ဗိုလ်ချုပ်ဟောင်း အုန်းသွင် အသတ်ခံရပြီးနောက် ရန်ကုန်မြို့နယ်တချို့က စစ်မှုထမ်းဟောင်း အရာရှိကြီးမိသားစုတချို့ နေပြည်တော်သို့ ရွှေ့ပြောင်း

ဗိုလ်ချုပ်ဟောင်း အုန်းသွင်နှင့်သားမက်ဖြစ်သူတို့ အသတ်ခံရပြီးနောက်ပိုင်း ရန်ကုန်ရှိ၊ တောင်ဥက္ကလာပမြို့နယ်နှင့် မရမ်းကုန်းမြို့နယ်က စစ်တပ်အရာရှိကြီးဟောင်းများ လုံခြုံရေး စစ်ယာဉ်တန်းဖြင့် နေပြည်တော်သို့ ပြောင်းရွှေ့နေကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့တချို့၏ သတင်းအချက် အလက်များအရ သိရသည်။

ယမန်နေ့ စက်တင်ဘာလ ၂၉ ရက် ညနေပိုင်းက နေပြည်တော် အမြန်လမ်းသို့ စစ်တပ်လုံခြုံရေးယာဉ်တန်းဖြင့် ထွက်ခွာသွားသော စစ်တပ်အရာရှိကြီးဟောင်းများ၏ မိသားစုကားတန်းကို တွေ့ရှိရကြောင်း၊ တောင်ဥက္ကလာပမြို့နယ်မှ မိသားစုတခု၊ မရမ်းကုန်းမြို့နယ်မှ မိသားစု နှစ်ခုတို့ဖြစ်ကြောင်း၊

၎င်းတို့၏ ကားတန်းကို လုံခြုံရေး စစ်တပ်များရှိနေသည့်အတွက် မည်သည့် မိသားစုများဖြစ်သည်ကိုတော့ အတိအကျ မပြောနိုင်သေးကြောင်း ရန်ကုန်မြို့ပြ ပျောက်ကြားတပ်ဖွဲ့၏ သတင်းတာဝန်ခံတဦးဖြစ်သူက ပြောသည်။

‘‘ကျနော်တို့ အဖွဲ့တွေ စုံစမ်းလိုက်တဲ့သတင်းအရတော့ စစ်တပ်အရာရှိဟောင်းတွေ စရွှေ့နေတာ ဟုတ်တယ်။ နေပြည်တော်လောက်ဘဲလတ်တလောလုံခြုံတာဆိုတော့ နေပြည်တော်လို့ဘဲယူဆရတယ်။ မနေ့က ၃ ယောက်တိတိသတင်းရတယ်။ အဓိက သူတို့အိမ်တွေမှာ အိမ်အကူတွေကလွဲပြီး မိသားစုဝင်တွေ စတင်ပြောင်းနေပြီ။

ကျနော်တို့သတင်းအဖွဲ့တွေက သူတို့ အာဏာသိမ်း စစ် တပ်အားပေး မလုပ်ရင် ဘာမှ လုပ်စရာမရှိဘူး။ ရှိတဲ့သူတွေပဲ ကျနော်တို့ ရှင်းလင်းမှာ။ ဒါပေမယ့် စစ်မှု ထမ်းဟောင်း အရာရှိကြီးတွေကတော့ ကြောက်လန့်တကြား ပြောင်းနေကြတာ’’ ဟု ၎င်းက ဆိုသည်။

စက်တင်ဘာ ၂၅ ရက်နေ့ ညနေပိုင်းက ဂေါက်ရိုက်ရာမှ ပြန်လာသော ဗိုလ်ချုပ်အုန်းသွင်နှင့် သားမက်ဖြစ်သူ ရဲတေဇတို့သည် လှိုင်မြို့နယ်၊ အောင်ဓမ္မရိပ်သာလမ်းရှိ နေ့အိမ်ခြံဝတွင်ပင် အင်းယားမြို့ပြပျောက်ကျား တပ်ဖွဲ့က ရှင်းလင်းခဲ့ကြောင်းသတင်းထုတ်ပြန်ခဲ့သည်။

ဗိုလ်ချုပ်ဟောင်း အုန်းသွင်သည် စစ်ဗိုလ်မှူးချုပ်ဘဝနှင့် အငြိမ်းစားယူခဲ့ပြီနောက် သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ မော်လဒိုက်နှင့် တောင်အာဖရိကနိုင်ငံများတွင် သံအ မတ်များဖြစ် တာဝန်ယူခဲ့သူဖြစ်ပြီး လက်ရှိ အာဏာ သိမ်း စစ်ကောင်စီ၏ ဒုခေါင်းဆောင်ဖြစ်သူ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၏ ဆရာအရင်းလည်းဖြစ် ကြောင်း၊ စစ်တက္ကသိုလ် DSA တွင် သင်တန်းပို့ချနေဆဲဖြစ်ပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့၏ နာယကဖြစ်သူ၊ စစ်တက္ကသိုလ် အပတ်စဉ် ၁၅ ဆင်းဖြစ်သူဖြစ်ကြောင်း သိရသည်။

‘‘အေးပေါ့ကွာ။ သူတို့တွေကတော့ တသက်စားမကုန်တဲ့ စည်းစိမ်တွေကို အကုန်လုံးသိမ်းပိုက်ထားပြီးထားပဲပေါ့။ ငါတို့လို တပွင့်၊ နှစ်ပွင့်လောက်နဲ့ အငြိမ်းစားယူခဲ့သူတွေကတော့ ဘယ်တက်နိုင်မလဲ။အခု စစ်တပ်ကိုလည်း အားမပေး သလိုပဲ၊ လူတွေသတ်နေတာကိုလည်း အားမပေးဘူး။ တခုပဲ။ ငါတို့အနေနဲ့ကတော့ အေးအေးဆေးဆေးပဲ နေနေတယ်။ အဲဒါမှ ဖြစ်လာတော့လဲ ကံပဲပေါ့’’ ဟု မှော်ဘီမြို့နယ်ရှိ မင်္ဂလာဒုံလေတပ်စခန်း 501 မှ အငြိမ်းစား ယူခဲ့သော လေတပ်အရာရှိတဦးက မှတ်ချက်ပြုသည်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

ဗိုလ္ခ်ဳပ္ေဟာင္း အုန္းသြင္ အသတ္ခံရၿပီးေနာက္ ရန္ကုန္ၿမိဳ႕နယ္တခ်ိဳ႕က စစ္မႈထမ္းေဟာင္း အရာရွိႀကီးမိသားစုတခ်ိဳ႕ ေနျပည္ေတာ္သို႔ ေ႐ႊ႕ေျပာင္း

ဗိုလ္ခ်ဳပ္ေဟာင္း အုန္းသြင္ႏွင့္သားမက္ျဖစ္သူတို႔ အသတ္ခံရၿပီးေနာက္ပိုင္း ရန္ကုန္ရွိ၊ ေတာင္ဥကၠလာပၿမိဳ႕နယ္ႏွင့္ မရမ္းကုန္းၿမိဳ႕နယ္က စစ္တပ္အရာရွိႀကီးေဟာင္းမ်ား လုံၿခဳံေရး စစ္ယာဥ္တန္းျဖင့္ ေနျပည္ေတာ္သို႔ ေျပာင္းေ႐ႊ႕ေနေၾကာင္း ရန္ကုန္ၿမိဳ႕ျပ ေပ်ာက္ၾကားတပ္ဖြဲ႕တခ်ိဳ႕၏ သတင္းအခ်က္ အလက္မ်ားအရ သိရသည္။

ယမန္ေန႕ စက္တင္ဘာလ ၂၉ ရက္ ညေနပိုင္းက ေနျပည္ေတာ္ အျမန္လမ္းသို႔ စစ္တပ္လုံၿခဳံေရးယာဥ္တန္းျဖင့္ ထြက္ခြာသြားေသာ စစ္တပ္အရာရွိႀကီးေဟာင္းမ်ား၏ မိသားစုကားတန္းကို ေတြ႕ရွိရေၾကာင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္မွ မိသားစုတခု၊ မရမ္းကုန္းၿမိဳ႕နယ္မွ မိသားစု ႏွစ္ခုတို႔ျဖစ္ေၾကာင္း၊

၎တို႔၏ ကားတန္းကို လုံၿခဳံေရး စစ္တပ္မ်ားရွိေနသည့္အတြက္ မည္သည့္ မိသားစုမ်ားျဖစ္သည္ကိုေတာ့ အတိအက် မေျပာနိုင္ေသးေၾကာင္း ရန္ကုန္ၿမိဳ႕ျပ ေပ်ာက္ၾကားတပ္ဖြဲ႕၏ သတင္းတာဝန္ခံတဦးျဖစ္သူက ေျပာသည္။

