြစ်ပေါ်ခဲ့ပါသေးတယ်။

ဒီပွဲ အတွက် ဒီလို ငွေကြေးများစွာအသုံးချ ၊ပွဲလာသူတိုင်းကို ရေသန့်ဘူးကစလို့ ဒံပေါက် ကျွေးမွေးဖို့ထိ အကုန်ကျခံနိုင်တဲ့ ဘတ်ဂျက်ချပေးမယ့် ပွဲလာသူတွေအများစု ဒံပေါက်လည်းမစားရ၊ ရေတောင် လောက်လောက်ငှငှ မသောက်ရတဲ့ ချပေးတဲ့ ငွေကြေးကို အလွဲ သုံးစားလုပ်တဲ့ ဖြစ်ရပ်တွေပါ ဖြစ်ခဲ့ပါတယ်။ခင်ရီက ချထားပေးလိုက်တဲ့ ဒီငွေကြေးတွေကို အမျိုးသား ရေးအစွန်းရောက် မဘသ ဘုန်းကြီး သုစိတ္တ၊ MNO တင့်လွင်၊ ဝင်းကိုကိုလတ်၊ ဒံပေါက်တာဝန်ခံ လမ်းမတော်မုတ်ဆိတ် ခေါ် ထွန်းထွန်းဦး၊ လင်းလင်း ခေါ် တင်လင်းထိုက်တို့ က အဖြစ်လောက်သာ လုပ်ပြပြီး ဖြတ်စား၊ ဝေငှစားလုပ်ခဲ့ကြပါတယ်။

အဲဒီပွဲအပြီး MNO တင့်လွင်က သူရဲ့ ၁၀ ပေ အိမ်လေးကို တိုက်အဖြစ် ပြောင်းဆောက်နိုင်ခဲ့သလို လင်းလင်း ခေါ် တင်လင်းထိုက်က လည်း ရပ်ကွက်အတွင်း သူ့အိမ်နှင့် မျက်နာချင်းဆိုင် တိုက်အိမ်ကို ဝယ်ယူနိုင်ခဲ့ပါတယ်။ အဲဒီလို ငွေကြေး မသမာမှုတွေကြောင့် မစားလိုက် မသောက်လိုက်ရတဲ့ အမျိုးသားရေးသမားတွေ ယမ်းပုံမီးကျ ဒေါသကြီးစွာနဲ့ အကွဲအပြဲတွေ ဖြစ်ပေါ်ခဲ့ကြပါတယ်။ပွဲအတွက် ၅၀၀၀ စားတွေ အပြင် မဘသ၊ အမျိုးသားရေး အစွန်းရောက်များသာမက ခိုးဆိုးလုနှိုက် စာရင်းဝင်များကိုပါ ရာဇဝတ်သားတွေကို ငွေပေး ခေါ်ယူကာ ဆန္ဒ ပြပွဲမှာ လုံခြုံရေးထားခဲ့ပါတယ်။

ရဲတပ်ဖွဲ့က လာရောက်တားဆီးမယ်ဆိုရင် ပြန်လည် တိုက်ခိုက်ဖို့အတွက် ခင်ရီက အသေအချာစီစဉ်ခိုင်းခဲ့ပါတယ်။ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြပြည်သူတွေ ပဋိပက္ခ ဖြစ်ကြရာ ရဲတပ်ဖွဲ့က ထိန်းမနိုင်လို့ စစ်တပ်က ကြားဝင် ထိန်းသိမ်းရတယ်။ NLD အစိုးရ ရဲ့ ညံ့ဖျင်းမှုကြောင့် ဒီလိုပြဿနာတွေ ဖြစ်ပေါ်ရပါတယ်ဆိုပြီး ပုံရိပ်ဖျက်ဖို့ ပါ။

