
ဓာတ်ပုံဆရာတစ်ဦးက Scuba Diving ရဲ့ ၂၀၂၂ ခုနှစ် ရေအောက်ဓာတ်ပုံပြိုင်ပွဲမှာ ပထမဆုရရှိခဲ့ပါတယ်။ ဆွီဒင်လူမျိုးဓာတ်ပုံဆရာ အဲလက်စ် ဒေါဆန်က ဒိန်းမတ်နိုင်ငံ၊ ဂရင်းလန်းရှိ ဝေလငါးသင်္ချိုင်းတစ်ခုရဲ့ချောက် ချားဖွယ်ရာဓာတ်ပုံနဲ့ ပထမဆုရရှိခဲ့တာပါ။ သူ ရိုက်ကူးခဲ့တဲ့ ဝေလငါးသင်္ချိုင်းဓာတ်ပုံအနည်းငယ်ကို တွစ်တာအကောင့်မှာ တင်ပေးခဲ့ပါတယ်။
“မြင်ကွင်းကျယ်အမျိုးအစားအတွက် ကျွန်တော်ရဲ့ပုံကို ၂၀၂၂ ခုနှစ်ရဲ့ဓာတ်ပုံဆုရှင်အဖြစ် Scuba Diving Magazine က ရွေးချယ်ခဲ့တဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်။ အခြားဓာတ်ပုံကလည်း ဂုဏ်ပြုမှတ်တမ်းလွှာနဲ့ ချီးမြှင့်ခံရပါတယ်။ ပထမဆုံအတွက် အရမ်းကျေး ဇူးတင်ရှိပါတယ်”ဆိုတဲ့စာသားကိုလည်း ရေးသားထားပါတယ်။
သူတင်ခဲ့တဲ့ ဓာတ်ပုံတစ်ပုံမှာ ဒေါဆန်နဲ့ သူ့ရဲ့သူငယ် ချင်း အန်နာ ဗွန် ဘိုတီဆာတို့ကို Tasiilaq ပင်လယ် အော်က ၃ ပေရှိတဲ့ ရေခဲတွေအောက်မှာ ရှိနေတာကို ပြသထားပါတယ်။ ပထမဆုရဓာတ်ပုံကို ရိုက်ကူးဖို့အတွက် ဝေလငါးအသေကောင် ၂၀ နီးပါးကြားမှာ ဒေါဆန်တို့ ကူးခတ်ခဲ့ရတာပါ။ ပုံမှန်ဆိုရင် ဝေလငါးအရိုးတွေကို မြင်ချင်ရင် ရေငုပ်သင်္ဘောတစ်စင်းလိုပါတယ်။
ဒါပေမဲ့ ဂရင်းလန်းမှာတော့ ရေမျက်နှာပြင်အောက် ပေ ၁၅ – ပေ ၂၀ အကွာလောက်မှာပဲ ဝေလငါးအရိုးတွေ ရှိတဲ့အတွက် ရေငုပ်သင်္ဘောမလိုအပ်ဘူးလို့ ဒေါဆန်က ဆိုပါတယ်။ဓာတ်ပုံကို ရိုက်ကူးဖို့အတွက် ဒေါဆန်က ရေခဲပြင်အောက်မှာ တစ်နာရီကျော်လောက် ကူးခတ်ခဲ့ရပါတယ်။ တစ်ခုတည်းသောဝင်ပေါက်က ရေခဲအတွင်း လူသားအရွယ်အစားအပေါက်ငယ်တစ်ခုကို ဖြတ်သွားရတာပါ။
အဲလစ်စ် ဒေါဆန် အဲဒီလိုအပင်ပန်းခံစွန့်စားပြီး ရိုက်ကူးခဲ့ရတဲ့ ဓာတ်ပုံက ပထမဆုရသွားခဲ့တဲ့အတွက် ပင်ပန်းရကျိုးနပ်ခဲ့ပါတယ်။
Ref: Photographer Goes Scuba Diving To Click The Most Epic Photos Of Whale Graveyard, Wins Award For It
Team (ရိုးရာလေး)
ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္
