“ဥ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ပို့ဆုကို မင်းသမီးချောလေး ချောရတနာကတော့ ရရှိပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ချောရတနာက အိမ်ထောင်ကျပြီး ကလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပြီဆိုပေမယ့် အပျိုလေးတစ်ယောက်လို နုနယ်လှပနေဆဲဖြစ်ပါတယ်။ လက်ရှိမှာလည်း ချောရတနာက
အနုပညာအလုပ်တွေဆက်တိုက်လုပ်ကိုင်နေပြီး အွန်လိုင်း Live Sale ရောင်းချခြင်းကိုလည်း အချိန်ပေးပြီး လုပ်ကိုင်ဖြစ်နေလျက်ရှိတာကို တွေ့ရပါတယ်။
မနေ့က စက်တင်ဘာလ (၂၉) ရက်နေ့ကတော့ ချောရတနာရဲ့ မွေးနေ့လေးပဲဖြစ်ပြီး ချောရတနာက သူမရဲ့မွေးနေ့မှာ ခင်ပွန်း၊ သားသမီးတို့နဲ့အတူတူ ဘုရားသွားဖူးပြီး အိမ်မှာပဲကိတ်မုန့်လေးခွဲကာ
ရိုးရိုးရှင်းရှင်းဖြတ်သန်းခဲ့ပါတယ်။ ချောရတနာက ကျွန်မရဲ့ ၂၁ နှစ် ကို ၂ ခါပေါင်း ပြည့်တဲ့နေ့ အမှတ်တရ ဓာတ်ဆရာတွေတော်ချက်” ဆိုပြီး
သူမရဲ့မွေးနေ့အမှတ်တရပုံရိပ်လေးကို မျှဝေပေးလာပါတယ်။ချောရတနာကတော့ အသက်တစ်နှစ်ကြီးလာတဲ့မွေးနေ့ကို ရိုးရိုးရှင်းရှင်းလေး မိသားစုနဲ့အတူတူဖြတ်သန်းခဲ့တာပဲ ဖြစ်ပါတယ်။
ချောရတနာတစ်ယောက် ဒီထက်မက ပျော်ရွှင်တဲ့ မိသားစုဘဝလေးကိုပိုင်ဆိုင်ပြီး အနုပညာအလုပ်တွေမှာလည်း အောင်မြင်မှုတွေဆက်လက်ရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Leave a Reply