အသားဈေးကြီးမြင့်နေခြင်းကြောင့် ခွေးသားဝယ်ယူမှု မြင့်တက်နေပြီး လမ်းဘေးခွေးများ လျော့နည်းလာ

စစ်တပ်မှ အာဏာသိမ်းပြီး နှစ်နှစ်နီးပါးကြာမြင့်ချိန်တွင် ဒေသတွင်းကုန်ဈေးနှုန်း အဆမတန်မြင့်တက်နေခြင်းကြောင့် အခြေခံလူတန်စားများမှာ စားဝတ်နေရေး အခက်အခဲများစွာဖြင့် ကြုံတွေ့နေကြရသည်။

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်တွင် အသားဈေးကြီးမြင့်နေခြင်းကြောင့် အသားအစားထိုးအနေဖြင့် တရားမဝင်ခွေးသားဝယ်မှု မြင့်တက်နေကြောင်း ဒေသခံများထံမှသိရသည်။

“ အရင်က ခွေးသားဆိုတာ ဘုံဆိုင်က အရက်သမားတွေပဲ မြည်းဖို့ စားကြတာ၊ အခုက ဟင်းတစ်ခုအနေနဲ့ ဝယ်ယူစားသောက်နေကြသလို ဖြစ်နေပြီ၊ တချို့ရပ် ကွက်ထဲက ဆိုင်တွေမှာဆို ခွေးသားရောင်းနေကြတာ တွေ့တယ်”ဟု ရွာဘဲရပ်ကွက်နေ ပြည်သူတစ်ဦးမှ ပြောသည်။

ပြည်မြို့တွင် ကြက်သား တစ်ပိဿာ ၁၆,၀၀၀၊ အမဲ သား တစ်ပိဿာ၁၇,၀၀၀၊ ဝက်သား တစ်ပိဿာ ၁၆,၀၀၀နှင့် ဆိတ်သား တစ်ပိဿာ ၂၀,၀၀၀ကျော်ဈေး ပေါက်နေကြောင်း သိရသည်။

ခွေးသား တစ်ပိဿာ ရှစ်ထောင်ဝန်းကျင်ရှိပြီး ပုံမှန်စားနေကျ အသားဈေးတွေထက် သက်သာနေသည့်အ တွက် ဝယ်ယူမှုများပြားနေကြောင်း သိရသည်။ စာသုံးသူ များပြားနေသည့်အတွက် လမ်းဘေးခွေးများကို ပစ်မှတ်ထား စီးပွားရှာနေခြင်းလည်း ဖြစ်ပေါ်လာနေသည်။

“အခုကြားတာက ဒိုင်ကိုသွင်းရင် အကောင်လိုက်ဆိုရင် ၄,၅၀၀ကနေ ၅,၀၀၀လောက်ဈေးပေါက်တာပေါ့၊ ရပ် ကွက်ထဲမှာ အဆိပ်ချခံနေရတဲ့ ခွေးတွေများလာတယ်၊ သူတို့က မနက်အစောကြီး ၄နာရီလောက်ဆို လာပြီး ခွေးဖမ်းနေကျပြီး ရပ်ကွက်က မြင်ရင်တော့ ဝိုင်းလိုက်တာပေါ့၊ မမြင်တဲ့အချိန်ဆို ပါသွားကြတယ်”ဟု ပွင့်လှသိမ်းကုန်းရပ်ကွက်နေ ပြည်သူတစ်ဦးမှပြောသည်။

လမ်းဘေးခွေးတွေသာမက ပိုင်ရှင်ရှိ ခြံဝန်းထဲက ခွေးတွေကိုပါ ခွေးဖမ်းအဖွဲ့တွေက ပစ်မှတ်ထားလာနေကြသည်။ ခွေးဖမ်းအဖွဲ့များတွင် အနည်းဆုံး လူ သုံးဦးမှ ငါးဦးအထိပါဝင်နေပြီး စက်ဘီး၊ ဆိုင်ကယ်၊ သုံးဘီးများကို အသုံးပြုကာ လိုက်လံဖမ်းဆီးနေကြကြောင်းသိရသည်။

