
မန္တလေးတိုင်း မတ္တရာမြို့နယ် အတွင်း ဧရာဝတီမြစ်ရိုးတစ်လျှောက်တွင် ဓားပြမှုပေါင်း များစွာ ကျူးလွန်လျက် ရှိသော အဖွဲ့ဝင် အင်အား ၁၅ ဦး ပါ နာမည် ကြီး ဓားပြ ဂိုဏ်း တစ်ခု ကို တိုက်ရာပါပစ္စည်းများ၊ လက်နက်များနှင့်အတူ
ရွှေဘိုခရိုင် PDF တပ်ရင်း ၁၈ ဖော်ထုတ်အရေးယူလိုက်ကြောင်း အဆိုပါတပ်ရင်းမှ ဗိုလ်စွန်ရဲကပြောသည်။ဓားပြဂိုဏ်းက ကိုင်ဆောင်သော သက်သေခံ လက်နက်များနှင့် တကွ ဓားပြဂိုဏ်း အခြေပြုရာ စိန်ပန်းကုန်း ကျေးရွာ သို့
စစ်ကိုင်းတိုင်း ရွှေဘိုခရိုင် တပ်ရင်း ၁၈ က စက်တင် ဘာလ ၂၃ ရက်နေ့တွင် ဝင်ရောက်စီးနင်း ဖမ်းဆီး ခဲ့ ပြီးတပ်ရင်းမှ ရဲဘော်များ ထိခိုက်မှု လုံးဝ မရှိဘဲ ဓားပြခေါင်းဆောင် နိုင်ဝင်းနှင့်
ငြိမ်းဇော် အပါအဝင် အင်အား (၁၅) ယောက် ကို သက်သေခံပစ္စည်း များစွာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း သိရှိရသည်။လတ်တလော ဖမ်းဆီးရရှိမှု အခြေအနေကို NUG ကာကွယ်ရေးဝန်ကြီးဌာနထံတွင် တင်ပြထားပြီး ဆက်လက် အရေးယူမှုကို MOD လမ်းညွှန်ချက်အတိုင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရှိရသည်။
“လောလောဆယ် တော့ MOD ကိုတင်ထားတယ်ဗျ။ အဲဒီကဘာလုပ်ရမယ်မပြောခင် အထိ စခန်းမှာပဲထိန်းသိမ်းထားမယ်တဲ့”ဟု အဆိုပါတပ်ရင်းမှ ရဲဘော်တစ်ဦးက ဆိုသည်။
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
မတၱရာတြင္ အဖြဲ႕ဝင္ ၁၅ ဦးပါနာမည္ႀကီး ဓားျပဂိုဏ္းကို တိုက္ရာပါပစၥည္းမ်ား၊ လက္နက္မ်ားႏွင့္အတူ ေ႐ႊဘိုခရိုင္ PDF တပ္ရင္း(၁၈) က ေဖာ္ထုတ္ဖမ္းဆီး အေရးယူ
မႏၲေလးတိုင္း မတၱရာၿမိဳ႕နယ္ အတြင္း ဧရာဝတီျမစ္ရိုးတစ္ေလွ်ာက္တြင္ ဓားျပမႈေပါင္း မ်ားစြာ က်ဴးလြန္လ်က္ ရွိေသာ အဖြဲ႕ဝင္ အင္အား ၁၅ ဦး ပါ နာမည္ ႀကီး ဓားျပ ဂိုဏ္း တစ္ခု ကို တိုက္ရာပါပစၥည္းမ်ား၊ လက္နက္မ်ားႏွင့္အတူ
ေ႐ႊဘိုခရိုင္ PDF တပ္ရင္း ၁၈ ေဖာ္ထုတ္အေရးယူလိုက္ေၾကာင္း အဆိုပါတပ္ရင္းမွ ဗိုလ္စြန္ရဲက ေျပာသည္။ဓားျပဂိုဏ္းက ကိုင္ေဆာင္ေသာ သက္ေသခံ လက္နက္မ်ားႏွင့္ တကြ ဓားျပဂိုဏ္း အေျချပဳရာ စိန္ပန္းကုန္း ေက်း႐ြာ သို႔
စစ္ကိုင္းတိုင္း ေ႐ႊဘိုခရိုင္ တပ္ရင္း ၁၈ က စက္တင္ ဘာလ ၂၃ ရက္ေန႕တြင္ ဝင္ေရာက္စီးနင္း ဖမ္းဆီး ခဲ့ ၿပီးတပ္ရင္းမွ ရဲေဘာ္မ်ား ထိခိုက္မႈ လုံးဝ မရွိဘဲ ဓားျပေခါင္းေဆာင္ နိုင္ဝင္းႏွင့္
ၿငိမ္းေဇာ္ အပါအဝင္ အင္အား (၁၅) ေယာက္ ကို သက္ေသခံပစၥည္း မ်ားစြာျဖင့္ ဖမ္းဆီးရမိခဲ့ေၾကာင္း သိရွိရသည္။လတ္တေလာ ဖမ္းဆီးရရွိမႈ အေျခအေနကို NUG ကာကြယ္ေရးဝန္ႀကီးဌာနထံတြင္ တင္ျပထားၿပီး ဆက္လက္ အေရးယူမႈကို MOD လမ္းၫႊန္ခ်က္အတိုင္းေဆာင္႐ြက္မည္ျဖစ္ေၾကာင္း သိရွိရသည္။
“ေလာေလာဆယ္ ေတာ့ MOD ကိုတင္ထားတယ္ဗ်။ အဲဒီကဘာလုပ္ရမယ္မေျပာခင္ အထိ စခန္းမွာပဲထိန္းသိမ္းထားမယ္တဲ့”ဟု အဆိုပါတပ္ရင္းမွ ရဲေဘာ္တစ္ဦးက ဆိုသည္။
Leave a Reply