တစ်နည်းအားဖြင့် လမ်းပေါ်တိုက်ပွဲတွေကတစ်ဆင့် ပဋိပက္ခတွေဖန်တီးပြီး စစ်တပ်အာဏာသိမ်းဖို့ ခင်ရီက ဦးဆောင်ကြိုးပမ်းခဲ့ပါတယ်။ ခင်ရီ အဲဒီလို ကြိုးပမ်းဖို့လည်း အဓိက စီစဉ်ညွှန်ကြားခဲ့သူက မင်းအောင်လှိုင်ပါပဲ။ ဒါပေမယ့် သူတို့ထင်သလို ပဋိပက္ခတွေက ဖြစ်မလာခဲ့ပါဘူး။ အဲဒီအချိန်က NLD အစိုးရက သဘော ထားပျော့ပျောင်းစွာပဲ ပဋိပက္ခ ဖြစ်နိုင်တဲ့ လမ်းကြောင်းတွေ ရှောင်ရှားခဲ့ကြတာ အားလုံး မှတ်မိကြလိမ့်မယ်လို့ထင်ပါတယ်။

ခင်ရီဟာ သူလိုချင်တာ သူဖြစ်ချင်တာ ရဖို့ အကြမ်းနည်းကို သုံးတတ်တဲ့ အာဏာ ပါးကွက်သား ဖြစ်ပါတယ်။ အခုဆိုရင် မင်းအောင်လှိုင်ရဲ့စီစဉ်မှုနဲ့ ခင်ရီဟာ ကြံ့ဖွတ်ခေါင်းဆောင်ဖြစ်လာပါပြီ။ တချို့သတင်းရပ်ကွက်တွေက ခင်ရီကို သမ္မတအဖြစ်တောင် မင်းအောင်လှိုင်က နေရာပေးလိမ့်မယ်လို့ ခန့်မှန်းနေတာတွေရှိပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် ခင်ရီဟာ မင်းအောင်လှိုင်ရဲ့ ရုပ်သေးရုပ်ဖြစ်ပြီး ပင်ကိုဗီဇ စရိုက်ခပ်ကြမ်းကြမ်းဖြစ်တာမို့ ကြံ့ဖွတ်ပါတီ ခေါင်းဆောင်ဖြစ်လာရင် လက်ရှိ မဘသ၊ အမျိုးသားရေးနဲ့ ဘာသာခြား မုန်းတီးရေး လှုံ့ဆော်မှုတွေနဲ့ လှုပ်ရှားမှု တွေဟာ အရှိန်မြင့်တက်လာနိုင်ပြီး အန္တရာယ်ကြီးတဲ့ ဘာသာရေးအစွန်းရောက်တွေ အလွန်ကြီးစိုးလာမယ့် အန္တရာယ် ရှိနေပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

NLD အစိုးရကို လမ္းေပၚတိုက္ပြဲ၊ အဓိက႐ုဏ္းေတြနဲ႕ ျဖဳတ္ခ်ဖိဳ႕ ႀကံစည္ခဲ့တဲ့ မင္းေအာင္လွိုင္ သစၥာခံ ခင္ရီ ႀကံ့ဖြတ္ေခါင္းေဆာင္ ျဖစ္လာမႈရဲ႕ အႏၲရာယ္

ဗိုလ္ခ်ဳပ္ေဟာင္း၊ ရဲခ်ဳပ္ေဟာင္း ခင္ရီနဲ႕ပတ္သက္လို႔ မဘသ၊ အမ်ိဳးသားေရးသမားေတြနဲ႕ ဘယ္လို ဆက္စပ္မႈေတြရွိလဲဆိုတာ မၾကာ ခဏ ဆိုသလို ေရးသားေဖာ္ျပခဲ့ၿပီးျဖစ္ပါတယ္။ ခင္ရီဟာ မင္းေအာင္လွိုင္ရဲ႕ ဩဇာခံ သစၥာခံယူသူ စစ္စစ္ျဖစ္တယ္ဆိုတာ ကိုလည္း ရွင္းျပခဲ့ၿပီးပါၿပီ။ မင္းေအာင္လွိုင္နဲ႕ ခင္ရီအၾကားမွာ ဆက္သြယ္ေရးလမ္းေၾကာင္းေတြကို ဘယ္လို တည္ေဆာက္ခဲ့လဲ ဆိုတာကို ရွင္းျပေပးပါ့မယ္။