“ သားတို့ကို ဟိုတစ်နေ့က လူကြီးတစ်ယောက်က လာပြောတယ်၊ ခွေးဖမ်းပေးရင် တစ်ကောင်ကို ၂,၅၀၀ရမယ်ပြောတယ်၊ ခွေးဖမ်းဖို့အတွက် သူတို့က အစာပေးမယ် အဲ့ဒါနဲ့ဖမ်းလို့ပြောတယ်၊ သားတို့က မဖမ်းပေးဘူးလို့ပြောလိုက်တယ်ဗျ။ သားဆီမှာ ခွေးလေး သုံးကောင်ရှိတယ်၊ သူတို့ကို သားချစ်တယ်၊ သားတို့ရဲ့ သူငယ် ချင်းပဲ သူတို့က”ဟု လေလွင့်ကလေးငယ်တစ်ဦးမှ သူကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြောပြသည်။

ယခင်က လမ်းတစ်လမ်းတွင် လမ်းဘေးခွေး ၁၀ကော င်ရှိခဲ့လျှင် ယခုအခါတွင် နှစ်ကောင်သာ ကျန်တော့ကြောင်းသိရသည်။

“ လမ်းဘေးခွေးတွေ ပျောက်နေတာက အတော်ကြာပြီ၊ ကျနော်က ဘယ်လမ်းမှာ ဘယ်ခွေးဘယ်နှစ်ကောင်ဆိုတာ အစ သိတယ်၊ အခု ဒီနှစ်ထဲမှာ ခွေးတွေ အတော်နည်းသွားတယ်၊ ရပ်ကွက်ထဲ လူစိမ်းဝင်တာတွေ ခိုးဆိုးလုနှိုက်တွေအတွက် ဒီလမ်းဘေးခွေးလေးတွေက အဟန့်အတားတစ်ခုဖြစ်တာပေါ့၊

အဲ့အတွက် ကျွေးမွေးစောင့်ရှောက်ပေးဖို့ မျိုးဆက်မပွားဖို့အတွက်လည်း ထိန်းသိမ်းပေးဖို့ ကိုယ့်လမ်းထဲမှာရှိနေတဲ့ ခွေးလေးတွေကိုလည်း မပပျောက်သွားဖို့ ထိန်းသိမ်းစောင့်ရှောက်ဖို့ လိုတယ်”ဟု အနန္တမေတ္တာ တိရစ္ဆာန်ကယ်ဆယ်စောင့်ရှောက်ရေး ပရဟိတဂေဟာမှ တည်ထောင်သူ ကိုအောင်ကျော်မိုးမှပြောသည်။

ပြည်မြို့တွင် စစ်တပ်မှ အာဏာမသိမ်းခင်အချိန်က လမ်းဘေးခွေး ၆၀၀ကျော်ရှိခဲ့ပြီး ယခုအခါ ကောင်ရေ ၄၀၀နီးပါးသာ ကျန်ရှိတော့ကြောင်း သိရသည်။ ယခုလို လမ်းဘေးခွေးများ အသားဈေးကွက်ထဲ ဝင်ရောက်လာခြင်းအပေါ် ဥပဒေအရ အရေးယူဆောင်ရွက်သင့်ကြောင်း တိရစ္ဆာန်ချစ်သူများမှ ဝေဖန်အကြံပြုကြသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

အသားေဈးႀကီးျမင့္ေနျခင္းေၾကာင့္ ေခြးသားဝယ္ယူမႈ ျမင့္တက္ေနၿပီး လမ္းေဘးေခြးမ်ား ေလ်ာ့နည္းလာ

