
မင်္ဂလာပါ ပရိသတ်ကြီးရေ ကျော့ရှင်းလှပပြီး ချောမောလွန်းတဲ့ ရုပ်ရည်လေးနဲ့ ဆောင်းယွန်းစံကတော့ သရုပ်ဆောင်တစ်ယောက် အဖြစ်နဲ့ ရပ်တည်နေပြီးရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားများ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရိုက်ကူး သရုပ်ဆောင်ခဲ့သူ ဖြစ်သလို ယခု နောက်ပိုင်းမှာ ဆိုရင်တော့ ဇာတ်လမ်းတွဲတွေမှာပါ ပါဝင်သရုပ်ဆောင်လာခဲ့တဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်နော်။ လက်ရှိမှာတော့
ပရိသတ်အချစ်တော် မင်းသမီးလေး ဆောင်းယွန်းက ပြည်သူတွေနဲ့ တစ်သားတည်း ရပ်တည်ကာ စားဝတ်နေရေး ခက်ခဲနေတဲ့ ပြည်သူများကိုစေတနာရှင်များနဲ့ စုပေါင်းကာ
အလှူ အတန်းတွေ မကြာမကြာ ပြုလုပ်ပေးလေ့ ရှိတာကိုလည်း တွေ့ရပါတယ်။ အသက်အရွယ် ငယ်သေးပေမယ့် အလှူအတန်းကိစ္စတွေနဲ့ ပတ်သက်လာရင် ရှေ့ဆုံးကနေ ဦးဆောင်ပါဝင်ပြီး တတ်နိုင်သလောက်
လှူဒါန်း ကူညီပေးနေ မှုတွေကြောင့်လည်း ပရိသတ်တွေက သူတို့ချစ်ရတဲဘ မင်းသမီးလေးကို တစ်နေ့ထက် တစ်နေ့ ပိုပိုပြီး အားပေး ချစ်ခင်နေကြတာလည်း ဖြစ်ပါ တယ်။ ဆောင်းယွန်းစံကတော့ သူရဲ့ လှုပ်ရှားမှုနဲ့
အလှူကုသိုလ် ပုံရိပ်တွေကိုလည်း ချစ်ရသော ပရိသတ်ကြီးများ သာဓုခေါ် သိရှိနိုင်စေရန် အတွက် သူမရဲ့လူမှုကွန်ယက် အွန်လိုင်းစာမျက်နှာထက်မှာ အမြဲဖော်ပြပေးလေ့ ရှိသူလေးလည်း ဖြစ် ပါတယ်။ ယခုလည်း ဆောင်းယွန်းစံက
သူမတို့ မောင်နှမတွေအား ဖခင်ဖြစ်သူမှ အမွေအဖြစ် ပေးထားသော မြေကွက်ကျယ်ကြီးအား သာသနာ့နယ်မြေအဖြစ် အသုံးပြုနိုင်ရန် လှူဒါန်းပေးဖြစ်ခဲ့ ပုံကို ချစ်ပရိသတ်ကြီးများ ကြည်နူးဝမ်းမြောက်စွာ
သာဓုခေါ်ဆိုနိုင်ကြရန် အတွက် အခုလိုပဲ ပြောပြလို့ လာခဲ့ပါတယ် နော်။ ပရိသတ်အသည်းကျော် မင်းသမီးလေးဆောင်းယွန်းစံက “မှော်ဘီမှာရှိတဲ့ ဆောင်းတို့မိသားစုပိုင် မြေတစ်ဧကခန့်ကို သာသနာ့နယ်မြေလုပ်ဖို့အတွက်
လှူခဲ့တာပါ။ ဒီမြေကို လွန်ခဲ့တဲ့ဆယ်နှစ်လောက်တုန်းက ဆောင်းရဲ့ဖေဖေက ဝယ်ခဲ့တာပါ။ အစကတော့ ဆောင်းတို့မောင်နှမတွေအတွက် ဒီမြေပေါ်မှာ အိမ်လေးတွေ ဆင်တူဆောက်ပေး မယ်၊
ရေကူးကန်လေး ဆောက်မယ် ဆိုပြီး ဖေဖေတို့က စိတ်ကူးထားခဲ့တာပါ။ဆောင်းတို့မောင်နှမတွေ ကလည်း အမွေဆိုတာထက် မိဘတွေ သက်ရှိထင်ရှားရှိစဉ်မှာ မွန်မြတ်တဲ့အလှူကို လုပ်ဖို့ ဆုံးဖြတ် ခဲ့ပါတယ် “ဟုဆိုကာ
