သူမရဲ့လုပ်ငန်းအ‌သေးလေးတစ်ခုကို ကျရှုံးစေလိုစိတ်နဲ့ အမျိုးမျိုးတို က်ခိုက်ကြသူတွေရှိကြောင်းပြောလာတဲ့ ဟေမာမန်းဝင်း
သရုပ်ဆောင်၊ ဟာသလူရွှင်တော်ကြီး ဦးမန်းဝင်းရဲ့ သမီးဖြစ်သူ ဟေမာမန်းဝင်းကတော့ ဖခင်ဖြစ်သူလိုပဲ ဟာသတွေပိုင်နိုင်သူဖြစ်ပြီး ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်စေတဲ့
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
သရုပ်ဆောင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဟေမာမန်းဝင်းဟာ လက်ရှိအနုပညာအလုပ်တွေနည်းပါးချိန်မှာ အွန်လိုင်းကနေ အဝတ်အထည်ရောင်းချခြင်းအလုပ်တွေကို
တနိုင်တပိုင်လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ဟေမာမန်းဝင်းက သူမရဲ့မဖြစ်စလောက်လုပ်ငန်းလေးတစ်ခုကို ကျရှုံးစေချင်လို့ အမျိုးမျိုးတို က်ခိုက်နေသူတွေရှိကြောင်း
အခုလိုပဲပြောလာပါတယ်။ ဟေမာမန်းဝင်းက “ဟေမာကြီးသည် မည်သူ့ ကိုမှ ထမင်းလုပ် ပုတ်မချခဲ့ဖူးဘူး မနာလိုလည်း မရှိခဲ့ဘူး ဖေကြီး မရှိတော့တည်းက မေအေ မုဆိုးမကြီးကို တတ်နိုင်သလောက်
အထည်လေး ရောင်းကျွေးနေတာပါ ဘယ်သူ့ကိုမှလည်း ချမနင်းခဲ့ သလို ဘယ်သူ့ကိုမှလည်း ဒုက္ခမပေးခဲ့ဘူး ငါ့ကိုတိုက်ခိုက်တဲ့သူတေ ငါ့ရဲ့ မဖြစ်စလောက် လုပ်ငန်းလေးကို ကျရှုံးစေချင်တဲ့သူတေ
ကိုယ့်လိပ်ပြာ ကိုယ်လုံအောင် နေကြ ငါက ဘာမှလက်တုန့်ပြန်မှာ မဟုတ်ဘူး ငါ့က ဘုရားနဲ့ပဲ တိုင်တည်မှာ ခံနိုင်ရည် ရှိအောင် ကြိုးစားထားကြ ဟေမာကြီးကတော့ ပြုံးပြုံးလေးပဲ နော်” ဆိုပြီး
သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ဟေမာမန်းဝင်းကတော့ သူမရဲ့ လုပ်ငန်းလေးတစ်ခုကို ဒုက္ခပေးကြသူတွေရှိပေမယ့် သူမအနေနဲ့တော့ ဘယ်တော့မှ လက်တုံ့ပြန်မှာမဟုတ်ဘူးလို့
ပြောလာတာပဲ ဖြစ်ပါတယ်။ ဟေမာမန်းဝင်းတစ်ယောက် လုပ်ငန်းလေးအဆင်ပြေပြီး ကြီးပွားတိုးတက်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*