စစ္တပ္မွ အာဏာသိမ္းၿပီး ႏွစ္ႏွစ္နီးပါးၾကာျမင့္ခ်ိန္တြင္ ေဒသတြင္းကုန္ေဈးႏႈန္း အဆမတန္ျမင့္တက္ေနျခင္းေၾကာင့္ အေျခခံလူတန္စားမ်ားမွာ စားဝတ္ေနေရး အခက္အခဲမ်ားစြာျဖင့္ ႀကဳံေတြ႕ေနၾကရသည္။

ပဲခူးတိုင္းေဒသႀကီး၊ ျပည္ၿမိဳ႕နယ္တြင္ အသားေဈးႀကီးျမင့္ေနျခင္းေၾကာင့္ အသားအစားထိုးအေနျဖင့္ တရားမဝင္ေခြးသားဝယ္မႈ ျမင့္တက္ေနေၾကာင္း ေဒသခံမ်ားထံမွသိရသည္။

“ အရင္က ေခြးသားဆိုတာ ဘုံဆိုင္က အရက္သမားေတြပဲ ျမည္းဖို႔ စားၾကတာ၊ အခုက ဟင္းတစ္ခုအေနနဲ႕ ဝယ္ယူစားေသာက္ေနၾကသလို ျဖစ္ေနၿပီ၊ တခ်ိဳ႕ရပ္ ကြက္ထဲက ဆိုင္ေတြမွာဆို ေခြးသားေရာင္းေနၾကတာ ေတြ႕တယ္”ဟု ႐ြာဘဲရပ္ကြက္ေန ျပည္သူတစ္ဦးမွ ေျပာသည္။

ျပည္ၿမိဳ႕တြင္ ၾကက္သား တစ္ပိႆာ ၁၆,၀၀၀၊ အမဲ သား တစ္ပိႆာ၁၇,၀၀၀၊ ဝက္သား တစ္ပိႆာ ၁၆,၀၀၀ႏွင့္ ဆိတ္သား တစ္ပိႆာ ၂၀,၀၀၀ေက်ာ္ေဈး ေပါက္ေနေၾကာင္း သိရသည္။

ေခြးသား တစ္ပိႆာ ရွစ္ေထာင္ဝန္းက်င္ရွိၿပီး ပုံမွန္စားေနက် အသားေဈးေတြထက္ သက္သာေနသည့္အ တြက္ ဝယ္ယူမႈမ်ားျပားေနေၾကာင္း သိရသည္။ စာသုံးသူ မ်ားျပားေနသည့္အတြက္ လမ္းေဘးေခြးမ်ားကို ပစ္မွတ္ထား စီးပြားရွာေနျခင္းလည္း ျဖစ္ေပၚလာေနသည္။

“အခုၾကားတာက ဒိုင္ကိုသြင္းရင္ အေကာင္လိုက္ဆိုရင္ ၄,၅၀၀ကေန ၅,၀၀၀ေလာက္ေဈးေပါက္တာေပါ့၊ ရပ္ ကြက္ထဲမွာ အဆိပ္ခ်ခံေနရတဲ့ ေခြးေတြမ်ားလာတယ္၊ သူတို႔က မနက္အေစာႀကီး ၄နာရီေလာက္ဆို လာၿပီး ေခြးဖမ္းေနက်ၿပီး ရပ္ကြက္က ျမင္ရင္ေတာ့ ဝိုင္းလိုက္တာေပါ့၊ မျမင္တဲ့အခ်ိန္ဆို ပါသြားၾကတယ္”ဟု ပြင့္လွသိမ္းကုန္းရပ္ကြက္ေန ျပည္သူတစ္ဦးမွေျပာသည္။

လမ္းေဘးေခြးေတြသာမက ပိုင္ရွင္ရွိ ၿခံဝန္းထဲက ေခြးေတြကိုပါ ေခြးဖမ္းအဖြဲ႕ေတြက ပစ္မွတ္ထားလာေနၾကသည္။ ေခြးဖမ္းအဖြဲ႕မ်ားတြင္ အနည္းဆုံး လူ သုံးဦးမွ ငါးဦးအထိပါဝင္ေနၿပီး စက္ဘီး၊ ဆိုင္ကယ္၊ သုံးဘီးမ်ားကို အသုံးျပဳကာ လိုက္လံဖမ္းဆီးေနၾကေၾကာင္းသိရသည္။

