မင်္ဂလာပွဲနေ့မှာ သတို့သားပေါ်မလာခဲ့ပေမဲ့ တစ်ယော က်တည်းပဲ ​ပျော်ပျော်ကြီးကျင်းပခဲ့တဲ့ သတို့သမီး

မင်္ဂလာပွဲနေ့မှာ သတို့သားပျောက်သွားခဲ့ရင် ဘယ်သူမဆို မင်္ဂလာပွဲကို ဖျက်သိမ်းပစ်ကြမယ်ထင်ပါတယ်။ ဒီသတို့သမီးကတော့ မင်္ဂလာပွဲနေ့မှာ သတို့သားပေါ်မလာခဲ့ပေမဲ့ မင်္ဂလာပွဲကို ဆက်လက်ကျင်းပဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ကေလေး စတိဒ် ဆိုသူ သတို့သမီးက မင်္ဂလာပွဲနေ့မနက်ခင်းမှ မင်္ဂလာပွဲကို သတို့သားမလာတော့ဘူးဆိုတာ သိခဲ့ရတာပါ။

ကေလေးက ဝမ်းနည်းကြေကွဲနေပေမဲ့ Oxwich Bay Hotel မှာ ဖိတ်ကြားထားတဲ့ ဧည့်သည်တွေ၊ ဆွေမျိုးတွေ ဝန်းရံရင်း မင်္ဂလာပွဲကို ဆက်ကျင်းပခဲ့ပါတယ်။ သူက မင်္ဂလာဂါဝန်ကြီးဝတ်ဆင်လာပြီး ငှားရမ်းထားတဲ့ ပရော်ဖက်ရှင်နယ်ဓာတ်ပုံဆရာနဲ့ ဓာတ်ပုံတွေရိုက်ခဲ့တယ်။ မင်္ဂလာစကားပြောကြားခဲ့တယ်။

မင်္ဂလာအခမ်းအနားမှာ ကလည်းကခဲ့တယ်။ သတို့သားအရံတွေ၊ သူ့အစ်ကိုတွေ၊ သူ့အဖေ ဘရိုင်ယန်တို့နဲ့ ပထမဆုံးကခဲ့ပါတယ်။ ကေလေးက သတို့သမီးအနေနဲ့ မင်္ဂလာအခမ်းအနားထဲ ဝင်ရောက်တဲ့အချိန်မှာ အဆိုတော် Lizzo ရဲ့ “Good as Hell” သီချင်းကိုတောင် ဖွင့်ထားခဲ့ပါတယ်။

မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပခဲ့ပေမဲ့ သူ့ရဲ့ဟန်းနီးမွန်းကို ဖျက်သိမ်းခဲ့ရပါတယ်။ သူ့သူငယ်ချင်းတွေက ကေလေးအတွက် GoFundMe ပေ့ချ်ကိုတောင် ထောင်ပေးခဲ့ပါတယ်။ သတ္တိရှိတဲ့၊ ယုံကြည်ချက်ရှိတဲ့ မျက်နှာထားနဲ့ မင်္ဂလာပွဲကို ဆက်လက်ကျင်းပခဲ့ပေမဲ့ ကေလေးက သတို့သားရဲ့နောက်ဆုံးမိနစ်ဆုံးဖြတ်ချက်ကြောင့် စိတ်ရှုပ်ထွေးနေပါတယ်။

သတို့သားနဲ့ အဆက်အသွယ်မရခဲ့တဲ့အကြောင်းကို ကေလေးက ပြောပြပါတယ်။ သတို့သားကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ဘူး။ အကြော င်းပြချက်လည်း မရခဲ့ဘူး။ သူ့အတွက် ဒါက လုံးဝထိတ်လန့်စရာဖြစ်ခဲ့တယ်။ သတို့သား ဒီလိုလုပ်မယ်ဆိုတဲ့ အရိပ်အယောင်တောင်မတွေ့ခဲ့ဘူးလို့ သူက ဆိုပါတယ်။

သတို့သားကို ဘယ်နေရာမှရှာမတွေ့ဘူးလို့ သတို့သားအရံတစ်ယောက်က သတို့သား၊သတို့သမီးအရံအဖွဲ့ကို အကြောင်းကြားခဲ့တာပါ။ ဒါပေမဲ့ သူ့ကို ဘယ်လိုပြောပြရင် အကောင်းဆုံးဖြစ်မလဲလို့ တိုင်ပင်နေကြတဲ့အတွက်ကြောင့် သူတို့က ကေလေးကို အသိမပေးခဲ့ဘူး။ ဖုန်းကို ဖွက်ထားခဲ့ကြတယ်။ ကေလေး ဖုန်းကိုရှာတွေ့တော့ သူ့အမေဆီက Missed call တွေကို တွေ့လိုက်ရပါတယ်။ သူ့ကို ဖုန်းပြန်ခေါ်တော့ မနက်အစောကြီးကတည်းက သတို့သား ကားမောင်းထွက်သွားခဲ့တယ်။ မရှိတော့ဘူးလို့ ငိုပြီး ပြောခဲ့ပါတယ်။

