လူတစ်ယောက်မှာ ငွေအင်အားနည်းချိန်က စားခဲ့သောအစားအစာများ၊ အသုံးဆောင်များကို စားစဉ် သုံးစဉ်ကကြိုက်သည်ကောင်းသည် အဆင်ပြေသလိုတော့ရှိကြမည်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
လက်ထဲရှိတဲ့ငွေဟာလည်း မိမိဘဝနှင့်လုံ လောက်သလိုတော့ရှိကြသည် မလုံလောက်ပဲလိုအပ်နေတာလည်းဖြစ်နတတ်ပါသည်။ ဥပမာ နေ့စဉ်ဝင်ငွေ 3000 ရနေစဉ်ကလည်း ဘဝကနေပျော်သလိုရှိပြီး
ရပ်တည်လို့တော့ရနေတယ်ပေါ့ဗျာယခု နေ့စဉ်ဝင်ငွေ 10000 ဝင်လည်း ယခင်ထက်ပိုပြီး စုမိလာသလားဆိုတော့ မစုမိပါ မပြည့်စုံနိုင်ပဲ လိုအပ်နေသေးသူပဲဖြစ်နေတာကတော့ ဟုတ်မဟုတ် မိမိကိုယ်ကိုယ် ပြန်စိစစ်ကြည့်ပါ။
တစ်ချို့ဆိုလျှင်လခစားမဟုတ်ပဲ လုပ်ငန်းရှင်တောင်ဖြစ်နေပြီ မပြည့်စုံသေးပဲစိတ်သောကရနေတတ်သေး ၏ အဲဒါဘာကြောင့်လဲဆိုတော့ ယခင် ဝင်ငွေလေး နည်းစဉ်ကမုန့်ပျားသလက်နဲ့လည်းအဆင်ပြေ၏
ဝင်ငွေလေးတိုးလာလျှင်တော့ ဟမ်းဘာဂါလေး ကြက်ကြော်လေး ဖတ်ထုပ်ပေါင်းလေး မာလာဟင်းလေး စားချင်မိသောလူသားတိုင်းရဲ့ လောဘ တဏှာကြောင့်ပဲဖြစ်ပါတယ်။ ဖုန်း ဆိုလည်း ယခင်ထက်တော့
ပိုမြင့်တာ ကောင်းတာလေးတော့ကိုင်သင့်တယ်လို့ အတွေးဝင်လာတတ်တယ်ပေါ့ဗျာ ကျနော်တို့အားလုံး အထူးဂရုစိုက်ရမှာကတော့ သင့်တင့်သောဘဝ သင့်တင့်သောအခြေအနေလေးနှင့်
မိမိကိုယ်ကိုယ် ရောင့်ရဲတင်းတိန်စွာနေတတ်မယ်ဆိုလျှင်ငွေ မချမ်းသာလည်းစိတ်ချမ်းသာသောဘဝကိုပိုင်ဆိုင်ကြရမှာဖြစ်ပါတယ်။ မိမိထက်ချမ်းသာပြည့်စုံသူကိုကြည့်ပြီး မိမိက ထိုသူ များလို့
မနေထိုင်သင့်ပါ မိမိဘဝအခြေအနေနှင့်သင့် တင့်အောင်စား သင့်တင့်စွာသုံး Fb အွန်လိုင်းကအစ မိမိဝင်ငွေနှင့်ကိုက်ညီအောင်သုံးသင့်ပါသည်။ဝင်ငွေကို ပုံမှန်ရရှိအောင် ကြိုးစားပြီး ရခဲလှတဲ့ လူ့ဘဝကို
အပူတွေနှင့် မဖြတ်သန်းသင့်ပါ ယောနိသောမနသီကာရ ဆိုတဲ့ မိမိကိုယ်ကို မှန်မှန်ကန်ကန်နှလုံးသွင်းတတ်အောင်ကြိုးစားနေထိုင်သင့်ပါသည်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply