မိတ္ထီလာကထွက်တဲ့ မွေးမြူရေးအခြေခံ ထုတ်ကုန်တွေ ပြည်ပကို တင်ပို့ပြီး တိုင်းပြည်ဝင်ငွေတိုးတက်အောင်လုပ်လို့ရတယ်လို့ မင်းအောင်လှိုင်ပြော

မိတ္ထီလာကထွက်တဲ့ မွေးမြူရေးအခြေခံ ထုတ်ကုန်တွေ ပြည်ပကို တင်ပို့လို့ရတယ်လို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောပါတယ်။

ယင်းက “ မိတ္ထီလာ ခရိုင်သည် မွေးမြူရေးလုပ်ငန်းများကို အောင်မြင်ဖြစ်ထွန်းအောင် ဆောင်ရွက်နိုင်သည့် ဒေသတစ်ခုဖြစ်ပြီး မွေးမြူရေးလုပ်ငန်းများကို ဖြစ်ထွန်း အောင်ဆောင်ရွက်ခြင်းဖြင့် အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်း (MSME)များအတွက် လိုအပ်သည့် ကုန်ကြမ်းပစ္စည်းများကို ရရှိမှာဖြစ်သလို

မွေးမြူရေးကိုအခြေခံသည့် ထုတ်ကုန်ပစ္စည်းများကို တန်ဖိုးမြင့်ထုတ်ကုန်များအဖြစ် ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့တင်ပို့လို့ရတယ်” လို့ မိတ္ထီလာခရိုင်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး (MSME) လုပ်ငန်းရှင်များနှင့် တွေ့ဆုံစဉ်မှာ ပြောတာပါ။

ဒေသအတွင်းရှိ စက်မှုလုပ်ငန်းများကို ဆောင်ရွက် ရာတွင် မိတ္ထီလာစက်မှုဇုန် အတွက်လိုအပ်သည့် လျှပ်စစ်ဓာတ်အားများ ရရှိစေရေး နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်စေလိုပြီး

နိုင်ငံတော်မှလည်း လျှပ်စစ်ဓာတ်အားများလုံလောက်စွာ ရရှိရေး ဆောင်ရွက်ပေးနေတယ်လို့ ထပ်မံ ပြောပါ တယ်။

အသေးစား၊ အငယ်စားနှင့် အလတ်စားစက်မှု လုပ်ငန်း (MSME) များသည် နိုင်ငံအတွက် အရေးကြီးသည့် လုပ်ငန်းများဖြစ်သဖြင့် လိုအပ်သည့်ငွေကြေးများကို နိုင်ငံတော်မှ ထုတ်ချေးပေးသွားမယ်ဆိုပြီးတော့လည်း ပြောပါတယ်။

ေဇာ္ဂ်ီ ေဖာင့္ ျဖင့္ ေအာက္မွာ ဆက္လက္ ဖတ္ရႈ အားေပး နိူင္ ပါသည္

မိတၳီလာကထြက္တဲ့ ေမြးျမဴေရးအေျခခံ ထုတ္ကုန္ေတြ ျပည္ပကို တင္ပို႔လို႔ရတယ္လို႔ ဗိုလ္ခ်ဳပ္မႉးႀကီးမင္းေအာင္လွိုင္က ေျပာပါတယ္။

ယင္းက “ မိတၳီလာ ခရိုင္သည္ ေမြးျမဴေရးလုပ္ငန္းမ်ားကို ေအာင္ျမင္ျဖစ္ထြန္းေအာင္ ေဆာင္႐ြက္နိုင္သည့္ ေဒသတစ္ခုျဖစ္ၿပီး ေမြးျမဴေရးလုပ္ငန္းမ်ားကို ျဖစ္ထြန္း ေအာင္ေဆာင္႐ြက္ျခင္းျဖင့္ အငယ္စားႏွင့္ အလတ္စားစက္မႈ လုပ္ငန္း (MSME)မ်ားအတြက္ လိုအပ္သည့္ ကုန္ၾကမ္းပစၥည္းမ်ားကို ရရွိမွာျဖစ္သလို

ေမြးျမဴေရးကိုအေျခခံသည့္ ထုတ္ကုန္ပစၥည္းမ်ားကို တန္ဖိုးျမင့္ထုတ္ကုန္မ်ားအျဖစ္ ထုတ္လုပ္၍ ျပည္ပနိုင္ငံမ်ားသို႔တင္ပို႔လို႔ရတယ္” လို႔ မိတၳီလာခရိုင္အတြင္းရွိ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး (MSME) လုပ္ငန္းရွင္မ်ားႏွင့္ ေတြ႕ဆုံစဥ္မွာ ေျပာတာပါ။

ေဒသအတြင္းရွိ စက္မႈလုပ္ငန္းမ်ားကို ေဆာင္႐ြက္ ရာတြင္ မိတၳီလာစက္မႈဇုန္ အတြက္လိုအပ္သည့္ လွ်ပ္စစ္ဓာတ္အားမ်ား ရရွိေစေရး ေနေရာင္ျခည္စြမ္းအင္သုံး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ျခင္း လုပ္ငန္းမ်ားကို ေဆာင္႐ြက္ေစလိုၿပီး

နိုင္ငံေတာ္မွလည္း လွ်ပ္စစ္ဓာတ္အားမ်ားလုံေလာက္စြာ ရရွိေရး ေဆာင္႐ြက္ေပးေနတယ္လို႔ ထပ္မံ ေျပာပါ တယ္။

အေသးစား၊ အငယ္စားႏွင့္ အလတ္စားစက္မႈ လုပ္ငန္း (MSME) မ်ားသည္ နိုင္ငံအတြက္ အေရးႀကီးသည့္ လုပ္ငန္းမ်ားျဖစ္သျဖင့္ လိုအပ္သည့္ေငြေၾကးမ်ားကို နိုင္ငံေတာ္မွ ထုတ္ေခ်းေပးသြားမယ္ဆိုၿပီးေတာ့လည္း ေျပာပါတယ္။

Be the first to comment

Leave a Reply

Your email address will not be published.


*