ဆံပင်နဲ့မိတ်ကပ်ပြင်ဆင်နေတဲ့အချိန်မှာ သတို့သားရဲ့အဖေနဲ့ စကားပြောခဲ့ရပြီး သတို့သားမလာတော့ဘူးဆိုတာ သေချာသွားခဲ့ပါတယ်။ အဲဒီအချိန်မှာ ကေလေး ရှိုက်ကြီးတငင်ငိုခဲ့ပါတယ်။ မိတ်ကပ်တွေပျက်သွားလို့ ပြန်လိမ်းခဲ့ရပါတယ်။

သူ့အစ်မက “ဘာလို့ မင်္ဂလာပွဲကို မလုပ်ရမှာလဲ..ကေလေး” လို့ ပြောလိုက်တဲ့အချိန်မှာ ကေလေးက “ငါ ဒါကို လုပ်မယ်။ ဒီအတွက် ငွေတွေအများကြီး သုံးထားခဲ့ရတာ။ မင်္ဂလာပွဲကအစားအစာတွေမျှော်နေခဲ့ရတာ၊ အဖေနဲ့ကဖို့၊ ငါ့မိသားစုနဲ့ အချိန်ကုန်ဆုံးဖို့ကိုလည်း ငါမျှော်နေခဲ့ရတာ။ ဒါကြောင့် ငါ ဘာလို့မလုပ်ရမှာလဲ” ဆိုပြီး မင်္ဂလာပွဲကို ဆက်ပြီး ကျင်းပဖြစ်ခဲ့တာပါ။

Ref: Ladbible “Bride goes ahead with wedding by herself after groom failed to show up”

Team (ရိုးရာလေး)

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မဂၤလာပြဲေန႕မွာ သတို႔သားေပၚမလာခဲ့ေပမဲ့ တစ္ေယာ က္တည္းပဲ ​ေပ်ာ္ေပ်ာ္ႀကီးက်င္းပခဲ့တဲ့ သတို႔သမီး

မဂၤလာပြဲေန႕မွာ သတို႔သားေပ်ာက္သြားခဲ့ရင္ ဘယ္သူမဆို မဂၤလာပြဲကို ဖ်က္သိမ္းပစ္ၾကမယ္ထင္ပါတယ္။ ဒီသတို႔သမီးကေတာ့ မဂၤလာပြဲေန႕မွာ သတို႔သားေပၚမလာခဲ့ေပမဲ့ မဂၤလာပြဲကို ဆက္လက္က်င္းပဖို႔ ဆုံးျဖတ္ခဲ့ပါတယ္။ အသက္ ၂၇ ႏွစ္အ႐ြယ္ ေကေလး စတိဒ္ ဆိုသူ သတို႔သမီးက မဂၤလာပြဲေန႕မနက္ခင္းမွ မဂၤလာပြဲကို သတို႔သားမလာေတာ့ဘူးဆိုတာ သိခဲ့ရတာပါ။

ေကေလးက ဝမ္းနည္းေၾကကြဲေနေပမဲ့ Oxwich Bay Hotel မွာ ဖိတ္ၾကားထားတဲ့ ဧည့္သည္ေတြ၊ ေဆြမ်ိဳးေတြ ဝန္းရံရင္း မဂၤလာပြဲကို ဆက္က်င္းပခဲ့ပါတယ္။ သူက မဂၤလာဂါဝန္ႀကီးဝတ္ဆင္လာၿပီး ငွားရမ္းထားတဲ့ ပေရာ္ဖက္ရွင္နယ္ဓာတ္ပုံဆရာနဲ႕ ဓာတ္ပုံေတြရိုက္ခဲ့တယ္။ မဂၤလာစကားေျပာၾကားခဲ့တယ္။

မဂၤလာအခမ္းအနားမွာ ကလည္းကခဲ့တယ္။ သတို႔သားအရံေတြ၊ သူ႕အစ္ကိုေတြ၊ သူ႕အေဖ ဘရိုင္ယန္တို႔နဲ႕ ပထမဆုံးကခဲ့ပါတယ္။ ေကေလးက သတို႔သမီးအေနနဲ႕ မဂၤလာအခမ္းအနားထဲ ဝင္ေရာက္တဲ့အခ်ိန္မွာ အဆိုေတာ္ Lizzo ရဲ႕ “Good as Hell” သီခ်င္းကိုေတာင္ ဖြင့္ထားခဲ့ပါတယ္။

မဂၤလာပြဲကို ဆက္ၿပီး က်င္းပခဲ့ေပမဲ့ သူ႕ရဲ႕ဟန္းနီးမြန္းကို ဖ်က္သိမ္းခဲ့ရပါတယ္။ သူ႕သူငယ္ခ်င္းေတြက ေကေလးအတြက္ GoFundMe ေပ့ခ်္ကိုေတာင္ ေထာင္ေပးခဲ့ပါတယ္။ သတၱိရွိတဲ့၊ ယုံၾကည္ခ်က္ရွိတဲ့ မ်က္ႏွာထားနဲ႕ မဂၤလာပြဲကို ဆက္လက္က်င္းပခဲ့ေပမဲ့ ေကေလးက သတို႔သားရဲ႕ေနာက္ဆုံးမိနစ္ဆုံးျဖတ္ခ်က္ေၾကာင့္ စိတ္ရႈပ္ေထြးေနပါတယ္။

သတို႔သားနဲ႕ အဆက္အသြယ္မရခဲ့တဲ့အေၾကာင္းကို ေကေလးက ေျပာျပပါတယ္။ သတို႔သားကို ဆက္သြယ္ဖို႔ႀကိဳးစားခဲ့ေပမဲ့ ဆက္သြယ္လို႔မရခဲ့ဘူး။ အေၾကာ င္းျပခ်က္လည္း မရခဲ့ဘူး။ သူ႕အတြက္ ဒါက လုံးဝထိတ္လန႔္စရာျဖစ္ခဲ့တယ္။ သတို႔သား ဒီလိုလုပ္မယ္ဆိုတဲ့ အရိပ္အေယာင္ေတာင္မေတြ႕ခဲ့ဘူးလို႔ သူက ဆိုပါတယ္။

သတို႔သားကို ဘယ္ေနရာမွရွာမေတြ႕ဘူးလို႔ သတို႔သားအရံတစ္ေယာက္က သတို႔သား၊သတို႔သမီးအရံအဖြဲ႕ကို အေၾကာင္းၾကားခဲ့တာပါ။ ဒါေပမဲ့ သူ႕ကို ဘယ္လိုေျပာျပရင္ အေကာင္းဆုံးျဖစ္မလဲလို႔ တိုင္ပင္ေနၾကတဲ့အတြက္ေၾကာင့္ သူတို႔က ေကေလးကို အသိမေပးခဲ့ဘူး။ ဖုန္းကို ဖြက္ထားခဲ့ၾကတယ္။ ေကေလး ဖုန္းကိုရွာေတြ႕ေတာ့ သူ႕အေမဆီက Missed call ေတြကို ေတြ႕လိုက္ရပါတယ္။ သူ႕ကို ဖုန္းျပန္ေခၚေတာ့ မနက္အေစာႀကီးကတည္းက သတို႔သား ကားေမာင္းထြက္သြားခဲ့တယ္။ မရွိေတာ့ဘူးလို႔ ငိုၿပီး ေျပာခဲ့ပါတယ္။

ဆံပင္နဲ႕မိတ္ကပ္ျပင္ဆင္ေနတဲ့အခ်ိန္မွာ သတို႔သားရဲ႕အေဖနဲ႕ စကားေျပာခဲ့ရၿပီး သတို႔သားမလာေတာ့ဘူးဆိုတာ ေသခ်ာသြားခဲ့ပါတယ္။ အဲဒီအခ်ိန္မွာ ေကေလး ရွိုက္ႀကီးတငင္ငိုခဲ့ပါတယ္။ မိတ္ကပ္ေတြပ်က္သြားလို႔ ျပန္လိမ္းခဲ့ရပါတယ္။

သူ႕အစ္မက “ဘာလို႔ မဂၤလာပြဲကို မလုပ္ရမွာလဲ..ေကေလး” လို႔ ေျပာလိုက္တဲ့အခ်ိန္မွာ ေကေလးက “ငါ ဒါကို လုပ္မယ္။ ဒီအတြက္ ေငြေတြအမ်ားႀကီး သုံးထားခဲ့ရတာ။ မဂၤလာပြဲကအစားအစာေတြေမွ်ာ္ေနခဲ့ရတာ၊ အေဖနဲ႕ကဖို႔၊ ငါ့မိသားစုနဲ႕ အခ်ိန္ကုန္ဆုံးဖို႔ကိုလည္း ငါေမွ်ာ္ေနခဲ့ရတာ။ ဒါေၾကာင့္ ငါ ဘာလို႔မလုပ္ရမွာလဲ” ဆိုၿပီး မဂၤလာပြဲကို ဆက္ၿပီး က်င္းပျဖစ္ခဲ့တာပါ။

Ref: Ladbible “Bride goes ahead with wedding by herself after groom failed to show up”

Team (ရိုးရာေလး)

Be the first to comment

Leave a Reply

Your email address will not be published.


*