စက္တင္ဘာလလယ္မွာ ခင္ရီဟာ ႀကံ့ဖြတ္ပါတီရဲ႕ ယာယီဥကၠ႒ ျဖစ္လာၿပီး မၾကာခင္ က်င္းပေတာ့မယ္ ေအာက္ တိုဘာ ႀကံ့ဖြတ္ညီလာခံမွာ တရားဝင္ ဥကၠ႒ အျဖစ္ အတည္ျပဳဖို႔ ရာခိုင္ႏႈန္းအျပည့္ေသခ်ာေနၿပီျဖစ္ပါတယ္။ ၂၀၁၅ ခုႏွစ္ ေ႐ြးေကာက္ပြဲမွာ ဦးသိန္းစိန္အစိုးရ မဲရႈံးလို႔ အာဏာလက္လႊတ္လိုက္ရတဲ့ အခ်ိန္ကစၿပီး ခင္ရီဟာ NLD အစိုးရ ျဖဳတ္ခ်ေရး၊ စစ္တပ္ အာဏာျပန္ယူေရး လမ္းေၾကာင္းကို အဓိက ဦးတည္ခဲ့တဲ့ လက္မ႐ြံ႕ လူမိုက္လူရမ္းကား ျဖစ္ပါတယ္။

သမၼတ႐ုံး ဝန္ႀကီးေဟာင္း ေရတပ္ဗိုလ္ခ်ဳပ္ေဟာင္း ဦးစိုးသိန္းက ေျပာဆိုမႈေတြ၊ စာတမ္းေတြ၊ အႀကံဉာဏ္ေပးမႈေတြနဲ႕ ပညာရွိရွိဆန္ဆန္ စစ္တပ္အာဏာသိမ္းေရး တိုက္တြန္းေနခ်ိန္မွာ ေျမျပင္မွာ အဓိက အလုပ္လုပ္ၿပီး မဘသနဲ႕ အမ်ိဳး သားေရးေတြကို စုစည္းသူကေတာ့ ခင္ရီပါ။ တစ္နည္းအားျဖင့္ လမ္းေပၚတိုက္ပြဲေတြ၊ ပဋိပကၡေတြနဲ႕ NLD အစိုးရကို တစ္ခ်ိန္လုံး ျဖဳတ္ခ်ဖိဳ႕ ႀကံစည္ခဲ့တာျဖစ္ပါတယ္။

ခင္ရီဟာ စစ္တပ္ေထာက္ခံပြဲေတြကို ဦးေဆာင္ခဲ့သူျဖစ္ၿပီး မင္းေအာင္လွိုင္နဲ႕ ခင္ရီတို႔က မဘသ၊ အမ်ိဳးသားေရး သမားေတြနဲ႕ ထိေတြ႕ဆက္ဆံဖို႔ စစ္ဘက္အရာရွိတစ္ဦးကို ခန႔္ထားခဲ့ပါတယ္။ သူကေတာ့ စစ္ဘက္ေရးရာ လုံၿခဳံေရးအရာရွိ ဗိုလ္ႀကီး သန႔္ဇင္ေက်ာ္ျဖစ္ပါတယ္။ ဗိုလ္ႀကီးသန႔္ဇင္ေက်ာ္ဟာ ခင္ရီနဲ႕ မင္းေအာင္လွိုင္ဆီကို တိုက္ရိုက္ ဖုန္း ေခၚနိုင္သူလည္းျဖစ္ပါတယ္။

ခင္ရီပထမဆုံး လုပ္လာတာက အမ်ိဳးသားေရးနဲ႕ စစ္တပ္ေထာက္ခံပြဲေတြပဲ ျဖစ္ပါတယ္။ အဲဒီစစ္တပ္ေထာက္ခံပြဲေတြအတြက္ ႀကံ့ဖြတ္ခင္ရီက အဓိက ပိုက္ဆံစိုက္ ထုတ္ေပးၿပီး သူရဲ႕ တပည့္ ျဖစ္သူ စရဖ ျပည္သူ႕ဆက္ဆံေရး အရာရွိ ဗိုလ္ႀကီး သန့္ဇင္ေက်ာ္ ကေနတဆင့္ မဘသ အမည္ခံ အမ်ိဳးသားေရး အစြန္း ေရာက္မ်ားထံ ခ်ဥ္းကပ္ေစၿပီး တပ္ေထာက္ခံပြဲ မ်ားစြာကို ျပဳလုပ္ခိုင္းေစခဲ့ပါတယ္။