‘‘က်ေနာ္တို႔ အဖြဲ႕ေတြ စုံစမ္းလိုက္တဲ့သတင္းအရေတာ့ စစ္တပ္အရာရွိေဟာင္းေတြ စေ႐ႊ႕ေနတာ ဟုတ္တယ္။ ေနျပည္ေတာ္ေလာက္ဘဲလတ္တေလာလုံၿခဳံတာဆိုေတာ့ ေနျပည္ေတာ္လို႔ဘဲယူဆရတယ္။ မေန႕က ၃ ေယာက္တိတိသတင္းရတယ္။ အဓိက သူတို႔အိမ္ေတြမွာ အိမ္အကူေတြကလြဲၿပီး မိသားစုဝင္ေတြ စတင္ေျပာင္းေနၿပီ။

က်ေနာ္တို႔သတင္းအဖြဲ႕ေတြက သူတို႔ အာဏာသိမ္း စစ္ တပ္အားေပး မလုပ္ရင္ ဘာမွ လုပ္စရာမရွိဘူး။ ရွိတဲ့သူေတြပဲ က်ေနာ္တို႔ ရွင္းလင္းမွာ။ ဒါေပမယ့္ စစ္မႈ ထမ္းေဟာင္း အရာရွိႀကီးေတြကေတာ့ ေၾကာက္လန႔္တၾကား ေျပာင္းေနၾကတာ’’ ဟု ၎က ဆိုသည္။

စက္တင္ဘာ ၂၅ ရက္ေန႕ ညေနပိုင္းက ေဂါက္ရိုက္ရာမွ ျပန္လာေသာ ဗိုလ္ခ်ဳပ္အုန္းသြင္ႏွင့္ သားမက္ျဖစ္သူ ရဲေတဇတို႔သည္ လွိုင္ၿမိဳ႕နယ္၊ ေအာင္ဓမၼရိပ္သာလမ္းရွိ ေန႕အိမ္ၿခံဝတြင္ပင္ အင္းယားၿမိဳ႕ျပေပ်ာက္က်ား တပ္ဖြဲ႕က ရွင္းလင္းခဲ့ေၾကာင္းသတင္းထုတ္ျပန္ခဲ့သည္။

ဗိုလ္ခ်ဳပ္ေဟာင္း အုန္းသြင္သည္ စစ္ဗိုလ္မႉးခ်ဳပ္ဘဝႏွင့္ အၿငိမ္းစားယူခဲ့ၿပီေနာက္ သီရိလကၤာ၊ ဘဂၤလားေဒ့ရွ္၊ ေမာ္လဒိုက္ႏွင့္ ေတာင္အာဖရိကနိုင္ငံမ်ားတြင္ သံအ မတ္မ်ားျဖစ္ တာဝန္ယူခဲ့သူျဖစ္ၿပီး လက္ရွိ အာဏာ သိမ္း စစ္ေကာင္စီ၏ ဒုေခါင္းေဆာင္ျဖစ္သူ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း၏ ဆရာအရင္းလည္းျဖစ္ ေၾကာင္း၊ စစ္တကၠသိုလ္ DSA တြင္ သင္တန္းပို႔ခ်ေနဆဲျဖစ္ၿပီး ျမန္မာနိုင္ငံ စစ္မႈထမ္းေဟာင္းအဖြဲ႕၏ နာယကျဖစ္သူ၊ စစ္တကၠသိုလ္ အပတ္စဥ္ ၁၅ ဆင္းျဖစ္သူျဖစ္ေၾကာင္း သိရသည္။

‘‘ေအးေပါ့ကြာ။ သူတို႔ေတြကေတာ့ တသက္စားမကုန္တဲ့ စည္းစိမ္ေတြကို အကုန္လုံးသိမ္းပိုက္ထားၿပီးထားပဲေပါ့။ ငါတို႔လို တပြင့္၊ ႏွစ္ပြင့္ေလာက္နဲ႕ အၿငိမ္းစားယူခဲ့သူေတြကေတာ့ ဘယ္တက္နိုင္မလဲ။အခု စစ္တပ္ကိုလည္း အားမေပး သလိုပဲ၊ လူေတြသတ္ေနတာကိုလည္း အားမေပးဘူး။ တခုပဲ။ ငါတို႔အေနနဲ႕ကေတာ့ ေအးေအးေဆးေဆးပဲ ေနေနတယ္။ အဲဒါမွ ျဖစ္လာေတာ့လဲ ကံပဲေပါ့’’ ဟု ေမွာ္ဘီၿမိဳ႕နယ္ရွိ မဂၤလာဒုံေလတပ္စခန္း 501 မွ အၿငိမ္းစား ယူခဲ့ေသာ ေလတပ္အရာရွိတဦးက မွတ္ခ်က္ျပဳသည္။

Be the first to comment

Leave a Reply

Your email address will not be published.


*