မိသားစု မောင်နှမတွေအားလုံး စိတ်တူ ကိုယ်တူ အားလုံးသဘောတူညီချက်နဲ့ မိသားစုပိုင် မြေကွက်ကျယ်ကြီးအား သာသနာပြုနိုင်ရန်အတွက် အသုံးပြုဖို့ လှူဒါန်းဖြစ်ခဲ့ကြောင်း ပြောပြလို့ လာခဲ့တာပါ။ ဆောင်းယွန်းစံတို့လှူဒါန်း ခဲ့တဲ့
မြေကွက်ကြီးကတော့ ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ်က လှပဒါးကျေးရွာမှာ တည်ရှိပြီး ပေ၁၅၀ ၁၈၀ ပေ ကျယ်ဝန်းကြောင်း သိရပြီး လှပဒါးကျေးရွာရှိ စတုဘုမ္မိက မဂ္ဂင်ရိပ်သာကျောင်းတိုင်းသို့ လှူဒါန်းခဲ့တာဖြစ်ပြီး
မြေကွက်ကြီးကို သာသနာ့ နယ်မြေအဖြစ် လှူဒါန်းရုံ သာမက မုဒ်ဦးကြီးအားလည်း လှူဒါန်းခဲ့ကြောင်းနှင့်နောက်ထပ် ထပ်မံပြီးတော့လည်း သာသနာ့အကျိုး အေးချမ်းစွာ ဆောင်ရွက်နိုင်စေရန် အလိုငှာ
ကျောင်းဆောင်သစ်များ ဆောက်လုပ်လှူဒါန်းနိုင်အောင် ကြိုးစားသွားမယ်လို့ ဆိုလာခဲ့ပါတယ်။ ဖတ်ရှု့အားပေးနေ ကြသော ပရိသတ်ကြီးတို့မှလည်း ဆောင်းယွန်းစံတို့မိသားစု၏ မွန်မြတ်လှသော အလှူမင်္ဂလာတော်ကြီးအား
ဝမ်းမြောက်စွာဖြင့် သာဓုခေါ်ဆိုပေးခဲ့ကြပြီး ကျောင်းဆောင်သစ်များ ဆောက်လုပ် လှူဒါန်းလိုသော ဆန္ဒများ အကောင်အထည် ဖော်ဆောင်နိုင်ရန်အတွက် အလုပ်အကိုင်များ အဆင်ပြေပါစေကြောင်း ဆုမွန်ကောင်းများ ပို့သပေးခဲ့ကြပါအုံးနော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
မဂၤလာပါ ပရိသတ္ႀကီးေရ ေက်ာ့ရွင္းလွပၿပီး ေခ်ာေမာလြန္းတဲ့ ႐ုပ္ရည္ေလးနဲ႕ ေဆာင္းယြန္းစံကေတာ့ သ႐ုပ္ေဆာင္တစ္ေယာက္ အျဖစ္နဲ႕ ရပ္တည္ေနၿပီး႐ုပ္ရွင္နဲ႕ ဗီဒီယိုဇာတ္ကားမ်ား
ရိုက္ကူး သ႐ုပ္ေဆာင္ခဲ့သူ ျဖစ္သလို ယခု ေနာက္ပိုင္းမွာ ဆိုရင္ေတာ့ ဇာတ္လမ္းတြဲေတြမွာပါ ပါဝင္သ႐ုပ္ေဆာင္လာခဲ့တဲ့ မင္းသမီးေလးပဲ ျဖစ္ပါတယ္ေနာ္။ လက္ရွိမွာေတာ့
ပရိသတ္အခ်စ္ေတာ္ မင္းသမီးေလး ေဆာင္းယြန္းက ျပည္သူေတြနဲ႕ တစ္သားတည္း ရပ္တည္ကာ စားဝတ္ေနေရး ခက္ခဲေနတဲ့ ျပည္သူမ်ားကိုေစတနာရွင္မ်ားနဲ႕ စုေပါင္းကာ
အလႉ အတန္းေတြ မၾကာမၾကာ ျပဳလုပ္ေပးေလ့ ရွိတာကိုလည္း ေတြ႕ရပါတယ္။ အသက္အ႐ြယ္ ငယ္ေသးေပမယ့္ အလႉအတန္းကိစၥေတြနဲ႕ ပတ္သက္လာရင္ ေရွ႕ဆုံးကေန ဦးေဆာင္ပါဝင္ၿပီး တတ္နိုင္သေလာက္
လႉဒါန္း ကူညီေပးေန မႈေတြေၾကာင့္လည္း ပရိသတ္ေတြက သူတို႔ခ်စ္ရတဲဘ မင္းသမီးေလးကို တစ္ေန႕ထက္ တစ္ေန႕ ပိုပိုၿပီး အားေပး ခ်စ္ခင္ေနၾကတာလည္း ျဖစ္ပါ တယ္။ ေဆာင္းယြန္းစံကေတာ့ သူရဲ႕ လႈပ္ရွားမႈနဲ႕