စစ္တပ္ေထာက္ခံပြဲေတြမွာ တာဝန္ခံ၊ နာမည္ခံၿပီး ပြဲမိန႔္ ေလွ်ာက္ထားေပးသူေတြက ေငြေၾကးရရွိပါတယ္။ ေထာက္ ခံပြဲ အေသးဆိုလွ်င္ ေငြက်ပ္ ၅သိန္း ၊ ပြဲအႀကီးရင္ေတာ့ ေငြက်ပ္ ၁၀ သိန္းႏွင့္ အထက္ ပြဲခြင့္ျပဳမိန႔္ ေလွ်ာက္ထားသူေတြက ရရွိပါတယ္။စစ္တပ္ေထာက္ခံပြဲ၊ အမ်ိဳးသားေရးပြဲေတြမွာ လာေရာက္ေဟာ ေျပာသူေတြအတြက္ နယ္ေဝးမွလာသူဆိုရင္ ေနထိုင္စားေသာက္စရိတ္ အျပင္ ပြဲအေသးေဟာေျပာခ ေငြက်ပ္ ၅ သိန္း၊ ပြဲအႀကီးဆိုရင္ ေဟာေျပာခ ၁၀ သိန္းရရွိၾကပါတယ္။

ထူးထူး ျခားျခားနဲ႕ အားလုံး ထင္သာျမင္သာ ရွိတဲ့ ပြဲကို ေျပာပါဆိုရင္ ၂၀၁၈ ခုႏွစ္ ေဖေဖာ္ဝါရီလ ၄ ရက္ေန႕ ရန္ကုန္တိုင္း မိုင္ဒါကြင္းမွာ မွာ ျပဳလုပ္ခဲ့တဲ့ စစ္တပ္ေထာက္ခံပြဲျဖစ္ၿပီး အဲဒီပြဲအတြက္ အစည္းအေဝးေတြအဆင့္ဆင့္ေခၚယူခဲ့ၾကပါတယ္။ အစည္းအေဝးေတြမွာလည္း ခင္ရီရဲ႕ ၫႊန္ၾကားခ်က္ကို အဓိကမူတည္ အလုပ္လုပ္ခဲ့ပါတယ္။ေငြေၾကးအေနနဲ႕ သိန္း ေထာင္ေက်ာ္ အသုံးျပဳခဲ့ပါတယ္ ။ လူအင္အားအေနျဖင့္ ရန္ကုန္ တိုင္းအတြင္း မွ မဘသ အစြန္း ေရာက္မ်ားသာမက ပဲခူး ေနျပည္ေတာ္ ကရင္ျပည္နယ္ ႏွင့္ ဧရာဝတီတိုင္းမွ မဘသမ်ားကိုပါ လမ္းစရိတ္ ေငြေၾကး အကုန္က်ခံေခၚေဆာင္ အင္အားျဖည့္ခဲ့ပါတယ္။

အဲဒီပြဲအတြက္ ရန္ကုန္တိုင္းတာဝန္ခံမ်ားအျဖစ္ ေျမာက္ဥကၠလာပ ေတာင္ဥကၠလာ ေျမာက္ပိုင္းခရိုင္ တာဝန္ခံအျဖစ္အမ်ိဳးသားေရးအစြန္းေရာက္ အဖြဲ႕ MNO မွ တင့္လြင္ ကို တာဝန္ေပးျခင္း၊ ေတာင္ဒဂုံ ေျမာက္ဒဂုံ ႏွင့္ ဆိပ္ကမ္းၿမိဳ႕နယ္မ်ားအတြက္ ဝင္းကိုကိုလတ္(ေဆြေစာင္း) ကိုတာဝန္ေပးျခင္း၊ သာေကတ၊ သန္လ်င္ အတြက္ အမ်ိဳးသားေရးအစြန္းေရာက္ သာေကတဇိုးအမည္ခံ လင္းလင္း ေခၚ တင္လင္းထိုက္ ႏွင့္သူ၏ တပည့္ အႀကီးေကာင္ ေခၚ တင္ေဌးေအာင္ တို႔ကို တာဝန္ အသီးသီး ေပးအပ္ခဲ့ၿပီး တစ္နိုင္ငံလုံး မဘသနဲ႕အမ်ိဳး သားေရး အစြန္းေရာက္ေတြကို ေခၚယူခဲ့တာပါ။

