အနုပညာအလုပ်အပြင် တနိုင်တပိုင်လက်တွန်းလှည်းလေးနဲ့ ဒင်ဆမ်းရောင်းပြီး စီးပွားရှာနေတဲ့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲမှ မာဃ
သရုပ်ဆောင် ရန်လင်းအောင်ကိုတော့ “စေတလုံးမောင်ဘုန်း” ဇာတ်လမ်းတွဲမှာ မာဃအဖြစ် ပရိသတ်ကြီး မှတ်မိကြဦးမယ် ထင်ပါတယ်။
(UniCode ဖြင့် ဖတ်မရသူများအတွက် အောက်တွင် ဇော်ဂျီကုဒ်ဖြင့် ဖော်ပြထားရှိပါသည်)
ရန်လင်းအောင်ဟာ ပြီးခဲ့တဲ့လပိုင်းက ထုတ်လွှင့်ပြသခဲ့တဲ့ “အေးရိပ်ငြိမ်” ဇာတ်လမ်းတွဲမှာလည်း မောင်မောင်လေးအဖြစ် သရုပ်ဆောင်ရင်း ပရိသတ်အားပေးမှုကို
လက်ခံရရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရန်လင်းအောင်ကတော့ သရုပ်ဆောင်တစ်ယောက်အဖြစ် လက်ရှိမှာလည်း အနုပညာအလုပ်တွေကို လုပ်ကိုင်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အနုပညာအလုပ်အပြင်
မိသားစုစားဝတ်နေရေးအတွက် သမာအာဇီဝကျကျ အလုပ်တွေကို လုပ်ကိုင်ဖြစ်နေတဲ့ ရန်လင်းအောင်ဟာ အခုလက်ရှိမှာလည်း အိမ်လုပ်ဒင်ဆမ်းလေးတွေ ရောင်းချနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ မာဃဟာ
သူ့ရဲ့ဒင်ဆမ်းတွေကို လှိုင်မြို့နယ် သံလမ်းမှာ လက်တွန်းလှည်းလေးနဲ့ ရောင်းချသလို အွန်လိုင်းကနေလည်း ရောင်းချပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ရန်လင်းအောင်ကတော့
အလုပ်ဟူသမျှဂုဏ်ရှိစွဆိုတဲ့ စကားအတိုင်း မိသားစုအတွက် အလုပ်တွေကိုကြိုးစားလုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ရန်လင်းအောင်ရဲ့ဆိုင်လေး ဒီထက်မက ရောင်းကောင်းပြီး အောင်မြင်မှုတွေအများကြီးရရှိပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။ ခရက်ဒစ်
Zawgyi code ဖြင့် ဖတ်ရန်
Be the first to comment
Leave a Reply
Your email address will not be published.
*