အလႉကုသိုလ္ ပုံရိပ္ေတြကိုလည္း ခ်စ္ရေသာ ပရိသတ္ႀကီးမ်ား သာဓုေခၚ သိရွိနိုင္ေစရန္ အတြက္ သူမရဲ႕လူမႈကြန္ယက္ အြန္လိုင္းစာမ်က္ႏွာထက္မွာ အၿမဲေဖာ္ျပေပးေလ့ ရွိသူေလးလည္း ျဖစ္ ပါတယ္။ ယခုလည္း ေဆာင္းယြန္းစံက
သူမတို႔ ေမာင္ႏွမေတြအား ဖခင္ျဖစ္သူမွ အေမြအျဖစ္ ေပးထားေသာ ေျမကြက္က်ယ္ႀကီးအား သာသနာ့နယ္ေျမအျဖစ္ အသုံးျပဳနိုင္ရန္ လႉဒါန္းေပးျဖစ္ခဲ့ ပုံကို ခ်စ္ပရိသတ္ႀကီးမ်ား ၾကည္ႏူးဝမ္းေျမာက္စြာ
သာဓုေခၚဆိုနိုင္ၾကရန္ အတြက္ အခုလိုပဲ ေျပာျပလို႔ လာခဲ့ပါတယ္ ေနာ္။ ပရိသတ္အသည္းေက်ာ္ မင္းသမီးေလးေဆာင္းယြန္းစံက “ေမွာ္ဘီမွာရွိတဲ့ ေဆာင္းတို႔မိသားစုပိုင္ ေျမတစ္ဧကခန႔္ကို သာသနာ့နယ္ေျမလုပ္ဖို႔အတြက္
လႉခဲ့တာပါ။ ဒီေျမကို လြန္ခဲ့တဲ့ဆယ္ႏွစ္ေလာက္တုန္းက ေဆာင္းရဲ႕ေဖေဖက ဝယ္ခဲ့တာပါ။ အစကေတာ့ ေဆာင္းတို႔ေမာင္ႏွမေတြအတြက္ ဒီေျမေပၚမွာ အိမ္ေလးေတြ ဆင္တူေဆာက္ေပး မယ္၊
ေရကူးကန္ေလး ေဆာက္မယ္ ဆိုၿပီး ေဖေဖတို႔က စိတ္ကူးထားခဲ့တာပါ။ေဆာင္းတို႔ေမာင္ႏွမေတြ ကလည္း အေမြဆိုတာထက္ မိဘေတြ သက္ရွိထင္ရွားရွိစဥ္မွာ မြန္ျမတ္တဲ့အလႉကို လုပ္ဖို႔ ဆုံးျဖတ္ ခဲ့ပါတယ္ “ဟုဆိုကာ
မိသားစု ေမာင္ႏွမေတြအားလုံး စိတ္တူ ကိုယ္တူ အားလုံးသေဘာတူညီခ်က္နဲ႕ မိသားစုပိုင္ ေျမကြက္က်ယ္ႀကီးအား သာသနာျပဳနိုင္ရန္အတြက္ အသုံးျပဳဖို႔ လႉဒါန္းျဖစ္ခဲ့ေၾကာင္း ေျပာျပလို႔ လာခဲ့တာပါ။ ေဆာင္းယြန္းစံတို႔လႉဒါန္း ခဲ့တဲ့
ေျမကြက္ႀကီးကေတာ့ ရန္ကုန္တိုင္းေဒသႀကီး ေမွာ္ဘီၿမိဳ႕နယ္က လွပဒါးေက်း႐ြာမွာ တည္ရွိၿပီး ေပ၁၅၀ ၁၈၀ ေပ က်ယ္ဝန္းေၾကာင္း သိရၿပီး လွပဒါးေက်း႐ြာရွိ စတုဘုမၼိက မဂၢင္ရိပ္သာေက်ာင္းတိုင္းသို႔ လႉဒါန္းခဲ့တာျဖစ္ၿပီး
ေျမကြက္ႀကီးကို သာသနာ့ နယ္ေျမအျဖစ္ လႉဒါန္း႐ုံ သာမက မုဒ္ဦးႀကီးအားလည္း လႉဒါန္းခဲ့ေၾကာင္းႏွင့္ေနာက္ထပ္ ထပ္မံၿပီးေတာ့လည္း သာသနာ့အက်ိဳး ေအးခ်မ္းစြာ ေဆာင္႐ြက္နိုင္ေစရန္ အလိုငွာ
ေက်ာင္းေဆာင္သစ္မ်ား ေဆာက္လုပ္လႉဒါန္းနိုင္ေအာင္ ႀကိဳးစားသြားမယ္လို႔ ဆိုလာခဲ့ပါတယ္။ ဖတ္ရႈ႕အားေပးေန ၾကေသာ ပရိသတ္ႀကီးတို႔မွလည္း ေဆာင္းယြန္းစံတို႔မိသားစု၏ မြန္ျမတ္လွေသာ အလႉမဂၤလာေတာ္ႀကီးအား
ဝမ္းေျမာက္စြာျဖင့္ သာဓုေခၚဆိုေပးခဲ့ၾကၿပီး ေက်ာင္းေဆာင္သစ္မ်ား ေဆာက္လုပ္ လႉဒါန္းလိုေသာ ဆႏၵမ်ား အေကာင္အထည္ ေဖာ္ေဆာင္နိုင္ရန္အတြက္ အလုပ္အကိုင္မ်ား အဆင္ေျပပါေစေၾကာင္း ဆုမြန္ေကာင္းမ်ား ပို႔သေပးခဲ့ၾကပါအုံးေနာ္။ ခရက္ဒစ္
Leave a Reply