ရန္ကုန္တိုင္းလူအင္အားအတြက္ ေငြသိန္း ၇၅၀ ထုတ္ေပးခဲ့ၿပီး အဲဒီေငြေတြကို နဝေဒး ႐ုပ္ရွင္႐ုံ ေဘးလမ္းၾကားအတြင္းမွ ဝင္ရေသာ ေထာက္လွမ္းေရးစစ္႐ုံး ​ေရွ႕ရွိ လက္ဖက္ရည္ဆိုင္မွာ လင္းလင္း ေခၚ တင္လင္းထိုက္က ဗိုလ္ႀကီးသန႔္ဇင္ေက်ာ္ဆီက သြားထုတ္ယူခဲ့ရတာပါ။ ေငြက်ပ္ သိန္း ၇၅၀ ကို သယ္စရာ အိတ္မပါလို႔ ပုဆိုးနဲ႕ ထုပ္ၿပီး သယ္ခဲ့ၾကရပါေသးတယ္။အဲဒီပြဲ မွာ အားလုံးသိရွိၾကတဲ့အတိုင္း ေအးေနဝင္း ကိုယ္တိုင္ စင္ေပၚတက္လာၿပီး တပ္ေထာက္ခံပြဲ တက္လာခဲ့ပါတယ္။ အဲဒီပြဲ ၿပီးတဲ့ေနာက္ပိုင္း မိုင္ဒါကြင္းအတြင္း က်ည္ဆန္ေတြ ေတြ႕တယ္ဆိုတဲ့ ျဖစ္စဥ္ေတြ ျဖစ္ေပၚခဲ့ပါေသးတယ္။

ဒီပြဲ အတြက္ ဒီလို ေငြေၾကးမ်ားစြာအသုံးခ် ၊ပြဲလာသူတိုင္းကို ေရသန့္ဘူးကစလို႔ ဒံေပါက္ ေကြၽးေမြးဖို႔ထိ အကုန္က်ခံနိုင္တဲ့ ဘတ္ဂ်က္ခ်ေပးမယ့္ ပြဲလာသူေတြအမ်ားစု ဒံေပါက္လည္းမစားရ၊ ေရေတာင္ ေလာက္ေလာက္ငွငွ မေသာက္ရတဲ့ ခ်ေပးတဲ့ ေငြေၾကးကို အလြဲ သုံးစားလုပ္တဲ့ ျဖစ္ရပ္ေတြပါ ျဖစ္ခဲ့ပါတယ္။ခင္ရီက ခ်ထားေပးလိုက္တဲ့ ဒီေငြေၾကးေတြကို အမ်ိဳးသား ေရးအစြန္းေရာက္ မဘသ ဘုန္းႀကီး သုစိတၱ၊ MNO တင့္လြင္၊ ဝင္းကိုကိုလတ္၊ ဒံေပါက္တာဝန္ခံ လမ္းမေတာ္မုတ္ဆိတ္ ေခၚ ထြန္းထြန္းဦး၊ လင္းလင္း ေခၚ တင္လင္းထိုက္တို႔ က အျဖစ္ေလာက္သာ လုပ္ျပၿပီး ျဖတ္စား၊ ေဝငွစားလုပ္ခဲ့ၾကပါတယ္။