“ သားတို႔ကို ဟိုတစ္ေန႕က လူႀကီးတစ္ေယာက္က လာေျပာတယ္၊ ေခြးဖမ္းေပးရင္ တစ္ေကာင္ကို ၂,၅၀၀ရမယ္ေျပာတယ္၊ ေခြးဖမ္းဖို႔အတြက္ သူတို႔က အစာေပးမယ္ အဲ့ဒါနဲ႕ဖမ္းလို႔ေျပာတယ္၊ သားတို႔က မဖမ္းေပးဘူးလို႔ေျပာလိုက္တယ္ဗ်။ သားဆီမွာ ေခြးေလး သုံးေကာင္ရွိတယ္၊ သူတို႔ကို သားခ်စ္တယ္၊ သားတို႔ရဲ႕ သူငယ္ ခ်င္းပဲ သူတို႔က”ဟု ေလလြင့္ကေလးငယ္တစ္ဦးမွ သူႀကဳံေတြ႕ခဲ့ရသည့္ အျဖစ္အပ်က္ကို ေျပာျပသည္။

ယခင္က လမ္းတစ္လမ္းတြင္ လမ္းေဘးေခြး ၁၀ေကာ င္ရွိခဲ့လွ်င္ ယခုအခါတြင္ ႏွစ္ေကာင္သာ က်န္ေတာ့ေၾကာင္းသိရသည္။

“ လမ္းေဘးေခြးေတြ ေပ်ာက္ေနတာက အေတာ္ၾကာၿပီ၊ က်ေနာ္က ဘယ္လမ္းမွာ ဘယ္ေခြးဘယ္ႏွစ္ေကာင္ဆိုတာ အစ သိတယ္၊ အခု ဒီႏွစ္ထဲမွာ ေခြးေတြ အေတာ္နည္းသြားတယ္၊ ရပ္ကြက္ထဲ လူစိမ္းဝင္တာေတြ ခိုးဆိုးလုႏွိုက္ေတြအတြက္ ဒီလမ္းေဘးေခြးေလးေတြက အဟန႔္အတားတစ္ခုျဖစ္တာေပါ့၊

အဲ့အတြက္ ေကြၽးေမြးေစာင့္ေရွာက္ေပးဖို႔ မ်ိဳးဆက္မပြားဖို႔အတြက္လည္း ထိန္းသိမ္းေပးဖို႔ ကိုယ့္လမ္းထဲမွာရွိေနတဲ့ ေခြးေလးေတြကိုလည္း မပေပ်ာက္သြားဖို႔ ထိန္းသိမ္းေစာင့္ေရွာက္ဖို႔ လိုတယ္”ဟု အနႏၲေမတၱာ တိရစာၦန္ကယ္ဆယ္ေစာင့္ေရွာက္ေရး ပရဟိတေဂဟာမွ တည္ေထာင္သူ ကိုေအာင္ေက်ာ္မိုးမွေျပာသည္။

ျပည္ၿမိဳ႕တြင္ စစ္တပ္မွ အာဏာမသိမ္းခင္အခ်ိန္က လမ္းေဘးေခြး ၆၀၀ေက်ာ္ရွိခဲ့ၿပီး ယခုအခါ ေကာင္ေရ ၄၀၀နီးပါးသာ က်န္ရွိေတာ့ေၾကာင္း သိရသည္။ ယခုလို လမ္းေဘးေခြးမ်ား အသားေဈးကြက္ထဲ ဝင္ေရာက္လာျခင္းအေပၚ ဥပေဒအရ အေရးယူေဆာင္႐ြက္သင့္ေၾကာင္း တိရစာၦန္ခ်စ္သူမ်ားမွ ေဝဖန္အႀကံျပဳၾကသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*