ေရေအာက္ကို သြားေရာက္ရိုက္ခဲ့တဲ့ ဓာတ္ပုံဆရာတစ္ဦးရဲ႕ပထမဆုရ ေဝလငါးသခၤ်ိဳင္းဓာတ္ပုံ
ဓာတ္ပုံဆရာတစ္ဦးက Scuba Diving ရဲ႕ ၂၀၂၂ ခုႏွစ္ ေရေအာက္ဓာတ္ပုံၿပိဳင္ပြဲမွာ ပထမဆုရရွိခဲ့ပါတယ္။ ဆြီဒင္လူမ်ိဳးဓာတ္ပုံဆရာ အဲလက္စ္ ေဒါဆန္က ဒိန္းမတ္နိုင္ငံ၊ ဂရင္းလန္းရွိ ေဝလငါးသခၤ်ိဳင္းတစ္ခုရဲ႕ေခ်ာက္ ခ်ားဖြယ္ရာဓာတ္ပုံနဲ႕ ပထမဆုရရွိခဲ့တာပါ။ သူ ရိုက္ကူးခဲ့တဲ့ ေဝလငါးသခၤ်ိဳင္းဓာတ္ပုံအနည္းငယ္ကို တြစ္တာအေကာင့္မွာ တင္ေပးခဲ့ပါတယ္။
“ျမင္ကြင္းက်ယ္အမ်ိဳးအစားအတြက္ ကြၽန္ေတာ္ရဲ႕ပုံကို ၂၀၂၂ ခုႏွစ္ရဲ႕ဓာတ္ပုံဆုရွင္အျဖစ္ Scuba Diving Magazine က ေ႐ြးခ်ယ္ခဲ့တဲ့အတြက္ အလြန္ဂုဏ္ယူမိပါတယ္။ အျခားဓာတ္ပုံကလည္း ဂုဏ္ျပဳမွတ္တမ္းလႊာနဲ႕ ခ်ီးျမႇင့္ခံရပါတယ္။ ပထမဆုံအတြက္ အရမ္းေက်း ဇူးတင္ရွိပါတယ္”ဆိုတဲ့စာသားကိုလည္း ေရးသားထားပါတယ္။
သူတင္ခဲ့တဲ့ ဓာတ္ပုံတစ္ပုံမွာ ေဒါဆန္နဲ႕ သူ႕ရဲ႕သူငယ္ ခ်င္း အန္နာ ဗြန္ ဘိုတီဆာတို႔ကို Tasiilaq ပင္လယ္ ေအာ္က ၃ ေပရွိတဲ့ ေရခဲေတြေအာက္မွာ ရွိေနတာကို ျပသထားပါတယ္။ ပထမဆုရဓာတ္ပုံကို ရိုက္ကူးဖို႔အတြက္ ေဝလငါးအေသေကာင္ ၂၀ နီးပါးၾကားမွာ ေဒါဆန္တို႔ ကူးခတ္ခဲ့ရတာပါ။ ပုံမွန္ဆိုရင္ ေဝလငါးအရိုးေတြကို ျမင္ခ်င္ရင္ ေရငုပ္သေဘၤာတစ္စင္းလိုပါတယ္။
ဒါေပမဲ့ ဂရင္းလန္းမွာေတာ့ ေရမ်က္ႏွာျပင္ေအာက္ ေပ ၁၅ – ေပ ၂၀ အကြာေလာက္မွာပဲ ေဝလငါးအရိုးေတြ ရွိတဲ့အတြက္ ေရငုပ္သေဘၤာမလိုအပ္ဘူးလို႔ ေဒါဆန္က ဆိုပါတယ္။ဓာတ္ပုံကို ရိုက္ကူးဖို႔အတြက္ ေဒါဆန္က ေရခဲျပင္ေအာက္မွာ တစ္နာရီေက်ာ္ေလာက္ ကူးခတ္ခဲ့ရပါတယ္။ တစ္ခုတည္းေသာဝင္ေပါက္က ေရခဲအတြင္း လူသားအ႐ြယ္အစားအေပါက္ငယ္တစ္ခုကို ျဖတ္သြားရတာပါ။
အဲလစ္စ္ ေဒါဆန္ အဲဒီလိုအပင္ပန္းခံစြန႔္စားၿပီး ရိုက္ကူးခဲ့ရတဲ့ ဓာတ္ပုံက ပထမဆုရသြားခဲ့တဲ့အတြက္ ပင္ပန္းရက်ိဳးနပ္ခဲ့ပါတယ္။
Ref: Photographer Goes Scuba Diving To Click The Most Epic Photos Of Whale Graveyard, Wins Award For It
Team (ရိုးရာေလး)
Leave a Reply