အဲဒီပြဲအၿပီး MNO တင့္လြင္က သူရဲ႕ ၁၀ ေပ အိမ္ေလးကို တိုက္အျဖစ္ ေျပာင္းေဆာက္နိုင္ခဲ့သလို လင္းလင္း ေခၚ တင္လင္းထိုက္က လည္း ရပ္ကြက္အတြင္း သူ႕အိမ္ႏွင့္ မ်က္နာခ်င္းဆိုင္ တိုက္အိမ္ကို ဝယ္ယူနိုင္ခဲ့ပါတယ္။ အဲဒီလို ေငြေၾကး မသမာမႈေတြေၾကာင့္ မစားလိုက္ မေသာက္လိုက္ရတဲ့ အမ်ိဳးသားေရးသမားေတြ ယမ္းပုံမီးက် ေဒါသႀကီးစြာနဲ႕ အကြဲအၿပဲေတြ ျဖစ္ေပၚခဲ့ၾကပါတယ္။ပြဲအတြက္ ၅၀၀၀ စားေတြ အျပင္ မဘသ၊ အမ်ိဳးသားေရး အစြန္းေရာက္မ်ားသာမက ခိုးဆိုးလုႏွိုက္ စာရင္းဝင္မ်ားကိုပါ ရာဇဝတ္သားေတြကို ေငြေပး ေခၚယူကာ ဆႏၵ ျပပြဲမွာ လုံၿခဳံေရးထားခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က လာေရာက္တားဆီးမယ္ဆိုရင္ ျပန္လည္ တိုက္ခိုက္ဖို႔အတြက္ ခင္ရီက အေသအခ်ာစီစဥ္ခိုင္းခဲ့ပါတယ္။ရဲတပ္ဖြဲ႕နဲ႕ ဆႏၵျပျပည္သူေတြ ပဋိပကၡ ျဖစ္ၾကရာ ရဲတပ္ဖြဲ႕က ထိန္းမနိုင္လို႔ စစ္တပ္က ၾကားဝင္ ထိန္းသိမ္းရတယ္။ NLD အစိုးရ ရဲ႕ ညံ့ဖ်င္းမႈေၾကာင့္ ဒီလိုျပႆနာေတြ ျဖစ္ေပၚရပါတယ္ဆိုၿပီး ပုံရိပ္ဖ်က္ဖို႔ ပါ။

တစ္နည္းအားျဖင့္ လမ္းေပၚတိုက္ပြဲေတြကတစ္ဆင့္ ပဋိပကၡေတြဖန္တီးၿပီး စစ္တပ္အာဏာသိမ္းဖို႔ ခင္ရီက ဦးေဆာင္ႀကိဳးပမ္းခဲ့ပါတယ္။ ခင္ရီ အဲဒီလို ႀကိဳးပမ္းဖို႔လည္း အဓိက စီစဥ္ၫႊန္ၾကားခဲ့သူက မင္းေအာင္လွိုင္ပါပဲ။ ဒါေပမယ့္ သူတို႔ထင္သလို ပဋိပကၡေတြက ျဖစ္မလာခဲ့ပါဘူး။ အဲဒီအခ်ိန္က NLD အစိုးရက သေဘာ ထားေပ်ာ့ေပ်ာင္းစြာပဲ ပဋိပကၡ ျဖစ္နိုင္တဲ့ လမ္းေၾကာင္းေတြ ေရွာင္ရွားခဲ့ၾကတာ အားလုံး မွတ္မိၾကလိမ့္မယ္လို႔ထင္ပါတယ္။

ခင္ရီဟာ သူလိုခ်င္တာ သူျဖစ္ခ်င္တာ ရဖို႔ အၾကမ္းနည္းကို သုံးတတ္တဲ့ အာဏာ ပါးကြက္သား ျဖစ္ပါတယ္။ အခုဆိုရင္ မင္းေအာင္လွိုင္ရဲ႕စီစဥ္မႈနဲ႕ ခင္ရီဟာ ႀကံ့ဖြတ္ေခါင္းေဆာင္ျဖစ္လာပါၿပီ။ တခ်ိဳ႕သတင္းရပ္ကြက္ေတြက ခင္ရီကို သမၼတအျဖစ္ေတာင္ မင္းေအာင္လွိုင္က ေနရာေပးလိမ့္မယ္လို႔ ခန႔္မွန္းေနတာေတြရွိပါတယ္။ဘယ္လိုပဲျဖစ္ျဖစ္ ခင္ရီဟာ မင္းေအာင္လွိုင္ရဲ႕ ႐ုပ္ေသး႐ုပ္ျဖစ္ၿပီး ပင္ကိုဗီဇ စရိုက္ခပ္ၾကမ္းၾကမ္းျဖစ္တာမို႔ ႀကံ့ဖြတ္ပါတီ ေခါင္းေဆာင္ျဖစ္လာရင္ လက္ရွိ မဘသ၊ အမ်ိဳးသားေရးနဲ႕ ဘာသာျခား မုန္းတီးေရး လႈံ႕ေဆာ္မႈေတြနဲ႕ လႈပ္ရွားမႈ ေတြဟာ အရွိန္ျမင့္တက္လာနိုင္ၿပီး အႏၲရာယ္ႀကီးတဲ့ ဘာသာေရးအစြန္းေရာက္ေတြ အလြန္ႀကီးစိုးလာမယ့္ အႏၲရာယ္ ရွိေနပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*