ပရိသတ်ကြီးတို့ရေ ဇာတ်ပို့သရုပ်ဆောင် ဖုန်းမြင့်ဇော်က ယခင်ဗီဒီယိုခေတ် ဗီဒီယို ဇာတ်ကားတွေမှာ ထဲက အကြမ်းအရမ်း ဖိုက်တင်ခန်းတွေနဲ့ ကျရာဇာတ်ရုပ်တွေ တိုင်းမှာ
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
အကောင်းဆုံး ပီပြင်စွာ ကြိုးစား သရုပ်ဆောင်ပြ နိုင်ခဲ့တဲ့သူ တစ်ယောက် ဖြစ်ပါတယ်နော်။ သို့ပေမယ့် ဇာတ်ပို့ဇာတ်ရံ လူကြမ်းသရုပ်ဆောင်တွေဟာ ဇာတ်ကားအရေအတွက် များပြားစွာမှာ
ပါဝင်သရုပ်ဆောင် ရိုက်ကူးခဲ့ရသည်ဖြစ်စေ အနုပညာကြေး အခကြေးငွေ ရရှိမှုကတော့ အလွန်အင်မတန်မှ နည်းပါးလှသည်မို့ လူမုန်းခံရ အမြင်ကပ်ခံရတဲ့အထိ ပီပြင်စွာ
ပုံဖော် သရုပ်ဆောင်ခဲ့ကြသော်လည်း မိသားစု တင့်တောင့်တင့်တယ် ဖြစ်ဖို့ဝေးစွ စားဝတ်နေရေးတောင်မှ အနိုင်နိုင် ရုန်းကန်နေခဲ့ကြ ရတာလည်းပဲ ဖြစ်ပါတယ်။ ယခုလည်း လူကြမ်း သရုပ်ဆောင်
ဦးဖုန်းမြင့်ဇော်က အနုပညာအလုပ်တွေလည်း မရှိတာမလို့ မိသားစုစားဝတ် နေရေးအပြင် အိမ်ငှားခပါ ခက်ခဲနေတဲ့အတွက် သူတို့မိသားစု နေထိုင်နေရတဲ့ ပုံစံကို အခုလို ဖွင့်ဟကာ ပြောပြလာတာကို တွေ့ရပါတယ်နော်။
လူကြမ်းဇာတ်ပို့ သရုပ်ဆောင်ဦးဖုန်းမြင့်ဇော် က “အိမ်စပေါ် အိမ်လခတွေပေးရမယ့် အချိန်ဆို ကိုယ့်မှာ ကြိုးမိန့်ပေးထား သလိုပဲ။ ခြောက်လစာ ကိုးသိန်းပေးရမယ်ဆိုတော့ အခုချိန်မှာ အလုပ် အကိုင်မရှိတော့ ကိုယ့်မှာ
ကိုးသိန်းမပြောနဲ့ ကိုးသောင်းတောင် မရှိဘူး။ အမျိုးသမီးက ဓမ္မာရုံမှာသွား ချက်ပြုတ်ပေးရင်းနဲ့ လူကြီးတွေက လာနေပါလား ပြောလို့ နေစရာ လေးရနေတာပါ” ဆိုပြီး နေစရာအိမ်ဆိုတာ ဝေးလို့
အိမ်ငှားခလေးတောင်မှ ပေးနိုင်စွမ်း မရှိတော့တာမို့ ရပ်ကွက်ဓမ္မာရုံလေးမှာ ကပ်ကာ နေနေရတဲ့ သူတို့မိသားစုရဲ့ အဖြစ်ကို ရင်နင့်စွာ ပြောပြလာ ခဲ့တာပဲဖြစ်ပါ တယ်။ အလုပ်အကိုင်ကလည်း မရှိ၊ ခေတ်ကာလကလည်း
မကောင်းနဲ့ နေစရာမရှိလို့ ဓမ္မာရုံမှာ ပြောင်းရွှေ့နေနေရ ရှာတဲ့ သရုပ်ဆောင်ဦးဖုန်းမြင့်ဇော်တို့ ဘဝက တကယ့်ကို စိတ်မကောင်းစရာ ပါပဲနော်။လုပ်ဖော်ကိုင်ဖက် အနုပညာသမား မင်းသား မင်းသမီးတွေက
ကူညီကြမယ်ဆိုရင်ဖြင့် ဦးဖုန်းမြင့်ဇော်တို့ မိသားစုဘဝလေး ယခုထက်ပို၍ အဆင်ပြေနိုင်တာမို့ ကူညီဖေးမမယ့် သူများ အမြန်ပေါ်ပေါက်လာပါ စေကြောင်း ဆုမွန်ကောင်းများ တောင်းပေးရင်း မေတ္တာ စေတနာစကားများ ဆိုခဲ့ပေးကြပါအုံးနော် ပရိသတ်ကြီး။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply